ရွှေတံခါးမှူး တာဝန်ထူးကို
မကွာနေ့ည စောင့်ရှောက်ကြလော့
သမိုင်းပေးစဉ် ထိုတာဝန်ကို
ဦးထိပ်ဆင်မြန်း အို....၀န်ထမ်းတို့
ရေကြည်သာသာ ပြည်မြန်မာကား
အမျိုးမတူ ဇာတ်တမူနှင့်
စရိုက်ခြားနား ကျွန်ကုလားတို့
များပြားလာဘိ သင်သိ၏လော့...။
မိသားတစ်စု ၀မ်းစာမှုကို
ရည်ရွယ်ရှေးရှု ဦးတည်ပြု၍
တံစိုးလာဘ်စား ယူမိငြားသော်
အမျိုးဘာသာ ပြည်မြန်မာနှင့်
တို့သွေးချင်းများ ပျောက်ကွယ်သွားလိမ့်
နောင်သံသရာ ဆက်ဆက်မှာလည်း
ဘ၀စဆုံး လူဖြစ်ရှုံးကာ
နလန်မထူ ငရဲပူ၌
ကပ်ကမ္ဘာတိုင် ကျရောက်နိုင်၍
မင်းခယောင်္ကျား ဆိုသူများတို့
တံဆိုးလာဘ်ယူ သံရည်ပူကို
မျိုချသော်သည့် ဪ.....ကောင်း၏ ။ ။
ဦးအောင်ဇေယျ၏ သြ၀ါဒ.....
အချင်းတို့ငါသည် မင်းအဖြစ်ကို စက်ဆုတ်၏။ ဤဘ၀သည် တစ်သက်တာဟုသိ၏
သို့သော် လူမျိုးတို့၏ဂုဏ်ကို ရန်သူလက်မှ လုယူကာ သားစဉ်မြေးဆက် မဆုံးနိုင်အောင်
ထာဝစဉ်တည်စေရန် ငါ့အသက်ကို အဖိုးမထားပြီ ။
ငါကဲ့သို့အလုပ်မလုပ်လျှင် ငါ့သားတော်ပင် ဖြစ်လင့်ကစား ငါ၏အမျိုးနွယ်မဟုတ်။
မိဘကိုချစ်သူသည် မိဘ၏အဆက်အနွယ် သားချင်းတို့ကိုစောင့်ရှောက်ရသည် ။ ။
အောင်ပင်လယ် (မန္တလေး)

0 ကွန်မန့်ရေးရန်:
Post a Comment