Friday, August 24, 2012

ရန်ကုန်မှာ စကားလာပြောတဲ့ ဖူကူယားမား


~


ဂျက်ကီချမ်း၊ ဟီလာရီကလင်တန် အစရှိတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ ဆက်တိုက် ရောက်ရှိနေတဲ့ မြန်မာပြည်ကို အခု နောက်ဆုံး ရောက်လာသူကတော့ နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမား ဖြစ်ပါတယ်။
(ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

ဖရန်စစ် ဖူကူယားမား မြန်မာပြည်ရောက်တာ မြန်မာပြည်သား အများစုအတွက်တော့ "အင်း ... ဒီဦးလေးကြီး တို့ဆီကိုလာတော့ ဘာဖြစ်လဲ၊ ဘာလုပ်ရမှာလဲ" လို့ ဆိုကြမယ် ထင်ပါတယ်။

တချို့အတွက် အထူးသဖြင့် လေးလေးပင်ပင်စာတွေ ဖတ်တဲ့သူတချို့အတွက်တော့ ထူးခြားနေပါတယ်။

မြသန်းတင့်၊ မောင်စူးစမ်း၊ ကျော်ဝင်း စတဲ့ စာရေးဆရာတို့က ဖရန်စစ် ဖူကူယားမားရဲ့ လက်ရာတွေကို မြန်မာဘာသာပြန်ခဲ့ပါတယ်။ ဒီဆရာတွေရဲ့ ပရိသတ်က ဖတ်ကြပါတယ်။
၁၉၈၉ မှာ ရေးခဲ့တဲ့ The End of History? (သမိုင်း နိဂုံးချုပ်သွားပြီလား ဆိုတဲ့ အက်ဆေး)၊ ၁၉၉၂ မှာ ထုတ်ခဲ့တဲ့ The End of History and the Last Man (သမိုင်း နိဂုံးချုပ်ပြီ ဆိုတဲ့ စာအုပ်) တို့က အင်မတန် ပွဲဆူခဲ့ပါတယ်။ သူလည်း ကမ္ဘာကျော်ပုဂ္ဂိုလ်ဖြစ်လာပါတယ်။

၂၀၀၉ မှာ နယူးယောက်က မိုးမျှော်တိုက်၂လုံး တိုက်ခိုက်ခံရတဲ့ 9/11 ဖြစ်အပြီးမှာတော့ The End of the End of History (ဖရန်စစ်ဖူကူးယားမားရဲ့ သမိုင်းနိဂုံး နိဂုံးချုပ်သွားပါပြီ) လို့ ဝေဖန်တာ ခံခဲ့ရပါတယ်။
သူဟာ ဂျပန်နွယ်ဖွား အမေရိကန် ဖြစ်ပါတယ်။
ကလေး သုံးယောက်ရဲ့ ဖခင် ဖရန်စစ်ဖူကူယားမား လာမယ့် အောက်တိုဘာ ဆိုရင် အသက် ၆၀ ပြည့်ပါပြီ။
ဒဿနဆရာ၊
နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားကို အမေရိကန်အစိုးရပိုင်းမှာ အကြံပေးသူတဦးအဖြစ်လည်း တွေ့မြင်ခဲ့ကြမှာပါ။

ရန်ကုန်ရောက် ဖရန်စစ်ဖူကူယားမားက ဒီကနေ့မှာ What is Development? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။

ပုံတွေကတော့ ဒီကနေ့ ဟောပြောပွဲမှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဟောပြောပွဲမှာ ပရိသတ်ထဲရောက်နေတဲ့ အဆိုတော် သားစိုး

ဒေါက်တာအောင်ထွန်းသက်၊ ဦးကိုကိုကြီး၊ ဦးမျိုးရန်နောင်သိမ်း


ဒေါ်ချိုချိုကျော်ငြိမ်း နဲ့ ပါမောက္ခ ဖရန်စစ်ဖူကူယားမား

0 ကွန်မန့်ရေးရန်:

Post a Comment