This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, April 26, 2013

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

Friday, April 26, 2013

တကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။

ဆေးလ...ိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။

ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။

သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

AIDS ရောဂါ တိုက်ဖျက်ရေး ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်စေရန်

==============================================

ကွန်ဒုံးများသည် သန္ဓေတား ဆီးရန်နှင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်သော ရောဂါ များကို ကာကွယ် တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှု ရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ
အသုံးပြုတတ်ရန် လိုအပ်ကြောင်း ပညာရှင်များက သတိပေး လိုက်သည်။ ကင်းဆေးတက္ကသိုလ် ကွန်ဒုံး အသုံးပြုမှု သုတေသန အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဆောင်းပါး ၅၀ ကျော်အပြင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့ အပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လေ့လာချက် များကို လေ့လာ ခဲ့ကြသည်။

သူတို့သည် ကွန်ဒုံး အထုပ်ကို ဖောက်ရာတွင် ချွန်ထက်သော ပစ္စည်းများကို အသုံးပြုခြင်း၊ ကွန်ဒုံးကို အလွန် နောက်ကျမှ ချွတ်ခြင်း၊ ကွန်ဒုံးကို အလွန်စောစွာ ချွတ်ခြင်းနှင့် ရေကို အခြေခံသော ချောဆီများ အသုံးပြုရန် ပျက်ကွက်ခြင်းတို့ အပါအ၀င် မှားလေ့ မှားထရှိသည့် အမှားများစွာကို တွေ့ရှိ ခဲ့ကြသည်။ ယခု လေ့လာချက်များတွင် တစ်လင် တစ်မယား စနစ် ကျင့်သုံးသည့် လက်ထပ် ထားသည့် စုံတွဲ များမှသည် ပြည့်တန်ဆာများ အထိ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ လေ့လာချက်အရ ကွန်ဒုံးများကို လိင်ဆက်ဆံ နေစဉ် တစ်လျှောက်လုံး အသုံးပြုလေ့ မရှိကြောင်း၊ ၁၇ မှ ၅၁ ဒသမ ၁ ရာခိုင်နှုန်းသည် လိင်ဆက် ဆံမှုစတင်ပြီး နောက်မှသာ ကွန်ဒုံး စွပ်လေ့ ရှိပြီး ၁၃ ဒသမ ၆ မှ ၄၄ ဒသမ ၇ ရာခိုင် နှုန်းသည် လိင်ဆက်ဆံခြင်း ပြီးမြောက်မှု မရှိမီ ကွန်ဒုံးကို စောစောစီးစီး ချွတ်ပစ်လေ့ ရှိကြောင်း တွေ့ရှိရသည်။ အမျိုးသားများ အနေဖြင့် ကွန်ဒုံးကို အသုံးပြုရာ၌ ကွန်ဒုံးအတွင်း၌ သုက်ရည်အတွက် နေရာလပ်ချန် ပေးမထားကြောင်း၊ ကွန်ဒုံးကို တပ်ဆင်ခြင်းမရှိမီ မမှန်မကန် အလိပ်ဖြေလေ့ ရှိကြောင်း၊ ကွန်ဒုံး တစ်ခုလုံး၌ မည်သည့် ပြဿနာ ရှိကြောင်း စစ်ဆေးခြင်းမရှိဘဲ ကွန်ဒုံးကို ကောက်စွပ် လိုက်ကြောင်း တွေ့ရှိ ရသည်ဟု ဆိုသည်။ ၅၀ရာခိုင်နှုန်းသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကွန်ဒုံးကို စွပ်ပြီးနောက် လေထုတ် ပစ်လေ့ မရှိကြောင်း တွေ့ရှိရသည်။ လိင်ဆက်ဆံစဉ် ကွန်ဒုံး ပေါက်ပြဲခြင်းနှင့် ယိုစိမ့်မှု ဖြစ်ပွားခြင်းတို့မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိကြောင်း တွေ့ရသည်။

ပညာရှင်တို့က ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်မှု တိုးတက်လာ ခင်းအားဖြင့် ရောဂါ ကူးစက်မှုပေါင်း သန်းနှင့်ချီလျက်ကို ရှောင်ရှား နိုင်လိမ့်မည် ဖြစ်ကြောင်း သတိ ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဖွဲ့စည်းပုံပြင်မည်ဟု ဦးအောင်မင်း ပြော

Hits:1,555
သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတ အဖြစ် ပါဝင်အရွေးခံနိုင် ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ကြိုးပမ်းနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း က ပြောဆိုသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာနိုင်ငံသားများနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံစဉ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ် သက်ပြီး မေးမြန်းကြရာ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ မဖြစ်ရေးသည် ပြည်သူများ အပေါ် မူတည်သည်ဟု ဦးအောင်မင်းက ပြောဆိုသွားကြောင်း လွတ်လပ်သည့် အာရှအသံ (RFA) မြန်မာပိုင်းတွင် ထုတ်လွှင့်သွားသည်။
NLD ပါတီ၏ နာယက ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ပါဝင် အရွေးခံနိုင်ရန် အချက်တချို့ကို ပြင်ဆင်ပေးနိုင် ဖွယ် ရှိကြောင်း၊ ပြင်ဆင်သော်လည်း စစ်တပ်၏အခန်းကဏ္ဍသည် နိုင်ငံရေးမှပျောက်သွားမည် မဟုတ်ကြောင်း၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)အနေဖြင့်လည်း ၎င်းတို့၏ အာဏာခိုင်မြဲရေး ကြိုးပမ်းမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြော သည်။
“ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ်အရွေးခံ မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်မှရမယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရင်တောင် ဒေါ်စု က သမ္မတဖြစ်လာနိုင်ခြေ အင်မတန် နည်းပါးတယ်၊ အင်မတန် ခက်မယ်၊ သမ္မတ မဖြစ်အောင်လည်း တခြားအုပ်စုက ကြိုး ပမ်းကြမှာသေ ချာတယ်၊ လွှတ်တော် ၂ ရပ်လုံးက ထောက်ခံမှုများမှ သမ္မတ ဖြစ်မယ်၊ ဒု သမ္မတတော့ ဖြစ်ရင် ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃ ၌ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်မည့် ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦး သည် ပြည်ပနိုင်ငံ အစိုးရ၏ ကျေးဇူး သစ္စာစောင့်သိသူ၊ အခွင့်အရေးများနှင့် ကျေးဇူးခံစားသူများ မဖြစ်စေရဟု ဖော်ပြထားသည်။
အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ ဦးဌေးဦး ကမူ ၎င်းတို့ပါတီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မည့်သည့် အစီအစဉ်မှ မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ဘာမှ မစဉ်းစားသေးပါဘူး၊ ပြင်ချင်တိုင်းလည်း ပြင်လို့မရပါဘူး၊ ပြင်မယ် ဆိုရင်လည်း အားလုံးကို ကြိုတင် အသိပေးမှာပါ”ဟု ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဦး ဌေးဦး က ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ဗဟိုအလုပ် အမှုဆောင်တဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒု သမ္မတ တဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုတင်သွင်းခြင်း အချက်ကို ပယ်ဖျက် လိုကြောင်း မီဒီယာများကို ပြောဆိုသည်ဟု ပြည်တွင်းထုတ် Messenger News Journal တွင် ရေးသားသည်။
ဦးအောင်သိန်းလင်းက “ကာကွယ်ရေးဦးစီးချုပ်က အဆိုတင်သွင်းတဲ့သူသာ သမ္မတ ဖြစ်သွားမယ်ဆိုရင် သမ္မတကို တပ်မတော်က ရွေးတဲ့သဘောမျိုး ဖြစ်သွားမယ်။ ဒါကြောင့် အဲဒီ အချက်ကို ပြင်ဆင်ချင်တယ်”ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ဒု သမ္မတ ၃ ဦးရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်မှ ၁ ဦး၊ အမျိုးသားလွှတ်တော်မှ ၁ ဦးစီနှင့် တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုသူ ၁ ဦးဖြစ်ပြီး ထို ၃ ဦးမှ ၁ ဦးကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ရခြင်း ဖြစ်သည်။
ဦးအောင်သိန်းလင်း၏ ပြောဆိုမှုသည် ပါတီနှင့်မသက်ဆိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍လည်း ပါတီ အနေဖြင့် မည်သည့် အစည်းအဝေးမှ မလုပ်ဆောင်ရသေးကြောင်း ဦးဌေးဦးက ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်မည် ဆိုပါကလည်း လူပုဂ္ဂိုလ်၊ ပါတီတခု၏ လုပ်ဆောင် ပြောဆိုခြင်းမျိုး မဟုတ်ဘဲ ကော်မတီ၊ ကော်မရှင် များ၏ စဉ်းစားသုံးသပ်မှုသည် ကောင်းမွန်မည်ဟု ယူဆ၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သုံးသပ်မည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်း
၏ရန် ပြည် ထောင်စု လွှတ်တော် က သဘောတူ အတည်ပြုပေးခဲ့ကြောင်းလည်း ၎င်းက ရှင်းပြသည်။
ဦးဌေးဦးက“ဖွဲ့စည်းပုံကို ဘယ်ပါတီ၊ ဘယ်အဖွဲ့ကပဲ ပြင်ပြင်၊ ပြင်ချင်တယ်ဆိုရင် ကော်မတီ၊ ကော်မတီရှင်က စဉ်းစားတာဟာ အ ကောင်းဆုံးပါ”ဟု ဆိုသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းရေး”အဆို တခုကို  ကြံ့ခိုင်ရေးပါတီ ၏ ဒု ဥက္ကဋ္ဌ နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအေးမြင့် က မတ်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းရာ ကြံ့ခိုင်ရေးပါတီ ၏ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် က ထောက်ခံ ဆွေးနွေးခဲ့သည်။
ထိုအဆိုကို ပြည်ထောင်စုလွှတ်တော် ကလည်း သဘောတူ အတည်ပြုပေးခဲ့သည်။ အဆိုပါ ကော်မတီ၊ ကော်မရှင်များကို ဇူလိုင်လ တွင် ပြန်စမည့် လွှတ်တော် အစည်းအဝေးများ၌ ဖွဲ့စည်းမည်ဟု ကိုယ်စားလှယ်များက ပြောသည်။
ယင်းသို့ ဖွဲ့စည်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို လက်ဦးမှု ရယူလိုက်ပြီး ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောဆိုကြသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တိုင်းရင်းသား ပါတီ တချို့နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တို့က ကြိုးပမ်းဆောင်ရွက် နေ ချိန်တွင် “ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းရေး” အဆိုတင်ခြင်းသည် ကန့်သတ်လိုသည့် သဘော ဟုတ် မဟုတ် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က လည်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ၌ ဒီမိုကရေစီ မကျသည့် အချက်များနှင့် တိုင်းရင်းသား အရေးနှင့်ပတ်သက်သော စာပိုဒ်တချို့ ပြင်ဆင်နိုင်ရန် ကြိုး ပမ်းနေ ကြောင်း၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများအတွက် စေတနာ အပြည့်အ၀ဖြင့် အားလုံးက ၀ိုင်းဝန်း ပြင်ဆင်သင့်ကြောင်း၊ ကြံ့ ခိုင်ရေး အနေဖြင့်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာမည့်အဖွဲ့ ဖွဲ့စည်းရေး အဆိုကို ကြိုဆိုကြောင်းလည်း ၎င်းက ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ် ကိုယ်စားလှယ် များ၏ ထောက်ခံမှု ရရှိရေးအပေါ် မူတည်ကြောင်း၊ လွှတ်တော်၌ စစ်တပ်က ပါဝင်နေသည့် အတွက် နိုင်ငံရေး နောက်ပြန်လှည့်နိုင် ခြေ နည်းပါးကြောင်း ဧရာဝတီ ကို ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အချက် တခုခုကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ ထောက် ခံ မှုဖြင့် အဆို တင်သွင်းရမည် ဖြစ်ကြောင်း၊ အခန်း တခုခု၏ ပြဌာန်းချက်ကို ပြင်ဆင်လိုပါကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီမှုရှိရမည် ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲကျင်းပ၍ ယင်းဆန္ဒမဲ အရသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ၂၀၀၈ အခြေခံ ဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသည်။
လွှတ်တော်ထဲ၌ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေပြီး အရပ်ဘက် ကိုယ်စားလှယ် အများစုမှာလည်း ကြံ့ခိုင်ရေးပါတီ ၏ ကိုယ်စားလှယ်များ ဖြစ်သည်။

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

သြော် .. ငါချမ်းသာတဲ့ အတွင်းပစ္စည်းတွေ ထုတ်ပြောမိရင်တော့ ... Victoria's Secret တွေပဲ ဖြစ်နေမှာ .. ပြန်ပေးဆွဲတဲ့သူကို ပေးဝတ်အုံးမှာ ... :D
ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက် ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်းဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။
--
Ref: telegraph
ရိုးရာလေး နိုင်ငံတကာ

--
www.yoyarlay.com/international-news/asia/35248-tharpar-and-dead-history

Re-Post By ACM 24-4-2013
အေးချမ်းမွန် Credit & Copy From > YoYarLay<<Thank

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း

Ko Sein Than shared ကို စိန်သန်း's photo.
၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း
( Myanmar Mobile Application Store မှ ကူးယူဖေါ်ပြပါသည် )

၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်းကို Myanmar Mobile App Store မှ users များအတွက်တင်ဆက်ပေးလိုက်ပါတယ်။

Internet Setting ထည့်နည်း

၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ

၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။

၃ – Mobile networks ထဲကိုဝင်ပါ

၎ – Access Point Names ကိုဝင်ပါ

၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ

Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )

APN – #777

Proxy – ဘာမှမထည့်ပါ

Port – ဘာမှမထည့်ပါ

username – mectel@c800.mm

Password – 0000

Server – ဘာမှမထည့်ပါ

MMSC – ဘာမှမထည့်ပါ

MMS Proxy – ဘာမှမထည့်ပါ

MMS Port -ဘာမှမထည့်ပါ

MMC – 414 လို့ပေါ်နေရပါမယ်

MNC – 01 လို့ပေါ်နေရပါမယ်

Authentication Type – PAP or CHAP

APN type – * ( * ဒါလေးပဲရေးလိုက်ပါ )

APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ

ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။ 

ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

    ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။

    ၁ – setting ကိုဝင်

    ၂ – Wireless & Networks ထဲကိုဝင်

    ၃ – Mobile Network ထဲကိုဝင်

    ၄ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ

    ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်

    အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။ 

http://www.myanmarmobileapp.com/

အသစ်အဆန်း ကိုင်ချင်သူများအတွက် ဈေးသက်သာ Guophone N7100

Samsung Galaxy Note 2 နဲ့တောင် သူသယောင် ရှိတဲ့ အသွင်အပြင် မို့ Note 2 လို့တော့ မထင်လိုက်ပါနဲ့။ Samsung Product လည်း မဟုတ်ပါဘူး။

အွန်လိုင်းမှာ အရောင်းသွက်နေတဲ့ စမတ်ဖုန်း တစ်မျိုး ဖြစ် ပါတယ်။ ဈေးသက်သာ ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၃ လက်မ၊ Android 4.0 OS သုံး စမတ်ဖုန်း ဖြစ်ပြီး RAM 512 ပဲ ရှိပါတယ်။ Internal Memory ကတော့ 2GB ပါ။ SD ကဒ်က 32 GB လည်း ထည့်နိုင်ပါသေးတယ်။

ကင်မရာ ကတော့ သိပ်အကောင်းကြီး ဖြစ်တဲ့ ဖုန်း မဟုတ်ပါဘူး။ ရှေ့ နဲ့ နောက် နှစ်ခုလုံးပါပေမယ့် နှစ်ခုလုံးရဲ့  ကင်မရာက 2 MP အတူတူတွေချည်း ဖြစ်ပါတယ်။ ဒီတစ်ခုက သူ့ရဲ့  ထူးခြားချက်ပါ။ ဖန်သားပြင်က VWGA Screen ဆိုတော့ AMOLED တို့လောက် မကောင်းတာတော့ သေချာပါတယ်။

အနှစ်ချုပ်ကြည့်လိုက်ရင် သူ့ Specification တွေက အမြင့်ဖုန်းတွေကိုလည်း သိပ်မမှီ၊ အနိမ့်ဖုန်းတွေထက်လည်း သာနေပါတယ်။ ဒီတော့ ဈေးကိုကြည့်ရအောင် ..

အမေရိကန်ဒေါ်လာ ၁၁၅.၄၃ ဒေါ်လာပဲ ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် တစ်သိန်း ဝန်းကျင်ပါပဲ။ တကယ်ရောက်ရင်တောင် ၁ သိန်း ၂ သောင်းထက် မပိုနိုင်ပါဘူး။ ဒါဆိုရင် သူ့ဟာနဲ့သူလေးတော့ တန်တဲ့ ဖုန်းတစ်လုံး ဖြစ်နေပါပြီ။ အာမခံချက် ၁ နှစ်ပေးထားပါတယ်။ ဖုန်းနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.ahappydeal.com/product-125107.html?lkid=8175&utm_source=facebook&utm_medium=facebook_Tec&utm_campaign=wangjun&buffer_share=5cb4c

-
ရိုးရာလေး နည်းပညာ

သိန်း (၅၀)အောက် နဲ့ ရောင်းမဲ့ တာတာ(နာနို) ကားတွေ မြန်မာပြည် ရောက်နေ

KyawMin Aung shared Thuyaaung Thuyaaung Thuyaaung's photo.
သိန်း (၅၀)အောက် နဲ့ ရောင်းမဲ့ တာတာ(နာနို) ကားတွေ မြန်မာပြည် ရောက်နေ

Ta Ta ( Nano ) တွေ ရောက်နေပါကြောင်း မနေ့က သီလ၀ါမှာတွေ့ ခဲ့ပါတယ် အင်ဂျင်ပါဝါ 624 Cc ပါ ကား ပုံစံကတော့ တော်တော်လေးသေးပါတယ် ..2013 Model တွေ ပါ Brand New တွေ ...မေးကြည့်တော့ 24 စီးတဲ့ .25။04။2013 သိန်း50 အောက်နဲ့ ရောင်းမယ်လို့ အသံတွေ ကြားနေပါတယ် အသေးစိတ်သိချင်ရင် ဒီမှာလေ့လာပါ http://www.tatamotors.com/vehicles-and-services/nano/nano.php smile ကားရောင်းသည်။

Myanma Light

ဦးရွှေမောင်နှင့် ဘင်္ဂါလီ လွှတ်တော်အမတ် နှစ်ဦးကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး

ဘူးသီးတောင် မဲဆန္ဒနယ်က လွှတ်တော် အမတ်ဖြစ်လာသည့် ဦးရွှေမောင် အပါအ၀င် ဘင်္ဂါလီ လွှတ်တော် အမတ်ကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြောကြားသည်။
နိုင်ငံသားလည်း မဟုတ် တိုင်းရင်းသားလည်း မဟုတ်ပဲ လွှတ်တော် ထဲရောက်ရှိသော ဦးရွှေမောင် အပါ အ၀င် လွှတ်တော်အမတ် သုံးဦး ကို ပြည်ထောင်စု ရွေးကောင်ပွဲကော်မရှင်နှင့်လွှတ်တော်က စစ်ဆေးပြီး ပြည် သူ လူထု ကျေနပ်အောင် ရှင်းပြရန် အစီစဉ် ရှိမရှိ ရခိုင်တိုင်း ရင်းသား စာရေးဆရာ ဦးခိုင်အောင်ေ ကျာ်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါ ၀န်ကြီးနှင့် တွေ့ဆုံစဉ် မေးမြန်း လိုက် သည့် အပေါ် ဦးခင်ရီက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။
”မှန်ခြင်း - မမှန်ခြင်း အလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက်က ယောင်ဝါး ၀ါးနဲ့  လုပ်လို့ မရပါဘူး၊ သေသေချာချာ အထောက်အထားနဲ့  စစ်ဆေးလျှက်ရှိပါတယ်” ဟု ဦးခင်ရီက ရှင်းပြ သည်။ 
၎င်းတို့ကို စစ်ဆေးပေးရန် သင်္ကြန် မတိုင်မီက တိုင်စာ ရရှိခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား ============================

ဆော်ဒီအာရေဗျ အစိုးရဟာ ဒူဘိုင်းနိုင်ငံသား ဖက်ရှင်ဓာတ်ပုံဆရာ၊ ရုပ်ရှင် သရုပ်ဆောင်နဲ့ ကဗျာဆရာတစ်ဦးဖြစ်သူ Omar Borkan Al Gala ကို အရမ်းကိုချောမောလွန်းနေတဲ့အတွက် သူတို့နိုင်ငံကနေနှင် ထုတ်လိုက်တယ် လို့သိရပါတယ် ...

ဘာကြောင့်လဲဆိုတော့ ဆော်ဒီ အမျိုးသမီးတွေအနေနဲ့ အဆိုပါအမျိုးသားကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့တိုင်းပြည်ကချမှတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်မှာစိုးလို့ဖြစ်တယ်လို့ ဘာသာရေးဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတွေက ပြောပါတယ် ...

ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးတွေဟာ ကိုယ့်ဆွေမျိုးသားချင်းမဟုတ်တဲ့ သူစိမ်းအမျိုးသားတွေနဲ့ စကားပြောဆိုဆက်ဆံခြင်းမျိုးကို တင်းကြပ်စွာ တားမြစ်ထားပါတယ် ...

အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ရင် ကြိမ်ဒဏ်ကနေ သေဒဏ်အထိ အပြစ်ပေးခံရမယ်လို့လည်း ဥပဒေထုတ်ပြန် ထားပါတယ် ...

Andreas Sole Thu Ra

See more here: http://blog.asiantown.net/-/17945/Ladies__for_your_treat__the_man_who_is_deported_from_Saudi_Arabia_for_being_too_HANDSOME
ကုလားတွေများ ကြံဖန်ပြီးတော့ကို သူတစ်ပါးကို မနာလိုဖြစ်နေတာ  :P

ရုပ်ချောလို့ ပြည်နှင်ဒဏ်ခံရတဲ့ ဒူဘိုင်းနိုင်ငံသား
============================