Friday, August 24, 2012

နစက အရာရှိကို ဘင်္ဂလီတစ်ဦး ဓါးဖြင့် ခုတ်သောကြောင့် သေနတ်ပစ်ဖမ်းဆီး


ခိုင်ဥက္ကာပျံ
လွန်ခဲ့သော သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရခိုင်ပြည် မောင်တောမြို့နယ်ရှိ ဦးဒေါင်းကျေးရွာအုပ်စု ကုန်တန်းကျေး ရွာမှ တရားခံ ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးရန် လာသော နစက ကို ၄င်းဘင်္ဂလီက ဓါးနှင့်လိုက်ခုတ်ခဲ့သဖြင့် နစကအရာရှိနှင့်ပါလာသည့် တပ်ဖွဲ့ဝင် များက သေနတ်ပစ် ခြောက်လှန့်၍ ဖမ်းခဲ့ရသည်ကို သတင်းရရှိသည်။

" အခုတ်ခံရတာက နစကအရာရှိ ဗိုလ်ဖြိုးဝေအောင် ပါ။ တရားခံ ဘင်္ဂလီကတော့ အဲဒီ ကုန်တန်းကျေး ရွာက ဆော်လီမူလာ ဖြစ်ပါတယ်။ သူ့အ ဖေက ချောင်းမ်ချူးဟုတ်က်၊ အသက်က ၄၅ နှစ်ဖြစ်ပါတယ်။ အဲဒီ ဆော်လီမူလာဟာ နတလ ရွာကို မီးရှို့တာမှာ ဦးဆောင်သူတစ်ဦး ဖြစ်ပြီး မီးရှို့ထွက်ပြေးသွားရာကနေ အိမ်ကိုပြန်လာတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက သ တင်းပေးပို့တဲ့အတွက် နစက အရာရှိက သွားဖမ်းတာ။ အဲဒါကို ဆော်လီမူလာက ဓါးနဲ့လိုက်ခုတ်တော့ အဲဒီဗိုလ်ကြီးရဲ့ ဘယ်ဖက်လက် မောင်းမှာနှစ်လက္မလောက်ဒဏ်ရာရသွားပါတယ်။ ဒါကြောင့် ပါလာတဲ့ ရဲဘော်တွေကလဲ သေနတ်နဲ့ ခြိမ်းခြောက်ပစ်ပြီး ဖမ်းရတာ ဖြစ်ပါ တယ်။ သေနတ် ဒဏ်ရာကတော့ လမ်မောင်းမှာ အနည်းငယ် ထိသွားပါတယ်။ " ဟု အမည်မဖေါ်လိုသူ နစက တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

နစက အရာရှိ ဗိုလ်ဖြိုးဝေအောင်နှင့် တရားခံ ဆော်လီမူလာတို့မှာ နစကနယ်မြေ(၈)၊ စခန်း(၁၇)၊ နယ် မြေ ဆေးခန်း၌ ဆေးဝါးကုသမှုခံ ယူ နေရကြောင်း၊ ၄င်း သတင်းမှာ ဘင်္ဂလီများအကြား ပြန့်သွားသဖြင့် ညနေ ၅ နာရီအချိန်လောက်တွင် ဆူပူအော်ဟစ်မူများပြုလုပ်ပြီး အကြမ်း ဖက်ရန် ကြံရွယ်ခဲ့ကြောင်း အာဏာပိုင်များမှ လာသော သတင်းအရသိရသည်။

မောင်တောမြို့ရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် နတလကျေးရွာမှ ဗမာလူမျိုးများမှာ ဘင်္ဂလီတို့၏ မမျှော်လင့်ဘဲ ပေါ်ပေါက်လာနိုင် သော အန္တရာယ်များကို စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment