This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 5, 2012

အိုလံပစ်ပွဲတော် အတွက်ပြင်ဆင်


၂၀၁၂ လန်ဒန် အိုလံပစ် ပွဲတော်တွင် ဗြိတိန် တော်ဝင် ရေတပ်မတော်မှ တာဝန်ထမ်းယူမဲ့ ရဟတ်ယာဉ်တင်
စစ်သဘောင်္အား တွေမြင်ရပါတယ်။

ထိုစစ်သဘောင်္များကို လန်ဒန်ရှိ သိမ်း(စ်) မြစ်ကြောင်းတွင် ထားရှိမှာ ဖြစ်ပါတယ်။ယခုအချိန်မှာတော့ လာမည့် အိုလံပစ်ပွဲတော်အတွက် ကြိုတင် စစ်ရေးလေ့ကျင့်နေပြီး ဖြစ်ကြောင်း သိရှိရပါတယ်။







အဓမ္မခိုင်းစေမှု လုံးဝပပျောက်ဖို့ မြန်မာအစိုးရနဲ့ ILO သဘောတူ


ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မစေခိုင်းမှုတွေ ပပျောက်အောင် ဆောင်ရွက်ဖို့ တပ်မတော်ကို ညွှန်ကြားမယ်လို့ မြန်မာနိုင်ငံကို ခေတ္တရောက်နေတဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ကို ကတိပေး ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။
Photo courtesy of ILO
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines (ယာ) ဖြစ်ပါသည်။
ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှုတွေ လုံးဝ ပပျောက်အောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ILO ကြားမှာ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် အဲဒီသဘောတူညီချက်အတိုင်း အပြည့်အဝ ဖြစ်မလာဘဲ ၂၀၁၅ အလွန်မှာ အဓမ္မခိုင်းစေမှုတွေ ဆက်လက်ရှိနေမယ်ဆိုရင် ILO အနေနဲ့ ဘယ်လိုဆောင်ရွက်မလဲလို့ ဦးသက်ဝေက မေးတဲ့အခါ ILO ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေဘောင်အတိုင်း အရေးယူမယ်လို့ ပြန်လည်ပြောဆိုကြောင်း ဦးသက်ဝေက ပြောပါတယ်။
အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးကတော့ ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ သီးခြားတွေ့ဆုံမှာဖြစ်ပြီး အဲဒီလိုတွေ့ဆုံတဲ့အခါ အဓမ္မခိုင်းစေမှုတွေ ပပျောက်ရေးအတွက် ပညာပေးအစီအစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ နိုင်ငံပိုင် မီဒီယာတွေကနေ အမြဲထုတ်လွှင့်ပေးအောင် ILO က မြန်မာအစိုးရကို တိုက်တွန်းဖို့ တင်ပြမယ်လို့ Mr. Vines နဲ့ မတွေ့ခင် မိနစ်ပိုင်းမှာ RFA ကို ပြောပါတယ်။
ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Mr. Greg Vines ဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်း အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်မြို့ ထရိတ်ဒါးဟော်တယ်မှာ တွေ့ဆုံခဲ့ပါတယ်။
RFA-Burmese

အနာဂတ် ပြည့်တန်ဆာလုပ်ငန်းကို ရိုဘော့များ သိမ်းပိုက်မည်

Posted: 05 May 2012 09:15 AM PDT
မကြာတော့မည့်တစ်နေ့တွင် ပြည့်တန်ဆာများရဲ့ မြေအောက် အမှောင်လုပ်ငန်းများကို ရိုဘော့များက သိမ်းပိုက်သွားနိုင်ဖွယ် ရှိသည်ဟု သုတေသနပြုသူများက ယုံကြည်လာကြသည်။
သြစတြေးလျ စီမံခန့်ခွဲမှု သုတေသန ပါမောက္ခ Ian Yeoman နှင့် လိင်မှုဗေဒပညာရှင် (sexologist) Michelle Mars တို့ နှစ်ဦးရဲ့ လေ့လာချက်အရ၊ ၂၀၅၀ ခုနှစ်တွင် မိန်းမပျက်ကဲ့သို့ ၀တ်စားပြုမူသော ရိုဘော့များသည် အမြတ်အစွန်းရမည့် လိင်လုပ်ငန်းတွေမှာ နေရာယူလာပြီး၊ ပုရိသအပေါင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်လုလု စွဲဆောင်နိုင်စွမ်းရှိမည်ဟု ခန့်မှန်းထားသည်။


Futures ဂျာနယ်မှာ ၄င်းတို့နှစ်ဦး ရေးသားချက်အရ အနာဂတ် ပြည့်တန်ဆာရုံများနှင့် လိင်ဖျော်ဖြေသည့် ကလပ်များတွင် ရိုဘော့ အမျိုးသမီးများနှင့် ပြည့်နှက်နေမည်ဟု ဆိုသည်။ ရိုဘော့များကို လူမျိုးပုံစံအမျိုးမျိုး၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံ၊ အသက်အရွယ်နှင့် ဘာသာစကား အမျိုးမျိုး၊ လိင်ပိုင်းဆိုင်ရာ အသွင်သဏ္ဍန်မျိုးစုံဖြင့် ဖောက်သည်များ စိတ်ချမ်းသာဖို့ ဖန်တီးထားနိုင်လိမ့်မည်ဟု ခန့်မှန်းသည်။


Yeoman နှင့် Mars တို့နှစ်ဦး ပူးတွဲရေးသားသည့် အနာဂတ် ပြည့်တန်စာလုပ်ငန်း စာတမ်းအရ ၂၀၄၀ ပြည့်လွန်နှစ်များအထိ လိင်လုပ်ငန်းများကြောင့် လူကုန်ကူးမှုများနှင့် လိင်ကြောင့်ဖြစ်သော ကူးစက်ရောဂါများ ပိုမိုများပြားလာမည်။ ၄င်းဖြစ်ရပ်များကို ကာကွယ် ဖြေရှင်းဖို့အတွက် ၂၀၅၀ ခုနှစ်ပိုင်းတွင် ရိုဘော့ ပြည့်တန်ဆာ အများအပြားကို အစားထိုး အသုံးပြုလာကြလိမ့်မည်ဟု ခန့်မှန်းထားသည်။

ဝင့်ထန်း

copy from : http://www.maukkha.org

လောကနီတိ-၁၃

လောကနီတိ-၁၃
Posted by poemflower

တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။
A good harpist may lose skill after separation of five days from harp.
A good archer may lose skill after separation of seven days from bow.
A good wife may lose in the haviour after separation of one month from her husband.
Pupils may lose in qualification after separation of about half a month from teacher.
ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
ရဟန်းသည် တရား၌သာ မွေ့လျော်၏။
Buffalo delights in mud.
Duck delights in pond.
Woman delights in man.
Priest delights in virtue. (Dhamma)
ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။
One should praise meal after being digested.
One should praise wife after she is over age.
One should praise solider after winning battle.
One should praise paddy after being harvest and stored in ware-house

လောကနီတိ-၁၁

လောကနီတိ-၁၁
Posted by poemflower

သစ်ပင်၏အရိပ်သည် အေးချမ်း၏
ထိုထက် ဆွေမျိုးမိဘအရိပ်က ပို၍ အေးချမ်း၏
ထိုထက် ဆရာသမားအရိပ်က ပို၍ အေးချမ်း၏
ထိုထက် မြတ်စွာဘုရား အရိပ်က အဆများစွာသာလွန် အေးချမ်း၏
The refuge of the tree is cool.
Even more is the refuge of parents and relatives.
Even more is the refuge of the teacher.
Far more is the refuge of Buddha.
ပျားပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏
သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏
ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏
သူယုတ်တို့သည် အမျက်ဒေါသကို အလိုရှိကုန်၏
Bees want flowers.
The virtuous want virtue.
Flies want the putrid.
The wicked want anger.
အမိအဘတို့၏ အဆုံးအမကို မရမူ ကိုနှုတ်အမူအရာ ကြမ်းတမ်း၏
အမိအဘတို့၏ အဆုံးအမကို ကောင်းစွာရမူ ကိုယ်နှုတ် အမူအရာ လိမ္မာယဉ်ကျေး၏
Deprives of parental teachings, one tends to be harsh in words and deeds.
Benefited by parental teachings one is gentle in words and deeds.
အမျက်ဒေါသကို ဖြေဖျောက်နိုင်လျှင် စိုးရိမ်ခြင်း ကင်းရ၏
သူ့ကျေးဇူးကို ဆိုတတ်လျှင် သူတော်ကောင်းတို့ ချီးမွမ်းကုန်၏
ကြမ်းကြုတ်သော စကားကို သည်းခံခြင်းသည် မြတ်၏
Dissolving anger frees one from worry.
Expressing one's gratitude is praised by the virtuous.
Tolerating rude words is virtuous.

လောကနီတိ-၁၂

လောကနီတိ-၁၂
Posted by poemflower

မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။
သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။
လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။
အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။
The over-sexed has no honour.
The over-carnivorous has no pity.
The over-imbibed has no truthful world.
The over-avariced has no shame.
The over-lazy has no education
ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
အလောင်းအစား ကစားများခြင်း ။
မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။
- တို့ပေတည်း။
The causes of ruin are-
Over-intoxication.
Over- indulgence in untimely visits.
Over-enjoyment of entertaining pleasure.
Over-gambling.
Over-association with the bad.
Over-procrastination and laziness.

လောကနီတိ-၁၇

လောကနီတိ-၁၇
Posted by may16

မျက်မာန်ဒေါသကြီးသူကို ရန်တုံ့မပြန် သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏.
မတော်မမှန်အကောက်ဥာဏ် သုံးတတ် သူကို တော်တည့်ဖြောင့်မှန်စွာ ကျင့်သုံး ခြင်းဖြင့် အောင်နိုင်ရာ၏.
ကောက်ကျစ်ဝန်ကို မပေးလိုသော သူကို ပေးကမ်း စွန့်ကြဲခြင်းဖြင့် အောင်နိုင်ရာ၏.
မဟုတ်မှန် ဖောက်ပြန်စွာ စကားဆိုတတ်သူကို ဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆိုခြင်းဖြင့် အောင်နိုင်ရာ၏.
The violent can be overcome by forbearance.
The crooked can be overcome by being straight forward.
The miserly can be overcome by lavishing.
Those given to concoctions can be overcome by truth.
ကျွေးမွေးပေးကမ်းခြင်းသည် မယဉ်ပါးသူကို ယဉ်ပါးစေနိုင်၏ ခပ်သိမ်းသော အကျိုးကိစ္စကိုလည်း ပြီးစေနိုင်၏.
ကျွေးမွေးပေးကမ်းခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း သူတစ်ထူအပေါ်သာလွန်နိုင်၏. အများ၏ရိုသေလေးစားမှုကို လည်းရယူနိုင်၏.
The unruly may be tamed by feeding and giving and all benefits gained.
And edge may be gained by sweet words and subservience of others may also be attained.
ဤလောက၌-
ပေးကမ်းခြင်းသည် အချစ်ဆေးဖြစ်၏. . အဆွေခင်ပွန်း အခြံအရံများစေ၏.
နှမြောတွန့်တိုဝန်တိုခြင်းသည်ကား အမုန်းဆေးမည်၏. အခြံအရံမဲ့ အထီးကျန် ဘ၀သို့ ရောက်စေတတ်၏.
In this word-
Generosity is the potion of love. Can bring forth many to wait upon you.
Frugality is the potion of hate. Can leave you unattended.

လောကနီတိ-၁၄

လောကနီတိ-၁၄
Posted by poemflower

စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
Scriptures and mantras not recited get lost.
Wealth, without being industrious may diminished and perish.
အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
Laziness is a taint to good appearance.
Forgetfulness is a taint to the ascetic.
လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
The property of the non-industrious will inevitably get into the hands of the in dustrious.
The lazy and stupid usually say that previous fate alone is enough to rely on without making any effort.
လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။
The good and diligent put their energies into what ever they do.
If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.

လောကနီတိ-၁၅

လောကနီတိ-၁၅
Posted by may16

အနာသည် မိမိကိုယ်၌ဖြစ်လျှက် မိမိအကျိုးကို မရွက်ဆောင်။
ဆေးပင်ဆေးရွက်သည် တော၌ဖြစ်လျှက် အကျိုးကိုဖြစ်စေနိုင်၏။
Disease, though arising in the body does not bring benefit.
Herbs though growing in the forest can be beneficial.
ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူသူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။
ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေရင်းချာပင်ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။
If one brings benefit, a stranger may be considered as relative.
If one does not confer benefit, even though he is close relative, may be considered a stranger.
မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ်သကဲ့သို့ ရှောင်ကြဉ်ရာ၏။
Showing in gratitude in the absence, being sweet in the presence such a person should be shunned just like shunning the honey in a pot of poison.
ဥစ္စာ စီးပွားပျက်လျှင် မိတ်ဆွေ၊ သားမယား ၊ ညီအစ်ကို မောင်နှမများသည်ပင် စွန့်ခွာတတ်၏။
ဥစ္စာ ရှိသူကိုသာ မှီခို ပေါင်းသင်းလိုကြ၏။
လောက၌ စီးပွား ဥစ္စာသည် ခင်ပွန်းကြီးဖြစ်၏။
If wealth is lost, friends, son and wife, brothers and sisters may leave away.
They want to associate only to the rich.
Wealth in the world is a great friend

လောကနီတိ-၁၆

လောကနီတိ-၁၆
Posted by poemflower

သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏ . . .
သူတော်ကောင်းတရားကို သိရ၍ မြင့်မြတ်၏. . .
Associate only with the virtuous.
Knowing Dhamma from the virtuous is virtuous.
သူယုတ်မာတို့နှင့် ပေါင်းဖတ်ခြင်းကို စွန့်လွှတ်လော့ . . .
သူတော်ကောင်းကို ပေါင်းဖက်အပ်သူကို သာ ဆည်းကပ်လော့ . . .
ကုသိုလ်ကောင်းမှုကို အစဉ်အမြဲ ပြုလော.့ . .
မမြဲသော အဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲ အောက်မေ့ဆင်ခြင်လော့ . . .
A bandon association with the wicked.
Approach only the virtuous who should be associated with
Always do good deeds.
Always be mindful of the law of impermanence (Sandhara Dhamma).
သူယုတ်တို့သည် ရေသဖန်းသီးမှည့်နှင့် တူ၏ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌ မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏. .
The wicked are like ripe figs goodlooking outside but full of worms inside.
ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ဆူးများ ရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏. .
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏. . .
Though jack fruits have thorns outside the taste is sweet.
So also are the hearts of the virtuous
ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်း တရားကို မစွန့်.
The wise and virtuous does not abandon virtue even when in trouble.
င်္ခြသေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား. . .
ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏
Lions, though hungry will not eat grass.
The learned and virtuous though faced with poverty will not accept badness but always upholds virtue

လောကနီတိ-၁၈

လောကနီတိ-၁၈
Posted by poemflower

လောက၌ အသက်ရှင်လျက်သေသူဟု ဆိုအပ်သောသူငါးယောက်တို့ကား -
- အလွန်အမင်းဆင်းရဲခြင်းနှင့် ဒုက္ခိတဘ၀ရောက်ရသူ
- နာတာရှည် ရောဂါဝေဒနာ ဖိစီးနှိပ်စက်ခံရသူ
- ကြောင်းကျိုးမှားမှန် ဧကန်မသိ မိုက်မဲခြင်းကြီးလှသူ
- ဥစ္စာချေးငှား၊ များစွာ ကြွေးမြီ ထူပြောသူ
- မင်းဝယ် ကိုယ်ကြပ်ခစားထမ်းရွက်ရသူ
- The disabled and extreme poverty,
- the long-term infirm,
- the foolish who knows not what is good or bad,
- the one who owes others enormously,
- the one who has to serve the king closely, may be considered lifeless thought alive.
ပညာရှိတို့သဘောကား -
- ကျရောက်လတ္တံ့သော ဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
- မျက်မှောက်ဒိဌ ကြုံတွေ့ရသော ဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာရင်ဆိုင် ဖြေရှင်းတတ်ပေ၏။
The nature of the wise -
- A voids imminent danger when he sees it.
- Courageously unravels the danger befall.
- လောက၌ကျောက်ထီးသည်လေး၏
- ထို့ထက် ဆရာမိဘတို့ အဆုံးအမသြ၀ါဒက ပို၏လေး၏
- အရာရာတို့ထက် မြတ်စွာဘုရား၏ တရားစကားသည်ကား အလေးဆုံး အမြတ်ဆုံးဖြစ်၏။
- Weighty is a stone umbrella.
- Weightier still are the words of elders.
- Weightiest and noblest of them all are the words of Buddha.

လောကနီတိ-၁၉

လောကနီတိ-၁၉
Posted by may16

* မကောင်းသော အရပ်။
* မကောင်းသော မိတ်ဆွေ။
* မကောင်းသော အမျိုးအနွယ်။
* မကောင်းသော ဆွေမျိုးခင်ပွန်း။
* မကောင်းသော မယား။
* မကောင်းသော ကျေးကျွန်။
ဤ သူတို့ကို ဝေးစွာ စွန့်ပစ်ရာ၏.
* A bad place ,
* A bad friend,
* A bad descendent,
* A bad relative,
* A bad wife,
* A bad servant,
All these should be abandoned.
အကြင်အပေါင်းအဖော်သည် -
* ရောဂါဝေဒနာ ကျရောက်စွဲကပ်သော အခါ၌ လည်းကောင်း ၊
* ငတ်မွတ်ခေါင်းပါး ဘေးဒုက္ခရောက်သော အခါ၌ လည်းကောင်း ၊
* ဥစ္စာစည်းစိမ် ဆုံးရှုံးပျက်စီးသော အခါ၌ လည်းကောင်း ၊
* ရန်သူဖမ်းဆီးခြင်းခံရသော အခါ၌ လည်းကောင်း ၊
* တရားရုံးများ၌ အမှုကိုရင်ဆိုင်ရသော အခါ၌ လည်းကောင်း ၊
* နာရေးကိစ္စ ဈာပနနှင့်ကြုံရသော အခါ၌ လည်းကောင်း ၊
မိမိနှင့်အတူရပ်တည်ပေ၏. ထိုသူသည် အဆွေခင်ပွန်းကောင်းမည်၏။
He who stands together-
* When disease strikes,
* When hunger strikes,
* When impoverished,
* When captured by enemy,
* When having to face the court,
* When there is death in the home,
Such a companion is a true friend.
* အများအကျိုးအတွက် တစ်စုံတစ်ယောက်၏ အကျိုးကို စွန့်၍ ဆောင်ရွက်ရာ၏။
* ပြည်ရွာတိုင်းကျိုး အမျိုးသားအကျိုးအတွက်ကိုမူကား အရာရာကို စွန့်၍ ဆောင်ရွက်ရာ၏။
* For the good of all, an individual's interest should be overlooked.
* For the good of the nation and the people all other interests should be overlooked.
* မိမိအတွက် အကျိုးမပြုသည့် အရပ်ဒေသကို ရှောင်ကြဉ်ရာ၏။
* သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အကျိုးဖြစ်ထွန်းမည့် အရပ်ဒေသကို ရှာကြံရာ၏။
* နေရာသစ်၌ အကျိုးဖြစ်မဖြစ် တွက်စစ်သေချာ မလေ့လာ မစူးစမ်းဘဲနေရာဟောင်းကို မစွန့်ခွာရာ။
* One should avoid a place which brings no benefit.
* One should seek a place of benefit.
* One should not abandon the old place recklessly without knowing the condition of the new.
* မိတ်ဆွေစစ် ခင်ပွန်းကောင်းသည် အရင်းမှာ အဖျားတိုင်အောင် ချိုသော ကြံ၏သဘောနှင့် တူ၏။
* မိတ်ဆွေ အတုအယောင်သည်ကား အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူ၏။
* A good friend is like a sugar-cane which is sweet from stem to top.
* A bogus friend is like a sugar-cane that is sweet only at the stem but loses its taste at

လောကနီတိ-၂၀

လောကနီတိ-၂၀
Posted by may16

ပထမအရွယ်ပညာရှာ၊
ဒုတိယအရွယ် ဥစ္စာရှာ၊
တတိယအရွယ် တရားရှာ။
Pursue education in early age.
Pursue wealth in middle age.
Purse Dhamma in old age.
အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။
One without knowledge has to carry other's burden.
One who has knowledge is honoured by others.
So strive daily to get knowledge.
မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။
အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏
အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။
Parents must educate the children while young.
If not, they will be unbecoming-bird is unbecoming among hams as.
For not being educated, son and parents can turn out to be an enemy.

ဟာသဓါတ်ပုံအပိုင်း(1)





                                                      ဒီနေ့ ဒီဆံပင်တွေ ခြောက်မှ ခြောက်ပါ့ဦးမလား...







Window System ရဲ့ Services တွေအကြောင်းကို လေ့လာခြင်း



မနေ့ညက အင်တာနက်မသုံးဖြစ်တာနဲ့ ကျနော့ ကွန်ပျုတာရဲ့ services တွေအကြောင်းကို သိအောင်လုပ်ဦးမှဆိုပြီး ...
run box မှာ services.msc လို့ရိုက်ပြီး window system ရဲ့ services တွေအကြောင်းကို အခုလို လေ့လာဖြစ်ပါတယ်။

COM+ Event System

ဒါကတော့ System ပိုင်းမှာ သတင်းအချက်လက်တွေကို အကြောင်းကြားပေးတဲ့ service တစ်ခုဖြစ်တယ်။ သူ့ကိုပိတ်ထားမိမယ်ဆိုရင် logon & logoff အခြေအနေတွေမှာ
window system ဆီကို သတင်းအချက်အလက်တွေ အကြောင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီ service က Automatic Start ဖြစ်နေသင့်တယ်။

Cryptographic Services
ဒါကတော့ database တွေကို စာရင်းပြုစုပေးတယ်၊ window ရဲ့ ပုံမှန် လုပ်ဆောင်တဲ့ file တွေကို အတည်ပြုပေးတယ်၊ program အသစ်တွေ install လုပ်တဲ့နေရာမှာ အထောက်အပံပေးတယ်၊ window ရဲ့ root ဖိုင်ကို ကာကွယ်ပေးတယ်၊ ဒီ services က Automatic Start ဖြစ်နေသင့်တယ်။

DCOM Server Process Launcher
ဒါကတော့ COM+ Event System အပါအ၀င် network ပိုင်းဆိုင်ရာ service တွေနဲ့ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြီး အထောက်အပံပေးထားတယ်။ သူ့ကို ပိတ်မယ်ဆိုရင် system registry ကနေပြင်ခြင်းဖြင့်သာ ရနိုင်မယ်လို့ဆိုတယ်။ ဒီ services ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။

DHCP Client
ဒါကတော့ ကိုယ်သုံးနေတဲ့ ကွန်ပျုတာရဲ့ IP address & DNS records တွေကို မှတ်တမ်းတင် updates လုပ်ပေးတယ်။ ဒီ service ကိုပိတ်ထားမိရင်
dynamic IP address နဲ့ DNS updates တွေကို ဆောင်ရွက်မပေးနိုင်တော့ဘူး။ ကိုယ့် ကွန်ပျုတာ system အတွက် static IP address တစ်ခုရှိမယ်ဆိုရင်တော့
ပိတ်ထားနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက်ချိတ်ဆက်တဲ့ နေရာမှာ အများစုက DSL/calble ISP ရဲ့ DHCP ကိုသုံးကြတယ်။ အင်တာနက် ကွန်နရှင်က
ကြာကြာအလုပ် မလုပ်နိုင်ပါဘူး။ ဒါကြောင့် ဒီ service ကလည်း Automatic Start ဖြစ်နေသင့်ပါတယ်။ အင်တာနက်မသုံးတဲ့ ကွန်ပျုတာဆိုရင်တော့
ပိတ်ထားချင်တယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။

DNS Client
ဒါကတော့ Domain Name System (DNS) နာမည်တွေနဲ့ register လုပ်ထားတဲ့ ကွန်ပျုတာရဲ့ နာမည်တွေအတွက် နောက်ကွယ်ကနေ ကူညီထောက်ပံပေးနေတဲ့ အထောက်အပံကောင်းဖြစ်တယ်။ ကွန်ပျုတာ လုံခြုံရေးအတွက် firewall ကို ဖွင့်ထားပြီး သုံးမယ်ဆိုရင် ဒီ service က disable ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါဆိုရင် DNS Server လက်ခံနိုင်မှုဟာ ကန့်သတ်သွားပါမယ်။ website တွေကြည့်ရတာ အခက်အခဲဖြစ်သွားပါလိမ့်မယ်။  ကွန်ပျုတာက local network အတွင်းမှာ ချိတ်ဆက်အသုံးပြုလို့မရရင်တော့ DNS Client service ကို disabled လုပ်ထားနိုင်ပါတယ်။


Extensible Authentication Protocol
ဒါကတော့ network နဲ့ ပါတ်သတ်တဲ့ အလုပ်တွေကို ဆောင်ရွက်ပေးတဲ့ service ဖြစ်ပါတယ်။ သူ့နာမည်အတိုင်း EAP ကိုထောက်ပံပေးတယ်။
နောက် wireless, VPN and Network Access Protection (NAP), application programming interfaces (APIs) တို့ကိုလည်း ထောက်ပံပေးတယ်။
အထူးသဖြင့် wireless network အတွက်ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပျုတာက wireless နဲ့ ပါတ်သတ်လို့ အသုံးမပြုဘူးဆိုရင်တော့ ပိတ်ထားချင်တယ်ဆိုရင်
ပိတ်ထားလို့ရပါတယ်။

Group Policy Client
ဒါကတော့ ကွန်ပျုတာကို အသုံးပြုတဲ့ admin တစ်ယောက်က ကွန်ပျုတာရဲ့ setting တွေကို configure လုပ်ဖို့ရာ အထောက်အပံပေးထားတဲ့ service တစ်ခုဖြစ်ပါတယ်။
registry ကဲ့သို့ အသုံးပြုနိုင်ပြီး အသုံးပြုရ လွယ်ကူတဲ့အတွက် လူသုံးများတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကတော့ Auto Start ဖြစ်နေသင့်ပါတယ်။

Internet Connection Sharing (ICS)
ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ အခြား ကွန်ပျုတာတွေကို Internet connection share ပေးတဲ့အခါ ကူညီအထောက်အပံပေးတဲ့ service တစ်ခုပါ။
အသုံးလိုတဲ့ သူက On Demand (or) Manual လုပ်ထားနိုင်ပြီး အသုံးမလိုတဲ့သူက disable လုပ်ထားနိုင်ပါတယ်။

Net.Tcp Port Sharing Service
ဒါကတော့ net.tcp protocal ကိုကျော်ပြီး TCP ports ကို မျှဝေတဲ့ service ဖြစ်ပါတယ်။
Net. Tcp protocol ကိုသုံးပြီး TCP-ports ကို မျှဝေပေးနိုင်တယ်။ .NET Framework 3.0 နဲ့ အစိတ်အပိုင်းဖြစ်ခုဖြစ်တယ်။ ဒီ service ရဲ့ အသုံးပြုမှုက heavy ဖြစ်တယ်။ အင်တာနက်သုံးအတဲ့ TCP ports ကိုမျှဝေသုံးစွဲမှု မလိုအပ်ဘူးဆိုရင် ပိတ်ထားချင်ရင် ပိတ်ထားနိုင်တယ်။ သူ့ကို disable လုပ်ထားရင် ကွန်ပျုတာရဲ့ System Performance ကို ကောင်းမွန်စေတယ်။


Network Access Protection Agent
ဒါကတော့ အင်တာနက်အပါအ၀င် network ချိတ်သုံးတဲ့ ကွန်ပျုတာရဲ့ security အတွက် စိတ်ချရအောင် ကူညီထောက်ပံပေးတဲ့ service တစ်ခုဖြစ်တယ်။
network connection ကို အသုံးမပြုတဲ့ ကွန်ပျုတာဆိုရင်တော့ disabled လုပ်ထားနိုင်ပါတယ်။ ပုံမှန်ကတော့ Auto Start ပါပဲ။

Network Connections

ဒါကတော့ အင်တာနက်အပါအ၀င် network နဲ့ပါတ်သတ်လို့ ကွန်ပျုတာကို သုံးနေတယ်ဆိုရင် run ထားရမယ့် service တစ်ခုပါ။
network ကို မသုံးဘူးဆိုရင် ပိတ်ထားလိုပါက ပိတ်ထားနိုင်ပါတယ်။

Network List Service
ဒါလည်း network connection နဲ့ အတူတူပါပဲ။

Network Location Awareness
ဒါလည်း network connection နဲ့ အတူတူပါပဲ။

Network Store Interface Service
ဒါလည်း network connection နဲ့အတူတူပါပဲ။

Plug and Play
ဒါကတော့ တကယ်အသုံးဝင်တဲ့ service တစ်ခုပါ။ ကွန်ပျုတာရဲ့ hardware ပိုင်းဆိုင်ရာ ပြောင်းလဲမှုတိုင်းကို recognize and adapt အသိအမှတ်ပြု၊ အဆင်ပြေအောင်
ညှိနှိုင်း ပြင်ဆင်ပေးနေတဲ့ service တစ်ခုပါ။ Automatic Start ဖြစ်နေရပါမယ်။

Portable Device Enumerator Service
ဒါကတော့ removable mass-storage devices တွေအတွက် အတည်ပြုပေးတဲ့ service တစ်ခုဖြစ်ပါတယ်။ ဒီ service ကို ပိတ်ထားမယ်ဆိုရင်တော့
portable device တွေ တပ်ဆင်အသုံးပြုတဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ Auto Start ဖြစ်နေသင့်ပါတယ်။

Print Spooler
ဒါကတော့ ကွန်ပျုတာမှာ install လုပ်ထားတဲ့ Printer drivers တွေနဲ့ တပ်ဆင်ထားတဲ့ printer တွေဖေါ်ထုတ်ပေးတဲ့ service တစ်ခုဖြစ်ပါတယ်။
ဒါကို ပိတ်ထားရင်တော့ printer driver install လုပ်ထားသည်ဖြစ်စေ printer ကိုတပ်ဆင်ထားသည်ဖြစ်စေ printer နေရာမှာ ဘာမှတွေ့မှာ မဟုတ်ပါ။
ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။

Remote Desktop Configuration
ဒါကတော့ ကွန်ပျုတာ တစ်လုံးကနေ တစ်လုံးက Desktop ကို ထိန်းချုပ် အသုံးပြုခြင်းကို ဆောင်ရွက်ပေးတဲ့ service ဖြစ်ပါတယ်။
အသုံးမလိုက ပိတ်ထားနိုင်ပါတယ်။

Remote Procedure Call (RPC)
ဒါကတော့ အင်တာနက်အပါအ၀င် network နဲ့ ပါတ်သတ်တဲ့ service တွေ တစ်ခုနဲ့ တစ်ခု အထောက်အကူပြုပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။
network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာတစ်လုံးအနေနဲ့ Auto Start ဖြစ်နေသင့်ပါတယ်။

Remote Procedure Call (RPC) Locator

ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။

RPC Endpoint Mapper
ဒါကလည်း Remote Procedure Call (RPC) နဲ့ အတူတူပါပဲ။

Security Center
ဒါကတော့ network နဲ့ ပါတ်သတ်လို့ ကွန်ပျုတာ လုံခြံရေးအတွက် Auto Start ဖြစ်နေသင့်တဲ့ service တစ်ခုပါ။

Server

ဒါကတော့ printer နဲ့ပါတ်သတ်လို့ အထောက်အကူပြုနေတဲ့အပြင် local အတွင် network ချိတ်ဆက်မှုမှာလည်း လိုအပ်တဲ့ service တစ်ခုဖြစ်ပြီး တခြား
network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်နေတဲ့အတွက် Auto Start ပဲ ဖြစ်သင့်ပါတယ်။

Shell Hardware Detection
ဒါကတော့ hardware ပိုင်းနဲ့ ပါတ်သတ်အခြေအနေတွေကို auto play အနေနဲ့ဆောင်ရွက်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ Auto Start ပဲထားပါတယ်။

Software Protection
ဒါကတော့ windows နဲ့ windows applications တွေအတွက် လိုင်စင်နံပါတ်တွေ အတည်ပြု install လုပ်ပေးတဲ့ service တစ်ခုပါ။
ဒီ service က Auto Start ဖြစ်နေရမည့်အပြင် ပိတ်မထားသင့်ပါဘူး။

System Event Notification

ဒါကတော့ window system ရဲ့ logon အခြေအနေ၊ network ၊ power အခြေအနေတွေကို ခြေရာခံမှတ်သားတဲ့ service ဖြစ်ပါတယ်။
COM+ Event System နဲ့လည်း ပုံမှန် ဆက်စပ်တွဲဖတ်အလုပ်လုပ်နေပါတယ်။ ဒါကြောင့် ဒီ service ကလည်း Auto Start ဖြစ်နေသင့်ပါတယ်။

System Restore Service

ဒါကတော့ နာမည်အတိုင်းပါပဲ။ Window System ပိုင်းကို Restore လုပ်ထားပေးနိုင်တဲ့ service ပါ။ အကြောင်းတစ်ခုခုကြောင့် data တွေပျောက်သွားတာ၊ System ပိုင်းမှာ လုပ်ဆောင်ချက်တွေမှားယွင်းပြီး ပြင်ဆင်မိတာတွေ ကို restore ပြန်လုပ်ပေးတဲ့ service တစ်ခုဖြစ်တာကြောင့် ကိုယ့် ကွန်ပျုတာက performance ကောင်းတယ်ဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။

Task Scheduler
ဒါကတော့ ကွန်ပျုတာမှာ အလုပ်ဆောင်နဲ့ သူလို service တွေနဲ့ program တွေရဲ့ လုပ်ဆောင်ချက်တွေကို အစီအစဉ်ရေးစွဲပေးတဲ့ service ဖြစ်ပါတယ်။ သူကလည်း ပိတ်မထားသင့်ပါဘူး။ Auto Start ဖြစ်နေရပါမယ်။

TCP/IP NetBIOS Helper
ဒါကတော့ ICP/IP ကို သုံးပြီး NetBIOS ကို ထောက်ပံ့ပေးတယ်။ network clients အတွက် NetBIOS names တွေခွင့်ပြုပေးတယ်။
တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်နေတဲ့အတွက် network ကိုအသုံးပြုနေတဲ့
ကွန်ပျုတာ တစ်လုံးဆိုရင် Auto Start ပဲဖြစ်နေသင့်ပါတယ်။

Telephony
ဒါကတော့ LAN ကနေ အသုံးပြုထားတဲ့ local အတွင်းက ကွန်ပျုတာအတွက် IP based ကို ထိန်းချုပ်ပေးတဲ့ service ဖြစ်တယ်။
တခြား network နဲ့ ပါတ်သတ်တဲ့ service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေသေးတယ်။ ပုံမှန်အားဖြင့် Auto ထားဖို့မလုပ်အပ်ပေမယ်။
ပိတ်မထားသင့်ဘူး။ Manual လောက်တော့ထားသင့်တယ်။

Terminal Services
ဒါကတော့ ကွန်ပျုတာမှာ multiple users တွေအသုံးပြုထားတဲ့အခါ ဆက်သွယ်ချိတ်ဆက်ခွင့်ပြုပေးတဲ့ service ပါ။ ကွန်ပျုတာက user account တွေ ခွဲထားမယ်ဆိုရင် ဒီ service ကိုပိတ်မထားသင့်ပါဘူး။ သူ့ကို ပိတ်ထားရင် Remote Desktop ကိုလည်းသုံးလို့မရတော့ပါဘူး။
ပုံမှန်အားဖြင့် Manual လောက်တော့ထားသင့်ပါတယ်။

Themes
ဒါကတော့ service နာမည်အတိုင်းပါပဲ။ ကွန်ပျုတာရဲ့ Themes တွေနဲ့ ပါတ်သတ်လို့ လောက်ဆောင်ပေးနေတဲ့ service ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် Auto Start ဖြစ်နေရပါမယ်။

Window Audio
ဒါကတော့ ကွန်ပျုတာရဲ့ အသံပိုင်းအတွက် ဆောင်ရွက်ပေးနေတဲ့ service ဖြစ်ပါတယ်။ သူ့ကိုပိတ်ထားမယ်ဆိုရင် အသံပိုင်း သုံးလို့မရတော့ပါဘူး။
ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။

Window Firewall/Internet Connection Sharing (ICS)

ဒါကတော့ အင်တာနက် ကွန်နရှင် မျှဝေသုံးစွဲမှုတွေနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုမှုတွေ
မှာ ကွန်ပျုတာအတွင်း လုံခြုံရေးအတွက် ကူညီထောက်ပံပေးနိုင်တဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်လို့ အသုံးပြုနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။

Window Image Acquisition (WIA)
ဒါကတော့ Scanners နဲ့ Cameras တို့အတွက် image နဲ့ပါတ်သတ်လို့ ကူညီထောက်ပံပေးတဲ့ service ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Auto Start ဖြစ်နေသင့်ပါတယ်။

Window Management Instrumentation
ဒါကတော့ operating system နဲ့ ပါတ်သတ်တဲ့ သတင်းအချက်အလက်တွေကို management လုပ်ပေးတာတွေကို လက်ခံပေးတဲ့ ကြားခံ service တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီ service က Auto Start ဖြစ်နေသင့်ပါတယ်။

Window Time
ဒါကတော့ ကွန်ပျုတာမှာရှိတဲ့ နာရီရဲ့ အချိန်အတိုင်းအတာကို ဆောင်ရွက်ပေးနေတဲ့ service ပါ။ သာမန်အားဖြင့် မလိုအပ်ဘူးထင်ရပေမယ့်။ သူကလည်း တခြား service တွေနဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့အတွက် ပိတ်မထားသင့်ပါဘူး။

Wireless Zero Configuration
ဒါကတော့ service နာမည်အတိုင်းပါပဲ ကွန်ပျုတာရဲ့ wireless network နဲ့ ပါတ်သတ်တဲ့ service တစ်ခုပါ။ ကိုယ့် ကွန်ပျုတာက wireless network အသုံးပြုမှု/ မပြုမှုအပေါ် မူတည်ပြီး ပိတ်ထားခြင်း/ ဖွင့်ထားခြင်း စိတ်ကြိုက်လုပ်ဆောင်နိုင်ပါတယ်


WMI Performance Adapter
ဒါကတော့ window performance နဲ့ပါတ်သတ်တဲ့ သတင်းအချက်အလတ်တွေကို WMI HiPerf ကနေ ထောင်ပံပေးနေတဲ့ service ပါ။ပုံမှန်အားဖြင့်တော့ Auto Start ဖြစ်နေသင့်ပါတယ်။

Workstation
ဒါကတော့ client network ကနေ servers ဆီကို ထိန်းသိမ်းခြင်း အသစ်တည်ဆောက်ခြင်း စသည်တို့ကို ပြုလုပ်ဖို့ ဆက်သွယ်ပေးနေတဲ့ service တစ်ခုဖြစ်ပါတယ်။ network နဲ့ ပါတ်သတ်ပြီး သုံးနေတဲ့ ကွန်ပျုတာဆိုရင် Auto Start ဖြစ်နေသင့်ပါတယ်။

window system ရဲ့ service တွေနဲ့ပါတ်သတ်လို့ ကျနော် လေ့လာဖြစ်တာကတော့ ဒီလောက်ပါပဲ။ ကျနော်ပြောဖို့ ကျန်တဲ့ service တွေလည်း ရှိပါသေးတယ်။ တစ်ချို့လည်း သိပ်အရေးမကြီးဘူးထင်လို့ ချန်ခဲ့တာတွေပါ။ အခုရေးလိုက်တဲ့ service တွေအကြောင်းက အရင်တုန်းက ကျနော် ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံနဲ့ အခု မှတ်တမ်းရေးဖို့ service တစ်ခုခြင်းကို detail ကြည့်ပြီး ကိုယ်နားလည်သလို ရေးပေးလိုက်တာပါ။
အသုံးအနှုန်း အယူအစ မှားယွင်းတာများရှိခဲ့ရင် သေချာသိတဲ့သူများက ဝေဖန်အကြံပေး ပေးပါခင်ဗျာ။
ကျနောကတော့ ကိုယ်သုံးနေတဲ့ ကွန်ပျုတာမှာရှိတဲ့ လုပ်ငန်းစဉ် ၊ service တွေအကြောင်းကို သိချင်လို့ လေ့လာရင်း မှတ်တမ်းပြုစုလိုက်တာပါ။ စာဖတ်သူအားလုံး အဆင်ပြေပါစေဗျာ။ 

mobile များအတွက် application များ


ဘာ Application များ ပါသလဲ ဆိုရင်တော့ ..
Adobe Reader

Aazan
Flash Player
FLV Player

Mundu Radio
IM+ v4.30
Shutdown Software

Flash Lite
iMate Suite PPC
Media Ham Mobile

.Net Framework 2.0
Nimbuz
Opera

Pocket TV
Real Player
VNC Viewer

Windows Mobiel Storage Manager
Real Player
Youtube Download

Youtube Player
Voice Twister
Smart Movie

English Oxford Dictionary
English Synonyms
Pocket Quake

Sompy Player
Windows Media Player Skins
tGPS

Airscanner Mobile Antivirus
Button max
Megasoft POcket Clock

MIRC
Opera 8.65
PC Cillin

Pocket Music Player
Smart Movie 3.31
SoftMem Maid

Speed Booster
tcp Music Player
Vito Voice Dialer.......and Many More


လိုချင်ရင်တော့ ထုံးစံအတိုင်း အောက်မှာ Download လိုက်ပါ . မနည်းကို တင်လိုက်ရတယ် .






Views: 113

လက်နက် တင်သွင်းခွင့် ပိတ်ပင်ခံ နိုင်ငံများထဲ လက်နက် အများဆုံး တင်သွင်းတဲ့ နိုင်ငံမှာ မြန်မာ


၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာ လက်နက် တင်သွင်းခွင့် ပိတ်ခံထားရတဲ့ နိုင်ငံများကြားထဲမှာ လက်နက် အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံဟာ မြန်မာ ဖြစ်တယ်လို့ မနေ့က Oxfam Aid Agency က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။


ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း လက်နက် တင်သွင်းခွင့် ပိတ်ပင်ခံထားရတဲ့ ကမ္ဘာ့ နိုင်ငံများထဲမှာ မြန်မာ နိုင်ငံဟာ လက်နက် အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀၀ ခန့် တန်းဖိုးရှိတဲ့ လက်နက်တွေကို ၀ယ်ယူ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အီရန်နိုင်ငံဟာ ၂၀၀၇ ကနေ ၂၀၁၀ အတွင်း အမေရိကန် ဒေါ်လာ ၅၇၄ သန်းဖိုး ၀ယ်ယူ တင်သွင်းခဲတဲ့ အတွက် မြန်မာ ပီးရင် ဒုတိယ လက်နက် တင်သွင်းတဲ့ နိုင်ငံ ဖြစ်တယ်လို့ အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

တတိယ နေရာက လိုက်တဲ့ နိုင်ငံကတော့ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ ဖြစ်ပြီး ၂၀၀၀ ကနေ ၂၀၀၂ ခုနှစ်ထိ အမေရိကန် ဒေါ်လာ ၁၂၄ သန်းဖိုး ၀ယ်ယူတင်သွင်းခဲ့တယ်လို့ ပြောပါတယ်။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်တွေ အတွင်း တင်သွင်းခွင့် ပိတ်ပင်ထားတဲ့ ကြားထဲက လက်နက်တွေ တင်သွင်း ခဲ့ကြတဲ့ ပမာဏဟာ ကမ္ဘာ တ၀န်းလုံးမှာ အမေရိကန် ဒေါ်လာ ဘီဘီယံ ၂ ဒဿမ ၂ ကျော် ဖိုးရှိတယ်လို့ အဲဒီ အဖွဲ့က ထုတ်ဖေါ် ပြောဆိုပါတယ်။

Oxfam Aid Agency ကထုတ်ပြန်တဲ့ "The Devil Is In The Detail" အစီရင်ခံစာမှာ ခုလို မြန်မာကို လက်နက် အများဆုံး တင်သွင်းတဲ့ နိုင်ငံ တစ်ခု အဖြစ် ဖေါ်ပြထားသလို ကမ္ဘာမှာ လက်နက် မှောင်ခို တင်သွင်းမူဟာ စားသုံးသူတွေ အတွက် တင်သွင်းတဲ့ တခြား ငှက်ပျောသီး၊ ကော်ဖီ၊ ကိုးကိုးမူန့်တွေ တင်ပို့တာ ထက်တောင် လွယ်နေသေးတယ်လို့ ဖေါ်ပြပါတယ်။

ခုလို တရားမ၀င် လက်နက် တင်ပို့မူကို ထိရောက်စွာ မဟန့်တားနိုင်ဘူးဆိုရင် ကမ္ဘာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အခြေအနေ ပိုမို ဆိုးရွား လာနိုင်တဲ့ အတွက် ချမှတ်ထားတဲ့ ဥပဒေတွေကို ဒီထက် ပိုမို ခိုင်မာအောင် ပြုလုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ဆင်းရဲတဲ့ နိုင်ငံတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ နိုင်ငံတွေနဲ့ လောင်စာဆီကြောင့် စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေဆီကို တရားမ၀င် လက်နက်တွေ တင်သွင်းနေတာကို အမြန်ဆုံး ရပ်ဆိုင်းပစ်ဖို့လိုတယ်လို့လည်း အစီရင်ခံစာက တိုက်တွန်းဖေါ်ပြပါတယ်။

Narinjara မြန်မာမှ ဖြစ်သည်။

မိုးပျံကားများဝယ်စီးကြရအောင် ။]

Inbox
x

Ko Min x.organizer@gmail.com
May 3 (3 days ago)

to Sorcerer, Sorcerer, Sorcerer
Audi car ထုတ်လုပ်ရေးကုမဏ္ဍီကဘိန်းမပါတဲ့မိုးပျံကားတွေကိုစတင်ရောင်းချဖို့စီစဉ်နေပါပြီ ။
ကားလမ်းပိတ်ဆို့မှု့ပြတနာတွေ ၊ အချိန်နှောင့်နှေးမှု့ပြသနာတွေ ၊ လောင်စာပြသနာတွေကို
လျှင်မြန်လွယ်ကူစွာဖြေရှင်းနိုင်အောင်စီစဉ်သွားမယ်လို့ဆိုပါတယ်။ ကားတွေကိုဘယ်ဈေးနဲ့ရောင်း
ချမယ်ဆိုတာတော့မသိရှိရသေးပါဘူး ။ ကားတွေကို Audi Shark Car လို့နံမည်ပေးထားပါတယ် ။
ဒိကားတွေကိုဝယ်ယူသူတွေကတော့လေယာဉ်မောင်းသင်တန်း ၊ လေယာဉ်မှုးသင်တန်း ၊
လေယာဉ်မယ် သင်တန်းအောင်မြင်တက်ရောက်ထားရပါမယ် ။ ဒီဇိုင်းကိုတော့ Mr. Kazim Doku
ကရေးဆွဲထားတာပါ ။ လေ့လာချင်ရင်တော့ www.kazimdoku.com မှာလေ့လာနိုင်ပါတယ် ။
Audi Shark Car ရဲ့ Design တွေကိုဗဟုသုတနေနဲ့လေ့လာကြည့်ကြရအောင်ပါ ။

[1] Audi Shark Car ရဲ့အတွင်းပိုင်းဒီဖိုင်းဖြစ်ပါတယ် ။ 
   
Inline image 1

[2] Audi Shark Car ရဲ့အပြင်ပိုင်းဒီဇိုင်းဖြစ်ပါတယ် ။  
     

Inline image 2

[3] Audi Shark Car ရဲ့ဘေးလိုက်ဒီဇိုင်းပါ ။
                

Inline image 3

[4] Audi Shark Car ရဲ့နောက်ပိုင်းဒီဇိုင်းပါ ။                 


Inline image 4

[5] Audi Shark Car မပျံသန်းမှီပုံဖြစ်ပါတယ် ။              


Inline image 5

[6] Audi Shark Car ပျံသန်းရန်ပြင်ဆင်နေပုံဖြစ်ပါတယ် ။ 


Inline image 6

[7] Audi Shark Car စတင်ပျံသန်းနေပုံဖြစ်ပါတယ် ။       


Inline image 7

                                               Regard by Ko Min
--

Skype တွင် မြန်မာဖောင့် ပေါ်ချင်သူများအတွက်........!

အရင်ဆုံး မိမိတို့ အသုံးပြုမဲ့ Skypeကို ဖွင့်လိုက်ပါ ..!
ပြီးရင် Tools ကနေ Options ကိုသွားလိုက်ပါ .. !
နောက်တဆင့်ကို ရောက် ပြီဆိုရင် Change font ကိုနှိပ်လိုက်ပါ ..!
ပြီးရင်တော့ Font မှာ Zawgyi-One ပြောင်းပေး လိုက်ယုံပါပဲ ..!
ဒါဆိုရင် မြန်မာလို အဆင်ပြေသွားပါလိမ့်မယ် ..!
တစ်ခု ရှိတာက ကိုယ်နဲ့ ပြောမဲ့ စကိုက်မှာလည်း မြန်မာလို ပေါ်ချင်တယ် ဆိုရင် အဲ့လို ချိန်းပေးဖို့ လိုပါလိမ့်မယ် .. !
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

ကူးစက်ရောဂါဆန်း တစ်မျိုးဖြစ်သော NDM-1..........!

အိန္ဒိယမှ New Delhi metallo-beta-lactamase (NDM-1) ဆိုသည့် ရောဂါပိုးသစ် တစ်မျိုးသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ပြီး လူသေပျောက်မှု များသော ကူးစက်ရောဂါ ဖြစ်လာနိုင်ကြောင်း မီဒီယာများတွင် ဖော်ပြကြသည်။ ၄င်း ရောဂါပိုးသည် စွမ်းအား အထက်ဆုံး ဖြစ်သည့် Carbapenem အပါအဝင် ပဋိဇီဝဆေးများ အားလုံးကို ခုခံနိုင်စွမ်းရှိကြောင်းသိရသည်။ NDM-1 ရောဂါပိုးကြောင့် ပထမဆုံး သေဆုံးသူမှာ ဘယ်လ်ဂျီယမ် နိုင်ငံသား တစ်ဦး ဖြစ်သည်။ ထို့ပြင် အိန္ဒိယ သို့မဟုတ် ပါကစ္စတန် နိုင်ငံတို့မှ ပြန်လာသော အင်္ဂလန်နိုင်ငံသား ၃၇ ယောက်တို့တွင်လည်း ထိုရောဂါပိုးကို တွေ့ရှိရသည်။ အိန္ဒိယတွင် ဆေးဝါးကုသမှု သွားရောက်ခံယူ ခဲ့ကြသော သြစတြေးလျ နိုင်ငံသား ၃ ဦးတွင်လည်း အဆိုပါ ရောဂါ ကူးစက် ခံရကြောင်း တွေ့ရှိရသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)