This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 24, 2012

ပြည်သူအများ ဒုက္ခရောက်ချိန်တွင် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုအား ယခုထက် ပိုမိုမျှော်လင့်


 22 Aug, 2012

မြန်မာနိုင်ငံယခုနှစ်မိုးများမှုနှင့် မြစ်ရေကြီးမှုအခြေနေများမှာ စိုးရိမ်ဖွယ်အနေအထားဖြစ်သည့်အတွက် ထိုအခြေအနေတွင် တပ်မတော်သားများအနေဖြင့် ဒုက္ခသည်အရေး၌ ပြည်သူများနှင့်အတူ ဝိုင်းဝန်း ကူညီစောင့်ရှောက်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးက မေတ္တာရပ်ခံ ပြာကြားလိုက်သည်

''ဒီကယ်ဆယ်ရေး လုပ်ငန်းဆိုတာကတော့ နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်။ သူလုပ်ရ မှာပဲပေါ့။ လုပ်လည်း လုပ်မှာပါ။ တပ်မတော်ဟာ ဒီနေ့အခါ တပ်မတော် ပြည်သူ ကြည်ဖြူဖို့ရာမှာ အချိန်ခါ ကောင်းပါ။ ရေဘေး ဖြစ်နေတဲ့အခါမှာ တပ်မတော်က ကူညီ သင့်တယ်။ သူ့တို့မှာ လူ၊ ပစ္စည်းတွေ ရှိတယ်။ ရဟတ်ယာဉ်နဲ့ ကယ်ရမယ် ဆိုရင်တောင် အမြန်ဆုံး သွားကယ်သင့်ပါတယ်'' ဟု (NLD)မှ နာယက ဦးတင်ဦး အကြံပြုပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအတွင် အကူအညီ ပေးနိုင်ရန် ငွေအင်အား ပစ္စည်းအင်အားနှင့် လူအင်အားများစွာ ရှိကြောင်းနှင့် ဒေသတွင်း ရှိသည့် တပ်များ၊ အဖွဲ့အစည်း၊ ဋ္ဌာနချုပ်များ အနေနှင့် ပူးပေါင်းကာ ဗဟိုမှ ကယ်ဆယ်ရေး လုပ်ငန်း များအား ကူညီ လုပ်ဆောင်သင့်သည်ဟု ၄င်းက ဆက်ပြောသည်။

''အခုအချိန် တပ်မတော်က ပြည်သူနဲ့ ပူးပေါင်းပြီးတော့ စားဖို့သောက်ဖို့ ပို့တာပဲ ဖြစ်ဖြစ် ဆေးဝါး ပစ္စည်းပို့တာပဲဖြစ်ဖြစ် ပြည်သူနဲ့ပူးပေါင်း ပြီး

ဆီးရီးယားမှာ သတင်းယူရင်း သေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတို



 
ဆီးရီးယားမှာ သတင်းယူရင်း သေဆုံး ခဲ့ရတဲ့ သတင်း ထောက် ယာမာမိုတို


ဗွီဒီယို ကြည့်ရန်

http://tunwai-states.blogspot.jp/2012/08/blog-post_22.html
ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။
ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံသား ၂ ဒသမ ၅ သန်းကျော် အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။
The Voice Weekly


ဆီးရီးယား နိုင်ငံတွင် အစိုးရနှင့် အတိုက်အခံ အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသော အလတ် ပိုဆိပ်ကမ်းမြို့ ၌ ဂျပန် အမျိုးသမီး ဂျာနယ်လစ် တစ်ဦး သတင်းလိုက်ရင်း အသတ်ခံ ခဲ့ရကြောင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

တိုကျိုမြို့ တော် အခြေစိုက် Japan Press သတင်း အေဂျင်စီ ၏ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး စစ်သတင်းထောက် ယာမာမိုတို ဆီးရီးယား နိုင်ငံ၌ အသတ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရချိန်တွင် အနီး၌ သတင်းလိုက်ဖော် တစ်ဦး ပါဝင်ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောကြား သွားသည်။

အဆိုပါ သတ်ဖြတ် ခံရမှုနှင့် ပတ်သတ်၍ Japan Press သတင်း အေဂျင်စီက မည်သည့် သတင်း ထုတ်ပြန်ချက်မျှ ထုတ်ပြန် သွားခြင်း မရှိသေးပေ။ ယာမာမိုတိုသည် ၁၉၉၅ ခုနစ်မှ စတင်ပြီး Japan Press သတင်း အေဂျင်စီနှင့် လက်တွဲ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး အာဖဂန်နှင့် အီရတ်စစ်ပွဲ များတွင်လည်း စစ်သတင်းများ လိုက်ခဲ့ကြောင်း အေဂျင်စီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အကြောင်း စစ်သတင်း လိုက်ရင်းဖြင့် အမေရိကန် သတင်းထောက် တစ်ဦး နှင့် ပြင်သစ် သတင်းထောက် နှစ်ဦးလည်း သေဆုံး ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၁ခုနှစ် မတ်လမှ စတင်ဖြစ်ပွားသော အစိုးရနှင့် အတိုက်အခံများကြား

အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ခ်ျတွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ

အိဒ်ပွဲတော် ဆင်နွဲရန် ဘင်္ဂလီအမျိုးသားများ အိမ်ပြန်နေကြစဉ်။

ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သြဂတ်စ်လ ၂၀ နေ့က ပီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်းစဉ်လာအရ တရွာနှင့်တရွာ တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင်

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လစာနည်း ကွန်မြူ နစ်စနစ်အတိုင်းသွား နေဆဲ


သျှမ်းသံတော်ဆင့်

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနက် လူသူလက်နက်ငွေအင်အား အကြီးဆုံးဖြစ်သည့် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မ တော် က တပ်ဖွဲ့ဝင်များအတွက် လစာများအား ကွန်မြူနစ်စနစ် အတိုင်းသွားနေဆဲဖြစ်ကြောင်း ကွန်မြူနစ်ပါတီ ဝင်ဟောင်းများကပြော သည်။

“ဝ တပ်ဖွဲ့ထဲကပေါ့နော်။ အောက်ခြေတပ်သားကနေ တပ်ရင်းမှူးအထိ လစာကို တရုတ် ယွမ်ငွေ ၆၀ ယွမ် တန်းတူ ညီမျှပေး တယ်။ သို့ပေမယ့် ဝမ်းရေးအတွက် လုပ်ပိုင်ခွင့်တော့ ပေးထားတာပေါ့နော်။ အရင်းအနှီးအတွက် ငွေဆိုလဲချေး ပေးတယ်။ ပစ္စည်းလဲ ထုတ်ပေးတယ်။ လုပ်ငန်း လည်ပတ်မှုရသွားပြီဆိုရင် အရင်းပြန်ဆပ်ရတယ်” ဟု တာချီလိတ်ရောက် ကွန် မြူနစ် ဝန်ထမ်း ဟောင်းတဦး ကပြောသည်။

တပ်စုမှူး၊ တပ်ဖွဲ့မှူးတို့ကိုလည်း တာဝန်အလိုက် ဆိုင်ကယ်တစီး၊ လယ်ထွန်စက်တစီး၊ တပ်ရင်းမှူးကို ကားတစီး စသဖြင့် သုခုမကြေး အ ဖြစ်ချီး မြှင့်သေး သည်ဟု ဆို၏။

မိသားစုဝင်ငွေအတွက်လည်း တပ်ဖွဲ့မှ ငွေကြေးချေးပေးကာ လုပ်ငန်းလည်ပတ်စေသကဲ့သို့ အကျိုး အမြတ် ရရှိလာပါက ချေးငွေများ ပြန် လည်ပေးဆပ်ရကြောင်း ထို့အတွက် UWSA ဝ တပ်သားများ အတွင်း ပျော်ရွှင်ကျေနပ်မှုများရှိသည် ကိုတွေ့ရကြောင်း ၎င်းက ဆက် လက် ပြောပြသည်။

“ကူးသန်းရောင်းဝယ်ရေး ကုန်ပစ္စည်းတွေကိုလဲ ဌာနချုပ်မှာ တံဆိပ်တုန်းထု လက်မှတ်နဲ့ထုတ်ယူပြီး သွားရောင်းခွင့်ပေး တယ်။ ဖမ်းမိပြုမိရင် ဌာနချုပ်တံဆိပ်ပါရင် အဲဒီပစ္စည်းတွေ ဌာနချုပ်ကိုဘဲပြန်ပို့တယ်။ ဌာနချုပ်ကထုတ်သွားတဲ့ ပိုင်ရှင် ထံ ကိုဘဲ ပြန်အပ်ပေး

ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများ ကျူးကျော်စစ်ဆင်နွှဲခြင်းဟု ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီးပြော


ဖြူစင်သူ

ရခိုင်ပြည်နယ်ဒေသအတွင်း များမကြာမီက ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီ များက ရခိုင်ပြည် ဒေသအတွင်းဝင် ရောက်၍ ကျူးကျော်စစ်ဆင်နွှဲခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်း သားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ သဘောထားအမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ရ ခိုင်အကြောင်း တစေ့တစောင်း စာမျက်နှာမှ ဖော်ပြချက်အရ သိရသည်။

တစ်ဖက်နိုင်ငံမှာ တရားမဝင်ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလီလူမျိုးများအား မြန်မာနိုင်ငံရှိ အ ကျင့်ပျက် ဝန်ထမ်းတချို့က လာဘ် ငွေယူကာ နေထိုင်ခွင့်ပေးခြင်း နိုင်ငံသားမှတ်ပုံတင်ထုတ်ပေး ခြင်း၊ မြှောက်ပင့်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ပြောဆိုသွားသည်။

ကျွန်တော်ပြောချင်တာက ဒါဟာ ကျူးကျော်စစ်ပွဲတစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဗြိတိသျှ တွေ သေနတ်နဲ့ လာရောက်တိုက်ခဲ့တာမှ ကျူးကျော်တာ မဟုတ်ဘူး။ အခု ဟိုဘက်က ဘင်္ဂလီတွေ ကျူးကျော်အခြေချ နေထိုင်လာပြီး အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီးမှတ်ပုံတင်တွေထုတ်တယ်။ အိမ်ထောင်အများကြီးပြုပြီး၊ ကလေးတွေ သောက်သောက်လဲမွေးတယ်။ ဒီတော့ လူဦးရေတွေ တိုး ပွားလာတယ်။ ဒေသခံတွေကို နှင်ထုတ်တယ်။ အိမ်တွေ မီးရှို့တယ်။ သတ်တယ်။ ဒါဟာ ရခိုင်နဲ့  အစ္စလာမ်ဖြစ် တဲ့ ပြဿနာလို့  ပြောလို့ မရတော့ဘူး။ အဲ့ဒီနယ်မြေကို သူတို့ နယ်မြေလို့  ကျူး ကျော်တောင်းဆိုလာတယ်။ " ဟု ရခိုင်တိုင်း ရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြော သည်။

ယခုကဲ့သို့ ဘင်္ဂလီလူမျိုးများ ကျူးကျော်ခြင်းအား မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်ပြီး ၄င်းပြ ဿ နာကို ပြည်သူနှင့်အစိုးရ ပူးပေါင်းပြီး ဖြေရှင်းမှအောင်မြင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ဘင်္ဂလီလူမျိုးများက လူ့အခွင့်အရေးအရေခြုံပြီး ကမ္ဘာ့ နိုင်ငံတချို့တွင် သတင်းအလိမ်များဖြင့် ဝါဒဖြန့်ခြင်းအားလည်း ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဦးဇော်အေးမောင်က" ဒီကျူးကျော်စစ်ပွဲဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင် တယ်လို့  သတ်မှတ်ပြီး အစိုးရနဲ့  ပူးပေါင်း ဖြေရှင်းမှ အောင်မြင်မယ်လို့ ထင်တယ်။ ဒါ့အပြင် ကမ္ဘာ့ အချို့ နိုင်ငံများက လူ့အခွင့်အရေးကို အရေခြုံပြီး ဇာတ်နာခန်းတွေ ဖွင့်ပြပြီးတော့ ကျွန်ေ

သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ ~ Forbes


~







ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ဒီနှစ်အတွင်း သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို မနေ့က ထုတ်လိုက်ပါပြီ။
အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် (အဆင့် ၁၉)လည်း ပါပါတယ်။

သြဇာအရှိဆုံးကတော့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ (အဆင့် ၁) နဲ့ အမေရိကန်က ဟီလာရီကလင်တန် (အဆင့် ၂)တို့ ဖြစ်ပါတယ်။
ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ

နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်တွေက အမျိုးသမီးများ၊ မီဒီယာမှာ အထင်ကရ ဖြစ်နေတဲ့ အမျိုးသမီးများကို နယူးယောက်အခြေစိုက် Forbes က ရွေးချယ်ထားတာပါ။

ထိုင်းရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဒေါ်ရင်လတ်ရှင်နာဝပ် (အဆင့် ၃၀)၊ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်သူ ဆိုနီယာဂန္ဒီ (အဆင့် ၆) တို့လည်း ပါပါတ

မိုဘိုင်းဖုန်းက ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာလား


“ဆင်းရဲသားများကို မိုဘိုင်းဖုန်းများ အခမဲ့ပေးမည်” ဆိုတဲ့ သတင်းခေါင်းစဉ် တခုကို ဂျာနယ် တစောင်မှာ ခုတလော ဖတ်လိုက်ရပါတယ်။ ပေးမယ့် နေရာကတော့ “အိန္ဒိယ… အိန္ဒိယနိုင်ငံမှာပါ”

အိန္ဒိယ အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲမှု လျှော့ချဖို့အတွက် အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာဖြစ်တဲ့ မိုဘိုင်းဖုန်းတွေကို ဝင်ငွေနည်း မိသားစုတွေကို ပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ပြီးတော့ ဆင်းရဲမှုကနေ လွတ်မြောက်နိုင်စေဖို့ပါ။

မိုဘိုင်းဖုန်း ဆင်းမ်ကတ်၊ ဟန်းဆက်နဲ့ အတူ မိနစ် ၂ဝဝ ကြာ အခမဲ့ ဖုန်းပြောခွင့်ပါ ရရှိစေဖို့ လုပ်ဆောင် ပေးမယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ အခုလို အစီအစဉ်ကို အတိုက်အခံပြော ဝေဖန်တဲ့ သူတွေလည်း ရှိပါတယ်။ ဆင်းရဲသားတွေကို မိုဘိုင်းဖုန်းပေးမယ့်အစား ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးမှု အစီအစဉ်တွေမှာ သုံးစွဲဖို့ ဝေဖန်အကြံပြုတာတွေလည်း ဖတ်လိုက်ရပါ တယ်။
ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံဆိုတော့ အကောင်အထည် ဖော်မယ့် အစီအစဉ်တခုကို အဆိုးအကောင်း ဝိုင်းဝန်း ဝေဖန် တာတွေတော့ ရှိစမြဲပါ။

ကျနော်တို့နိုင်ငံမှာလည်း မိုဘိုင်းဖုန်း ဆင်းမ်ကတ် တွေကို တခု ငါးသိန်းနဲ့ အစိုးရ ဆက်သွယ်ရေး ဌာနကနေ ရောင်းနေ တဲ့အချိန်မှာ ဆင်းမ်ကတ် တခုကို ကျပ် ငါးထောင်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုက ရောင်းချပေးဖို့ အစီအစဉ်ကိုတောင်မှ ဆက်သွယ်ရေးဌာနက ခွင့်ပြုဖို့ မဖြစ်နိုင်သေးပါဘူး၊ ကျနော်တို့လည်း ဆင်းမ်ကတ် ဈေးတွေကို တဖြည်းဖြည်းနဲ့ လျှော့ချပေးဖို့ အစီအစဉ် ရှိပါတယ်လို့ ဆိုခဲ့သေးပါတယ်။

အခုအချိန်အထိမှာတော့ GSM ဆင်းမ်ကတ်တခုကို ကျပ် နှစ်သိန်းနဲ့ ရောင်းနေချိန်မှာ ကျပ် တသိန်း ဒါမှမဟုတ် CDMA မိုဘိုင်းတွေ ကို ကျပ် ရှစ်သောင်းနဲ့ မကြာမီ ရောင်းချပေးတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်အထိ မြန်မာ့ ဆက်သွယ်ရေးက တာဝန်ရှိသူ တွေက မဖြစ်နိုင်သေးပါဘူးလို့ ငြင်းနေတုန်းပါ။

ဒါနဲ့ ခုန အိန္ဒိယ အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ သဘောထားကို ပြန်ပြီး ကောက်ချက် ချကြည့်ရအောင်ပါ။

အိန္ဒိယ ဝန်ကြီးချုပ်ရုံးရဲ့ သဘောထားကတော့ “မိုဘိုင်းဖုန်း ဆိုတဲ့ အီလက်ထနောနစ် ဆက်သွယ်ရေး ကိရိယာဟာ အလုပ်လက်မဲ့တွေကို အလုပ်ရှာဖွေရာမှာ အထောက်အကူ ပြုစေဖို့ပါ” လို့ ဆိုပါတယ်။

အဓိပ္ပါယ်ကတော့ အလုပ်လက်မဲ့ တဦးဟာ ဆက်သွယ်ရေး ကိရိယာ ဖြစ်တဲ့ မိုဘိုင်းဖုန်း မရှိတဲ့အတွက် အလုပ်ရှာဖို့ အခက်အခဲ တွေ့နေကြတာကို ဖြေရှင်းဖို့ မိုဘိုင်းဖုန်းကို အခမဲ့ပေးဖို့ စဉ်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းမရှိတဲ့အခါ အလုပ်ရှာဖို့ ခက်ခဲသလို၊ အလုပ်မရှိတဲ့အတွက် ဖုန်းမဝယ်နိုင်တဲ့ ဝိုင်းကြီးပတ်ပတ် အခက်အခဲကို ဖြေရှင်းဖို့ မိုဘိုင်းဖုန်း ရှိဖို့ အရင်းဦးဆုံး လိုအ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ထိ ဂိတ်စ/ဆုံး မပြေးဆွဲသောယာဉ်များအား အရေးယူမည်





ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ထိ ဂိတ်စဂိတ်ဆုံး မပြေးဆွဲသော ယာဉ်များအား စိစစ်အရေးယူမည်ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်း တက္ကသိုလ် (သန်လျင်)သို့ ပြေးဆွဲလျက် ရှိသော ခရီးသည်တင် ယာဉ်များအား သတ်မှတ်ယာဉ်စီး ရေအပြည့်ပြေးဆွဲ ရန်နှင့် ဂိတ်စ/ ဂိတ်ဆုံး ပြေးဆွဲ ပေးခြင်း မရှိသည့် မော်တော်ယာဉ်များအား စိစစ်ကြပ် မတ်အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး ဗဟိုကော် မတီထံမှ သိရသည်။

“အရှေ့ပိုင်းတက္ကသိုလ်ကို ပြေး ဆွဲနေတဲ့ ယာဉ်တွေလုံလောက်မှု ရှိမရှိသက်ဆိုင်ရာတက္ကသိုလ်ဆရာ ကြီးတွေနဲ့ ဆွေးနွေးနေပါတယ်။ ယခုလက်ရှိပြေးဆွဲနေတဲ့ ယာဉ်တွေ ကို မှန်မှန်ကန်ကန်ပြေးဆွဲခြင်းရှိ မရှိ မ.ထ.သ က အထူးစစ်ဆေးနေပါတယ်”ဟု မ.ထ.သ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

အရှေ့ပိုင်းတက္ကသိုလ်သို့ ပြေး ဆွဲလျက်ရှိသော ယာဉ်စီးရေမှာ ကျောင်းသားအင်အားနှင့် မျှတမှု မရှိခြင်း၊ ၄င်းအပြင် ခရီးစဉ်များအား တစ်စိတ်တစ်ပိုင်းသာ ပြေးဆွဲလျက် ခရီးသည်များအား အခြားကားများ သို့ကူးပြောင်းခြင်းဖြင့် ကျောင်း သား၊ ကျောင်းသူများ အချိန်နှောင့် နှေးမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

“သူတို့ ဂက်(စ်)ထည့်မယ်ဆို ရင် လူမတင်နဲ့လေ။ ခရီးသည်တွေ ကို တင်ပြီး ဂက်(စ်)ထည့်မလို့ဆင်း ပေးပါဆိုတော့ ကျွန်တော်တို့မှာ အချိန်နောက်ကျမှုတွေဖြစ်တယ်။ ပြီးတော့ ကားလဲမပြောင်းပေးဘူး။ သူတို့ဂက်(စ်)ပြည့်တဲ့အထိ စောင့်

မင်္ဂလာပွဲတွင် သားသမီး ခြောက်ဦးအား မင်္ဂလာပွဲအမှတ်တရအဖြစ် ဒေါ်လာ ( ၃ )သန်း လက်ဆောင်ပေးမဲ့အင်ဂျလီနာဂျိုလီ


နစက အရာရှိကို ဘင်္ဂလီတစ်ဦး ဓါးဖြင့် ခုတ်သောကြောင့် သေနတ်ပစ်ဖမ်းဆီး


ခိုင်ဥက္ကာပျံ
လွန်ခဲ့သော သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရခိုင်ပြည် မောင်တောမြို့နယ်ရှိ ဦးဒေါင်းကျေးရွာအုပ်စု ကုန်တန်းကျေး ရွာမှ တရားခံ ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးရန် လာသော နစက ကို ၄င်းဘင်္ဂလီက ဓါးနှင့်လိုက်ခုတ်ခဲ့သဖြင့် နစကအရာရှိနှင့်ပါလာသည့် တပ်ဖွဲ့ဝင် များက သေနတ်ပစ် ခြောက်လှန့်၍ ဖမ်းခဲ့ရသည်ကို သတင်းရရှိသည်။

" အခုတ်ခံရတာက နစကအရာရှိ ဗိုလ်ဖြိုးဝေအောင် ပါ။ တရားခံ ဘင်္ဂလီကတော့ အဲဒီ ကုန်တန်းကျေး ရွာက ဆော်လီမူလာ ဖြစ်ပါတယ်။ သူ့အ ဖေက ချောင်းမ်ချူးဟုတ်က်၊ အသက်က ၄၅ နှစ်ဖြစ်ပါတယ်။ အဲဒီ ဆော်လီမူလာဟာ နတလ ရွာကို မီးရှို့တာမှာ ဦးဆောင်သူတစ်ဦး ဖြစ်ပြီး မီးရှို့ထွက်ပြေးသွားရာကနေ အိမ်ကိုပြန်လာတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက သ တင်းပေးပို့တဲ့အတွက် နစက အရာရှိက သွားဖမ်းတာ။ အဲဒါကို ဆော်လီမူလာက ဓါးနဲ့လိုက်ခုတ်တော့ အဲဒီဗိုလ်ကြီးရဲ့ ဘယ်ဖက်လက် မောင်းမှာနှစ်လက္မလောက်ဒဏ်ရာရသွားပါတယ်။ ဒါကြောင့် ပါလာတဲ့ ရဲဘော်တွေကလဲ သေနတ်နဲ့ ခြိမ်းခြောက်ပစ်ပြီး ဖမ်းရတာ ဖြစ်ပါ တယ်။ သေနတ် ဒဏ်ရာကတော့ လမ်မောင်းမှာ အနည်းငယ် ထိသွားပါတယ်။ " ဟု အမည်မဖေါ်လိုသူ နစက တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

နစက အရာရှိ ဗိုလ်ဖြိုးဝေအောင်နှင့် တရားခံ ဆော်လီမူလာတို့မှာ နစကနယ်မြေ(၈)၊ စခန်း(၁၇)၊ နယ် မြေ ဆေးခန်း၌ ဆေးဝါးကုသမှုခံ ယူ နေရကြောင်း၊ ၄င်း သတင်းမှာ ဘင်္ဂလီများအကြား ပြန့်သွားသဖြင့် ညနေ ၅ နာရီအချိန်လောက်တွင် ဆူပူအော်ဟစ်မူများပြုလုပ်ပြီး အကြမ်း ဖက်ရန် ကြံရွယ်ခဲ့ကြောင်း အာဏာပိုင်များမှ လာသော သ

ဗြိတိန်အိမ်ရှေ့မင်းသား Harry ရဲ့ အဝတ်မပါပုံများ US Website မှ ဖြန့်ချီ




ဗြိတိန်ဘုရင်မကြီး၏ မြေးဖြစ်ပြီး သုံးယောက်မြောက်  ဗြိတိန်နိုင်ငံ၏ အရိုက်အရာဆက်ခံမည့် ဗြိတိန်အိမ်ရှေ့မင်းသား Harry ရဲ့ အဝတ်မပါသော ပုံများကို US Website မှ ဖြန့်ချီခဲ့ကြောင်း သိရသည်။
US အတင်းအဖျင်း Website ဖြစ်တဲ့ TMZ show တွင် Apache helicopter ရဲ့ လေယာဉ်မှူးဖြစ်သူ ဗြိတိန်အိမ်ရှေ့မင်းသား Harry က တကိုယ်လုံး အဝတ်အထည်လုံးဝမရှိဘဲ သူ၏ လိင်အင်္ဂါကို လက်ဖြင့်ဖုံးအုပ်ထားပြီး သူ့အနောက်မှာ ကိုယ်ဗလာနဲ့ အမျိုးသမီးငယ်တစ်ဦးက ကွယ်နေပုံကို ဖော်ပြခဲ့ကြောင်း သိရသည်။
ထိုပုံဟာ အမေရိကန်ပြည်ထောင်စု Las Vegas က ဟိုတယ်တစ်ခုထဲရှိ VIP suite တွင်
ရိုက်သည့်ပုံဖြစ်ကြောင်းလည်း သိရသည်။
နောက်တစ်ပုံမှာတော့ ထိုအမျိုးသမီးနှင့်ပင် ရင်ချင်းအပ်ဖက်ထားတဲ့ နောက်ကျောမှပုံကို ဖော်ပြထားခဲ့ကြောင်း သိရသည်။
TMZ က တင်ပြထားသော ပုံများထဲတွင် ဗြိတိန်အိမ်ရှေ့မင်းသား Harry နှင့် သူ့သူငယ်ချင်းများက hotel bar မှ အမျိုးသမီးများအား သူတို့အခန်းသို့ လိုက်ခဲ့ဖို့ ဖိတ်ခေါ်နေသော ပုံလည်း

ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် မဇ္ဈိမ သတင်း အမှန်ပြင်ရေး


နိရဉ္စရာ

သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက် ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သ တင်း ရရှိသည်။

အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်း စည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုး သားများ က ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြ ဟု ရေးသား ဖေါ်ပြခဲ့ သည်။

စာသားတွင်လည်း ရခိုင် ၅၀ ခန့်က ရိုဟင်ဂျာများကို ယူအန်နှင့် အိုင်အန်ဂျီအိုများက အကူအညီ ပေးနေမူများကို ရပ်တန့်ရန် ဆန္ဒပြ တောင်း ဆို ခဲ့သည် အစား ရခိုင်အမျိုးသား ၁၀၀ ခန့်က ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ယူအန်နှင့် အိုင်အန်ဂျီအိုများ ဆန္ဒပြတောင်း ဆိုဟု ပြန်လည် ပြင်ဆင် ရေးသားခဲ့သည်။

ယခုကဲ့သို့ ပြင်ဆင်ရေးသားပေးမူနှင့် ပတ်သက်ပြီး ဦးဆောင်လူပ်ရှားသူ ကိုစည်သူ၏ သဘောထားကို သိရှိနိုင်ရန် အကြိမ်ကြိမ် ဖုံးဆက် ခဲ့ သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ယနေ့ နိရဉ္စရာမှ လက်ခံ ရရှိသော စာတစ်စောင်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ (ရန်ကုန်တိုင်းဒေသ ကြီး)မှ အဆိုပါ အမှားများ ရေးသား ဖေါ်ပြ မူနှင့် ပတ်သက်ပြီး မဇ္ဈိမ တာဝန်ရှိသူ

အောက်ခြေအဆင့် အလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင်


ဖြူစင်သူ
ရခိုင်ပြည်အတွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဖြစ်ပြီးနောက်တွင် အောက်ခြေအ လုပ်ကြမ်းများအား ရခိုင် အခြေခံလူတန်းစားများ ဝင် ရောက်လုပ်ကိုင်လျှက် ကြောင်း သိရသည်။

ယခင်က ရခိုင်အခြေခံအလုပ်သမားများ လုပ်မည့်နေရာများတွင် တစ်ဖက်နိုင် ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်လာသည့် ဘင်္ဂလီများ က အောက်ခြေအ ဆင့် အလုပ်များကို နေရာယူ ဝင်ရောက်လုပ်ကိုင် ခဲ့သည့်အတွက် ဒေသခံ ရ ခိုင်များက နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်ခဲ့ကြရကြောင်း စစ်တွေ ဒေသ ခံများမှလာသော သတင်းအရ သိရသည်။


" အဓိကရုဏ်းမဖြစ်မီတော့ စစ်တွေမြို့ အောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီ တွေက နေရာယူထား တော့ ဒေသခံ ရခိုင် အောက်ခြေအလုပ်သမားတွေအ တွက် အလုပ်မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားတွေကို တရားဝင်ရောတရားမ ဝင်ပါ ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အခုဘင်္ဂလီတွေကိုဒုက္ခသည် စခန်း မှာထားပြီး နေရာကန့်သတ် ထားလိုက်တဲ့အတွက် ဒေသခံ ရ ခိုင်အခြေခံအ လုပ်သမားတွေ နိုင်ငံခြား ကို သွားစရာမလိုတော့ဘဲ ကိုယ့်မြို့ကိုယ့်ရွာမှာ အ လုပ်လုပ်လို့ရတာပေါ့ " ဟုစစ်တွေ ဒေသခံ တစ်ဦးက ပြော သည်။


ဘင်္ဂလီများ၏ ကျူးကျော်ဝင်ရောက် နေရာယူထားခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေသည့် ရခိုင် အခြေခံ အလုပ်သမားများမှာ ဆန်ပွဲရုံတန်း၊ သင်္ဘောဆိပ်၊ လှေဆိပ်၊ ဆိပ်ကမ်း၊ စစ်တွေ မြို့မဈေး၊ ကုန်တန်း ဝါးဆိပ်၊ ပန်း ရံလုပ်ငန်း၊ အနှေးယာဉ် (ဆိုက္ကား) နှင့် တခြား အ လုပ်ကြမ်း များတွင် ဝင်ရောက်လုပ်ကိုင် နေကြပြီဖြစ်ကြောင်း သိရသည်။

အခြေခံ အလုပ်သမားများ၏ တစ်ရက်တာ ပျမ်းမျှဝင်ငွေမှာ ကျပ်ငွေ ငါးထောင်နှင့် ခုနှစ်ထောင်ကြား ရရှိပြီး မိသားစုတစ်စု၏ တစ်ရက်တာ အ သုံးစရိတ်ကို လုံလောက်စွာ သုံးစွဲနိုင်ကြောင်းနှင့် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူတချို့လည်း ခရီးစဉ် အားရပ် တန့်ထားကြောင်း သိရသည်။

" ကျနော်တို့ အယင်ဆိုရင် အလုပ်မရှိဘူး။ ဒီအောက်ခြေလုပ်ငန်းေ

“စွမ်းရည်မြှင့်သင်တန်းကို ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ပိတ်ပင်”


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မကွေးတိုင်း မဲဆွယ်ခရီးစဉ်အတွင်း တွေ့ရသော ရုပ်ရှင် သရုပ်ဆောင် ရဲတိုက် (ဓာတ်ပုံ – နတ်ဆိုး)


ဇာနည်မာန်| August 23, 2012 | Hits: 1,629


မကွေးတိုင်း ရေနံချောင်းမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ ပြုလုပ်နေသည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ဆက်လက် မဖွင့်လှစ်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၁ ရက်နေ့က စတင်ခဲ့သော အဆိုပါသင်တန်းအတွက် ရေနံချောင်း NLD မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင်ခွင့်ပြုချက် မတောင်းဘဲ ပြုလုပ်သည့်အတွက် တားမြစ်ခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ရေးသားထားသည်ဟု သင်တန်း စီစဉ်သူများက ပြောသည်။

“NLD က လုပ်တာဖြစ်လို့ ခွင့်တောင်းရမယ်တဲ့။ တကယ်တော့ ဒီသင်တန်းက NLD ပါတီအနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ အန်တီတို့ မိသားစုက ဒီသင်တန်းကို လုပ်တာပါ။ ဒါကြောင့် မြို့နယ်ကော်မရှင်ကို ခွင့်တောင်းဖို့လည်း မလိုပါဘူး။ တသီးပုဂ္ဂလကနေ လုပ်တာဖြစ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်စရာ အခွင့်ရေး မရှိပါဘူး။ အန်တီတို့ကတော့ ဒီသင်တန်းကို ပြီးအောင် လုပ်မှာပါ” ဟု မကွေးတိုင်း NLD အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးက ပြောသည်။

မြို့နယ်ခန်းမတွင် ဖွင့်ပွဲသာ ကျင်းပခဲ့ရပြီး တားမြစ်ချက်ကြောင့် သင်တန်းကို ဒေါ်ခင်စောဌေး၏ နေအိမ်တွင်သာ ပြုလုပ်နေ

လေကြောင်းတိုက်ပွဲ ဆင်နွဲချင်သူတွေအတွက် C.H.A.O.S For Android



လေကြောင်းတိုက်ပွဲ ဆင်နွဲချင်သူတွေအတွက် C.H.A.O.S SKY JET INTERNATIONAL


ဦးအောင်သိန်းလင်း အမတ်ဖြစ်မှ ရုတ်သိမ်းပေးရန် ကော်မရှင်ကို တင်တော့မည်



ရန်ကုန် (မဇ္ဈိမ) သိင်္ဂီထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၀၁ မိနစ်

တောင်ဥက္ကလာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့ သောကြာနေ့တွင် တင်ပြသွားမည်ဟု အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သူ ဦးမင်းအောင်က ပြောသည်။

ထိုသို့ ကန့်ကွက်စာ တင်ရန်အတွက် ဇူလိုင် ၂၈ ရက်နေ့က စတင်သော သဘောထား လက်မှတ်ကောက်ယူမှုတွင် တောင်ဥက္ကလာ မဲဆန္ဒရှင် ၁,၃ဝဝ က လက်မှတ်ရေးထိုးပြီး ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ)အရ လွှတ်တော်ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

တောင်ဥက္ကလာမြို့နယ်တွင် ၂ဝ၁ဝ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၈ဝ,ဝဝဝ ကျော်ရှိခဲ့ပြီး ယခုရရှိထားသော လက်မှတ်သည် မဲပေးခွင့်ရှိသူ၏ ၁.၆၃ ရာခိုင်နှုန်း ဖြစ်သည်။

ထိုသို့ ဦးအောင်သိန်းလင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရန် တောင်းဆိုမှုသည် Southern Weekend China သတင်းစာနှင့် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းမှုအတွင်း မြစ်ဆုံဆည် စီမံကိန်း

အားလုံး ခင်ဗျားဘက်က ရှိနေတာ ယုံပါ" (မင်းကိုနိုင်)


 

23 August 2012
 
ဇေကမ္ဘာကုမ္ပဏီမှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား စက်တင်ဘာလ(၆)ရက်နေ့သို့ ရုံးချိန်း ပြောင်းလဲခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။
ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအား အသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၅၀၀)ဖြင့် တရားစွဲဆိုလိုက်ပြီး ပထမဆုံးရုံးချိန်းအား သြဂုတ်လ (၂၃)ရက်နေ့၌ ခေါ်ယူခဲ့ကြောင်း သိရသည်။
ရုံးချိန်းသို့ တရားလို ဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးမြင့်ဇော်၊ တရားစွဲဆိုခြင်း ခံရသူဦးနေမျိုးဝေ နှင့် ဇေကမ္ဘာကုမ္ပဏီ မှ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်ရန် သိမ်းယူခြင်းခံရသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း(၁၊ ၂၊ ၃၊ ၄) မှ လယ်သမားများ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ လည်း လာရောက်ခဲ့ကြောင်း၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လည်း အဆိုပါအမှုတွင် ဦးနေမျိုးဝေဘက်မှ အမြဲရပ်တည်သွားမည့် အကြောင်း စာပေးပို့ခဲ့ကြောင်း သိရသည်။
“ရွှေနံ့သာလယ်ကိစ္စမှာ ဇေက မ္ဘာကုမ္ပဏီကို အသရေပျက်စေလိုမှု

ကွမ်းစားသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်း ရှိလာစေရန် မည်ကဲ့သို့ စီမံချက်များ ရှိမလဲ လွှတ်တော်မှာ မေးမည်


ယနေ့လွှတ်တော်တွင်ဦးမြင့်သူ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒန ယ်၏ မြန်မာနိုင်ငံ၏ မြို့တော်များအား သန့်ရှင်း လှပသည့် နိုင်ငံတကာအ ဆင့်မီ မြို့တော်များဖြစ်အောင် ကွမ်းစားသူများ ကွမ်းတံတွေး ထွေး ရာတွင် စည်းကမ်း ရှိလာစေရန် မည်ကဲ့သို့ စီမံချက်များ စတင်ချက်မှတ်ေ ဆာင်ရွက် မည်ကို သိလိုသည်နှင့် စပ်လျဉ်းသ ည့် မေးခွန်းမေးမည်ဖြ

ှမြိတ်မှာဆင်းမယ့်လေယာဉ်ကို ငှက်တွေဒုက္ခပေး


~



http://www.shumanyee.com/2011december/image/airkbz.gif
ကြာသပတေးနေ့နံနက်ပိုင်းက ထားဝယ်လေဆိပ်မှ မြိတ်-ကော့သောင်းခရီးစဉ်အဖြစ် ပျံသန်းသော Air KBZ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် K7-319 XY-AIW သည် မြိတ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် ငှက်များနှင့် တိုးတိုက်မိပြီးလေယာဉ်အင်ဂျင်ထဲသို့ ငှက်နှစ်ကောင် ၀င်ရောက်သွားခဲ့သည်။

လေယာဉ်မှာမူ မြိတ်လေဆိပ်သို့ အန္တရာယ်ကင်းစွာဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်လေယာဉ်မှာမူ ခရီးစဉ်ကို ဆက်လက်ပျံသန်းနိုင်ခြင်းမရှိဘဲ ယနေ့ညတွင် မြိတ်လေဆိပ်၌ ညအိပ်ရပ်နားနေရသည်။

ယနေ့ ခရီးစဉ်များအဆင်ပြေစေရန်အတွက် မြန်မာ့လေကြောင်းမှ MA_60 လေယာဉ်ကို ငှားရမ်းကာ အစားထိုး ပျံသန်းပေးခဲ့ကြောင်း လေကြောင်းသတင်းရပ်ကွက်ထံမှ

ရန်ကုန်မှာ စကားလာပြောတဲ့ ဖူကူယားမား


~


ဂျက်ကီချမ်း၊ ဟီလာရီကလင်တန် အစရှိတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ ဆက်တိုက် ရောက်ရှိနေတဲ့ မြန်မာပြည်ကို အခု နောက်ဆုံး ရောက်လာသူကတော့ နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမား ဖြစ်ပါတယ်။
(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

ဖရန်စစ် ဖူကူယားမား မြန်မာပြည်ရောက်တာ မြန်မာပြည်သား အများစုအတွက်တော့ "အင်း ... ဒီဦးလေးကြီး တို့ဆီကိုလာတော့ ဘာဖြစ်လဲ၊ ဘာလုပ်ရမှာလဲ" လို့ ဆိုကြမယ် ထင်ပါတယ်။

တချို့အတွက် အထူးသဖြင့် လေးလေးပင်ပင်စာတွေ ဖတ်တဲ့သူတချို့အတွက်တော့ ထူးခြားနေပါတယ်။

မြသန်းတင့်၊ မောင်စူးစမ်း၊ ကျော်ဝင်း စတဲ့ စာရေးဆရာတို့က ဖရန်စစ် ဖူကူယားမားရဲ့ လက်ရာတွေကို မြန်မာဘာသာပြန်ခဲ့ပါတယ်။ ဒီဆရာတွေရဲ့ ပရိသတ်က ဖတ်ကြပါ

သေမင်းတမန် ရထားလမ်းအကြောင်း




ချွေးတပ်သားများ မှာ ပင်ပန်း ကြီးစွာ လုပ်ကိုင် ကြရသည်။
သေမင်းတမန် ရထားလမ်း
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ဂျပန် တပ်မတော် က ဖောက်လုပ်ခဲ့သော ယိုးဒယား − မြန်မာ မီးရထားလမ်း ကြီးသည် လူသားများ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှားခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝ၀ဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်းအမှတ်ပွဲကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။

သံဖြူဇရပ် မှ ဘန်ပေါင်သို့
သေမင်းတမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူဇရပ်မြို့မှ စတင်ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင်(Ban Pong) မြို့သို့ ဖောက်လုပ် ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ် ရန် ဖြစ်သည်။ မိုင် ၂၅၀ ကျော် ရှည်လျားပြီး လမ်းခုလပ် ကွေးမြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက်ခဲ့သည်။ တံတား ဆောက်လုပ်ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထားသော မဟာမိတ်တပ်သား အများအပြား လည်း ပါဝင်ခဲ့သည်။
တည်ဆောက်ရေး ပစ္စည်းများ
ဗြိတိသျှ တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း (၂၈၅၂) မိုင် ရှိသည့် အနက် ဂျပန် တို့က သံလမ်းမိုင် (၃၀ဝ) ခန့် ကို ဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့ပါသည်။ သံလမ်း မိုင် (၁၅၀)မိုင်ခန့် ကို ရန်ကုန် နှင့် တောင်ငူ အကြား ဒွေးလမ်း မှ လည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး

မြန်မာ့ဆက်သွယ်ရေး ပုံစံပြောင်းမည်



by Lu Cifer 

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဖျက်သိမ်းတော့မည်ဖြစ်ပြီး ယင်းနေရာတွင် ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဟူသောအမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းထားပြီ ဖြစ်သည်။
ဆက်သွယ်ရေးကဏ္ဍကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအစား ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဆက်လက် ချုပ်ကိုင်မည် (ဓာတ်ပုံ- Reuters)

အသစ် ပေါ်ထွက်လာမည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်း၏ လက်အောက်တွင် အော်ပရေတာ ဆက်သွယ်ရေး ကုမ္ပဏီလေးခုကို ထားရှိသွားမည် ဖြစ်ပြီး ယင်းတို့မှာ မြန်မာ တယ်လီကွန်း ကုမ္ပဏီ၊ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီနှင့် အခြား နိုင်ငံခြားကုမ္ပဏီ နှစ်ခုတို့ဖြစ်ကြသည်။
ပြောင်းလဲ ဖွဲ့စည်းမည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်းနှင့် ၄င်း၏ လက်အောက်ရှိ ပုဂ္ဂလိက အော်ပရေတာ လေးခုကို အစိုးရ၏ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများနှင့် အညီ ကွပ်ကဲမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ပြောင်းလဲမှုသည် ပုဂ္ဂလိကပိုင်စနစ်သို့ တိုက်ရိုက်သွားသည့် ပုံစံမဟုတ် ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် မြန်မာ တယ်လီကွန်း ကုမ္ပဏီ ပါဝင်နေခြင်းနှင့် အစိုးရဌာန ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ပါဝင်နေခြင်းက ဆက်သွယ်ရေးကဏ္ဍကို ယခင်အတိုင်း ဆက်လက် ချုပ်ကိုင်လွှမ်းမိုးမှု ရှိနေဦးမည် ဆိုခြင်းကို ပြသနေကြောင်း  ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းများကို စောင့်ကြည့် လေ့လာနေသူများက ရှုမြင်သုံးသပ်ကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယ ညွန်ကြားရေးမှူး ဦးသန်းထွန်းအောင်၏ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာ ဘဏ္ဍာရေးဥပဒေ သုံးသပ်ချက် (International Financial Law Review – IFLR) အွန်လိုင်း သတင်းက မတ်လတွင် ရေးသားဖော်ပြရာ နိုင်ငံခြားကုမ္ပဏီ

ဗောက်စ်ဝက်ဂွန်နဲ့ ကိုးရီယား ကားကုမ္ပဏီ မြန်မာ့ဈေးကွက် ရှာဖွေနေ


ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကားအရောင်းဋ္ဌာန ဖြစ်တဲ့ ဂျာမဏီ အခြေစိုက် ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ဒေသတွင်း တွဲဖက် လုပ်ကိုင်မယ့်သူကို ရှာဖွေနေကြောင်း Asia News Network သတင်းမှာ ဖော်ပြပါတယ်။
ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်းမှာ အရောင်းဋ္ဌာန ဖွင့်လှစ်ဖို့အတွက် ထိပ်တန်း မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေပြီး မြန်မာနိုင်ငံအတွင်းမှာ စူပါ မာ့ကက်ကြီးတွေ၊ Shopping Center ကြီးတွေ၊ ကားအရောင်းပြခန်း တွေနဲ့ နိုင်ငံခြား သွင်းကုန်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတချို့ဟာ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ ရှိတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဗောက်စ်ဝက်ဂွန် ကုမ္ပဏီဟာ ၁၉၃၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကုမ္ပဏီထွက် Beetle, Golf နဲ့ Passat ကားမော်ဒယ်တွေနဲ့ လူသိများပါတယ်။ ကုမ္ပဏီဟာ နှစ်စဉ် ကားအစီးရေ ၄ သန်း ပျမ်းမျှ ရောင်းချနေရပါတယ်။
တချိန်ထဲမှာပဲ တောင်ကိုးရီးယား ကားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Hyundai နဲ့ Kia ကားကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ဒိုင်းမွန်းစတားကုမ္ပဏီကို ဒေသတွင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး ပူးပေါင်း လုပ်ကိုင်ဖို့ ဆွေးနွေးနေကြောင်းနဲ့ ကားအသစ်တွေ တင်သွင်းမှာဖြစ်ကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဒိုင်းမွန်းစတား ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဂျပန်နဲ့ တောင်ကိုးရီးယားက ကားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အစားအစာ၊ ဆေးဝါး၊ ဓာတ်မြေသြဇာနဲ့ Shopping Mall မှာ

သင်သိပ်ချစ်ကြောင်းဖွင့်ပြောဖို့ နောက်မကျစေပါနဲ


သင်သိပ်ချစ်ကြောင်းဖွင့်ပြောဖို့ နောက်မကျစေပါနဲ့
Posted by သက်တန့်ချို

တစ်ခါတုန်းက သိပ်ချစ်ကြတဲ့ လိပ်ပြာလေး နှစ်ကောင်ရှိတယ် ။ တစ်နေ့မှာ သူတို့ဟာ တူတူပုန်းတမ်း ကစားဖို့ ဆုံးဖြတ် လိုက်ကြတယ် ။
လိပ်ပြာထီးလေး --- ငါတို့ ကစားပွဲ လေးကစားရအောင်
လိပ်ပြာမလေး --- ကောင်းပြီလေ ဘယ်လိုကစားမလဲ
လိပ်ပြာထီးလေး --- ဒီပန်းပွင့်လေးထဲမှာ နက်ဖြန်မနက်စောစော လာပြီး ထိုင်နိုင်တဲ့သူက ပိုချစ်တဲ့သူဖြစ်မယ်
လိပ်ပြာမလေး ---- ကောင်းပြီလေ
############################
ဒီလိုနဲ့ နောက်တစ်နေ့မနက်ခင်းမှာ လိပ်ပြာထီးလေးဟာ ပန်းကလေးပွင့်မယ့်အချိန်ကို အစောကြီး လာစောင့်နေ တယ် သူ လိပ်ပြာမလေးကို ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့ ။
နောက်ဆုံးမှာ ------ ပန်းကလေးပွင့်သွားပါတယ်----
သူဘာတွေတွေ့သွားလဲ ??
လိပ်ပြာမလေးဟာ ပန်းပွင့်ကလေးထဲမှာ သေဆုံးလို့နေပါတယ် ။
လိပ်ပြာမလေးဟာ တစ်ညလုံး ပန်းပွင့်ကလေးထဲမှာနေခဲ့တယ် သူ လိပ်ပြာထီးလေးကို ဘယ်လောက် ချစ်ကြောင်း သက်သေပြဖို့အတွက်ပေါ့ သူ လိပ်ပြာထီးလေးကို တွေ့တွေ့ခြင်း သူ့ချစ်သူကို ဘယ်လောက် ချစ်ကြောင်းပြောပြဖို့အတွက်ပေါ့ ။
#########################
ပန်းပွင့်ကလေးဟာ ညဖက်မှာ ငုံပြီးမနက်မှ ပွင့်တတ်တဲ့ ပန်းအမျိုးအစားဖြစ်လို့နေခဲ့တယ် ။ လိပ်ပြာမလေး အထဲဝင်နေ စဉ်မှာ မွန်းကြပ် သေဆုံးသွားခဲ့ခြင်းဖြစ်တယ် သူ့ချစ်သူကို သူက

မင်္ဂလာဆောင်တွင် ခွေးဆွဲခံရသော သတို့သမီးပါ။



သတို့သမီးတစ်ယောက်အနေနှင့် အလွန်တရာ မျှော်လင့်တောင့်တခဲ့ရသော အမှတ်တရ အဖြစ်အပျက်ကလေး တစ်ခုမဟုတ်ခဲ့ပါ။  လက်ထပ်ပွဲဆင်နွှဲပြီး ပူပူနွေးနွး ခင်ပွန်းနှင့် အမှတ်တရ ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေချိန်တွင် သူမ၏ ရှည်လျားလှသော ဂါဝန်အား ခွေးကလေးတစ်ကောင်က အတင်းကိုက်ဆွဲခဲ့သောကြောင့် အဆိုပါ သတို့သမီးလေးသည် အများရှေ့တွင် ရယ်စရာတစ်ခု ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်အား ဓာတ်ပုံဆရာကအမိအရ ရိုက်ကူးနိုင်ခဲ့

Weekly မှ စာဖတ်သူများအတွက် The Voice Weekly Journal for Android


| August 15, 2012 | 1 Comment
Share

The Voice Weekly ဂျာနယ်သည် မြန်မာပြည်သူများအတွက် ယနေ့တိုင်းပြည်တွင် ဖြစ်ပျက်နေသော သတင်းအစုံအလင်ကို လျှင်မြန်မှန်ကန်စွာ ပို့ဆောင်ပေးနေသော ဂျာနယ်တစ်ခုဖြစ်ပါသည်။ The Voice Weekly မှ စာဖတ်သူများအတွက် မိမိတို့၏ Android Phone များ၊ Android Tablet များမှတစ်ဆင့်  သတင်းများကို အချိန်နှင့် တစ်ပြေးညီ ရရှိစေနိုင်ရန်  Bagan Innovation Technology မှ ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ အောက်က link မှာ The Voice Weekly Journal app ကိုရယူနိုင်ပါတယ်။
The Voice Weekly Journal Android Application အားရယူရန်
Download ပြုလုပ်ခြင်းနှင့် Application အသုံးပြုရာတွင် တွေ့ရှိသော အခက်အခဲများကို http://www.facebook.com/BitCarePage တွင် ရေးသားဖော်ပြနိုင်ပါသည်။
Version 1.0 အဖြစ် ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် Category တစ်ခုခြ

### အံသြဖွယ်ရာ သခွားသီး အစွမ်းများ ###



### အံသြဖွယ်ရာ သခွားသီး အစွမ်းများ ###

၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီ

တာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရော

ဖုန်း နဲ့ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုဖို့ Mobile Go PC Suite


Share
PC Suite တွေမှာ တရုတ်လိုတွေရေးထားတာတွေ အသုံးပြုရ သိပ်အဆင်မပြေတာတွေ ကင်းဝေးဖို့
Wondershare ရဲ့ MobileGo PC Suite ကို အသုံးပြုပါ။
ဒီဆော့ဝဲလေးကို ကွန်ပျူတာမှာ Install လုပ်လိုက်ပါ။ ပြီးရင် မိမိဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပါ။
ကွန်ပျူတာမှာ ဖုန်း Driver မရှိရင်လဲ Download လုပ်ပေးပါလိမ့်မယ်။ USB ကြိုးနဲ့တင်မဟုတ်ဘဲ Wifi ကနေ လဲ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

ချိတ်ဆက်ပြီးရင်တော့ အောက်က ပုံအတိုင်းတွေ့မြင်ရပါမယ်။ ဖုန်းကို တစ်လုံးထက် ပိုပြီးလဲ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Device Backup , Restore စတာတွေ ကို လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်ပါတယ်။
ပြီးတော့ App တွေ Install , Uninstall, တွေ သာမက APK ဖိုင်အဖြစ်လဲ Export လုပ်နိုင်မှာ ဖြစ်ပါတယ်။

တခြား အနေနဲ့ Photo Music, Video, Messages(SMS), Contact တွေကို

ရခိုင်အရေး သမ္မတရုံး သုံးသပ်ချက် ကန့်ကွက်ခံရ


ဧရာဝတီ . . .

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာနှင့်အတူ ပူးတွဲပါရှိသည့် သုံးသပ်ချက်၌ ပါဝင်သော စွပ်စွဲချက်များကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ပါတီက ကန့်ကွက်ထားကြောင်း သိရသည်။
လွှတ်တော်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
သ၀ဏ်လွှာနှင့်အတူ ပါရှိသည့် ရခိုင်ပြည်နယ် ပဋိပက္ခ ခြုံငုံသုံးသပ်ချက် များတွင် ရခိုင် တမျိုးသားလုံးကို လူမျိုးရေး မုန်းတီးစိတ် ကြီးမားသည့် လူမျိုးတမျိုး အဖြစ် ပုံဖော်ထားခြင်းကို RNDP ပါတီ၏ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦး က လက် မှတ် ထိုး၍ ပြည်ထောင်စု လွှတ်တော် နာယက ထံ ယမန်နေ့က ကန့်ကွက်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှုတွင် ရခိုင်နိုင်ငံရေး ပါတီများနှင့် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှု သွေးထိုး လှုံ့ဆော်မှုများ ပါဝင်နေကြောင်း၊ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ် အလွန်မြှင့်တင်ပြီး အဆင် အခြင်မဲ့စွာ တိုက်ခိုက် ဆောင်ရွက်လျက် ရှိကြောင်း သြဂုတ်လ ၁၇ ရက်စွဲဖြင့် ပေးပို့သော သ၀ဏ်လွှာပါ သမ္မတရုံး သုံးသပ်ချက် က ဆိုထားသည်။
ထို့အတူ နိုင်ငံတွင်းရှိ ရခိုင်အသိုင်းအ၀ိုင်းနှင့် နိုင်ငံတကာရှိ ရခိုင် အသိုင်းအ၀ိုင်းသို့ပါ စည်းရုံး လှုံ့ဆော်နေကြောင်း၊ နိုင်ငံအနှံ့ တွင် နေထိုင်သည့် ဘင်္ဂါလီမွတ်စလင် လူမျိုးများ အပေါ်လည်း အကြမ်းဖက်ရန် ကြံစည် လုပ်ဆောင်လျက်ရှိသည်ဟု တဖက် သတ် သုံးသပ်ထားသည့် အချက် ၉ ချက်ဖြင့် ပြင်းထန်စွာ စွပ်စွဲထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်

တရုတ်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှု အန္တရာယ်အဆင့်နီးပါးသိုရောက်ရှိ

The Voice Weekly:
(နိုင်ငံတကာသတင်း)


ဘေဂျင်း၊ သြဂုတ် - ၂၃
ကမ္ဘာ့စီးပွားရေးဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံတွင်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှုမှာ အန္တရာယ်ရှိသောအဆင့်နီးပါးသို့ရောက်ရှိလာကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။
တရုတ်ကျေးလက်ဒေသတွင် နေထိုင်သူ လူသန်းပေါင်းများစွာသည်လယ်ယာလုပ်ငန်းကိုစွန့်လွှတ်ပြီး ဝင်ငွေပိုရသောမြို့ပြသို့တက်ရောက်၍ အလုပ်လုပ်ကိုင်လျက်ရှိရာ ကျေးလက်နေလယ်ယာလုပ်သူနှင့်မြို့တက်အလုပ်လုပ်သူတို့၏ဝင်ငွေမှာ အလွန်ကွာခြားလျက်ရှိသည်ဟု တရုတ်ကျေးလက်လေ့လာရေးစင်တာကပြောကြားသည်။
တရုတ်တွင်မြို့တက်၍အလုပ်လုပ်ကိုင်သူများ၏ ဝင်ငွေသည်ကျေးလက်နေလယ်ယာလုပ်သူတို့၏ဝင်ငွေထက် ၂ ဆခန့်ပိုမိုရရှိလျက်ရှိသည်။
ဝင်ငွေခွဲဝေမှုအခြေအနေကိုတိုင်းတာသော ဂိနီညွှန်ကိန်း(Gini Coefficient)အရ  ယမန်နှစ်က တရုတ်ကျေးလက်နေလူများ ဝင်ငွေခွဲဝေမှုမှာ ၀ ဒသမ ၃၉၄၉ ရှိရာ အန္တရာယ်ပေးနိုင်သောအခြေအနေဖြစ်သည့် ၀ ဒဿမ ၄ နီးပါးသို့ရောက်ရှိနေပြီဖြစ်သည်
ဂီနီညွှန်ကိန်းအရ ဝင်ငွေခွဲဝေမှုမညီမျှမှုကိုတွက်ချက်ရာတွင် သုည အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှသည်ဟုသတ်မှတ်ပြီး၊ ၁ အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေမှုအပြည့်အဝ ညီမျှမှုမရှိဟု သတ်မှတ်သည်။
ယခုကဲ့သို့လူများ၏ ဝင်ငွေရရှိမှု အကြီးအကျယ်ကွာဟနေခြင်းတို့ကြောင့် လူထုမကျေနပ်မှု၊မတည်ငြိမ်မှုကိုဖြစ်စေနိုင်ရာ တရုတ်အစိုးရအတွက်စိုးရိမ်ဖွယ်ရာဖြစ်သည်။
တရုတ်တွင်ဝင်ငွေခွဲဝေမှုကွာဟချက်ကြီးမားနေခြင်းကိုစိုးရိမ်သောကြောင့်

ProXimity Talk v1.24 for Android ဖုန်းလာတဲ့အခါ ဖုန်းလက်ခံနားထောင်ဖို့ဖုန်းကိုခလုတ်နှိပ်စရာမလို


Share



Android ဖုန်းတွေအတွက် တကယ့်ဆော့ဝဲအလန်းစားလေးပါ။ Proximity Talk လို့ခေါ်ပါတယ်။ နောက်ဆုံး version လေးကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးကဘာတွေလုပ်ဆောင်ပေးနိုင်လဲဆိုတော့
* ဖုန်းလာတဲ့အခါ ဖုန်းလက်ခံနားထောင်ဖို့ဖုန်းကိုခလုတ်နှိပ်စရာမလိုဘဲ ဖုန်းကိုနား နားကပ်လိုက်လိုက်တာနဲ့ auto ဖုန်းကိုင်ပြီးသားဖြစ်စေပါတယ်။
* အဲဒီလိုဖုန်းပြောနေရင်းနဲ့ ဖုန်းကို နား နားလေးကနေခွာလိုက်တာနဲ့ ဖုန်းကို auto speaker ဖွင့်ပေးပါတယ်။
* ဖုန်းကို speaker ဖွင့်ပြောနေရင်းနဲ့ နား နားလေးကိုကပ်လိုက်တာနဲ့ speaker auto ပိတ်ပေးပြီး ပုံမှန်အတိုင်းဖုန်းပြောလို့ရမှာပါ။
* ဖုန်းပြောပြီးသွားလို့ ဖုန်းချချင်တဲ့အခါမှာ ဖုန်းကို ခလုတ်နှိပ်ချစရာမလိုဘဲ ဖုန်းမျက်နှာပြင်ကို အောက်ဘက်ကိုမျက်နှာမူပြီးမှောက်လိုက်တာနဲ့ ဒါမှမဟုတ် ဖုန်းကိုလှုပ်ခါလိုက်တာနဲ့ auto ဖုန်းချပြီးဖြစ်စေပါတယ်။
တော်တော်လန်းတဲ့ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလေးကို Google Play Store မှာ ၃.၆၅ ဒေါ်လာနဲ့ဝယ်ယူနိုင်ပြီး မြန်မာ Mobile Application Store မှာတော့ freedownload ရယူနိုင်ပါတယ်။
ProXimity Talk v1.24 for Android အားရယူရန်



နောင်ပွင့်တော်မူမည့် အရိမေတ္တယျ မြတ်စွာဘုရားအား ဖူးမျှော်ချင်လျှင်





ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာ
ဘုရားငါးဆူပွင့်မယ်လို့မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူပွင့်ထွန်း ပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ
အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ forward လုပ်တဲ့သူ ရေးပေးတာပါ။

forward လုပ်သူတွေလည်း
ကုသိုလ်တိုးမှာဖြစ်ကြောင်း ၀မ်းသာအားရပြောလာပါတယ်
ကျွန်တော်ကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကိုကြည်ညိုကာ
ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် ကလေးဖြစ်လာပါတယ်
စိတ်ထဲကလည်းဆုတောင်းနေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ့ 
ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ်

အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး
ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။

အဲ ဒီအတွက် ကျွန်တော်တို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း
လိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ

၁။ မကောင်းမှု ကိုရှောင်ရမယ် ။

၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်ေ

ကမ္ဘာကျော်ဟာသနှပညာရှင်မစ္စတာဘင်း(န်).....အကြောင်းတစေ့တစောင်း



တာတီးတို့ငယ်ငယ်ကတည်းက....မစ္စတာဘင်းကိုအလွန်ကြိုက်နှစ်သက်ခဲ့တယ်။ကြိုက်နှစ်သက်လို့လည်းသူ့ခွေတွေထွက်တိုင်းမလွတ်
တမ်းဝယ်ကြည့်ခဲ့တယ်လေ။ဒါပေမဲ့မစ္စတာဘင်းရဲ့ကိုယ်ရေးကိုယ်တာအကြောင်းတွေကိုတော့မသိခဲ့ဘူး...စိတ်တော့ဝင်စားမိတယ်။ဒီလို
ဟာသပညာရှင်တစ်ယောက်ဟာ moving တွေထဲမှာလူတွေကိုရယ်အောင်လုပ်နိုင်တယ်..အပြင်မှာရောဘယ်လိုဟန်ပန်ရှိမလဲပေါ့။
ဒါပေမဲ့တာတီးကံကောင်းတယ်ဆိုရမှာပဲ....မစ္စတာဘင်း(န်)အကြောင်းအနှပညာမဂ္ဂဇင်းတစောင်မှာဖတ်လိုက်ရတယ်။နန်းတော်သူနန်း
တော်/သားတွေထဲမှာလည်းမစ္စတာဘင်း(န်)ကိုကြိုက်နှစ်သက်တဲ့လူတွေရှိလိမ့်မယ်ထင်တယ်နော့်......
      မစ္စတာဘင်း(န်)ရဲ့အမည်ရင်းက(ရိုဟင်အက်ကင်ဆန်)ပါ။ရိုဟင်အက်ကင်ဆန် ကိုဗြိတိန်နိုင်ငံအရှေ့မြောက်ဘက်နယူးကာဆယ် အပ်ပေါင်ကိုင်းမြို့မှာ၁၉၅၅ခုနှစ်၊ဇန်န၀ါရီလ၊၆ရက်နေ့ကချမ်းသာကြွယ်ဝတဲ့လယသမားမိသားစုကနေမွေးဖွားခဲ့တာပါ။သူရဲ့အကိုနှစ်ယော
က်နဲ့အတူလယ်ယာလုပ်ကိုင်ရင်းသူ့ငယ်စဉ်ဘ၀တွေကိုဖြတ်သန်းခဲ့ပါတယ်။သူဟာနယူးကာဆယ်နဲ့အောက်စဖို့ဒ်တက္ကသိုလ်တွေကနေ
လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာဘွဲ့ကိုရယူပိုင်ဆိုင်ခဲ့တယ်။တက္ကသိုလ်တက်နေစဉ်ဇာတ်ညွှန်းရေးတဲ့ရစ်ချက်ကာတစ်နဲ့တွေ့ဆုံပြီး၁၉၇၉ခုနှစ်
မှာNot the Nine O'clockNewကိုပူးတွဲရေးသားပြီးသူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တယ်။သူဟာအောင်မြင်မှုတွေဟာကြီးကျယ်ရသွားပြီး
နိုင်ငံတကာအမ်မီဆုနဲ့ဗြိတိသျှအကယ်ဒမီဆုတွေရရှိခဲ့တယ်။အင်တာဗျုးတခုမှာသရုပ်ဆောင်ကြောင်းပြောတဲ့အခါမှာတော့"စင်ပေါ်မှာ
ကျွန်တော်ကတော့်ကလူတွေကိုရယ်အောင်လုပ်နိုင်တယ်လို့ထင်ကြပါတယ်။ကျွန်တော်က တကယ်တော့ခပ်အေးအေးနဲ့ခပ်တုံးတုံးကောင်ပါ၊အခြေအနေရပရိတ်သတ်ကိုဖျော်ဖြေသူတယောက်ဖြစ်လာတာပါ"။The Black adder(1982)အပါအ၀င်ရုပ်သံဇာတ်လမ်းတွဲတွေ၊ရုပ်ရှင်ကားတွေအမြောက်အမြားမှာသူပါ