Friday, August 24, 2012

အောက်ခြေအဆင့် အလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင်


ဖြူစင်သူ
ရခိုင်ပြည်အတွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဖြစ်ပြီးနောက်တွင် အောက်ခြေအ လုပ်ကြမ်းများအား ရခိုင် အခြေခံလူတန်းစားများ ဝင် ရောက်လုပ်ကိုင်လျှက် ကြောင်း သိရသည်။

ယခင်က ရခိုင်အခြေခံအလုပ်သမားများ လုပ်မည့်နေရာများတွင် တစ်ဖက်နိုင် ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်လာသည့် ဘင်္ဂလီများ က အောက်ခြေအ ဆင့် အလုပ်များကို နေရာယူ ဝင်ရောက်လုပ်ကိုင် ခဲ့သည့်အတွက် ဒေသခံ ရ ခိုင်များက နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်ခဲ့ကြရကြောင်း စစ်တွေ ဒေသ ခံများမှလာသော သတင်းအရ သိရသည်။


" အဓိကရုဏ်းမဖြစ်မီတော့ စစ်တွေမြို့ အောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီ တွေက နေရာယူထား တော့ ဒေသခံ ရခိုင် အောက်ခြေအလုပ်သမားတွေအ တွက် အလုပ်မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားတွေကို တရားဝင်ရောတရားမ ဝင်ပါ ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အခုဘင်္ဂလီတွေကိုဒုက္ခသည် စခန်း မှာထားပြီး နေရာကန့်သတ် ထားလိုက်တဲ့အတွက် ဒေသခံ ရ ခိုင်အခြေခံအ လုပ်သမားတွေ နိုင်ငံခြား ကို သွားစရာမလိုတော့ဘဲ ကိုယ့်မြို့ကိုယ့်ရွာမှာ အ လုပ်လုပ်လို့ရတာပေါ့ " ဟုစစ်တွေ ဒေသခံ တစ်ဦးက ပြော သည်။


ဘင်္ဂလီများ၏ ကျူးကျော်ဝင်ရောက် နေရာယူထားခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေသည့် ရခိုင် အခြေခံ အလုပ်သမားများမှာ ဆန်ပွဲရုံတန်း၊ သင်္ဘောဆိပ်၊ လှေဆိပ်၊ ဆိပ်ကမ်း၊ စစ်တွေ မြို့မဈေး၊ ကုန်တန်း ဝါးဆိပ်၊ ပန်း ရံလုပ်ငန်း၊ အနှေးယာဉ် (ဆိုက္ကား) နှင့် တခြား အ လုပ်ကြမ်း များတွင် ဝင်ရောက်လုပ်ကိုင် နေကြပြီဖြစ်ကြောင်း သိရသည်။

အခြေခံ အလုပ်သမားများ၏ တစ်ရက်တာ ပျမ်းမျှဝင်ငွေမှာ ကျပ်ငွေ ငါးထောင်နှင့် ခုနှစ်ထောင်ကြား ရရှိပြီး မိသားစုတစ်စု၏ တစ်ရက်တာ အ သုံးစရိတ်ကို လုံလောက်စွာ သုံးစွဲနိုင်ကြောင်းနှင့် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူတချို့လည်း ခရီးစဉ် အားရပ် တန့်ထားကြောင်း သိရသည်။

" ကျနော်တို့ အယင်ဆိုရင် အလုပ်မရှိဘူး။ ဒီအောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီတွေက နေရာယူ ထားတယ်။ ဒီတော့ ကျနော်တို့မှာ အလုပ်မ ရှိဘူး၊ အလုပ်မရှိလို့ စိတ်လေလွင့်ရင် နိုင်ငံခြားကိုထွက်ပြီး အောက်ခြေလုပ်ငန်းတွေကို လုပ် ကြရတယ်။ အခုတော့ ဘင်္ဂလီတွေကို ဒုက္ခသည် စခန်းမှာ ထားတယ်ဆိုတော့ ကျနော်တို့ အလုပ်လုပ်လို့ ရတာပေါ့။ " ဟုစစ် တွေမြို့မဈေးမှ အခြေခံအလုပ်ကြမ်းသမား တစ် ယောက်က ယခု ကဲ့သို့ပြောသည်။

0 ကွန်မန့်ရေးရန်:

Post a Comment