Saturday, May 5, 2012

လောကနီတိ-၁၇

လောကနီတိ-၁၇
Posted by may16

မျက်မာန်ဒေါသကြီးသူကို ရန်တုံ့မပြန် သည်းခံခြင်းဖြင့် အောင်နိုင်ရာ၏.
မတော်မမှန်အကောက်ဥာဏ် သုံးတတ် သူကို တော်တည့်ဖြောင့်မှန်စွာ ကျင့်သုံး ခြင်းဖြင့် အောင်နိုင်ရာ၏.
ကောက်ကျစ်ဝန်ကို မပေးလိုသော သူကို ပေးကမ်း စွန့်ကြဲခြင်းဖြင့် အောင်နိုင်ရာ၏.
မဟုတ်မှန် ဖောက်ပြန်စွာ စကားဆိုတတ်သူကို ဟုတ်တိုင်းမှန်ရာ ဖြောင့်မှန်စွာ ပြောဆိုခြင်းဖြင့် အောင်နိုင်ရာ၏.
The violent can be overcome by forbearance.
The crooked can be overcome by being straight forward.
The miserly can be overcome by lavishing.
Those given to concoctions can be overcome by truth.
ကျွေးမွေးပေးကမ်းခြင်းသည် မယဉ်ပါးသူကို ယဉ်ပါးစေနိုင်၏ ခပ်သိမ်းသော အကျိုးကိစ္စကိုလည်း ပြီးစေနိုင်၏.
ကျွေးမွေးပေးကမ်းခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း သူတစ်ထူအပေါ်သာလွန်နိုင်၏. အများ၏ရိုသေလေးစားမှုကို လည်းရယူနိုင်၏.
The unruly may be tamed by feeding and giving and all benefits gained.
And edge may be gained by sweet words and subservience of others may also be attained.
ဤလောက၌-
ပေးကမ်းခြင်းသည် အချစ်ဆေးဖြစ်၏. . အဆွေခင်ပွန်း အခြံအရံများစေ၏.
နှမြောတွန့်တိုဝန်တိုခြင်းသည်ကား အမုန်းဆေးမည်၏. အခြံအရံမဲ့ အထီးကျန် ဘ၀သို့ ရောက်စေတတ်၏.
In this word-
Generosity is the potion of love. Can bring forth many to wait upon you.
Frugality is the potion of hate. Can leave you unattended.

0 ကွန်မန့်ရေးရန်:

Post a Comment