Saturday, May 5, 2012

IT ခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ

  •                     IT ခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ

  • ပိုနေမြဲ ကျားနေမြဲ။
  • GATE WAY များပြင်ပြီးသွားသောအခါ နဂိုမူလအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။
  • ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်
    Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။
  • ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း
    Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။
  • ဂါထာပေး တေးဖြစ်
    မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။
  • ငါးစိမ်းမြင် ငါးကင်ပစ်
    ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။
  • စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်
    ဆေးရိုးသည် = Access Denied Page
  • ဆင့်ပါးစပ် နှမ်းပက်
    ဆင့်ပါးစပ် = Internet Users
    နှမ်း = Internet Bandwidth
  • ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး
    မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... Cheesy
  • တစ်ခါသေဖူး ပျဉ်ဖိုးနားလည်
    ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်
  • တစ်ရွာ တစ်ကျီဆောက်သည်
    ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်
  • ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်
    ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။
  • ဒူးလောက်တင်မှ ရင်လောက်ကျသည်
    Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။
  • နဂိုရှိမှ နကိုင်းထွက်သည်
    Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။
  • ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)
    မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။
  • ပျက်အစဉ် ပြင်ခဏ
    MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)
  • ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်
    ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...
  • ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ
    ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။
  • ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း
    ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။
  • မမှားသောရှေ့နေ၊ မသေသောဆေးသမား
    မကျဖူးသော ကွန်နက်ရှင်လိုင်း....
  • မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်
    နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။
  • ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ
    Mac Book Air, Pro, iPad 2, iPhone 5
  • လင်းတလောက်တော့ ငှက်တိုင်းလှသည်
    လင်းတ = မြန်မာပြည် ကွန်နက်ရှင်
  • လယ်ထွန်သွား နွားမေ့
    အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။
  • လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)
    ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)
  • ဝက်ဖြစ်မှ မစင်မကြောက်နှင့်
    အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။
  • ခါင်ထက် ညဥ့်တို
    သန်းခေါင်ထက် ညဥ့်တိုးမနက်
    Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။
  • သေချင်တဲ့ကျား၊ တောပြောင်း
    မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။
  • အုတ်ရောရော ကျောက်ရောရော
    Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။
  • အရေးကြီးတော့ သွေးနီးရာ
    အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။
  • အငိုလွယ်လျက် အရှိုက်ခက်သည်
    Download လွယ်သလောက် Upload ခက်သည်။
  • အရူးမီးဝိုင်းသလို
    တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။
  • အကြံတူရန်သူ
    အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။
  • အနာပေါ်တုတ်ကျသည်
    ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.D
  • By;https://www.facebook.com/profile.php?id=1491004113

0 ကွန်မန့်ရေးရန်:

Post a Comment