Saturday, May 5, 2012

ထူးဆန်းဖွယ်ရာ ကမ္ဘာ့ဈေးအကြီးဆုံး လက်ကိုင်ဖုန်း..........!

ယခင်နှစ်များက ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းဖြစ်သည့် ဒေါ်လာ ၂.၅ သန်းတန် iPhone ကို ဝယ်ယူခဲ့သူသည် ယခုအခါ နောက်ဆုံးပေါ် နည်းပညာတို့နှင့် အဆင့် မြှင့်တင်သင့်ပြီ ဖြစ်သည်။ အသစ်ထွက် ပေါ်လာသော iPhone 4S Elite Gold သည် ဒေါ်လာ ၉.၄ သန်း တန်ကြေးရှိပြီး လက်ရှိအချိန်တွင် ကမ္ဘာ့ ဈေးအကြီးဆုံး ဖုန်း ဖြစ်လာခဲ့သည်။

တန်းဖိုးကြီး ပစ္စည်းများ ပြုလုပ်လေ့ရှိသော ယူကေအခြေစိုက် ဒီဇိုင်းပညာရှင် Stuart Hughes က အဆိုပါ ဖုန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုဖုန်းတွင် အရည်အသွေးပြည့် စိန်ပွင့်ပေါင်း ၅၀၀ပါဝင်ပြီး
နောက်ကျော်ဘက် Apple အမှတ်တံဆိပ်တွင် စိန် ၅၃ ပွင့်
၂၄ ကာရက် ရှိသော ရွှေသားအတိ နောက်ဘက် အဖုံး
၈.၆ ကာရက်ရှိသော စိန်ပွင့်ကို အသုံးပြုထားသည့် ရွှေခလုတ်
အပါအဝင် လဲလှယ် တပ်ဆင်နိုင်ရန်အတွက် ၇.၄ ကာရက်ရှိသော ပန်းရောင်စိန်ခလုတ် တစ်ခုကိုပါ အပိုထည့်ပေးထားသည်။

ထိုမျှတန်ဖိုးကြီးသော ပစ္စည်းများပါဝင်သည့် iPhone 4S Elite Gold အားထည့်ရန်အတွက် ပလက်တီနမ် အတိပြီးသော ဘူးပေါ်တွင် အခြား အဖိုးတန် ကျောက်မျက်များ စီချယ်ထားသော သေတ္တာကိုလည်း Stuart Hughes မှပြုလုပ်ပေးထားသည်။ Stuart Hughes မှ အဆိုပါ တန်ကြေး ဒေါ်လာ ၉.၄ သန်းရှိသော iPhone 4S Elite Gold အား အလုံးရေ (၂)လုံးသာ ပြုလုပ်မည်ဟု သိရသည်။
မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည် တင်ပြသည်)

0 ကွန်မန့်ရေးရန်:

Post a Comment