
ဧပြီလတွင် စေ့စပ်ပွဲဆင်နွဲခဲ့သော အင်ဂျလီနာဂျိုလီ နှင့် ဘရက်ပစ်တ် တို့၏ မင်္ဂလာပွဲအား လာမည့်ရက်သတ္တပတ်များတွင် ပြင်
သစ်နိုင်ငံရှိ
၎င်းတို့၏ ဇိမ်ခံစံအိမ် Chateau ၌ ကျင်းပသွားမည်ဟု ယုံကြည်ထင်မြင်ရသော
သတင်းများထွက်ပေါ်လာပြီးနောက် ဂျိုလီအနေဖြင့် သူမ၏
ခင်ပွန်းဟောင်းများဖြစ်သော ဘီလီဘော့ဂ် သောစ်တွမ်နှင့်
ဂျွန်နီလီမေလာတို့အားမင်္ဂလာပွဲသို့ဖိတ်ခေါ်ရန်စီစဉ်နေသည်ဟု
ရေးသားထားခြင်းဖြစ်သည်။သို့ရာတွင် ဘရက်ပစ်၏ ဇနီးဟောင်းဂျနီဟာ အင်နစ္စတန်အား
ဖိတ်ခေါ်သွားရန် အစီအစဉ်ရှိ၊မရှိ နှင့်ပတ်သတ်၍မှု တစ်စုံတစ်ရာ
သတင်းပေါ်ထွက်လာခြင်းမရှိပေ။ထို့ပြင် ၄င်းတို့၏ မင်္ဂလာပွဲတွင် သားသမီး
ခြောက်ဦးအား မင်္ဂလာပွဲအမှတ်တရအဖြစ် ဒေါ်လာ ( ၃ )သန်း
လက်ဆောင်ပေးမည်ဟုလည်းသိရသည်။
0 ကွန်မန့်ရေးရန်:
Post a Comment