This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, December 6, 2012

ကမ္ဘာတ၀ှမ်းမှ ထူးဆန်းထွေလာများ စုစည်းတင်ဆက်မှု



ဆင်ဟွာသတင်းဌာနမှာ ၂၀၁၂ ခုနှစ် ဂျူလိုင်၁၀ ရက်နေ့တုန်းက ကမ္ဘာတ၀ှမ်းမှ ထူးခြားဖြစ်စဉ်များကို စု စည်းဖော်ပြပေး ထားပါတယ် ။ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကမ္ဘာတ၀ှမ်းဟာ ထူးခြား ဆန်းကြယ် မှုတွေနဲ့ပြည့်နှက်လို့နေတယ် ။



၁ ။ မျက်နှာနှစ်ခုပါသော အိန္ဒိယမှ မိန်းကလေးငယ်



၂ ။ Pacu ငါးအကိုက်ခံရတာတဲ့ - တရုတ်ပြည်တောင်တိုင်း Guangxi Zhuang မှာ ဖြစ်ပွားခဲ့တာပါ



၃ ။ Kanas ကန်မှ ရေသရဲ


၎ ။ စင်ကာပူ - အငူမှကြီးမားသော ၀ိဥာဉ်ရေတပ်သဘောင်္စု



၅ ။ ၂၀၀၇ ခုနှစ် မေလ ၊ မက်ဆီကန် လယ်ကွင်းထဲတွင်တွေ့ရသော ပုတ်သင်သဏ္ဍန် ဂြိုလ်သား


၆ ။ ၂၀၀၉ ခုနှစ် မလေးရှားတွေတွေှ့ရသော ကြီးမားသော မြွေကြီး




၇ ။ ၂၀၀၂ ခုနှစ် ဗြိတိန်နိုင်ငံပန်းခြံထဲတွင်ရိုက်ကူးမိသော Elfin ( ဒဏ္ဍာရီဆန်ဆန် သတ္တ၀ါ )



၈ ။. ၂၀၀၉ ခုနှစ် သြဂုတ်လ တွင် နယူးဇီလန်တွင်ဖြစ်ပွားခဲ့သော နွားသိုး ၂၈ ကောင်ချောက်ကမ်းမှ ထူးဆန်းစွာ တပြိုင်တည်းပြုတ်ကျသေဆုံးမှု

သက်တန့်ချို
Xihnua News


( ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာ )




You'realways Onmymind

ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေေ ရးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော် တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင် ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရ တဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”လို့ မေးဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာ ငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်း နဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆ ဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီး တစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေး ချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ် လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်း ငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခု ဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ် ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ် အသတ် ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ် မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီး ဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါ တယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုး ထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘော ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်း ငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ် ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီ ဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ် လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေ ရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာ မဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြ ဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူ တတ် တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေ မိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ် ကိုအဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှ ပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေး တာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ် ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝ ငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့ စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရ တတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသ အလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ် ပါတယ်။ အပြစ်ဖြစ်တတ် တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့ အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအ ထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ် ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ် ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့ အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြ ပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေ တဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင် လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့ အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ် သတ်သေတာလည်း လွဲနေတဲ့အလွဲ တစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ် ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန် ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေ အမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုး စွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက် တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင် ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ)
မြန်မာတက်ကနစ်ဖိုရမ်မှ ဗဟုသုတအဖြစ်သာမျှဝေပါသည်။

ဒေါ်စု ရပ်တည်ချက် စာရေးဆရာ ကျော်ဝင်း ထောက်ခံအကြံပြု








ကိုပေါက်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၂၈ မိနစ်
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။        ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ကြားဝင် ဆောင်ရွက်ပေး မည်ဟု ကတိပြုထားသည့် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရပ်တည်ချက်အား ထောက်ခံကြောင်း မုံရွာမြို့ခံ စာရေးဆရာ ကျော်ဝင်း က ပြောဆိုလိုက်သည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခေတ္တရောက်ရှိနေသည့် ဆရာကျော်ဝင်း အား မဇ္ဈိမက တွေ့ဆုံမေးမြန်းစဉ်
ပြောဆိုသွားခြင်း ဖြစ်သည်။
“အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို သဘောကျပါတယ်” ဟုဆိုကာ ကြေးနီစီမံကိန်း ကိစ္စ စိတ်ဝင်စားသူတိုင်း ထည့်သွင်းစဉ်းစားသင့်သည့် အချက် ၃ ချက်ကို စာရေးဆရာကျော်ဝင်းက အကြံပြုလိုက် သည်။ 

တိုင်းပြည် စီးပွားရေး အကျိုးစီးပွား၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာနိုင်ခြေနှင့် တရုတ်ပြည်နဲ့ ဆက်ဆံရေးဖြစ်သွားနိုင်ခြေ အလားအလာများကို ထည့်သွင်း စဉ်းစားသင့်သည်ဟု ဆိုသည်။

“ဘာ့ကြောင့်လဲဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးရေးကလည်း ကြည့်ရသေးတာကိုး။ ကျနော်တို့တိုင်းပြည်က သိပ်နောက်ကျနေတာ။ ဒါပေမယ့် ဖွံ့ဖြိုးရေးတခုတည်းကို ကြည့်ပြီးတော့ Enviromental (သဘာဝပတ်ဝန်းကျင်) ကို ပစ်စလက်ခက် လုပ်ရင်လည်း ရေရှည် အန္တရာယ်ရှိနိုင်တာကိုး” ဟုဆိုသည်။

ထို့ပြင် အိမ်နီးချင်းတိုင်းပြည်နှင့် သင့်မြတ်စွာနေထိုင်ရေးမှာလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်သလို အထူးသဖြင့် တရုတ်ပြည်ကြီးနှင့် ပြေပြစ်ရန်လိုကြောင်း ပြောဆိုသွားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်တွေနဲ့ အိမ်နီးချင်းဆိုတာက ပြဋ္ဌာန်းချက်ပဲ။ နေရာပြောင်းနေလို့မှ မရတာ။ အဆင်ပြေအောင် နေရမှာပဲ။ အဆင်မပြေရင် ဘာတွေဖြစ်နိုင်မလဲဆိုတာ ပြောစရာတွေ အများကြီးရှိတယ်။ ဖဲစကားနဲ့ပြောရရင် တရုတ်မှာ နိုင်ဖဲတွေ အများကြီး ကိုင်ထားတာ ရှိတယ်။ ဒါတွေကို ကျနော်တို့ ထည့်စဉ်းစားကြရမယ်” ဟု ပြောသည်။

ဆရာကျော်ဝင်း မှာ ဂလိုဘယ်လိုက်ဇေးရှင်း၊ လှိုင်းများ၊ ကမ္ဘာပြားသွားခြင်း အကြောင်းများကို ဘာသာပြန်သည့် စာရေးဆရာအဖြစ် လူသိများပြီး လက်ရှိတွင် သန့်မြင့်ဦး၏ Where China Meets India စာအုပ်ကို ဘာသာပြန်ဆိုနေကြောင်း သိရှိရသည်။

“ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ဖို့ရာ နည်းလမ်း (၁၁) ဖြာ









Miraculous Master For English Language'sphoto.အစားအသောက်တွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သလို အိပ်စက်မှုကို နှောင့်ယှက်တဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။

၁။ ထရစ်တိုဖန် ကြွယ်ဝသော အစားအစာ

သဘာဝစစ်ကရတဲ့ နွားနို့ ပူပူနွေးနွေး တစ်ခွက်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အိပ်စက်မှုကို ကောင်းစေတဲ့ ထရစ်တိုဖန် (Tryptophan) ပါဝင်တာကြောင့်ပါ။ နို့နဲ့ နို့ထွက်ပစ္စည်းအပြင် အစေ့အဆန်၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ဥအမျိုးမျိုးတွေမှာလည်း ထရစ်တိုဖန်များစွာ ပါဝင်တာကြောင့် အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။

၂။ ကာဗိုဟိုက်ဒရိတ် စားပါ

ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစားအစာတွေက အိပ်ပျော်စေတဲ့ ထရစ်တို ဖန်တွေကို သွေးထဲမှာ များပြားအောင် လုပ်ဆောင်ပေးပါတယ်။ နို့၊ ကွေကာ၊ ဒိန်ချဉ်၊ ပေါင်မုန့်၊ ချိစ် စတဲ့ အစာတစ်ခုခုကို မအိပ်ခင်မှာ အနည်းငယ် စားပေးတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

၃။ အိပ်ချိန်မှာ သရေစာ အနည်းငယ်စားပါ

သင်ဟာ တစ်ခါတစ်ရံမှာ အိပ်စက်မရဘဲ မျက်စိကြောင်နေတာမျိုး ကြုံတွေ့နိုင်ပါတယ်။ သရေစာ အနည်းငယ် စားပေးတာက အိပ်ပျော်သွား စေပါတယ်။ သင့်အိမ်မှာ သရေစာမုန့် အနည်းငယ် ဆောင်ထားဖို့တော့ လိုပါတယ်။ ဗိုက်ပြည့်တင်းအောင်တော့ မစားမိပါစေနဲ့။

၎။ ဘာဂါနှင့် ဆီကြော်စာများကို ရှောင်ပါ

အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။ လေ့လာမှုအရ အဆီများတဲ့ အစားအစာတွေ စားသုံးမှုက ကိုယ်အလေးချိန်ကို တက်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတာကို တွေ့ရပါတယ်။

၅။ ညနေခင်းတွင် ကော်ဖီမသောက်ပါနှင့်

ညနေဘက်မှာ ကော်ဖီသောက်တာက အိပ်စက်မှုကို သိသိသာသာ နှောင့်ယှက် နိုင်ပါတယ်။ ကော်ဖီအပြင် ကက်ဖင်းဓာတ်ပါတဲ့ ချောကလက်၊ ကိုလာ၊ လက်ဖက်ရည်နဲ့ ကက်ဖင်းဓာတ် ဖယ်ထားတဲ့ ကော်ဖီ သောက်သုံးမှုတွေ ကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့ အိပ်ရာမဝင်မီ လေးနာရီကနေ ခြောက်နာရီအတွင်း ကက်ဖင်း ပါတာတွေကို မသောက်မိပါစေနဲ့။

၆။ ကက်ဖင်းဓာတ်ပါသော ဆေးများကို ရှောင်ပါ

တချို့ဆေးဝါးတွေမှာ ကက်ဖင်းတွေ ပါဝင်နေတတ်ပါတယ်။ အကိုက်အခဲ ပျောက်ဆေး၊ ကိုယ်အလေးချိန် လျှော့ချဆေး၊ ဆီးဆေးနဲ့ အအေးမိနှာစေး ပျောက်ဆေး စတဲ့ ဆေးတွေမှာ ကက်ဖင်းဓာတ်ပါဝင်တဲ့ ဆေးမျိုးတွေ ရှိနေပါတယ်။ သင့်အနေနဲ့ ဆေးသောက်မယ်ဆိုရင် ဆေးညွှန်းကို ဖတ်ကြည့် ဖို့တော့ လိုပါတယ်။

၇။ အရက်မသောက်ပါနှင့်
အရက်သောက်တာက အလျင်မြန်ဆုံး အိပ်ပျော်သွားတတ်ပေမယ့် မကြာခဏ ပြန်နိုးတတ်ပြီး အနားရစေတဲ့ အိပ်ပျော်မှုကို မရရှိတာ၊ ခေါင်းကိုက်တာ၊ ညဘက် ချွေးထွက်တာနဲ့ ကယောင်ကတမ်း ဖြစ်စေပါတယ်။ ညနေဘက်မှာ အရက်သောက်မယ် ဆိုရင် အရက်နဲ့ ညီမျှတဲ့ ရေကို သောက်ပေးဖို့ လိုပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ အတွက်တော့ အိပ်ရာမဝင်မီ လေးနာရီမှ ခြောက်နာရီအတွင်း အရက်သောက်တာကို ရှောင်ရှားဖို့ လိုပါတယ်။

၈။ အပူအစပ် လွန်ကဲသော အစားအစာများကို အလွန်အကျွံ မစားပါနှင့်
ဗိုက်တင်းအောင် ညစာစားပြီး အိပ်စက်တာက သင့်ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။ ဘာကြောင့်လဲဆိုတော့ အိပ်စက်နေချိန်မှာ အစာခြေ စနစ်က အလွန် နှေးကွေးတာကြောင့်ပါ။ အထူးသဖြင့် ညစာမှာ အပူအစပ် လွန်ကဲတဲ့ အစားအစာတွေကို စားထားပါက ရင်ပူတာကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ လေးနာရီလောက်ကွာပြီး ညစာစားပေးပါ။

၉။ ပရိုတင်း လျှော့စားပါ

ပရိုတင်းက သင့်တစ်နေ့တာ အတွက် မရှိမဖြစ် လိုအပ်ပေမယ့် ညအိပ်ခါနီး မှာတော့ ပရိုတင်းများစွာ မစားသုံးသင့်ပါဘူး။ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေက အစာကြေညက်မှုကို ခက်ခဲစေပါတယ်။ ညအိပ်ရာဝင် ခါနီးမှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးမယ့်အစား နွားနို့တစ်ခွက် သောက်တာနဲ့ ခရက်ကာ မုန့်အနည်းငယ် စားတာတွေ ပြုလုပ်ပါ။

၁၀။ ည ၈ နာရီနောက်ပိုင်း အရည်မသောက်ပါနှင့်

ခန္ဓာကိုယ်မှာ ရေဓာတ် ပြည့်ဝနေဖို့အတွက် ရေသောက်ပေးဖို့ လိုအပ်တယ် ဆိုပေမယ့် ည ၈ နာရီ နောက်ပိုင်းမှာတော့ ရေနဲ့ တခြားအရည်တွေ သောက်သုံးတာကို ရပ်သင့်ပါတယ်။ အိပ်ခါနီးမှာ ရေသောက်များတာက မကြာခဏ ဆီးသွားချင်တာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေ နိုင်တာကြောင့်ပါ။

၁၁။ ဆေးလိပ်မသောက်ပါနှင့်

ဆေးလိပ်မှာ ပါဝင်တဲ့ နစ်ကိုတင်းက လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိပြီး ကက်ဖင်းဓာတ်နဲ့ အာနိသင် တူပါတယ်။ အိပ်ခါနီး ဆေးလိပ်သောက်တာနဲ့ ညဘက် တစ်ရေးနိုးလာတဲ့အခါ ဆေးလိပ် သောက်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ နစ်ကိုတင်းရဲ့လှုံ့ဆော်မှုကြောင့် အိပ်မရ ဖြစ်တတ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ဂုဏ်ယူဖွယ်ရာ ရွှေမြန်မာ


          အခုဆိုရင် ကျွန်တော်တို့ မြန်မာပြည်ကြီးဟာ ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေအရ ကမ္ဘာ့မျက်နှာစာမှာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုအခံရဆုံး တိုင်းပြည်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကမ္ဘာ့မျက်နှာစာကနေ ငုပ်လျှိုးနေတဲ့တိုင်းပြည်ဟာ နေ့ချင်းညချင်း ကမ္ဘာက စောင့်ကြည့်ရလောက်အောင် လှုပ်ခတ်သွားစေနိုင်တဲ့အတွက် များစွာ ဂုဏ်ယူမိပါတယ်။
          ပြည်သူအတွင်းမှာ စီးပွားရေးချွတ်ချုံကျ၊ ပညာရေးက အောက်ခြေအဆင့်ကိုရောက်၊ ကျန်းမာရေးကလဲ ကိုယ့်ဆေးကိုယ်ဝယ်သောက်နေရတဲ့ထိ နိမ့်ကျပျက်စီးနေရာက ``တစ်မျိုးသားလုံး စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားရေး´´ဆိုတဲ့ ဦးတည်ချက်ကြီးအတိုင်း တအိအိနဲ့ ရွေ့လျားနေတာ ဂုဏ်ယူစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခန္တီတရား လက်ကိုင်ထားပြီး လာလာသမျှ နိုင်ငံခြားသားကို ၀ဲကမ်းလုပ်နေရကတည်းက တမျိုးလုံး စိတ်ဓာတ်မြင့်မားလို့ပေါ့။ အခုဆိုရင် ဘယ်လောက်ထိ စိတ်ဓာတ်တွေ မြင့်မားလဲဆိုရင် ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးမြို့ကိုတောင် တရုတ်မြို့ဖြစ်စေတဲ့အထိ သဘောကောင်းခဲ့ကြတာကလား။ ဒါကြောင့် ကမ္ဘာမှာ သဘောအကောင်းဆုံးတိုင်းပြည်အဖြစ် ဂုဏ်ယူမိပါတယ်။
          အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးတဲ့။
          လာပြန်ပြီး နောက်ကြွေးကြော်သံ။ မြန်မာနိုင်ငံသမိုင်းတလျှောက်မှာ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေလောက်တဲ့ ပုဂ္ဂိုလ်ချွန်တွေ အများကြီး ပေါ်ထွက်ခဲ့ပါတယ်။ အာရှမှာပထမဆုံးနဲ့ နှစ်အကြာဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်၊ နယ်ချဲ့ရန်ကို စွမ်းစွမ်းတမံတွန်းလှန်ပြီးတော့ အင်အားကြီးတဲ့တပ်မတော်ကြီးကို အသက်သုံးဆယ်မပြည့်ခင်မှာ ဖွဲ့စည်းနိုင်ခဲ့တဲ့ ဗိုလ်အောင်ဆန်း၊ ဒီပုဂ္ဂိုလ်တွေဟာ သမိုင်းမှာ မေ့မရနိုင်လောက်အောင်၊ အစားမထိုးနိုင်လောက်အောင် ကြီးကျယ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ထူးတွေ ဖြစ်ပါတယ်။
           သို့သော် သူတို့အကြောင်းကို ဘယ်ကျောင်း ဘယ်စာသင်ခန်းတွေမှာ ဂုဏ်ယူဖွယ်ရာ တခမ်းတနား သင်ကြားပေးခဲ့သလဲ။ ဦးသန့်ကို မနာလိုစိတ်နဲ့ သမိုင်းကနေ ဖျောက်ခဲ့တာ ကြာပါပြီ။ နယ်ချဲ့ကို ရွပ်ရွပ်ချွံချွံ တွန်းလှန်ပြီး အင်္ဂလိပ်ကို ရင်ဘောင်တန်း တော်လှန်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဘယ်လောက်တောင် အကျယ်တ၀ံ့ သင်ကြားပေးပြီး စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သလဲ။ ကိုယ့်အတ္တအတွက် သမိုင်းမှန်ကို ညှိုးမှိန်အောင် လုပ်ခဲ့တာချည်းပါ။ စစ်အာဏာရှင်အဆက်ဆက် တပ်မတော်ဖခင်ရဲ့ အုတ်ဂူကို ဘယ်သူကများ အလေးပြုခဲ့ပါသလဲ။
အခုတော့ တိုင်းပြည်ရဲ့ အရေးကြီးဆုံးဌာနကြီးဖြစ်တဲ့ သမ္မတရုံးဝန်ကြီးကိုယ်တိုင်က ထုတ်ဖော်ပြောကြားလိုက်တယ်လေ။
          ``တပည့်တော်တို့က တရုတ်ကိုလဲ ကြောက်ရတယ်ဘုရား၊ သူတို့နဲ့ ရန်တုမဖြစ်ရဲဘူး။ သူတို့ကျေးဇူးလေးတွေကိုလဲ သိရမယ်´´ တဲ့။
          လူသာသေရင်သေသွားမယ်။ ဦးအောင်မင်းအတွက် ဒီစကားက သမိုင်းတွင်စေမယ့် တကယ့်သမိုင်းဝင်စကားပါပဲ။ သာမန်ပြည်သူလေးတစ်ယောက်ဖြစ်တဲ့ မသွဲ့သွဲ့ဝင်း ကတောင် ကြောက်စရာမလိုဘူးလို့ ဖျောင်းဖျပြောရလောက်အောင် ၀န်ကြီးမင်း သွေးကြောင်နေသလားမသိ။
          ဒီစကားတစ်ခွန်းက အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးဆိုတဲ့ ဦးတည်ချက်ကို တစ်ချက်တည်းနဲ့ ရိုက်ချိုးပစ်လိုက်တာပါပဲ။ ကျေးဇူးဆပ်ရလွန်းလို့လဲ တိုင်းပြည်တစ်ခုလုံး ကုန်တော့မယ်လေ။ မြို့ကိုလဲရောင်းတယ်၊ တောကိုလဲ ရောင်းတယ်၊ မြစ်ကိုလဲ ရောင်းတယ်၊ တောင်ကိုလဲ ရောင်းတယ်။
ရှေးဘုရင်မင်းများလက်ထက်တုန်းကတောင် တန်ခိုးသေးငယ်တဲ့ မင်းငယ်တွေ နယ်စားတွေ မြို့စားတွေက ကြောက်ရင် သမီးကညာရှိရင် သမီးကညာဆက်တယ်၊ သမီးမရှိရင် နှမတော်တွေဆက်တယ်။ ဘယ်မင်းကမှ တိုင်းပြည်သယံဇာတတွေ ထိုးမပေးပါဘူး။ အခုကျမှပဲ တိုင်းပြည်သယံဇာတကိုပါ ထိုးပေးနေတဲ့အတွက် မြန်မာသမိုင်းမှာ အိမ်နီးချင်းနိုင်ငံကို ကြောက်လို့ သယံဇာတတွေ ထိုးပေးနေတဲ့ မင်းဆက်အဖြစ် သမိုင်းစံချိန်တင်နိုင်ခဲ့တာကိုတော့ ဂုဏ်ယူစရာပါ။ ပိုစိတ်ချသွားရအောင်နဲ့ ရှေးဟောင်းယဉ်ကျေးမှုထိမ်းတဲ့အနေနဲ့ သမီးရှိရင်သမီး နှမရှိရင် နှမပါ ပေးသင့်တယ်လို့ ထင်ပါတယ်။ ဒါဆိုရင်တော့ ပိုပြီး ပြောင်မြောက်တဲ့ သမိုင်းကို ရေးထိုးနိုင်ပါလိမ့်မယ်။
          ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုတာကိုလဲ အစိုးရက လျစ်လျူရှုလို့ ပြည်သူတွေက တာဝန်သိသိနဲ့ ထိန်သိမ်းပေးတာ ကျေးဇူးတောင် တင်ရမယ့် ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ လယ်တီဆရာတော်ဆိုတာ တကယ့်ကို ကမ္ဘာသိ ကမ္ဘာကျော်၊ ကမ္ဘာ့ပညာရှင်တွေက လေးစားရတဲ့ ဆရာတော်ကြီးတစ်ပါးပါ။ ဒီလိုဆရာတော်မျိုး နောက်ထပ်ပေါ်ထွန်းဖို့ဆိုတာ မလွယ်ပါဘူး။ ပေါ်ချင်မှလဲ ပေါ်လာပါတော့မယ်။ ဒါကြောင့် လယ်တီဆရာတော်ဆိုတာ အမျိုးသားရေးလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီဆရာတော်နဲ့ ပတ်သက်တဲ့ သမိုင်းဝင်နေရာတွေဟာ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ ဘာသာရေးအမြင်နဲ့ပဲ ကြည့်ကြည့်၊ ယဉ်ကျေးမှုရှုထောင့်ကပဲ ကြည့်ကြည့် အလေးထားရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကို တာဝန်သိတဲ့ ရဟန်းသံဃာတော်တွေက ကာကွယ်ခဲ့တယ်။ သူတို့ ကြွေးကြော်သံအသက်ဝင်အောင် အသက်သွင်းပေးပါလားလို့ ကျေးဇူးမတင်တဲ့အပြင် မီးနဲ့ ရှို့တယ်။ မြန်မာသမိုင်းအဆက်ဆက်မှာ ဗုဒ္ဓဘာသာအစိုးရက ဗုဒ္ဓဘာသာရဟန်းများကို မီးရှို့တဲ့မင်းဆက်အဖြစ် သမိုင်းမှတ်တမ်းဝင်စေခဲ့ပါတယ်။
          ကမ္ဘာ့သမိုင်းအဆက်ဆက်မှာလဲ ကိုယ်ကိုးကွယ်တဲ့ဘာသာကို ကိုယ်ပြန်စော်ကားသော တစ်ဦးတည်းသော အစိုးရအဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။
          မြန်မာနိုင်ငံ၏ စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင် ရှိရေး´´ဆိုတာလေးကိုလဲ သတိရမိပါတယ်။ ဒါပေမယ့် သုံးနှစ်စာ စားဖို့ပေးပြီး တစ်သက်လုံး လုပ်စားစရာ မြေသိမ်းခံရရှာတဲ့အပြင် အိမ်ပါ ပြောင်းပေးရမယ့် ပြည်သူတွေ ကိုယ့်အကျိုးစီးပွား ကာကွယ်ရာမှာတောင် တရုတ်မျက်နှာကြည့်ပြီး ရက်စက်စွာ နှိမ်နင်းခဲ့တာကလဲ ကမ္ဘာပေါ်မှာ စစ်တပ်နှင့် နိုင်ငံခြားသား အကျိုးအမြတ်အတွက် စားစရာမရှိတဲ့ ပြည်သူကို ပြန်နှိမ်နင်းတဲ့ တစ်ဦးတည်းသော အစိုးရအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
          ဒါတွေ အားလုံးကို ချုံကြည့်လိုက်ရင် သမိုင်းမှတ်တမ်းများစွာအတွက် များစွာ ဂုဏ်ယူမိပါကြောင်း

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ် ပါတယ်။ (သရော်စာ)

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်
ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေက
ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။
(စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
ပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့်
ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်
သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း
မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်
ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော
လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သောလ က မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆရသော အ၀တ်ထည်ကို
ေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ
ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်
ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
ဝမ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပို့ဆောင်မိသဖြင့်
နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည်
မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက်
အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အဂ်လိမ်စာ
ပိုမိုတတ်မြောက်စေရေးအတွက်လည်း အဂ်လိပ်စာများကို မြန်မာစာများဖြင့်ညပ်၍
သင်ကြားသွားမည်ဟုသိရသည် ။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First
၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat
ထထ Dance.... အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/
ပျံကျားရေးဝံကြီး
မှတ်ချက်.. ကြာတော့ကြာခဲ့ပါပြီ.. ဘယ်တုန်းကမှန်းတောင်မမှတ်မိလို့ သိတဲ့လူရှိရင်ပြန်ပြောကြပါနော်..

နည်းနည်းလေးတော့ ရယ်ရမှာပါ....


သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ

ငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

"ဘာဖြစ်လာတာလဲဗျ"

"လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ"

"အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ် စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား

သိနေတာပဲ"
"ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ"
ငါမရူးဘူး

စိတ်ရောဂါ အထူးကု ဆေးရုံကြီတွင် ဖြစ်သည်။ ဆေးကော်မတီရှင်က လူနာတို့၏ အခြေအနေကို အောက်ပါအတိုင်း စစ်ဆေးသည်။ လူနာများကို ငါးမျှားတံ တစ်ချောင်းစီ ပေးကာ ရေဆွဲအိမ်သာတစ်ခုစီ၏ ရှေ့တွင်ထိုင်ခိုင်းသည်။ ထိုနောက် တယောက်ချင်းစီထံ သွားကာ ငါးတွတ်လားဟု မေးလေသည်။ လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်းပြန်ပြောလေသည်။ တစ်ဦးကသာ ငါးမတွတ်ကြောင်း ပြန်ပြောလေသည်။ ဆေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးလုပ်ကာ ငါးမတွတ်ဟု ဖြေသော လူနာကိုသာ လူကောင်းအဖြစ် သတ်မှတ်ပြီး ဆေးရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုလူနာဆေးရုံမှ မဆင်းမီ အခန်းဖော်များက ဌင်းအားမေးလေသည်။

"ခင်ဗျားက ဘာလို့ ငါးမတွတ်ဘူးလို့ ဖြေရတာတုန်း"

လူနာက ပြန်ပြောလေသည်…

"ငါးတွတ်တဲ့နေရာကို သူတို့ကိုပြောရအောင် ကျနော် အရူးမှ မဟုတ်တာဘဲ"


ဝေးးးးး သတိ။ ။ ဟာသများကို မောင်ကောင်းထိုက် ဟာသများမှ ကူးယူဖော်ပြပါတယ်။

ဂျီတော့မှာ ပက်စ်ဝက်ရိုက်ရင် အမည်းစက်လေးတွေပဲပေါ်တဲ့ဟာကို မြင်အောင်ကြည့်နိုင်တဲ့ဆော့ဝဲလ်ပါ။Full Version

ဂျီတော့မှာ ပက်စ်ဝက်ရိုက်ရင် အမည်းစက်လေးတွေပဲပေါ်တဲ့ဟာကို မြင်အောင်ကြည့်နိုင်တဲ့ဆော့ဝဲလ်ပါ။Full Version အဖြစ်သုံးလို့ ရအောင် serial key လေးပါထည့်ထားပေးပါတယ်။
လိုအပ်ရင် ဒီကနေသွားပြီးဒေါင်းပါ။
ဒေါင်းပြီးတဲ့ဖိုင်ကိုဖွင့်လိုက်ပါ။ပြီးရင်အောက်ကပုံတွေအတိုင်းအဆင့်ဆင့်လုပ်သွားလိုက်ပါခင်ဗျာ။







Finish ထိရောက်ရင် ဖိုင်ဖြေလို့ ပြီးသွားပါပြီ။ထိုအခါ Desktop ပေါ်မှာရှိတဲ့ See Password shortcut လေးကိုကလစ်ပြီး ဖွင့်လိုက်ပါ။
Enter Key ကိုကလစ်လိုက်ပါ။ပြီးရင် ဒေါင်းထားတဲ့ ဖိုင်ထဲက Serial ဖိုင်ကိုကလစ်ပြီးဖွင့်လိုက်ပါ။
ပြီးရင် ပေးထားတဲ့ Key ကိုကူးပြီးထည့်ပေးပြီး Enter Key ကိုကလစ်ပြီးဆက်သွားလိုက်ပါ။
Registered successfully ! Thank you. ဆိုပြီး ဘောက်တစ်ခုကျလာပ်လိမ့်မည်။Ok ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။

ဒါဆိုရင်တော့ အမည်းစားလုံးလေးတွေက ဘာလေးတွေလဲဆိုတာကြည့်လို့ ရပါပြီ။

အဆင်ပြေကြပါစေနော်။

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် ...





ha-5-12-2
ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်
အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။
ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အသက် ၇၀ ကျော် ဘိုးဘွားများအား နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်နှင့် ဆေးစစ်ဆေးခွင့်အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အသက်ကြီးလာရင် နာခြင်းဒုက္ခကို မလွဲမသွေ ခံစားကြရပါတယ်။ အထူးသဖြင့် အသက် ၇၀ ကျော် ဘိုးဘွားများအနေနဲ့ အိမ်မှာသားသမီးမရှိရင် ပိုပြီးဆိုးပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအရ ဘိုးဘွားများဆိုတာ အိမ်ရဲ့ကျက်သရေဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ကျက်သရေ ဖြစ်ပါတယ်။ ဘိုးဘွားများဟာ နာခြင်းဒုက္ခကိုခံရလို့ နိုင်ငံပိုင်ဆေးရုံတွေကို သွားရောက်တဲ့အခါမှာ ဆေးရုံက အပေါက်စောင့်၊ သူနာပြုတချို့၊ အသပြာဆရာဝန် စသူတွေက မချေမငံဆက်ဆံမှု၊ တစ်ခါ ငွေကြေးမတန်တဆ တောင်းခံမှုတွေက သူတို့ရဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ ကြည့်မယ်ဆိုရင် အသက် ၆၀ ကျော် ၇၀ အရွယ် ဘိုးဘွားတွေက ဆေးဖိုးဝါးခအတွက် မကြာခဏဆိုသလို တောင်းရမ်းစားသောက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မေးမြန်းချင်တာကတော့ ရန်ကုန်မြို့မှာ လမ်းတွေ၊ တံတားတွေ အများကြီးဆောက်ပါတယ်။ အဲဒီမှာ ဖြည့်စွက်ခွင့်ပြုငွေတွေလည်း ထပ်တောင်းထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ဆင်းရဲချို့တဲ့တဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ အသက် ၇၀ ကျော် အဘိုးအဘွားတွေကို နိုင်ငံပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ဆေးကုသခွင့်နဲ့ အခမဲ့ဆေးစစ်ဆေးခွင့်တွေ ပေးနေပါသလား သိချင်ပါတယ်။ ရှိတယ်ဆိုရင်လည်း မည်သည့်အတိုင်းအတာထိ ရှိသလဲဆိုတာကို သိရှိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

“ကျန်ရှိတဲ့ ကုတင် ၂၀၀ အောက်ဆေးရုံ၊မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်   . . . . .

ယင်းမေးမြန်းချက်အပေါ်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ဆေးရုံများအတွက်  ဆေးဝယ်ယူရန် ကုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း ၄၀၀ မှ ၁၅၀၀ အထိ ခွဲဝေချထားပေးကြောင်း သိရသည်။
“ကျန်ရှိတဲ့ကုတင် ၂၀၀ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။
အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆၀ နှင့်အထက် ဘိုးဘွားများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅၇ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးငွေဖြင့် လူနာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁၀ သိန်းကျော်ဖိုးခန့် အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ်ငွေကို လေးဆတိုးမြှင့် ပေးထားကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။     
 http://news-eleven.com/index.php?option=com_content&view=articl...

မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့လမ်းခင်းနေ...



“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့လမ်းခင်းနေတာလို့ယူဆရတဲ့ စကားပဲ”ဟံသာဝတီဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ပြီးခဲ့သည့် နိုဝင်ဘာ  (၂၆) ရက်နေ့၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ရောက်ရှိခဲ့ပြီး ခရီးစဉ်  အတွင်း လက်ပံတောင်းတောင် ဒေသရှိ ရွာသူရွာသားများ၊ ရွာ (၂၆) ရွာမှ တင်မြှောက်ထားသော ကိုယ်စားလှယ်များ  နှင့် တွေ့ဆုံခဲ့ပြီး ယင်းဒေသရှိ သံဃာတော်  များအား တွေ့ဆုံ လျှောက်ထားရာ၌ မိမိ တို့အနေဖြင့် တရုတ်ကို ကြောက်ရကြောင်း၊   ၈၈ အရေးအခင်းကာလ အတွင်းတိုင်းပြည် တွင်စားစရာမရှိ၍ တရုတ်မှ ရိက္ခာသွင်းခဲ့ ရ၍ ပြည်သူများ အသက်ဆက်ခဲ့ရကြောင်း  နှင့် တရုတ်အား ရန်မဖြစ်ရဲကြောင်း လျှောက်ထား ပြောဆို ခဲ့ခြင်းအပေါ် ၀ါရင့်  သတင်းစာဆရာကြီး တစ်ဦးဖြစ်သူ ဟံသာ ၀တီဦးဝင်းတင်အား Hot news မှ တွေ့ဆုံ ၍ ယင်းစကားများ၏ တိုင်းပြည်နှင့် လူမျိုး  အပေါ် သက်ရောက်မှုများ အပေါ်အမြင် သုံးသပ်ချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

ဦးအောင်မင်းလက်ပံတောင်းတောင်ဒေသ ခံသံဃာတော်တွေနဲ့ တွေ့တဲ့အခါတုန်းက  တပည့်တော်တို့ဟာအရေးအခင်းကာလ က စားစရာမရှိလို့တရုတ်ဆီက ရိက္ခာ သွင်းရလို့အသက်ဆက်ခဲ့ရတယ်လို့ဆိုပါ တယ်။ ဘဘ တကယ်ရောအဲဒီအချိန်က  တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်ခဲ့တဲ့  အနေအထားမျိုးဖြစ်ခဲ့ပါသလား။

သူပြောတော့ ၈၈ အရေးတော်ပုံကြီး  မှာ တုန်းကစားစရာမရှိလို့တရုတ်ကနေ သွင်းပြီး ပြည်သူတွေအသက်ဆက်ခဲ့ရ တယ်တဲ့။ ၈၈ တုန်းက လူထုက အစိုးရ   တစ်ရပ်ပြောင်းဖို့ ဒီမိုကရေစီအသွင်ကူး ပြောင်းပေးဖို့ဆန္ဒပြတာပဲ။ အဲဒီတုန်းက တိုင်းပြည်မှာ စားစရာမရှိအောင်ငတ်နေ တယ်ဆိုတာ ကျွန်တော်လုံးဝလက်မခံဘူး။   အဲဒီတုန်းက တိုင်းပြည်မှာ အခြေအနေ တွေ ဘယ်လိုပဲဖြစ်နေပါစေ။ရိက္ခာဖြတ်ပြီး  ငတ်တယ်ဆိုတာမျိုးလုံးဝမဖြစ်ခဲ့ဘူး။ ဦးအောင်မင်းပြောတဲ့ တိုင်းပြည်မှာ အဲဒီ  တုန်းကစားစရာမရှိလို့ တရုတ်ကသွင်းရ တာကြောင့် အသက်ဆက်ခဲ့ရတယ်ဆို တာဟာ ချဲ့ကားပြောတဲ့စကားတရုတ်ကို  စန်းတင်တဲ့စကားပဲ။ ကျွန်တော်ဒီလိုပဲဖြစ် တယ်။

ဟုတ်ကဲ့ နောက်ဝန်ကြီးဦးအောင်မင်းပြော တဲ့ထဲမှာ “တရုတ်ကိုကြောက်ရတယ် ရန်မ ဖြစ်ရဲဘူး”လို့ပါပါတယ် အဲဒီစကားအပေါ်  ဘဘရဲ့အမြင်ကိုသိပါရစေ။

သူပြောတဲ့ထဲမှာ တရုတ်ကကယ်ခဲ့ လို့အဲဒီကျေးဇူးလေးတွေကိုပြန်ကြည့်ရ မယ်ဆိုတာပါတယ်။ တရုတ်ကယ်ခဲ့တာ တရုတ်ရဲ့ ကျေးဇူးရှိတာ မြန်မာပြည်သူ တွေရဲ့ အပေါ်မှာမဟုတ်ဘူး။ သူတို့အပေါ် မှာ။ အာဏာရှင်အစိုးရရဲ့ အပေါ်မှာပဲရှိ တာ။ မြန်မာပြည်သူတွေအပေါ်တရုတ် ကျေးဇူးဘာမှမရှိဘူး။ တရုတ်ကိုကြောက်  စရာရှိလည်း သူတို့ပဲကြောက်မှာ။ မြန်မာ ပြည်သူတွေ တရုတ်ကို ဘယ်တော့မှ မကြောက်ဘူး။ ကျေးဇူးတင်စရာရှိလည်း သူတို့ပဲကျေးဇူးတင်။ သူ့ကိုပြောချင်တာက  မြန်မာ့သမိုင်းကိုပြန်ကြည့်ပါ။ မြန်မာတွေ  တရုတ်ကိုဘယ်တော့မှ မကြောက်ခဲ့ဘူး။  ဘယ်တော့မှလည်းကြောက်မှာမဟုတ်ဘူး ဆိုတာသိရလိမ့်မယ်။ ကုန်းဘောင်ခေတ် တို့၊ ပုဂံခေတ်တို့မှာ တရုတ်တွေဘက်စစ ပြီးရန် စကျူးကျော်မှုတွေလုပ်ခဲ့တာပဲ။ အဲဒီတုန်းက မြန်မာတွေက တရုတ်ကို ကြောက်ပြီး ငြိမ်ခံနေခဲ့လို့လား။မနေခဲ့ဘူး။  တရုတ်ကို ပြန်တော်လှန်ခဲ့တာပဲ။ ဦးအောင်မင်းပြောတဲ့ထဲမှာ တရုတ်ကို ရန်မဖြစ်ရဲဘူးလို့ဆိုတာပါတယ်။ မြန်မာ တွေဟာ ရန်မဖြစ်ရဲတာမဟုတ်ဘူး။ ရန်မဖြစ်တတ်တာ။ကိုယ့်အိမ်နီးချင်းအပေါ်  ရိုင်းပင်းတာကူညီတာ။ အဲဒါကို ခုတုံးလုပ် ပြီး။ တရုတ်တွေမြန်မာ့နိုင်ငံရေးကိုကစား ခဲ့တာလေ။မြန်မာတွေရန်မဖြစ်ရဲတာမဟုတ်ဘူးရန်မဖြစ်ချင်တာ။

ကျွန်တော်တို့မြန်မာတွေဟာ တရုတ်ကို လုံးဝမကြောက်ခဲ့ဘူးဆိုတာနဲ့ ပတ်သက် ပြီးခိုင်မာတဲ့သမိုင်းသာဓကတစ်ခုကို ဘဘ ရဲ့ အတွေ့အကြုံအရပြောပြပေးပါလား။


မြန်မာစာပေမှာ ကာချင်းဆိုတာရှိ တယ်။ အဲဒါဟာ တရုတ်ကို မြန်မာတွေ လုံးဝမကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာ ဓကပဲ။ ဘာလို့ဆိုတော့ ပုဂံခေတ်မှာ တရုတ်တွေ မြန်မာပြည်ကိုရန်စကျူးကျော်  တဲ့အခါ မြန်မာတွေအနေနဲ့ စည်းစည်း လုံးလုံးတစ်ယောက်ကိုတစ်ယောက်ညီရင်း   အစ်ကိုစိတ်နဲ့ ဖေးမအားပေးရင်းကနေ ဇာတိမာန်တက်စေမယ့်စစ်သီချင်းတွေ ရေးစပ်သီဆိုကြရာကနေ ကာချင်းဆို တာပေါ်လာတာ။မြန်မာစာပေမှာရှိနေတဲ့ ကာချင်းဆိုတာဟာ မြန်မာတွေ တရုတ် ကိုဘယ်တော့မှ မကြောက်ဘူးဆိုတဲ့ ခိုင်မာတဲ့သာဓကပဲ။အဲဒီတုန်းက တရုတ် တွေနဲ့ ရန်စကျူးကျော်မှုကို ပြန်တော်လှန် ဖို့ မြန်မာ့စစ်သည်တော်တွေရဲ့ စိတ်ဓာတ်   အားမာန်မျိုးချစ်စိတ်ဇာတိမာန်တွေကို ဖြည်းပေးဖို့ စစ်ချီတေးတွေစပ်ခဲ့ရာကနေ ကာချင်းဆိုတာဖြစ်လာတာပဲလေ။ မြန်မာ  တွေ တရုတ်ကိုမကြောက်ဘူးဆိုတာသမိုင်း  နဲ့ ချီတဲ့သက်သေသာဓကတွေရှိနေပါတယ်။  သမိုင်းကိုသေသေချာချာမလေ့လာလာ သူတွေပဲမသိတာ။

တရုတ်နိုင်ငံအနေနဲ့ရောမြန်မာနိုင်ငံရဲ့ အရေးကိစ္စကြီးငယ်တွေမှာ ရပ်တည်ကူညီ ပေးခဲ့တာ၊ ဦးအောင်မင်းပြောသလို ကယ်တင်ပေးခဲ့တာမျိုးရောရှိပါသလား ဘဘ။

သူပြောတဲ့စကားတွေဖြစ်တဲ့ “တရုတ် ကိုကြောက်ရပါတယ်။ တရုတ်ကယ်တင်  ခဲ့ပါတယ်” ဆိုတဲ့စကားတွေကိုကြည့်ရင် ကျွန်တော်တို့ကပဲ တရုတ်ကိုပြန်ပြီးထိုင် ကန်တော့ရမယ့် ပုံစံပေါက်နေပြီ။တကယ်  တမ်းသမိုင်းကိုပြန်ကြည့်ရင်အဖြေပေါ်တာ ပဲ။ တရုတ်က မြန်မာပြည်ကိုကယ်ခဲ့တာ လား။ ဒါမှမဟုတ်မြန်မာ့နိုင်ငံရေးကို ကစားခဲ့တာလား ရှင်းနေတာပဲ။ ဆိုပါစို့။ ကွန်မြူနစ်တွေ တိုင်းပြည်ကို ထိုးစစ်တွေ လုပ်မယ်။ ဆူပူမှုတွေဖြစ်အောင်လုပ်မယ် နောက် မြန်မာပြည်နိုင်ငံရေးကိုပျက်ပြား အောင်လုပ်မယ်ဆိုတော့ အဲဒီကွန်မြူနစ်  တွေကို အဲသလိုလုပ်နိုင်ဖို့ထောက်ပံ့ပေး တာဘယ်သူလည်း တရုတ်ပဲ။ နောက်အဲဒီ  ကွန်မြူနစ်တွေအခြေအနေဟန်ပုံမရတော့   တရုတ်က အဲဒီတုန်းက စစ်အာဏာရှင် တွေကို ပြန်ထောက်ပံ့တယ်။ သူတို့ပြော နေတဲ့  တရုတ်ကကယ်ခဲ့ပါတယ်ဆိုတဲ့ စကားတွေဟာ သူတို့အမြင်သူတို့ရှုထောင့်  ကနေပြောနေတာ ပြည်သူရဲ့အမြင်ရှုထောင့်  ကနေပြီးတော့ ပြောနေတာမဟုတ်ဘူး။ ခေါင်းဆောင်ဆိုတာဘာပြောပြော၊ ဘာပဲလုပ်လုပ်ပြည်သူရဲ့ ရှုထောင်မျိုးက နေပြောရတယ်၊ လုပ်ရတယ်။ ဒါမှခေါင်း ဆောင်ပီသမှာ။

ဦးအောင်မင်းပြောခဲ့တဲ့ တရုတ်ကိုရန်မဖြစ်   ရဲဘူး။ ကြောက်ရပါတယ်”ဆိုတဲ့စကားဟာ   ရဲစွမ်းသတိ္တအပြည့်ရှိတဲ့ မြန်မာတွေရဲ့မျိုး ချစ်စိတ်သိက္ခာနဲ့ မာန်မာနအပေါ်ဘယ်လို  သက်ရောက်မှုရှိနိုင်ပါသလဲ။

ကျွန်တော်တို့မြန်မာတွေက သူပြော သလိုတရုတ်ကိုဘယ်တော့မှမကြောက်ဘူး။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အကြီးအကဲသမ္မတ ကြီးအနားမှာနေတဲ့ ၀န်ကြီးတစ်ယောက်  က ဒီလိုစကားမျိုးပြောလိုက်တာဟာ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာ၊ ရဲစွမ်း သတိ္တ၊ မာန်မာနနဲ့ မျိုးချစ်စိတ်ကို ချိုးနှိမ့်  လိုက်တာ။ရိုက်ချိုးလိုက်တာလို့ပဲ ကျွန်တော်  ယူဆတယ်။ ဒီလူရဲ့စကားကြီးကသမိုင်း ဖြစ်သွားမှာ ကျွန်တော်တို့မြန်မာတွေအရင်  တုန်းကလည်း တရုတ်ကိုမကြောက်ဘူး၊ ခုလည်းမကြောက်ဘူး၊ နောင်လည်းဘယ် တော့မှမကြောက်ဘူး၊ သူတို့ပဲကြောက်နေ  ရင် တရုတ်ဆီသွားပြီးအလုပ်အကျွေးသွား ပြုကြလေ။မြန်မာတွေကတော့တရုတ်လုံး ၀မကြောက်ဘူး။ ခုဦးအောင်မင်းပြောတဲ့ စကားက မြန်မာလူမျိုးတွေကို ချိုးနှိမ့်ရာ လည်းရောက်သလိုမြန်မာပြည်ကြီးကို တရုတ်ကျွန်ဇာတ်သွင်းဖို့ကြိုလမ်းခင်းနေ  တာလို့ပဲယူဆတယ်။

ဘဘခုနက ပြောခဲ့တယ်နော်။ ဦးအောင် မင်းပြောခဲ့စကားသမိုင်းမှာသာ ကျန်ခဲ့မယ်   ဆိုရင်နောင်လာမယ့်မျိုးဆက်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာဘယ်လိုထိခိုက်နိုင် ပါသလဲ။

သမိုင်းမှာကျန်ကိုကျန်ခဲ့မှာ။ ခုသူရဲ့ စကားကို ဂျာနယ်တွေတော်တော်များများ   က ဖော်ပြကြပြီး ဒါဟာနောင်သမိုင်းဖြစ် လာမှာ နောင်နှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေး  ဆယ်ပြီးတော့ နောက်ရာချီပြီးနှစ်တွေ ကြာလာတဲ့အခါ တစ်ချိန်က မြန်မာပြည်  ကြီးရဲ့ အရေးပါတဲ့ဝန်ကြီးတစ်ပါး၊ သမ္မတ ရဲ့ လက်ရုံးပုဂ်္ဂိုလ်တစ်ယောက်က တရုတ်   လိုကြောက်ရပါတယ်။ တရုတ်ကိုရန်မဖြစ်  ရဲပါဘူး။ တရုတ်ရဲ့ ကျေးဇူးတွေအလွန် ကြီးမားပါတယ်။ တရုတ်ကျေးဇူးတွေ ပြန်ကြည့်ရပါမယ်ဆိုတဲ့စကားတွေဟာ နောင်သမိုင်းမှာသာကျန်ခဲ့ရင် အဲဒီအချိန်  မှာရှိနေမယ့်မြန်မာတွေရဲ့ အရှက်တွေ၊ ဂုဏ်သိက္ခာတွေ၊ မာနေတွေကို ရိုက်ချိုး  ချိုးနှိမ်ရာရောက်သွားမှာဖြစ်သလို နိုင်ငံ တကာနဲ့ ယှဉ်ရင်လုံးဝခေါင်းမဖော်နိုင် သွားစေမှာအမှန်ပဲ။

နောက်ဆုံးတစ်ခုအနေနဲ့ မြန်မာတွေရဲ့ ဂုဏ်သိက်္ခာကို ရိုက်ချိုးလိုက်တယ်လို့ ဘဘယူဆတဲ့ စကားကိုပြောခဲ့တဲ့သူအပေါ် မှာရော ဘယ်လိုဝေဖန်ချင်ပါသလဲ။

ခုချိန်ဟာ တိုင်းပြည်တည်ဆောက် ရေးကာလဖြစ်နေတဲ့အတွက် ပြည်သူတွေ  ရဲ့ မျိုးချစ်စိတ်ကအရမ်းကိုအရေးပါနေ တယ်။ ဒီအချိန်မှာ ပြည်သူတွေရဲ့ မျိုးချစ် စိတ်၊ ဇာတိမာန်ကို ညှိုးစေမယ့်စကားမျိုး  တွေကို တာဝန်ရှိသူတွေအနေနဲ့ သတိ ထားသင့်တယ်။ ခုဦးအောင်မင်းတရုတ်ကို ကြောက်ပါတယ်ဆိုတဲ့စကားမျိုးပြော တယ်။ အဲဒီစကားပြောတဲ့သူက သာမန်  အရာရှိလောက်ဆိုကျွန်တော်မပြောဘူး။  သမ္မတအနားမှာနေတဲ့ ၀န်ကြီးတစ်ပါး။ နောက်သူ့ရဲ့အတွေးအခေါ်အယူအဆ ပြောစကားတွေဟာ သမ္မတရဲ့ အတွေး အခေါ်အယူအဆတွေ ပြောစကားတွေ  လို့တောင်ယူဆလို့ရတာ။ နောက်သူက သမ္မတနားက၀န်ကြီးတွေထဲမှာ အထင် ရှားဆုံးနဲ့ လူသိအများဆုံးလူလေ။အဲသလို  မျိုးသမ္မတရဲ့ လက်ရုံးတစ်ယောက်နိုင်ငံ တော်သမ္မတရဲ့ အသံကိုထင်ဟပ်ပြောဆို နေတဲ့ ပုဂ်္ဂိုလ်တစ်ယောက်က ဒီလိုစကား  မျိုးတွေကို လုံးဝလုံးဝကို မပြောသင့်ပါ ဘူး။ သေသေချာချာစဉ်းစားချင့်ချိန်ပြီးမှ ပြောသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။
ဟုတ်ကဲ့ဘဘ ခုလိုဖြေကြားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။

ခန့်ခန့်(ဒဿနိက) Hot News

လ၀က များ................သို့


ရွှေတံခါးမှူး     တာဝန်ထူးကို
မကွာနေ့ည     စောင့်ရှောက်ကြလော့
သမိုင်းပေးစဉ်     ထိုတာဝန်ကို   
ဦးထိပ်ဆင်မြန်း     အို....၀န်ထမ်းတို့
ရေကြည်သာသာ ပြည်မြန်မာကား
အမျိုးမတူ     ဇာတ်တမူနှင့်
စရိုက်ခြားနား     ကျွန်ကုလားတို့
များပြားလာဘိ     သင်သိ၏လော့...။
မိသားတစ်စု     ၀မ်းစာမှုကို
ရည်ရွယ်ရှေးရှု    ဦးတည်ပြု၍
တံစိုးလာဘ်စား     ယူမိငြားသော်
အမျိုးဘာသာ     ပြည်မြန်မာနှင့်
တို့သွေးချင်းများ     ပျောက်ကွယ်သွားလိမ့်
နောင်သံသရာ     ဆက်ဆက်မှာလည်း
ဘ၀စဆုံး     လူဖြစ်ရှုံးကာ
နလန်မထူ     ငရဲပူ၌
ကပ်ကမ္ဘာတိုင်     ကျရောက်နိုင်၍
မင်းခယောင်္ကျား     ဆိုသူများတို့
တံဆိုးလာဘ်ယူ     သံရည်ပူကို
မျိုချသော်သည့်   ဪ.....ကောင်း၏ ။ ။
                 ဦးအောင်ဇေယျ၏   သြ၀ါဒ.....
              အချင်းတို့ငါသည် မင်းအဖြစ်ကို စက်ဆုတ်၏။ ဤဘ၀သည် တစ်သက်တာဟုသိ၏
     သို့သော် လူမျိုးတို့၏ဂုဏ်ကို ရန်သူလက်မှ လုယူကာ သားစဉ်မြေးဆက် မဆုံးနိုင်အောင်
     ထာဝစဉ်တည်စေရန် ငါ့အသက်ကို အဖိုးမထားပြီ ။
              ငါကဲ့သို့အလုပ်မလုပ်လျှင် ငါ့သားတော်ပင် ဖြစ်လင့်ကစား ငါ၏အမျိုးနွယ်မဟုတ်။
     မိဘကိုချစ်သူသည် မိဘ၏အဆက်အနွယ် သားချင်းတို့ကိုစောင့်ရှောက်ရသည် ။ ။
                     အောင်ပင်လယ်  (မန္တလေး)

ဓါတ်ပုံအများကြီးကိုတစ်ခါတည်း (Email) ပို့ချင်ရင်


သူငယ်ချင်းတွေကို ဆော့ဝဲလ်လေးတခုဝေငှချင်လို့ပါ သုံးနေကျလေးပါ အလွန်ကောင်းပါတယ်
ကျနော်တို့ မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်ရတာ အတော်လေးကြာပါတယ်
ဒီဆော့ဝဲလ်လေးက မေလ်ပို့တဲ့အခါ ဓါတ်ပုံတစ်ပုံကို attach a file လုပ်နေတဲ့အချိန် အကြာခန့်လောက်မှာ

ဓါတ်ပုံနှစ်ဆယ် သုံးဆယ် ကို ခဏလေးနဲ့အရောက်ပို့နိုင်တဲ့ ဆော့ဝဲလ်လေးပါ

ကဲစလိုက်ရအောင်

အောက်ကပေးထားတဲ့လင့်ကလေးကို copy ပြီး Mozilla Firefox မှာ paste လိုက်ပါ ပြီးရင် Enter ပေါ့

http://picasa.google.com/


အဲဒီအခါ Picasa3 ကို download ပြီး run လိုက်ပါ

ပြီးရင် ဖွင့်လိုက်ပါ ကိုယ်ပို့ချင်တဲ့ပုံတွေကိုကလစ်ပေါ့
(တစ်ပုံထက်ပိုရင် Ctrl ကီးလေးနှိပ်ပြီးလိုသလောက် ကလစ်ပေါ့)

ရွေးလို့ပြီးရင်အောက်က စာအိပ်ပုံလေး (Email) မှာနှိပ်လိုက်ပါ

ဘယ်မေလ်နဲ့မဆို sing in ၀င်နိုင်တယ် ပြီးရင် Gmail အတွက် Google Mail မှာ ကလစ်လိုက်ပါ

ပြီးရင်ပို့လိုတဲ့လိပ်စာတပ်ပြီး Send ကိုနှိပ်လိုက်ရင် ရပြီပေါ့

မကွေး F.C Virus ကိုအရင်ဆုံးသတ်နိုင်ခဲ့တဲ့..Loaris Trojan Remover 1.2.6


ကိုဝင်းကမ္ဘာကျော်ဆီက ပြန်လည်မျှဝေထားပါသည်......
 Trojan, Spywar,Malwar,Virus ရန်ကနေ ကာကွယ်ပေးပြီး အထိရောက်ဆုံး ရှင်းလင်းပေးနိုင်မယ့်
Software တစ်ခုဖြစ်ပါတယ်။ တစ်ချိန်က မကွေး FC Virus ကိုအစောဆုံး သတ်နိုင်ခဲ့တဲ့ Software
တစ်ခုဆိုရင်လည်း မမှားပါဘူး..Virus Update ပုံမှန်ပြုလုပ်လို့ရပြီး ကွန်ပျူတာနဲ့ Network
ကိုနှေးကွေးလေးလံစေတဲ့ အဖျက်အမှောင့် Virus တွေကို
အကောင်းဆုံးရှင်းလင်းပေးမှာပါ..Antivirus တွေနဲ့လည်း တွဲသုံးလို့အဆင်ပြေပါတယ်..အခြားအသုံးဝင် Feature များစွာလည်းပါဝင်ပါတယ်။
ဆောင်ထားသင့်တဲ့ Software တစ်ခုဖြစ်ပါတယ်..စိတ်ဝင်စားရင်တော့ အောက်မှာ..
Download ရယူနိုင်ပါပြီခင်ဗျာ.....

           Download ပြုလုပ်ရန်
               ကျွန်တော့် Blog လေးကိုလည်း လာကြည့်ကြပါဦး

နားညည်းလို့တဲ့...........







by Sithu Myo on Monday, December 3, 2012 at 6:17am 

တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ လမ်းလယ်က ဖြတ်ကူးလို့
အဖမ်းခံရတဲ့ ကိုဗန်ဂိုး တရားရုံးကို ရောက်လာတယ်။ တရားရုံး ရောက်တော့
တရားသူကြီးက တရားခံကို မေးတယ်။ “မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့
မျဉ်းကျားက မကူးရတာလဲ ”

“ ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က မြောက်ဘက်ကို လိုက်ရှာမိလို့ပါ ”
“ ရှာမတွေ့ ရတာနဲ့ ကူးရောလား ”
“ မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ။ အရက်က နည်းနည်းမူးနေတော့
ရှေ့ကိုယိုင်သွားတဲ့ ဆီမှာ မလဲအောင် လို့ ကျွန်တော်မျိုး ထိန်းရင်း
နှစ်လမ်း၊ သုံးလမ်း လှမ်းမိတာပါ။ ကျွန်တော်မျိုးအမူးလွန်နေတယ် ဆိုတာ
အရက်ရောင်းတဲ့ ကိုအလကာင်္ဒီပချစ်သူ သိပါတယ်။ ကိုဒဿဆိုတာ မဘုတ်ဆုံရဲ့
ယောက်ျားပါ၊ မဘုတ်ဆုံရဲ့ သင်္မီး မင်္ဂလာဆောင်တုန်းက ကျွန်တော်မျိုး
သွားပါသေးတယ်၊ သူတို့က ”
“ ဒီမှာ မေးတာကိုပဲ ဖြေပါ။ မျဉ်းကျား မရှိတဲ့ နေရာက လမ်းဖြတ်ကူးတယ်လို့
မောင်မင်းကို စွဲဆိုထားတယ် မဟုတ်ဘူးလား ဒါပဲ ဖြေပါ ”
“ ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေပြနေတာပါ၊
ကိုအလကာင့်္ဆိုင်မှာ သောက်တုန်းက ကို ကိုနေကြီး(ကိုနေလင်း) ပါ ပါတယ်။
ကျွန်တော်မျိုး မူးရင်း ရှေ့ကို လေးငါးလှမ်း ယိုင်တတ်တယ် ဆိုတာ
သူသိပါတယ်။ ကျွန်တော်မျိုးနဲ့ ကိုနေကြီးနဲ့ ငါးမျှားတုန်းက အဲသလို
ယိုင်ဖူးပါတယ်။ တောင်သမန်သွား ငါးမျှားတာပါ။ အဲဒီနားက ဘုန်းကြီးကျောင်းက
ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်းစားပါသေးတယ်။ သူ့
ကျောင်းဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ် ”
တရားသူကြီးမှာ စိတ်မရှည်တော့-
“ ဒီမှာမောင်မင်း၊ ၀န်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ ဘယ်လောက်မှ
အပြစ်ကြီးတာလဲ မဟုတ်ပါဘူး။ ကြောက်စရာလဲ မလိုပါဘူး ”
“ ကျွန်တော်မျိုး မကြောက်ပါဘူးဘုရား၊ ဆင်ဖြူကန် သင်္ချိုင်းမှာ တောင်
တစ်ယောက်တည်း အိပ်လာခဲ့သေးတယ်။ မာမားပန်းနှင်းဆီသိပါတယ်။ သူက ကိုရွှေဆီက
အမဲအူပြုတ် ယူလာတာကို သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ်
ဆိုတာနဲ့ သွားစားတာပါ၊ တော်ရုံတန်ရုံနဲ့ ဆို သွားစားရဲဖို့ မလွယ်ပါဘူး၊
ကျွန်တော်မျိုး သူငယ်ချင်း ကိုထင်လင်းဆို ညမှောင်တာနဲ့ အိမ်ပြင်တောင်
မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ ၊ ကိုထင်လင်း တို့ အိမ်နဲ့များ
နီးမလားလို့...လို့ ...”
တရားသူကြီး က စိတ်ပျက်စွာနဲ့
“ မောင်မင်း စကားတွေ အများကြီး မပြောပါနဲ့ ”
“ အရှင်ဘုရားမေးလို့ ပြောတာပါဘုရား ”
“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်း လမ်းဖြတ်ကူးသလား ”
“ ကူးပါဘူးဘုရား ၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည်
ဒီလူ(တောင်တွင်းကြီး)ကိုမေးကြည့်ပါဘုရား၊ သူ ကျွန်တော်မျိုးကို
ကောင်းကောင်းကြီးသိပ်ါတယ်။ ကျွန်တော်မျိုး နေ့တိုင်းသူဆီက ရေခဲရေ
သောက်နေကျပါ။ သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်။ ကလေးသုံးယောက် နဲ့ ၊ သူ့နှမက
မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊ ခုတော့ မြေအိုးနဲ့
ချက်နေရတယ် ”
တရားသူကြီးသည် သက်ပြင်းချလိုက်ပြီး အိတ်ထဲမှ ပိုက်ဆံကို နှိုက်ကာ
ငွေငါးဆယ်ကို စိုက်၍ ဒဏ်ဆောင်လိုက်သည်။ ပြီးတော့မှ တရားခံကို ထွက်သွားရန်
ပြောလိုက်လေတော့သတည်း။

မိုက်ခရိုဆော့ဖ်လည်း ဆိုရှယ်ဝဘ်ဆိုဒ်အသစ်ဖွင့်

Kyawnaing Oo shared TechSpace Journal's photo.
မိုက်ခရိုဆော့ဖ်လည်း ဆိုရှယ်ဝဘ်ဆိုဒ်အသစ်ဖွင့်

မိုက်ခရိုဆော့ဖ်လည်း Social Network အသစ် စတင်လွင့်တင်လိုက်ပြီ ဖြစ် ပါတယ်။ စလွင့်ကတည်းက Facebook, Twitter, Pintrest တို့ကို ယှဉ်ပြိုင်ဖို့ မဟုတ်ဘူးလို့ ကြိုတင် စကားဆိုထားပါတယ်။ 

အဓိကကတော့ ဓာတ်ပုံနဲ့ Life event များ Share ရန်လို့ ဆိုပါတယ်။ အကောင့်ဖွင့်ရန်အတွက် အရမ်းလွယ်ကူပါတယ်။ Facebook နဲ့လည်း Sign up လုပ်နိုင်ပြီး Microsoft အကောင့်ရှိရင်လည်း Sign up လုပ်လို့ရပါတယ်။ Facebook -icon လေးပေါ်ကို click နှိပ်ရုံပဲ ဖြစ်ပါတယ်။ ဘာမှ ထပ်ဖြည့်စရာ မလိုပါဘူး။ Facebook ကအချက်အလက်ကိုပဲ အလိုအလျောက် Data Transfer လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်အဆင် ကတော့ ခပ်ရှင်းရှင်း ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံကိုအသားပေးတဲ့ အတွက် ပုံတွေကို ခပ်ကြီးကြီး မြင် ရမှာ ဖြစ်ပါတယ်။ 

ဆိုဒ်ရဲ့  လိပ်စာက- http://beta.so.cl ဖြစ်ပါတယ်။ Beta ဗားရှင်းပဲ ရှိသေး တဲ့အတွက် ဖြစ်ပါတယ်။ တစ်နှစ်ပြည့်မှ UI စုံစုံလင်လင် နဲ့ Launch လုပ်မှာ လို့ ဆိုပါတယ်။ လောလောဆယ်ကတော့ Beta ဖြစ်တဲ့အတွက် Option အားလုံး စုံစုံလင်လင် အသုံးပြုလို့ မရသေးပါဘူး။ ဆိုဒ်က Facebook ထက်ဖွင့်ရတာ နည်းနည်းကြာတဲ့ သဘောရှိပါတယ်။ 

ဓာတ်ပုံမျှဝေဖို့အတွက် တင်မကပဲ၊ ဗီဒီယို၊ သတင်း၊ Life event အားလုံး ကိုလည်း Facebook လိုပဲ Post နိုင်၊ Share နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဝင်လေ့လာချင်သပဆိုရင် အောက်ပါလခ့်ထဲဝင်ပြီး မိုက်ခရိုဆော့ဖ် So.c အကောင့် ဖွင့်နိုင်ပါတယ်။ 

http://beta.so.cl
--
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/blog-post_5.html

--
မိုက်ခရိုဆော့ဖ်လည်း ဆိုရှယ်ဝဘ်ဆိုဒ်အသစ်ဖွင့်

မိုက်ခရိုဆော့ဖ်လည်း Social Network အသစ် စတင်လွင့်တင်လိုက်ပြီ ဖြစ် ပါတယ်။ စလွင့်ကတည်းက Facebook, Twitter, Pintrest တို့ကို ယှဉ်ပြိုင်ဖို့ မဟုတ်ဘူးလို့ ကြိုတင် စကားဆိုထားပါတယ်။

အဓိကကတော့ ဓာတ်ပုံနဲ့ Life event များ Share ရန်လို့ ဆိုပါတယ်။ အကောင့်ဖွင့်ရန်အတွက် အရမ်းလွယ်ကူပါတယ်။ Facebook နဲ့လည်း Sign up လုပ်နိုင်ပြီး Microsoft အကောင့်ရှိရင်လည်း Sign up လုပ်လို့ရပါတယ်။ Facebook -icon လေးပေါ်ကို click နှိပ်ရုံပဲ ဖြစ်ပါတယ်။ ဘာမှ ထပ်ဖြည့်စရာ မလိုပါဘူး။ Facebook ကအချက်အလက်ကိုပဲ အလိုအလျောက် Data Transfer လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်အဆင် ကတော့ ခပ်ရှင်းရှင်း ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံကိုအသားပေးတဲ့ အတွက် ပုံတွေကို ခပ်ကြီးကြီး မြင် ရမှာ ဖြစ်ပါတယ်။

ဆိုဒ်ရဲ့  လိပ်စာက- http://beta.so.cl/ ဖြစ်ပါတယ်။ Beta ဗားရှင်းပဲ ရှိသေး တဲ့အတွက် ဖြစ်ပါတယ်။ တစ်နှစ်ပြည့်မှ UI စုံစုံလင်လင် နဲ့ Launch လုပ်မှာ လို့ ဆိုပါတယ်။ လောလောဆယ်ကတော့ Beta ဖြစ်တဲ့အတွက် Option အားလုံး စုံစုံလင်လင် အသုံးပြုလို့ မရသေးပါဘူး။ ဆိုဒ်က Facebook ထက်ဖွင့်ရတာ နည်းနည်းကြာတဲ့ သဘောရှိပါတယ်။

ဓာတ်ပုံမျှဝေဖို့အတွက် တင်မကပဲ၊ ဗီဒီယို၊ သတင်း၊ Life event အားလုံး ကိုလည်း Facebook လိုပဲ Post နိုင်၊ Share နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဝင်လေ့လာချင်သပဆိုရင် အောက်ပါလခ့်ထဲဝင်ပြီး မိုက်ခရိုဆော့ဖ် So.c အကောင့် ဖွင့်နိုင်ပါတယ်။

http://beta.so.cl/
--
Aung Kham (TSJ team)

http://blog.techspace.com.mm/2012/12/blog-post_5.html

သွားပါပြီ..........ငါတို့မြန်မာစာတော့.........:(


သွားပါပြီ..........ငါတို့မြန်မာစာတော့.........:(
မိုး ခါး shared Lilo Lilo's photo.



ဦးဘဂျမ်း ကာတွန်းပွဲတော်



Saung Chan

မကွေးဆရာတော်ကို မင်းမဲ့စရိုက်ဆန်ဆန်လုပ်သွားတာ ဘယ်ယဉ်ထိန်းရဲလဲ။ဆရာတော်ကခွင့်လွှတ်ခဲ့ရင်တောင် ငရဲကခွင့်လွှတ်မှာမဟုတ်ဘူး



(Myanmar Post vol4_no47-5.12.2012)မကွေးဆရာတော်ကို မင်းမဲ့စရိုက်ဆန်ဆန်လုပ်သွားတာ ဘယ်ယဉ်ထိန်းရဲလဲ။ဆရာတော်ကခွင့်လွှတ်ခဲ့ရင်တောင် ငရဲကခွင့်လွှတ်မှာမဟုတ်ဘူး။တာဝန်အရဆိုရအောင်ကလည်း ယာဉ်နဲ့ပါတ်သက်တဲ့အမှုမဟုတ်ဘူးလေ။

Data Usage ကိုသက်သာစေမည့်ဆောင်ရန်ရှောင်ရန်များ



၁။ You Tube ,Online Radio,Media Streaming,Podcast များသည်3G Data ကိုအများဆုံးဆွဲနိုင်သဖြင့်၎င်းတို့ကို 3G ဖြင့်အသုံးပြုခြင်းကိုတတ်နိုင်သမျှရှောင်ပါ။Wifi ပေါ်တွင်သာသုံးပါ။
၂။Internet တွင် loding လုပ်ရသော ဥပမာ---Weather,Online Game,Mapအစရှိသည့်icon များကိုအလွယ်တကူထိမိရုံဖြင့်ဝင်မသွားရန် passcode ဖြင့်ပိတ်ထားပါ။
၃။သင့်ဖုန်းတွင်ဖွင့်ထားသော Gmail,Gtalk,Facebook များကိုမသုံးလျှင်Sing Out လုပ်ထားခြင်း/Auto Uploadမဟုတ်ပဲManual Uploadလုပ်ထားသင့်ပါတယ်။
iDeviceများတွင်Mail Uplode ပိတ်နည်း
Setting>>General>>Mail,Contact...>>Fetch New Data>>Manuallyလုပ်ထားပါ။
၎။iDeviceများတွင်Apple Store သည် Upload လုပ်ရန်ပင် 20MB သုံးပါသည်။ထို့ကြောင့်အတတ်နိုင်ဆုံးApplication Update/Installကို Apple တွင်တိုက်ရိုက်လုပ်ခြင်းထက်PCမှတဆင့်iTools,iFunboxစသဖြင့် offline Tools များသုံး၍သွင်းခြင်းဖြင့်သင့်Data Usageကိုချွေတာနိုင်ပါသည်။
၅။Push Notification များကိုပိတ်ထားပါ။
၆။Cellular Data Network (LTE/3G)ကိုလဲအသုံးမပြုလျှင်off ပြန်လုပ်ထားသင့်ပါတယ်။
၇။iDeviceများတွင်Location Service,iCloud,Find My iPhအစရှိသည်များသည်လဲInternet အသုံးပြုApplication များဖြစ်၍ သတိနှင်အသုံးပြုသင့်ပါသည်။အထူးသဖြင့်iCloud သည် Data Save ကိုသင်Contactအသစ်ရေးတိုင်း Auto Back Upလုပ်သဖြင့်Internet အသုံးပြုပေလိမ့်မည်။
၈။
SMS သည် Internetနှင့်မဆိုင်၍စိတ်ချလက်ချအသုံးပြုနိုင်သော်လည်းတချို့ကယ်ရီများသည်SMSကိုစာလုံးရေကန့်သတ်၍ MMS အဖြစ်သတ်မှတ်တတ်သဖြင့်သတိပြုစေချင်ပါသည်။
၉။MMS,Voice Mail,Photoများပို့ခြင်းယူခြင်းသည်လည်းInternet 3Gပေါ်တွင်သုံးခြင်းဖြစ်သဖြင့်သတိဖြင့်သုံးပါ။
iDevice ရှိ
Setting>>Massageတွင်MMS ကိုပိတ်ထားနိုင်သည်။
၁၀။Wifi Setting ကို On ထားလျှင်Wifi Free Area ရောက်လျှင် Auto Wifi အသုံးပြုနိုင်ပေလိမ့်မည်။
၁၁။3G ထက်Wifi ကိုပိုအားကိုးပါ။
၁၂။Data Manager ကဲ့သို့သော Data Usage ကို Checkလုပ်ပေး၍သတ်မှတ်ထားသောlimit Usageထက်ကျော်လွန်လျှင်သတိပေးသော Applicationမျိုးကို Install လုပ်ထားပြီးအသုံးပြုသင့်ပါတယ်။
iDeviceတွေအတွက်တော့
Data Manလို့ရှာလျှင်ရပါတယ်။
၁၃။Internet သုံးApplicationများကိုBackground တွင်မလည်နိုင်အောင်အသုံးမပြုတော့လျှင်အဆုံးထိပိတ်ပါ။
၁၄။Internet သုံးApplicationများကိုအလွယ်တကူထိမိခြင်းဖြင့်သင့်Data Wasteမဖြစ်ရန်iconများကိုတခြားiconများနှင့်မရောပဲInternetသုံးApplicationများဟုFolderသပ်သပ်စုထားလျှင်ပိုသင့်တော်ပါသည်။
၁၅။Personal Hotspot သုံးခြင်းအထူးသဖြင့်ရှောင်ပါ။ပိုအန္တရာယ်များပါသည်။


(ယနေ့အထိတွေးမိသလောက်Wasteမဖြစ်စေမဲ့နည်းတွေပါ။iDevice ကိုအခြေခံရေးပြထားတာပါ။နောက်ထပ်တွေးမိတာရှိလျှင်လည်းမှတ်စုအဖြစ်ထပ်တိုးရေးပေးသွားပါအုံးမယ်။Data Usage Plan ဟာအဓိကအသုံးပြုမှုအပေါ်ကောက်ခံတာဖြစ်လို့အတတ်နိုင်ဆုံးမသုံးပဲနဲ့အလကားမဖြစ်မဲ့နည်းတွေကိုရေးပေးထားတာပါ။လိုအပ်ချက်များရှိလျှင်လဲယဉ်ကျေးစွာဆွေးနွေးပေးနိုင်ပါတယ်။)
MMAS ကိုအစဉ်အားပေးနေကြသောမိတ်ဆွေများအားလုံးကိုအစဉ်လေးစားကျေးဇူးတင်လျှက်
Data Usage ကိုသက်သာစေမည့်ဆောင်ရန်ရှောင်ရန်များ

၁။ You Tube ,Online Radio,Media Streaming,Podcast များသည်3G Data ကိုအများဆုံးဆွဲနိုင်သဖြင့်၎င်းတို့ကို 3G ဖြင့်အသုံးပြုခြင်းကိုတတ်နိုင်သမျှရှောင်ပါ။Wifi ပေါ်တွင်သာသုံးပါ။
၂။Internet တွင် loding လုပ်ရသော ဥပမာ---Weather,Online Game,Mapအစရှိသည့်icon များကိုအလွယ်တကူထိမိရုံဖြင့်ဝင်မသွားရန် passcode ဖြင့်ပိတ်ထားပါ။
၃။သင့်ဖုန်းတွင်ဖွင့်ထားသော Gmail,Gtalk,Facebook များကိုမသုံးလျှင်Sing Out လုပ်ထားခြင်း/Auto Uploadမဟုတ်ပဲManual Uploadလုပ်ထားသင့်ပါတယ်။
iDeviceများတွင်Mail Uplode ပိတ်နည်း
Setting>>General>>Mail,Contact...>>Fetch New Data>>Manuallyလုပ်ထားပါ။
၎။iDeviceများတွင်Apple Store သည် Upload လုပ်ရန်ပင် 20MB သုံးပါသည်။ထို့ကြောင့်အတတ်နိုင်ဆုံးApplication Update/Installကို Apple တွင်တိုက်ရိုက်လုပ်ခြင်းထက်PCမှတဆင့်iTools,iFunboxစသဖြင့် offline Tools များသုံး၍သွင်းခြင်းဖြင့်သင့်Data Usageကိုချွေတာနိုင်ပါသည်။
၅။Push Notification များကိုပိတ်ထားပါ။
၆။Cellular Data Network (LTE/3G)ကိုလဲအသုံးမပြုလျှင်off ပြန်လုပ်ထားသင့်ပါတယ်။
၇။iDeviceများတွင်Location Service,iCloud,Find My iPhအစရှိသည်များသည်လဲInternet အသုံးပြုApplication များဖြစ်၍ သတိနှင်အသုံးပြုသင့်ပါသည်။အထူးသဖြင့်iCloud သည် Data Save ကိုသင်Contactအသစ်ရေးတိုင်း Auto Back Upလုပ်သဖြင့်Internet အသုံးပြုပေလိမ့်မည်။
၈။
SMS သည် Internetနှင့်မဆိုင်၍စိတ်ချလက်ချအသုံးပြုနိုင်သော်လည်းတချို့ကယ်ရီများသည်SMSကိုစာလုံးရေကန့်သတ်၍ MMS အဖြစ်သတ်မှတ်တတ်သဖြင့်သတိပြုစေချင်ပါသည်။
၉။MMS,Voice Mail,Photoများပို့ခြင်းယူခြင်းသည်လည်းInternet 3Gပေါ်တွင်သုံးခြင်းဖြစ်သဖြင့်သတိဖြင့်သုံးပါ။
iDevice ရှိ
Setting>>Massageတွင်MMS ကိုပိတ်ထားနိုင်သည်။
၁၀။Wifi Setting ကို On ထားလျှင်Wifi Free Area ရောက်လျှင် Auto Wifi အသုံးပြုနိုင်ပေလိမ့်မည်။
၁၁။3G ထက်Wifi ကိုပိုအားကိုးပါ။
၁၂။Data Manager ကဲ့သို့သော Data Usage ကို Checkလုပ်ပေး၍သတ်မှတ်ထားသောlimit Usageထက်ကျော်လွန်လျှင်သတိပေးသော Applicationမျိုးကို Install လုပ်ထားပြီးအသုံးပြုသင့်ပါတယ်။
iDeviceတွေအတွက်တော့
Data Manလို့ရှာလျှင်ရပါတယ်။
၁၃။Internet သုံးApplicationများကိုBackground တွင်မလည်နိုင်အောင်အသုံးမပြုတော့လျှင်အဆုံးထိပိတ်ပါ။
၁၄။Internet သုံးApplicationများကိုအလွယ်တကူထိမိခြင်းဖြင့်သင့်Data Wasteမဖြစ်ရန်iconများကိုတခြားiconများနှင့်မရောပဲInternetသုံးApplicationများဟုFolderသပ်သပ်စုထားလျှင်ပိုသင့်တော်ပါသည်။
၁၅။Personal Hotspot သုံးခြင်းအထူးသဖြင့်ရှောင်ပါ။ပိုအန္တရာယ်များပါသည်။


(ယနေ့အထိတွေးမိသလောက်Wasteမဖြစ်စေမဲ့နည်းတွေပါ။iDevice ကိုအခြေခံရေးပြထားတာပါ။နောက်ထပ်တွေးမိတာရှိလျှင်လည်းမှတ်စုအဖြစ်ထပ်တိုးရေးပေးသွားပါအုံးမယ်။Data Usage Plan ဟာအဓိကအသုံးပြုမှုအပေါ်ကောက်ခံတာဖြစ်လို့အတတ်နိုင်ဆုံးမသုံးပဲနဲ့အလကားမဖြစ်မဲ့နည်းတွေကိုရေးပေးထားတာပါ။လိုအပ်ချက်များရှိလျှင်လဲယဉ်ကျေးစွာဆွေးနွေးပေးနိုင်ပါတယ်။)
MMAS ကိုအစဉ်အားပေးနေကြသောမိတ်ဆွေများအားလုံးကိုအစဉ်လေးစားကျေးဇူးတင်လျှက်

စစ်တပ်အုပ်ချုပ်ခဲ့သော နိုင်ငံများတွင် အာဏာပြန်သိမ်းရန် အခွင့်အလမ်း ၅၀ ရာခိုင်နှုန်းရှိဟုဆို

Kotoke Gyi shared Venus News Weekly's status update.


ထက်နိုင်ဇော်
ရန်ကုန်၊ ဒီဇင်ဘာ ၅။

စစ်တပ်အုပ်ချုပ်ခဲ့သော နိုင်ငံများတွင် အာဏာပြန်သိမ်းရန် အခွင့်အလမ်းမှာ ၅၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာ နိုင်ငံရေးလေ့လာသူ ဒေါက်တာမင်းဇော်ဦးက ဒီဇင်ဘာလ ၁ ရက်နေ့တွင် UMFCCI ၌ ပြောသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းသွားခဲ့သော နိုင်ငံ ၁၁၅ ခု တွင် ၄၄ နိုင်ငံမှာ စစ်တပ်မှ အာဏာသိမ်း၍ နောက် ကြောင်း ပြန်လှည့်ခဲ့ရာ နိုင်ငံ ၃၀ မှာ စစ်တပ်အုပ်ချုပ်ခဲ့သော နိုင်ငံများဖြစ်ကြောင်း၊ ၈၆ နိုင်ငံတွင် နိုင်ငံ ၄၀ မှာ မတည်ငြိမ်မှုနှင့် စစ်ပွဲ များကြောင့်ဖြစ်ကြောင်း၊၂၄ နိုင်ငံမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေသာ ဖြစ်နေ သောကြောင့် နိုင်ငံပေါင်း ၁၅ နိုင်ငံသာ ဒီမိုကရေစီအသွင် ကူးပြောင်းမှု အောင်မြင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“စစ်တပ်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံဖြစ်ခြင်းကကို ဒီမိုကရေစီအောင်မြင်ဖို့ နှစ်ဆလောက် အားနည်းနေတယ်”ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။
စစ်တပ်အုပ်ချုပ်သော နိုင်ငံများတွင် ဒီမိုကရေစီတည်ဆောက်ရန် ခက်ခဲရခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး မရှိ ခြင်း၊ လုံခြုံရေးပြဿနာကြီးမားခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများ အားနည်းခြင်း၊ အရပ်သား နိုင်ငံရေးသမား များ အကွဲအပြဲဖြစ်ခြင်းနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် စနစ်ဟောင်း၏ အမွေဆိုးမှာ အစိုးရယန္တရားကို အစားထိုးမရဘဲ ပြင်၍သာရခြင်း၊ ခရိုနီများရှိခြင်းနှင့် နိုင်ငံတကာနှင့် ချုပ်ဆိုခဲ့သော စာချုပ်၊ သဘောတူညီမှုများ ဖြစ်သည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးမရှိဘဲ စစ်ဖြစ်နေရင် သူပုန်တစ်သိန်းကျော်ရှိနေတဲ့ တိုင်းပြည်မှာ စစ်တပ်က သူ့ရဲ့အခန်းကဏ္ဍ တိုင်းပြည်မှာ ရှိနေသေးတယ်လို့ထင်မှာပဲ”ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။

နိုင်ငံရေးတွင် စစ်တပ်ပါဝင်လာခဲ့ပါက အလွယ်တကူ ပြန်ထွက်လေ့မရှိဘဲ ထိုအချိန်တွင် ပြည်တွင်းစစ်ရှိနေခြင်း၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ အားနည်းခြင်းနှင့် အရပ်သားဂိုဏ်းဂဏ ကွဲပြားမှုများ ရှိနေချိန် တွင် အင်အားအကောင်းဆုံးမှာ စစ်တပ်သာဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“အခွင့်ထူးခံဖြစ်ခဲ့ပြီး စနစ်သစ်မှာ အဲဒီအခွင့်အရေးမရရင် ပြဿနာရှိတယ်။ မရရင်ပြဿနာရှာမှာပဲ”ဟု စစ် တပ်၏ သဘောသဘာဝ ကို ဒေါက်တာမင်းဇော်ဦးက ထောက်ပြသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် အရပ်သားခေါင်းဆောင်များက လုံခြုံရေး ကိစ္စရပ်များကိုပါ နားလည်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအခြေအနေမှာ စစ်တပ်အုပ်ချုပ်ရေးမှ ကူးပြောင်းခဲ့၍ စစ်တပ်ခေါင်းဆောင်များ ကိုယ်တိုင်က နိုင်ငံရေး တံခါးဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

ယနေ့ ည၊ ဘီဘီစီ မြန်မာပိုင်း လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်၌ ဒေါက်တာစိုးမင်း၏ ပြောဆိုချက်မှ ကောက်နုတ်ဖော်ပြပါတယ်။


“မိဘသဖွယ် အစိုးရ၊ သံဃာတော်တွေက သားသမီးတွေ” (Dr စိုးမင်း)

ကျွန်တော်ကတော့ မိဘနဲ့ သားသမီးတွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စလို့ ဘဲ
မြင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ အုပ်ချုပ်တဲ့အစိုးရ
ဆိုတာ အဖွဲ့ ကြီးတစ်ခုလုံးဆိုတာ ကျွန်တော်တို့ ရဲ့  မိဘတွေလိုပါဘဲ။ 
အဲ မိဘတွေက ဥပဒေတွေပြုထားတယ်၊ အဲဒီ ဥပဒေတွေနဲ့ ဘဲ ကျွန်တော်တို့ ကို
တတိုင်းတပြည်လုံး အုပ်ချုပ်တယ်။ အဲဒီဥပဒေတွေကို ပြည်သူ့ ရဲတပ်ဖွဲ့ ၊
ပြည်ထဲရေးဌာနက အဲဒီဥပဒေတွေကို ကာကွယ်စောင့်ရှောက်တယ်။
ဒါ တိုင်းပြည်တစ်ခုရဲ့ ဖွဲ့ စည်းတဲ့အခါမှာ အဲသလို ကျွန်တော်တို့  အဆင့်ဆင့်
ဖွဲ့ စည်းပါတယ်။ 

အဲဒီတော့ ကျွန်တော်ငယ်ငယ်တုန်းက အရိုက်ခံရတာ သွားသတိရတယ်လေ။
မိဘလုပ်တဲ့သူက ငါ့သား မင်းဒီနေရာ မသွားနဲ့ ၊ မင်းဒီနေရာသွားရင်
အန္တရယ်များလို့  မသွားနဲ့ ကွာဆိုပြီး အဖေက ဆုံးမတာ၊ ကျွန်တော်က
တည့်တည့်သွားတယ်။ သွားတော့ ကျွန်တော့်ကို အဖေက အဲဒီမှာ အမှန်က
အက်ဆီးဒင့် ဖြစ်မှာစိုးလို့  ရေနစ်မှာစိုးလို့  ကျွန်တော် ဒီမှာ ကျွန်တော်တို့ နားက
မြစ်ကမ်းနားကိုသွားတာ။ ကျွန်တော့်ကို ခြေထောက်သွေးပေါက်အောင်
မှတ်လောက်အောင် ရိုက်တယ်လေ သူက။ ဒီသဘောတရားတွေဘဲပေါ့ဗျာ။
တိုင်းပြည်တပြည်တစ်ခုကို အုပ်ချုပ်တဲ့အခါမှာ ပုဒ်မ ၁၄၄ ထုတ်ထားခဲ့တယ်
ဆိုကတည်းကိုက ဒီနေရာကို ဘာမှမသွားစေချင်လို့ ၊ ရေရှည်မှာလည်း
ပြဿနာတွေကိုမြင်လို့  ပုဒ်မ ၁၄၄ တားမြစ်ဧရိယာဆိုပြီးတော့
ဆိုင်းဘုတ်အနီကြီးတွေနဲ့  ပြထားတယ်။ အဲဒီတော့ သားသမီးတွေက
သွားပြီးတော့ ရှေ့ တိုးတဲ့အခါကျတော့ ဥပဒေကိုထိန်းသိမ်းရမယ့်သူတွေကလည်း
ထိန်းသိမ်းမှာဘဲ၊ အဲ ဥပဒေကို အဆင့်ဆင့်အကောင်အထည်ဖော်မယ့်
သူတွေကလည်း ဖော်မှာဘဲ။ အဲ ဒါတွေက ကျွန်တော်တို့ တိုင်းပြည်မှာ
ဒီလိုမျိုးတွေ ဖြစ်စဉ်တွေဟာ ဖြစ်လာတာပေါ့နော်။ 

သားသမီးကလည်းဘဲ တုတ်ကို ခုန်တိုးတဲ့အခြေအနေမျိုးကိုလည်းဘဲ
လူ့ ဘ၀မှာ တခါတလေ ကြုံရပါတယ်ခင်ဗျ။ ပထမဆုံးက ကျွန်တော်တို့ 
အော်ပြီးတော့ ပြောတယ်။ မိုက်တွေနဲ့ ပြောတယ်၊ ဟုတ်လား၊ အလီလီ အလီလီ
ပြောတယ်။ ပြောလို့ မရတဲ့အတွက်ကြောင့် နောက်တစ်ဆင့်တက်ပြီး လုပ်တယ်။
အဲလိုမျိုး လုပ်စရာရှိတာတွေ လုပ်တဲ့အခါမှာ ဘာဘဲဖြစ်ဖြစ်ပေါ့ ဒါတွေ
တချိန်ချိန်မှာ မိဘက ဒါမလုပ်ပါနဲ့  လုပ်ဖို့ မလိုပါဘူး၊ မလုပ်ပါနဲ့ လို့  ပြောလို့ 
မိဘစကား နားထောင်လိုက်ရင် ဒီအဆင့်တွေအထိ ရောက်လာမှာ မဟုတ်ဘူး။
အဲဒါကြောင့်မို့  ကျွန်တော်က မြင်တာက ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ 
သမ္မတကြီးနဲ့  ဒီအုပ်စိုးသူအစိုးရဆိုတာက ဒီဖြစ်စဉ်မျိုးတွေ လိုလားမှာ
မဟုတ်ဘူးခင်ဗျ။ ဒါကတော့ ကျွန်တော်တို့  ဘယ်လိုဘဲ တွေးကြည့်တွေးကြည့်
လိုလားမှာ မဟုတ်ဘူး။ ဖြစ်လာအောင် ဘယ်သူတွေက ဖန်တီးသလဲ
ဆိုတာက လှုံ့ ဆော်သူတွေကြောင့်ဖြစ်လာတယ်။ လှုံ့ ဆော်သူ ဘယ်သူလဲ
ဆိုတာကလည်း ကျွန်တော်တို့ တွေက တိမ်မြုပ်နေတဲ့ နောက်ကွယ်က
ကြိုးကိုင်သူတွေ ဘယ်သူတွေလဲဆိုတာ တဖြည်းညဖည်းဖော်ထုတ်မှဘဲ
ရမယ့် အတိုင်းအတာရှိတော့ကာ ဒါတွေကလည်း အရှည်အရှည် မတွေးချင်ဘူး။
ဒါကြောင့်မို့  ဒီလိုလုပ်ရတယ်ဆိုတာကတော့။ ဥပမာ ပြောမယ်ဗျာ၊ ကျွန်တော်တို့ 
စစ်တပ်မှာ ဟုတ်လား၊ အမိနိုင်ငံကို ကာကွယ်ဖို့ အတွက် တိုက်ပွဲတွေဖြစ်တယ်။
ကျွန်တော်တို့  ကျည်ဆန်တွေမှန်ပြီးတော့ သွေးပွက်ပွက်ကျပြီးတော့
သေတယ်။ ခြေထောက်တွေပြတ်ပြီး သွေးပွက်ပွက်ကျပြီးတော့ သေတယ်။
ကဲ အဲဒါတွေကျတော့ရော ဘယ်လိုပြောမလဲ။ ဒါ ဥပဒေကိုထိန်းသိမ်းတာဘဲ
မဟုတ်ဘူးလား။ အဲဒါကို ကျွန်တော်ဆိုလိုတာပါ။

(အာဏာရပါတီမှ ကော့မှူးမြို့ နယ်အမတ်နေရာ ၀င်ပြိုင်ခဲ့သူ ဒေါက်တာစိုးမင်း)
“မိဘသဖွယ် အစိုးရ၊ သံဃာတော်တွေက သားသမီးတွေ” (Dr စိုးမင်း)

ကျွန်တော်ကတော့ မိဘနဲ့ သားသမီးတွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စလို့ ဘဲ
မြင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်ေ
တ်ာတို့ နိုင်ငံမှာ အုပ်ချုပ်တဲ့အစိုးရ
ဆိုတာ အဖွဲ့ ကြီးတစ်ခုလုံးဆိုတာ ကျွန်တော်တို့ ရဲ့  မိဘတွေလိုပါဘဲ။
အဲ မိဘတွေက ဥပဒေတွေပြုထားတယ်၊ အဲဒီ ဥပဒေတွေနဲ့ ဘဲ ကျွန်တော်တို့ ကို
တတိုင်းတပြည်လုံး အုပ်ချုပ်တယ်။ အဲဒီဥပဒေတွေကို ပြည်သူ့ ရဲတပ်ဖွဲ့ ၊
ပြည်ထဲရေးဌာနက အဲဒီဥပဒေတွေကို ကာကွယ်စောင့်ရှောက်တယ်။
ဒါ တိုင်းပြည်တစ်ခုရဲ့ ဖွဲ့ စည်းတဲ့အခါမှာ အဲသလို ကျွန်တော်တို့  အဆင့်ဆင့်
ဖွဲ့ စည်းပါတယ်။

အဲဒီတော့ ကျွန်တော်ငယ်ငယ်တုန်းက အရိုက်ခံရတာ သွားသတိရတယ်လေ။
မိဘလုပ်တဲ့သူက ငါ့သား မင်းဒီနေရာ မသွားနဲ့ ၊ မင်းဒီနေရာသွားရင်
အန္တရယ်များလို့  မသွားနဲ့ ကွာဆိုပြီး အဖေက ဆုံးမတာ၊ ကျွန်တော်က
တည့်တည့်သွားတယ်။ သွားတော့ ကျွန်တော့်ကို အဖေက အဲဒီမှာ အမှန်က
အက်ဆီးဒင့် ဖြစ်မှာစိုးလို့  ရေနစ်မှာစိုးလို့  ကျွန်တော် ဒီမှာ ကျွန်တော်တို့ နားက
မြစ်ကမ်းနားကိုသွားတာ။ ကျွန်တော့်ကို ခြေထောက်သွေးပေါက်အောင်
မှတ်လောက်အောင် ရိုက်တယ်လေ သူက။ ဒီသဘောတရားတွေဘဲပေါ့ဗျာ။
တိုင်းပြည်တပြည်တစ်ခုကို အုပ်ချုပ်တဲ့အခါမှာ ပုဒ်မ ၁၄၄ ထုတ်ထားခဲ့တယ်
ဆိုကတည်းကိုက ဒီနေရာကို ဘာမှမသွားစေချင်လို့ ၊ ရေရှည်မှာလည်း
ပြဿနာတွေကိုမြင်လို့  ပုဒ်မ ၁၄၄ တားမြစ်ဧရိယာဆိုပြီးတော့
ဆိုင်းဘုတ်အနီကြီးတွေနဲ့  ပြထားတယ်။ အဲဒီတော့ သားသမီးတွေက
သွားပြီးတော့ ရှေ့ တိုးတဲ့အခါကျတော့ ဥပဒေကိုထိန်းသိမ်းရမယ့်သူတွေကလည်း
ထိန်းသိမ်းမှာဘဲ၊ အဲ ဥပဒေကို အဆင့်ဆင့်အကောင်အထည်ဖော်မယ့်
သူတွေကလည်း ဖော်မှာဘဲ။ အဲ ဒါတွေက ကျွန်တော်တို့ တိုင်းပြည်မှာ
ဒီလိုမျိုးတွေ ဖြစ်စဉ်တွေဟာ ဖြစ်လာတာပေါ့နော်။

သားသမီးကလည်းဘဲ တုတ်ကို ခုန်တိုးတဲ့အခြေအနေမျိုးကိုလည်းဘဲ
လူ့ ဘ၀မှာ တခါတလေ ကြုံရပါတယ်ခင်ဗျ။ ပထမဆုံးက ကျွန်တော်တို့ 
အော်ပြီးတော့ ပြောတယ်။ မိုက်တွေနဲ့ ပြောတယ်၊ ဟုတ်လား၊ အလီလီ အလီလီ
ပြောတယ်။ ပြောလို့ မရတဲ့အတွက်ကြောင့် နောက်တစ်ဆင့်တက်ပြီး လုပ်တယ်။
အဲလိုမျိုး လုပ်စရာရှိတာတွေ လုပ်တဲ့အခါမှာ ဘာဘဲဖြစ်ဖြစ်ပေါ့ ဒါတွေ
တချိန်ချိန်မှာ မိဘက ဒါမလုပ်ပါနဲ့  လုပ်ဖို့ မလိုပါဘူး၊ မလုပ်ပါနဲ့ လို့  ပြောလို့ 
မိဘစကား နားထောင်လိုက်ရင် ဒီအဆင့်တွေအထိ ရောက်လာမှာ မဟုတ်ဘူး။
အဲဒါကြောင့်မို့  ကျွန်တော်က မြင်တာက ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ 
သမ္မတကြီးနဲ့  ဒီအုပ်စိုးသူအစိုးရဆိုတာက ဒီဖြစ်စဉ်မျိုးတွေ လိုလားမှာ
မဟုတ်ဘူးခင်ဗျ။ ဒါကတော့ ကျွန်တော်တို့  ဘယ်လိုဘဲ တွေးကြည့်တွေးကြည့်
လိုလားမှာ မဟုတ်ဘူး။ ဖြစ်လာအောင် ဘယ်သူတွေက ဖန်တီးသလဲ
ဆိုတာက လှုံ့ ဆော်သူတွေကြောင့်ဖြစ်လာတယ်။ လှုံ့ ဆော်သူ ဘယ်သူလဲ
ဆိုတာကလည်း ကျွန်တော်တို့ တွေက တိမ်မြုပ်နေတဲ့ နောက်ကွယ်က
ကြိုးကိုင်သူတွေ ဘယ်သူတွေလဲဆိုတာ တဖြည်းညဖည်းဖော်ထုတ်မှဘဲ
ရမယ့် အတိုင်းအတာရှိတော့ကာ ဒါတွေကလည်း အရှည်အရှည် မတွေးချင်ဘူး။
ဒါကြောင့်မို့  ဒီလိုလုပ်ရတယ်ဆိုတာကတော့။ ဥပမာ ပြောမယ်ဗျာ၊ ကျွန်တော်တို့ 
စစ်တပ်မှာ ဟုတ်လား၊ အမိနိုင်ငံကို ကာကွယ်ဖို့ အတွက် တိုက်ပွဲတွေဖြစ်တယ်။
ကျွန်တော်တို့  ကျည်ဆန်တွေမှန်ပြီးတော့ သွေးပွက်ပွက်ကျပြီးတော့
သေတယ်။ ခြေထောက်တွေပြတ်ပြီး သွေးပွက်ပွက်ကျပြီးတော့ သေတယ်။
ကဲ အဲဒါတွေကျတော့ရော ဘယ်လိုပြောမလဲ။ ဒါ ဥပဒေကိုထိန်းသိမ်းတာဘဲ
မဟုတ်ဘူးလား။ အဲဒါကို ကျွန်တော်ဆိုလိုတာပါ။

(အာဏာရပါတီမှ ကော့မှူးမြို့ နယ်အမတ်နေရာ ၀င်ပြိုင်ခဲ့သူ ဒေါက်တာစိုးမင်း)

ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်

Kotoke Gyi shared Venus News Weekly's status update.


ကျော်ဇေယျာထွန်း
ရန်ကုန်၊ ဒီဇင်ဘာ ၅။

လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ လာရောက် ကုသပေးမည်ဖြစ်ကြောင်း အဆိုပါ ဆေးကုသမှု အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် အဖွဲ့ အစည်းများထံမှ စုံစမ်းသိရှိရသည်။

အရေပြားအထူးကုဆရာဝန်ကြီးများသည် ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး မန္တလေးမြို့သို့ ၇ရက်နေ့ မတိုင် ခင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ယခု ဆေးကုသမှု အစီအစဉ်ကို မုံရွာ ပွင့်လင်းလူ့ အဖွဲ့အစည်း၊ စိမ်းရောင်စို Activity(မန္တလေး)၊ ဘ၀အလင်း(မန္တလေး) နှင့် ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာ တို့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် စိမ်းရောင်စို Activity (မန္တလေး) အဖွဲ့ ၀င်များက ပြောကြားသည်။

နိုင်ငံခြားမှ ဆရာဝန်များဆေးကုသနိုင်ရန် နေရာအတွက် မန္တလေးဆေးရုံနှင့် သွားရောက် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ဆေးဝါးကုသမှုတွင် ကူညီပေးနိုင် ရန် ပြင်ပဆရာဝန်များကိုလည်း အကူအညီ တောင်းခံထားပြီ ဖြစ်ကြောင်း၊ ကုသမှုကုန်ကျစရိတ်အတွက်ကို ဒေသခံ အဖွဲ့အစည်းများနှင့် မန္တလေးမှ အဖွဲ့များ စုပေါင်းကာ အလှူငွေများ ကောက်ခံစုဆောင်းထားပြီးဖြစ်ကြောင်း မုံရွာပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဦးသက်ဆွေအေး က ပြောကြားသည်။

“နိုင်ငံတကာက ပညာရှင်တွေရဲ့ အကူအညီတွေ လိုချင်ပါတယ်။ အခု ဒီလို ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီးလည်း စစ်ဆေးမှုတွေ လုပ်နေတာရှိပါ တယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

“ဘယ်နှယောက် လာမလဲတော့ မသိသေးဘူး။ လေးနိုင်ငံကတော့ လာမယ်၊ မန္တလေးဆေးရုံမှာပဲ ကုသရမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့၊ သံဃာတွေ ကများတယ်၊ နေရာပြောင်းဖို့ကမလွယ်ဘူး။ ကုသမယ့်နေရာကို စီစဉ် နေတုန်းပဲ”ဟု စိမ်းရောင်စို Activity (မန္တလေး)မှ အမှုဆောင်အဖွဲ့ဝင် ဦးနေသစ်က ပြောကြားသည်။

လက်ရှိအချိန်ထိ မန္တလေးဆေးရုံသို့ ရောက်ရှိနေသော သံဃာတော်များနှင့် လူပုဂ်္ဂိုလ်၏ ဒဏ်ရာများသည် ပိုမို ဆိုးရွားလာကြောင်း၊ ဒဏ်ရာများမှာ ပိုကြီးလာပြီး အချို့မှာ အသားများပါ ပဲ့ကျကာ အတွင်းသို့ လှိုက်စား လာ ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“မန္တလေးဆေးရုံက ဒဏ်ရာတွေ ပျောက်ဖို့အတွက် ဆေးတွေ ထိုးပေး တယ်လို့တော့ သိရတယ်၊ အသေးစိတ် ဘာတွေ ကုပေးတယ်လို့တော့ မသိဘူး”ဟု ဦးနေသစ်က ဆက်လက်ပြောကြားသည်။

“ဒဏ်ရာတွေက မသက်သာဘူးဗျ။ အခု မဖြူဖြူဝင်းဆိုရင် ဒဏ်ရာက အရမ်းနာလာတော့ ဆေးထိုးပေးဖို့ ပြော တယ်၊ အခု မန္တလေးဆေးရုံကို ပို့လိုက်ရပြီ”ဟု မုံရွာမြို့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသက်ဆွေအေးက ပြော သည်။

လက်ရှိတွင် မန္တလေးပြည်သူ့ ဆေးရုံတွင် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုမှ ဒဏ်ရာရရှိခဲ့သူ သံဃာ နှင့် လူ စုစုပေါင်း ၇၂ ဦးခန့် ရှိနေပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။