Saturday, May 5, 2012

ကူးစက်ရောဂါဆန်း တစ်မျိုးဖြစ်သော NDM-1..........!

အိန္ဒိယမှ New Delhi metallo-beta-lactamase (NDM-1) ဆိုသည့် ရောဂါပိုးသစ် တစ်မျိုးသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ပြီး လူသေပျောက်မှု များသော ကူးစက်ရောဂါ ဖြစ်လာနိုင်ကြောင်း မီဒီယာများတွင် ဖော်ပြကြသည်။ ၄င်း ရောဂါပိုးသည် စွမ်းအား အထက်ဆုံး ဖြစ်သည့် Carbapenem အပါအဝင် ပဋိဇီဝဆေးများ အားလုံးကို ခုခံနိုင်စွမ်းရှိကြောင်းသိရသည်။ NDM-1 ရောဂါပိုးကြောင့် ပထမဆုံး သေဆုံးသူမှာ ဘယ်လ်ဂျီယမ် နိုင်ငံသား တစ်ဦး ဖြစ်သည်။ ထို့ပြင် အိန္ဒိယ သို့မဟုတ် ပါကစ္စတန် နိုင်ငံတို့မှ ပြန်လာသော အင်္ဂလန်နိုင်ငံသား ၃၇ ယောက်တို့တွင်လည်း ထိုရောဂါပိုးကို တွေ့ရှိရသည်။ အိန္ဒိယတွင် ဆေးဝါးကုသမှု သွားရောက်ခံယူ ခဲ့ကြသော သြစတြေးလျ နိုင်ငံသား ၃ ဦးတွင်လည်း အဆိုပါ ရောဂါ ကူးစက် ခံရကြောင်း တွေ့ရှိရသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

0 ကွန်မန့်ရေးရန်:

Post a Comment