Saturday, May 5, 2012

လောကနီတိ-၁၂

လောကနီတိ-၁၂
Posted by poemflower

မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။
သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။
လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။
အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။
The over-sexed has no honour.
The over-carnivorous has no pity.
The over-imbibed has no truthful world.
The over-avariced has no shame.
The over-lazy has no education
ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
အလောင်းအစား ကစားများခြင်း ။
မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။
- တို့ပေတည်း။
The causes of ruin are-
Over-intoxication.
Over- indulgence in untimely visits.
Over-enjoyment of entertaining pleasure.
Over-gambling.
Over-association with the bad.
Over-procrastination and laziness.

0 ကွန်မန့်ရေးရန်:

Post a Comment