Friday, June 8, 2012

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၁)...

အင်္ဂလိပ် Grmmmar သင်ခန်းစာ (၁)...
Posted by nyanadipa
Countable Noun and Uncountable Noun

Countable Noun (ရေတွက်လို့ ရတဲ့ နာမ်) နဲ့ Uncountable Noun (ရေတွက်လို့ မရတဲ့ နာမ်)
Countable Noun ရဲ့ အရှေ့မှာ a, an ကို သုံးလို့ ရပေမဲ့ Uncountable Noun ရဲ့ အရှေ့မှာတော့ သုံးလို့ မရပါဘူး။ ဥပမာ - a song, an accident, a nice beach ဒါပေမဲ့ a sand, a music, a rice တို့တော့ မဖြစ်နိုင်ဘူးပေါ့။
တခါတလေ Uncountable Noun ရဲ့ အရှေ့တွေမှာ a, an သုံးလို့ ရတဲ့အခါ ရှိတယ်။ a cup of tea, a grain of rice တို့လို ပုံစံမျိုးတွေလေ။
ဥပမာ စာကြောင်းလေးတွေကို ကြည့်ရအောင်
- I eat an apple every day.
- I like apples.
- I eat rice every day.
- I like rice.
အဲဒီ နေရာမှာ I eat apple လို့ ရေးလို့ မရဘူး။ apple ရဲ့ အရှေ့မှာတော့ Articles – a, an, the တစ်ခုခု ဖြစ်ဖြစ်၊ my, your တို့လို ပိုင်ဆိုင်မှုပြ စကားလုံးတွေ ဖြစ်ဖြစ် ပါနေမှရတယ်။
ဒါပေမဲ့ I eat rice မှာတော့ အဲဒါတွေ မပါလည်း ရတယ်။
ဥပမာ စာကြောင်းလေးတွေ ရေးပြလိုက်မယ်။
- Kate was singing a song.
- Jhon was listening to music.
- There is a student in the class.
- There is sand in my shoes.
- We haven’t got enough cups.
- We haven’t got enough water.
ဒါလောက်ဆိုရင် Countable နဲ့ Uncontable Nouns တို့ကို တိုရင်းလိုရှင်း သိလောက်ပြီနော်။

0 ကွန်မန့်ရေးရန်:

Post a Comment