Saturday, May 5, 2012

ဓမ္မကထိကများ နယ်လှည့် တရားဟောရာတွင် လိုက်နာ ရန် စည်းကမ်းချက် များထုတ်

ဓမ္မကထိကများ နယ်လှည့် တရားဟောရာတွင် လိုက်နာ ရန် စည်းကမ်းချက် များထုတ်

By 7Day News
နယ်လှည့်တရားဟောကြားသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များ အနေဖြင့် ဓမ္မာစရိယအောင်မြင် ထားရန်နှင့် ထေရဝါဒ ပိဋကတ် တော်နှင့် ဆန့် ကျင်သော နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေး စသည့် တို့နှင့် စပ်လျဉ်းသည့် လောကီလူ မူရေး ကိစ္စများကို ထည့်သွင်းဟော ကြားမှုမပြုရန် နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့မှ စည်းကမ်း ချက်များ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ ဆဋ္ဌမအကြမ်နိုင်ငံတော် သဃ မဟာနာယကအဖွဲ့ ၄၇ပါး စုံညီ ပန္နရသမအစည်းအဝေး ဆုံးဖြတ် ချက်အရ အချက်ကိုးချက်ပါ နယ် လှည့် ဓမ္မကထိက ဂုဏ်အင်္ဂါအရည် အချင်း များကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ မထိ ပါး မပုတ်ခတ်ဘဲ ဟောကြားခြင်း ၊ သင်္ဂါယနာ ခြောက်တန်တင် ထေရ ဝါဒပဋိ ကတ်တော်လာ တရားတော် များကိုသာ ဟောကြားခြင်း၊ အ နည်းဆုံး သိက္ခာဝါ ၁၀၀ါ ရှိ၍ ကိုယ် ကျင့်သီလနှင့် ပြည့်စုံသည့် သီလ ဝန္တပုဂ္ဂိုလ်ဖြစ်ခြင်း စသည့် ဂုဏ်အင်္ဂါအရည်အချင်း များနှင့်ကိုက်ညီရန် ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
"နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ မဟောရဘူးလို့ ပြော ထားတယ။် ဓမ္မာ စရီယ အောင်ထားရမယ်"ဟု ဓမ္မစရိယ အောင်ြမင် ထားသော ရဟန်းပျို တစ်ပါးက မိန့်ကြားသည်။ တရားဟော ဓမ္မကထိက ပုဂ္ဂိုလ်သည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ကျမ်း များကို ဆက်စပ် ကြည့်ရှူနိုင်မှသာလျှင် သင်္ဂါယနာခြောက် တန်တင် ပိဋကတ်တော်နှင့် လျော်ညီစွာ တရားဟောနိုင်မည်ဖြစ်၍ အရည်အချင်းကို (ဓမ္မာစရိယ)တန်းအောင်ဖြစ်သင့်သည်ဟု ထည့် သွင်းဖော်ပြခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများ ကို မကြည့်ရှုနိုင်သူများမှာမူ ထေရဝါဒပိဋကတ်တော်နှင့် မညီညွတ် ဆန့်ကျင်သည့် အချက်များကို ဟောကြား မိပါက တရားနာပရိသတ် များ အမြင်မှား၊ အယူမှား ဖြစ်သွားနိုင်သောကြောင့် ပရိယတ္တိစာပေ မကျွမ်းကျင်သူများကို တရားဟောခွင့် တားမြစ် ပိတ်ပင် ရခြင်းဖြစ် ကြောင်း နယ်လှည့် ဓမ္မကထိက ဂုဏ် အရည်အချင်း သတ်မှတ်ချက် တွင် ဖော်ပြထားသည်။
မြို့နယ် သံဃနာယက အဖွဲ့များအနေဖြင့် တရားပွဲများ ခွင့်ပြု ရာတွင် စီစစ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ညွှန်ကြားချက် များ ပေးပို့ အကြောင်း ကြားထားကြောင်း သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment