This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 6, 2012

စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ


♠ P.s _ _ _အဆုံးထိဖတ်ဖြစ်အောင်ဖတ်ပေးကြပါ။ သီတဂူဆရာတော်ကြီးရဲ့ အလွန်ဖတ်သင့်သော Note လေးပါ ......။ ♠
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

" အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ ...
အတွင်းကမ္ဘာ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အရင်လုပ် .....
..........................................................................................
( သီတဂူဆရာတော်ကြီး )


မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် ကက်ရှ်မီးယားရဲ့ အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။



Buddhist Centre ဆိုပြီးတော့ ဗုဒ္ဓဘာသာအဖွဲ့ ရဲ့ ဌာနချုပ်မြို့ လယ်ခေါင်မှာဖွင့်ထားတယ်။ တစ်မြို့ လုံး ပိုစတာ ထောင်ပြီးတော့ ကြော်ငြာလိုက်တော့ ဗုဒ္ဓဘာသာဝင်ရော ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေရော အားလုံးလာပြီးတော့ နားထောင်ကြတယ်။ Tourist တွေကလည်း အရမ်းပေါတယ်။ သူတို့ လည်း လာနားထောင်ကြတယ်။ ခေါင်းစဉ်က ဘုန်းကြီးပေးတဲ့ ခေါင်းစဉ်မဟုတ်ဘူး။ သူတို့ ပေးတဲ့ခေါင်းစဉ်။ Buddhist and World Peace ဗုဒ္ဓဘာသာတရားတော်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ်ကို ဟောရမှာ။



ကမ္ဘာ ဆိုတာဘာလဲ .......

စင်ပေါ်ရောက်တော့ ဘုန်းကြီးက ဘာဟောသလဲဆိုရင် The World ကမ္ဘာဆိုတာ ဘာခေါ်တာလဲ။ ဘုန်းကြီးက အဲဒီကစတာ။ ရေ မြေ ၊ တော တောင် ၊ နေ လ ၊ နက္ခတ် တာရာ ၊ ပင်လယ် သမုဒ္ဒရာ ၊ အင်္ဂလိပ် အမေရိကန် ဂျပန် ကိုရီးယား မြန်မာ ဒါတွေ အကုန်လုံးကို မင်းတို့ က ကမ္ဘာလို့ ခေါ်ချင်သလား။ မင်းတို့ ခေါ်ချင်လည်း ခေါ်ရပါတယ်။


တို့ ဗုဒ္ဓကတော့ ခြေဖျားမှ ဆံပင်ဖျားတိုင်အောင် တစ်လံမျှရှိတဲ့ ခန္ဓာကိုယ်ကို “တစ်ကမ္ဘာ” လို့ သတ်မှတ်တယ်။ အဲဒီတော့ ကမ္ဘာက လူ့ အပြင်ဘက်မှာရှိတဲ့ အပြင်ကမ္ဘာ နှင့် လူသား တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ အတွင်းကမ္ဘာဆိုပြီး ၂ မျိုးရှိတယ်။


ဘုန်းကြီးက သူတို့ ကို “အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါအုံး။ အတွင်းကမ္ဘာလို့ ခေါ်တဲ့ Individual World တစ်ယောက်ဆီ တစ်ယောက်ဆီ နှင့်ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို ပဲ မင်းတို့ လုပ်ကြပါကွာ ” လို့ ဘုန်းကြီးကပြောလိုက်တယ်။


အာရှ အာဖရိက ဥရောပ အမေရိက ငြိမ်းချမ်းရေးတွေကို မင်းတို့ ခဏထား ၊ မင်းတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ ငြိမ်းချမ်းရေး Individual Peace ကိုမှ မတည်ဆောက်နိုင်ရင် ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးမျိုးကိုလည်း ငါတော့ မယုံဘူး။


ကမ္ဘာစစ်၏ အစ .......

ဒီတော့ “ကမ္ဘာစစ်ဆိုတာ ဘယ်ကစသလဲ” ဆိုရင် အင်္ဂလိပ်က စတယ်။ အမေရိကန်က စတယ်။ ဟစ်တလာက စတယ်။ ကွန်မြူနစ်က စတယ်။ ဆိုရှယ်လစ်က စတယ် ဆိုတာတွေပြောမနေပါနဲ့ ။ ဒါတွေတစ်ခုမှ မဟုတ်ဘူး။


စစ်ကို ဘယ်ကစသလဲ ဆိုရင် စိတ်က စတယ်။ လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ကနေပြီးတော့ စတာ။ အဲဒါကြောင့် ကမ္ဘာ့ ငြိမ်းချမ်းရေးကို မလုပ်သေးခင် ဘာအရင်လုပ်မလဲ ၊ တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရမယ်။


“တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို အရင်လုပ်ရခြင်းသည် ဗုဒ္ဓ၀ါဒပဲ။ ဒါနဲ့ ပတ်သတ်လို့ မင်းတို့ စောဒက တက်စရာရှိရင် တက်ကြ။ မေးစရာရှိရင် မေးကြ ” ပြောပြီး ကြားထဲမှာ ခဏလောက် တရားရပ်ထားတယ်။ ဘယ်သူမှ ဘာမှမမေးကြဘူး။ ငြိမ်နေကြတယ်။


“မင်းတို့ အဲဒီလောက် ငြိမ်ငြိမ်နေရင် ငြိမ်းချမ်းရေးရပြီ ” လို့ ပြောတော့ သူတို့ အားလုံး ရယ်ကြတယ်။ ကမ္ဘာစစ်ဆိုတဲ့ စကားလုံးဟာ ပြောနေကြအတိုင်းသာ ပြောတာ။ တစ်ကယ်တော့ ကမ္ဘာက မစဘူး။ စိတ်က စပါတယ်။ ကမ္ဘာစစ်ကို စိတ်ကစရင် ကမ္ဘာ့ ငြိမ်းချမ်းရေးကိုလည်း ဒီစိတ်ကပင် စတင်တည်ဆောက်ရမှာဖြစ်ပါတယ်။


ဒါကြောင့် စိတ်ရဲ့ ငြိမ်းချမ်းရေးကို အမေရိကန်ထောင်သား နှစ်ယောက် နှင့် နေရူးတို့ က ဗုဒ္ဓရုပ်ပုံတော်တို့ က ကြည့်ကြည့်ပြီးတော့ သူတို့ ရဲ့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို ယူသွားကြတယ်။ ရလည်း ရသွားကြတယ်။


အမေရိကန်လူကြီးက ဓမ္မပဒစာအုပ်ကို မရရအောင် ရှာဖတ်ပြီးတော့ ထောင်ထဲမှာ အဲဒီဓမ္မပဒတရားကို တခြားထောင်သားတွေကို ဟောပြတယ်။ ဟောရင်း ဟောရင်း နဲ့ သူထောင်ကလွတ်တော့ ခရစ်ယာန်ဘုန်းကြီးဖြစ်တာပဲ။ ခရစ်ယာန်ဘုန်းကြီး ဘာနှင့်ဖြစ်သလဲဆိုရင် ဓမ္မပဒနဲ့ ဖြစ်တာ။


ဒီအကျဉ်းထောင်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျုးလည်း ရှိမှာပဲ။


ခရစ်ယာန်တွေရဲ့ ကိုးကွယ်ရာက God ၊ ဂျူးတို့ ရဲ့ ကိုးကွယ်ရာက ယေဟိုးဝါး ၊ အစ္စလာမ်တို့ ရဲ့ ကိုးကွယ်ရာက အလ္လာအရှင်မြတ် ၊ ဒါတွေက ကိုးကွယ်စရာတွေ။ ဒီကိုးကွယ်စရာ အမျိုးမျိုးကို ဘယ်လိုပင် ကိုးကွယ် ကိုးကွယ် ကိစ္စမရှိပါဘူး။ God ကို ရှိခိုးရင်လည်း ရှိခိုးပေါ့။ အလ္လာကိုလည်း ဦးတိုက်ချင် ဦးတိုက်ပေါ့။ အရေးမကြီးပါဘူး။


အရေးကြီးဆုံး အလုပ်နှစ်ခု ......

ကိုးကွယ်စရာက ပဓာန မဟုတ်ဘူး။ စိတ်ကို ပြင်ဖို့ က ပဓာန။ ကိုးကွယ်စရာပေါင်းများစွာကို အကုန်လုံး သိမ်းကျူံးကိုးကွယ်နေစေကာမူ စိတ်ကို မပြင်နိုင်သေးသမျှ အဲဒီပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ ငြိမ်းချမ်းရေး မရနိုင်ဘူး။ စိတ်ဓာတ်ငြိမ်းချမ်းရေး Mental Peace ( တစ်နည်းပြောရရင် ) စိတ်ဓာတ်ယဉ်ကျေးမှု Mental Culture။


ဒီတော့ စိတ်ဓာတ်ငြိမ်းချမ်းရေးကို နောက်မှလုပ်ပါ။ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်ကစလုပ်ရမလဲ။ စိတ်ဓာတ်ယဉ်ကျေးမှုနှင့် စတင်၍ တည်ဆောက်ရမယ်။ ဒီနှစ်ခုဟာ လူသားအားလုံးမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ် ၊ ကိုးကွယ် ဒီနှစ်ချက်ကို အဓိက ထားပြီးတော့ အားလုံးလုပ်ကြရမယ်။


စိတ်ဓာတ် ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှု ဒီနှစ်ခု ပဓာန ထားပြီးတော့ အားလုံးလုပ်ကြရမယ်။ ဒီတော့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးမှုနှစ်ခုကို အပြည့်အ၀ရအောင် လုပ်နိုင်တယ်ဆိုရင် စိတ်ထဲမှာ အားလုံးပြည့်စုံသွားလိမ့်မည်။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။


အနောက်ဘက်က တိုင်းပြည်တွေကို ကြည့်လိုက်ရင် ရုပ်ပိုင်းဆိုင်ရာ ၀ထ္ထုတွေ အားလုံးပြည့်စုံတယ်။ ဒါပေမယ့် စိတ်ထဲမှာ အမြဲတမ်းလိုနေတယ်။ သူတို့ ကို မေးကြည့်လိုက်ရင် ပြည့်စုံတယ်လို့ ဘယ်သောအခါမှ မပြောကြဘူး။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်တွေကတော့ ရုပ်ပိုင်းဆိုင်ရာမှာ လိုနေတာမှန်တယ်။ သို့ သော် စိတ်ပိုင်းဆိုင်ရာ ပြည့်စုံတဲ့ အခြေခံအားလုံး အလုံအလောက်ရှိတယ်။


အာရှမှာ အကုန်လုံးပြည့်စုံတယ်......

သိသာအောင်ပြောရမယ်ဆိုရင် Jesus Christ ဘယ်မှာမွေးလဲ။ အာရှမှာ မွေးတယ်။ သိဒ္ဓတ္ထဂေါတမ ဘယ်မှာမွေးလဲ။ အာရှမှာမွေးတယ်။ ဟိန္ဒူဘာသာကို တည်ထောင်ကြတဲ့ Brahim တွေလည်း အာရှမှာပဲ မွေးကြတယ်။ အစ္စလာမ်ဘာသာကို တည်ထောင်တဲ့ မိုဟာမက်လည်း အာရှမှာပဲမွေးတယ်။


ဒါကြောင့် စိတ်ဓာတ်ကို ဖြည့်စွက်ဖို့ ရန် Mental Fulfilment အတွက် Mental Culture , Mental Happiness နည်းစနစ်တွေ အာရှမှာ အကုန်လုံး အပြည့်အစုံရှိတယ်။ ဟို အနောက်ဘက် တိုင်းပြည်တွေမှာတော့ မရှိဘူး။ ဒါကြောင့် ဥရောပ အမေရိက စတဲ့ အနောက်တိုင်းကလူတွေ အာရှဘက်ကိုပဲ ရှိခိုးနေရတယ်။


ဗုဒ္ဓကို ရှိခိုးချင်တယ်ဆိုရင် အနောက်ကလူတွေ အရှေ့ကို လှမ်းရှိခိုးရတယ်။ Jesus Christ ကို ရှိခိုးချင်တယ်ဆိုရင်လည်း အရှေ့ကိုပဲ လှမ်းရှိခိုးရတယ်။ ဘုန်းကြီးတို့ အရှေ့ဘက်တိုင်းပြည်က ဟိုအနောက်ဘက်က တိုင်းပြည်တွေထက် Civilize ယဉ်ကျေးမှုပိုဖြစ်တယ်။


ဒါကို အရှေ့တိုင်းသားတွေက အားရဂုဏ်ယူဝင့်ကြွားပြီးတော့ ကိုယ့်ဆီမှာရှိနေတဲ့ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတို့ နှင့် ပတ်သတ်တဲ့ နည်းစနစ်တွေကို အပြည့်အ၀ အသုံးမချနိုင်ဘူးရင် အာရှတိုင်းသားတွေ အကြီးအကျယ် နစ်နာမယ်။


ဗုဒ္ဓတရား နှင့် ဆရာလုပ်နေတယ် .....

ဟိုဘက်က လူတွေက ဗုဒ္ဓတရားတော်တွေကို ခရစ်ယာန် Chruch ကျောင်းမှာ သုံးသွားတယ်။ ဗုဒ္ဓတရား နှင့် ဆရာလုပ်နေကြတယ်။ ဒါဝန်တိုစရာမဟုတ်ဘူး။ သိပ်ဝမ်းသာစရာ ကောင်းတယ်။


လူသားတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်ယဉ်ကျေးမှု နှင့် စိတ်ဓာတ်ငြိမ်းချမ်းရေးကို ဗုဒ္ဓတရားတော်ထဲက နေပြီးတော့ ယူသုံးနေကြတာဟာ ဓမ္မရဲ့ တန်ဖိုးကို နားလည်ကြဖို့ ပဲ။


ခရစ်ယာန်ဘုန်းကြီးက “ဗုဒ္ဓတရားဟာ Common Religion လူသားအားလုံး ကိုးကွယ်ဖို့ ဘာသာတရားဖြစ်ပါတယ်” လို့ ပြောတယ်။ အလွန်မှတ်သားထိုက်တဲ့ စကား။ လေးစားမြတ်နိုးစရာကောင်းတဲ့ စကားပဲ။ "



သီတဂူ ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ
ဓမ္မရိပ်မဂ္ဂဇင်း
အတွဲ ( ၁ ) ၊ အမှတ် ( ၃ ) ၊ မတ်လ ၊ ၂၀၀၆



မှတ်ချက်။

ဇွန်ပွင့်စာပေ မှ ၂၀၁၁ အောက်တိုဘာလတွင် ပထမအကြိမ်ထုတ်ဝေသော “လူငယ်နှင့် ဓမ္မတန်ဖိုး” စာအုပ် မှ ကူးယူဖော်ပြပါသည်ခင်ဗျာ။

(၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း


ကိုအောင်နိုင်ဦးပြောပြသော ငရဲပြည်အတွေ့အကြုံ

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-ash4/305072_358568637553783_1231525046_n.jpg မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။

ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့ ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။ နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊ လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။ ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။ ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။ ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။ ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။ ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။ ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။ ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

http://mhuthaw.blogspot.com/2012/02/blog-post_05.html

မိမိတို့အနီးရှိ နီးစပ်ရာဗလီများဧ။် အခြေအနေကိုစောင့်ကြည့်ထားဖို့လိုပြီ


https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-snc6/285522_2456895319233_811552592_n.jpgအထူးအရေးပေါ်သတင်း-

ရန်ကုန်မြို့ဧ။်အထင်ကရနေရာဖြစ်သော အောင်ဆန်းကွင်းအနီးရှိ တခြမ်းပဲ့ဗလီ၊ မြေနီကုန်းဒဂုံစင်တာရှေ့ရှိမြေနီကုန်းဗလီ၊ တာမွေဗလီ.....အစရှိသည့်ထိုဗလီကြီး(၃)ခုသို့ တနေ့ည ၁၂း၃၀နာရီအချိန်တွင် ကွန်တိန်နာကားကြီး၁စီးစီမှ ဘောက်စ်များဖြင့်
အ၀တ်မည်းများပတ်လျက် ဘောက်စ်ကြီး ချသွားသည်ကိုသိရှိရပါသည်။ အဆိုပါဘောက်စ်များအတွင်း
တွင် ဘာပါလဲတော့သေချာမသိသေးပါ။ သို့သော်အဆိုပါ ကွန်တိန်နာများမှာ မြ၀တီနယ်စပ်မှဝင်ရောက်ခြင်းဖြစ်သည်ဟုသိရပါသည်။ပတ်ဝန်းကျင်မှလူများဧ။်ပြောစကားအရတော့ လက်နက်ဘောက်စ်များ ဖြစ်နိုင်ရှိကြောင်းသိရပါသည်။ ထို့အတူမြန်မာမူဆလင်စည်းလုံးညီညွှတ်ရေးအဖွဲ့မှလည်း ရန်ကုန်မြို့တွင်းသွေးချောင်းစီးစေရမည်ဟု နိုင်ငံခြားသတင်းဌာနတခုနှင့် အင်တာဗျူးတွင်ပြောကြားထားသည်ကို သိရှိခဲ့ရပါသည်။

(ထို့ကြောင့်ထိုသတင်းများမှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ၊ မိမိတို့အနီးရှိ နီးစပ်ရာဗလီများဧ။် အခြေအနေကိုစောင့်ကြည့်ထားဖို့လိုပြီဖြစ်ပါသည်။၊
Mg Mg Zaw Latt

သယ်လာတာလက်နက်မဟုတ်ရင်တောင်ဒါပထမဟန်ပြအနေနဲ့ပစ္စည်းတစ်ခုခုသယ်ယူပြလိမ့်မယ်နောက်တစ်ခေါက်ဆိုရင်လက်နက်တွေပါလာလိမ့်မယ်သတိထားကြပါ

Blog ပိုင်ရှုင်များအတွက် Website Scanner များ။

ကျွန်တော်အခုရေးမည့် Post ကတော့ Blog လုပ်တဲသူငယ်ချင်းတွေအတွက် ကိုယ် Blog
Virus နဲကင်းရန်အတွက် Website တွေကို Computer တွေလို Scan ပေးတဲ့ Online
Website Scanner ကိုတင်ပေးလို်က်ပါတယ် အရမ်းကောင်းပါ ကိုယ် Blog တွေ Website
တွေကို Scan ပေးလိုက်ပါ။


http://sucuri.net/

သမ္မတကို တရားစွဲ မယ့် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးရဲ ထွန်း


ပြည်ထောင်စုလွှတ်တော်ရဲ့ခုံရုံးအပေါ်စွပ်စွဲချက် သမ္မတဆောင်ရွက်မပေးရင် သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေရှိလာနိုင်ဟုဆို လွှတ်တော်နှစ်ရပ်က အခြေခံဥပဒေ ခုံရုံးအပေါ် စွပ်စွဲပြစ်တင်တာတွေကို ပြည်ထောင်စုလွှတ်တော်နာယက ကနေတစ်ဆင့် သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတက ဆောင်ရွက် မပေးရင် သမ္မတ ကိုပါ စွပ်စွဲပြစ်တင်တာတွေရှိ လာနိုင်တယ် လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကပြောပါတယ် ပြည်ထောင်စုလွှတ်တော်နာယက ကနေ သမ္မတဆီပို့ရမယ် သမ္မတက ခုံရုံးကိုစာထုတ်ရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုသေလေးစားလိုက်နာ တဲ့သမ္မတ ဖြစ် ရင် ဒါလုပ်ကိုလုပ်သင့်တယ် မလုပ်ဘူးဆိုရင် ကျွန်တော်တို့ကနေ သမ္မတသည် ပေးအပ်ထား တဲ့တာဝန်ကို ကျေပွန်စွာမထမ်းဆောင်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပါတယ်လို့ သမ္မတကို စွပ်စွဲတဲ့ process သွားမယ်လို့ ဦးရဲထွန်းက သြဂုတ်လ ၃၀ ရက်နေ့က မန္တလေးမြို့ ခံ မီဒီယာတွေ နဲ့ တွေ့ဆုံစဉ်ပြောကြားသွားပါတယ် သမ္မတကို စွပ်စွဲပြစ်တင်တဲ့ အခြေအနေ မျိုး ရောက်လာ လိမ့်မယ်လို့မျော်လင့်မထားပေမယ့် အကယ်၍ ရောက်လာပါက ရှုပ်ထွေးမှုတွေဖြစ်လာပြီး တပ်မတော် က ယာယီထိန်းသိမ်းတာမျိုး တွေလည်းရှိလာနိုင်တယ်လို့ထင်မြင်သူတွေလည်းရှိတယ်။ ဦးရဲထွန်းက တပ်မတော်က အာဏာယာယီသိမ်းတာ မျိုးတွေ(တွေးမယ်ဆိုရင်) တွေးနိုင်ပါတယ် စိုးရိမ်ပါ တယ် ဖြစ်လာ နိုင်ပါတယ် ထိုင်းမှာ ခဏခဏဖြစ်တယ် လို့သူ့ရဲ့အမြင်ကိုပြောပါတယ် ။ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်တွေမှာရေးရားကော်မတီ ကော်မရှင်နဲ့ အဖွဲ့တွေ ကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအနေနဲ့ ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီညွှတ်ခြင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အဲသည်ဆုံးဖြတ်ချက်ကို ခုံရုံးက မှားယွင်းဆောင်ရွက်ခဲ့တယ်လို့ကြေငြာချက်ထုတ်ပြန်ပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ အဆိုတင်သွင်း ခဲ့ပါတယ်။အဲသည် အဆိုကို ပြည်ထောင်စု လွှတ်တော်မှာဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၄၄၇ မဲနဲ့အဆိုအတည်ဖြစ်ခဲ့ပါတယ်။ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒ်ါအောင်ဆန်း စုကြည် က အဲသည်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးနဲ့ပက်သက်ပြီး သဘောထားကြီးကြီး အမြော် အမြင်ရှိရှိနဲ့ဖြေရှင်းဖို့မေတ္တာရပ်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေအပေါ် အရေးယူဆောင်ရွက် နိုင်ဖို့အတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ ကို လွှတ်တော်ကိုယ်စားလှယ် ၁၅ဦးနဲ့ဖွဲ့စည်း ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း က စေ့စပ်ညှို နှိုင်းပြီး သွားသင့်တယ် ဘာပဲဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ချို့ယွင်းချက် အားနည်းချက် တွေရှိကောင်းရှိမယ် ပြင်ဖို့လိုတယ်လို့ပြောပါတယ် ပြည်ထောင်စုအဆင့် သတ်မှတ်ချက်အတွက် ပြည်သူ့လွှတ်တော်ဥပဒေနဲ့ အမျိုးသားလွှတ်တော်ဥပဒေ ရဲ့ ၂(ဇ) ကိုပြင်ဆင်ဖို့ လမ်းကြောင်းကိုပဲ သွားစေပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လမ်းကြောင်းကိုပဲ သွားဖို့ တင်ပြထားတယ်လို့ သူက ဆက်ပြောပါတယ် ။ ပြည်သူတွေအနေနဲ့ ယခုလို လွှတ်တော်အသီးသီး နဲ့ အခြေခံဥပဒေ ခုံရုံးကြားဖြစ်ပွားနေတဲ့ ပြဿနာကို လေ့လာ စောင့်ကြည့်နေကြပါတယ် ၊။ သမ္မတ က ဘယ်လို ဆုံးဖြတ်မ လဲ သမ္မတ ကိုကော လွှတ်တော်က စွပ်စွဲပြစ်တင်မှာလား လွှတ်တော်ကော်မ တီတွေ ကော်မရှင်တွေ ပြည်ထောင်စုအဆင့် အခြေခံဥပဒေနဲ့အညီ သတ်မှတ်ခံရမှာလား ဆိုတာတွေကို စိတ်ဝင်တစား ရှိနေကြပါတယ်။
စန်းယု

အဝေးပြေးလမ်းပေါ်တွင် အရှိန်မြင့်ကားများကို ရေဒါဖြင့် ဖမ်းတော့မည်


အဝေးပြေး လမ်းတွေပေါ်မှာ ယာဉ်သတ် မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်တွေကို လက်ဆုပ် လက်ကိုင် ဖမ်းဆီး အရေးယူဖို့ အတွက် ရေဒါစနစ်ကို အသုံးပြုတော့ မယ်လို့ အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။
နေပြည်တော် ၁၉၅ မိုင်စခန်းမှာ ရှင်းလင်းပွဲမှာ ရဲမှူးကြီးက ပြောဆိုလိုက်တာ ဖြစ်ပြီး အဲဒီ REDFLEX Traffic System လို့ခေါ်တဲ့ အရှိန်ထိန်းတိုင်းကိရိယာဟာ သတ်မှတ်ရှိန်ထက် ပိုမောင်းတဲ့ယာဉ်တွေကို တိုင်းတာမှတ်သားနိုင်ပြီး အရေးယူနိုင်မယ်လို့ ရှင်းပြပါတယ်။
ဒီကိရိယာဟာ ၆ လမ်းသွား အသုံးပြုလမ်းတွေအထိ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို ဓာတ်ပုံ၊ သတ်မှတ်မိုင်နှုန်း၊ ကားအမြန်နှုန်း၊ သတ်မှတ်လမ်းပိုင်း၊ ရက်စွဲ၊ အချိန်၊ ရှေးရှုရာအရပ်နဲ့ တည်နေရာတွေကို မှတ်တမ်းတင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက တိကျမှုပိုင်းဆိုင်ရာ  အာမခံချက်ရထားတဲ့ ဒီကိရိယာဟာ နေရာရွှေ့ပြောင်းရ လွယ်ကူပြီး ကားငယ်လေးတွေပေါ်မှာ တင်ဆောင် အလုပ် လုပ်နိုင်ပါတယ်။  တစုံကို အမေရိကန်ဒေါ်လာ ၇ သောင်း ကျသင့်တဲ့ ဒီကိရိယာကို  မြန်မာနိုင်ငံက ၂ လုံး ၀ယ်ယူထားပြီး မကြာခင် သုံးတော့မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
အရှိန်နှုန်းဖမ်းတွေ သုံးရတာဟာ အဝေးပြေးလမ်းတွေပေါ် ယာဉ်ထိခိုက်မှုတွေ အနက် သတ်မှတ်မိုင်နှုန်းထက် အရှိန်ပိုမောင်းလို့ဖြစ်ရတဲ့ ယာဉ်ထိခိုက်မှုတွေက ပိုများလို့ ဖြစ်တယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကိုရှင်းပြပါတယ်။
ဒီနှစ် ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ယာဉ်တိမ်းမှောက်မှု ၄၅ ခုဖြစ်ပွားပြီး ၁၇ ဦးသေဆုံး၊ ၄၇ ဦးဒဏ်ရာရတဲ့အနက်မှာ တ၀က်ကျော်က မိုင်နှုန်း ပိုမြင့်တဲ့အတွက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီကိရိယာ အလုပ်လုပ်ပုံအဆင့်ဆင့်ကို နိုင်ငံခြားသားပညာရှင်တဦးက ရန်ကုန် – မန္တလေး အဝေးပြေးလမ်းမပေါ် စမ်းသပ်ပြရာမှာ ဓာတ်ပုံရော၊ မိုင်နှုန်းနဲ့ တည်နေရာပါ ရိုက်ကူးမှတ်တမ်းတင်ပြီး ကွန်ပြူတာဒိုင်ခွက်မှာ ပြသတယ်လို့ ဆိုပါတယ်။
ကင်မရာကလည်း 12.0M pixel အရည်အသွေးရှိပြီး ကင်မရာ အမြန်နှုန်းမြင့်လို့ ၁ နာရီကို 400 KM/H နဲ့ မောင်းရင်တောင် ဓာတ်ပုံ ၂ ခါ ရိုက်နိုင်တဲ့အထိ အရည်အသွေးရှိတယ်လို့ ဆိုပါတယ်။
ယာဉ်ငယ်တစီးပေါ် တင်ဆောင်သယ်ယူဖို့ လွယ်ကူတာကြောင့် အမြန်လမ်းမ တကြော ရွှေ့ပြောင်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အရင်က မြန်မာပြည်မှာ သုံးတဲ့ လေဆာ စနစ်က အမှားအယွင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ 
by ​အေး​နိုင် (ဒီဗွီဘီ)
သစ်ထူးလွင်

""ခြင်ဆေးခွေ မီးမှ ပရိဘောဂ စက်ရုံ မီးလောင် ""



စက်တင်ဘာလ ၅ ရက်မန္တလေးမြို့တော်
ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊
 ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင်

 စက်တင်ဘာ ၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က အိပ်ရာပေါ်
 ခြင်ဆေးခွေ ထွန်းညှိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန
ထံမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းချိန်၌ ဖြစ်ပေါ်သော အဆိုပါမီးလောင်မှုကြောင့် ပေ (၄၀'/၆၀')
အကျယ် ထရံကာ သွပ်မိုး(၃)ထပ် အိမ်(၁)လုံး၊ ပေ(၂၅'/၅၀')အကျယ် ထရံကာသွပ်မိုး



၂ ထပ်အိမ် ၁လုံး၊ ပေ (၂၅'/၅၀')အကျယ် တစ်ထပ်အိမ် ၁လုံး၊ ပေ(၃၀'/၅၀')အကျယ်
နံကပ်သွပ်မိုး အိမ်(၁)လုံး၊
စုစုပေါင်း အိမ် (၄)လုံး မီးလောင်ခဲ့ပြီး အဆောက်အဦး ဆုံးရှုံးငွေကျပ်(၇၃၄၀၀၀၀)သိန်း ကုန်ကျခဲ့ကြောင်း၊ ငွေကျပ် ငါးသောင်းတန်ဖိုးရှိ သစ်ဖြတ်စ (၁၀)တန်နှင့် ဝါပိဿာချိန်
 (၂၀၀)အတွက် တန်ဖိုးငွေကျပ် နှစ်သောင်း ဆုံးရှုံးခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးမှ
သိရှိရသည်။



မီးလောင်မှုဖြစ်ပွားသည့် မြစ်ဝါပရိဘောဂစက်ရုံပိုင်ရှင် ဦးအောင်နိုင် နှင့် ညစောင့်
 ဦးစိုးနိုင် (၁၉)နှစ် အဘ ဦးလှမင်း တို့အား မန္တလေးမြို့  ပြည်ကြီးတံခွန် အမှတ်
(၁၁) အဆင့်မြင့်ရဲစခန်းမှ ပ-၅၂၃/၂၀၁၂ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေး
ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ရွှေမြန်မာ

တိုးတက်လာတဲ့ မြန်မာ့လေကြောင်းလိုင်း



အစိုးရပိုင်မြန်မာ့လေကြောင်းလိုင်းမှာ တိုးတက်မှုတခု ပေါ်ပေါက်လာပါပြီ။

မြန်မာ့လေကြောင်းလိုင်း လေယာဉ်လက်မှတ်ကို အွန်လိုင်းက
ဝယ်ယူနိုင်တော့မယ် လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

''ရှေ့လထဲက စပြီး မြန်မာ့လေကြောင်းလိုင်း လေယာဉ်လက်မှတ်တွေကို အွန်လိုင်းကနေ E-ticketing system နဲ့ ဝယ်ယူဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ထားပါတယ်။ နောက်ပိုင်းဆို ပုဂ္ဂလိကဘဏ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်'' လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်မှတ် ဝယ်ယူချင်သူများအနေနဲ့ မြန်မာ့ စီးပွားရေး ဘဏ်မှာ Oline E-Money (OEM) အကောင့်တစ်ခု ဖွင့်ပြီး ငွေသွင်းထားရမယ်၊ www.myanmarairways.aero မှာ နှစ်ပတ်ကြိုဝယ်ယူနိုင်ပါတယ် လို့ မြန်မာ့လေကြောင်းက တာဝန်ရှိသူက ပြောပါတယ်။

မြန်မာ့လေကြောင်းက ပျံသန်းပြေးဆွဲနေတဲ့ ခရီးစဉ်တွေကို နိုင်ငံခြားသား ဧည့်သည်တွေ စီးတာ နည်းပါးကြပြီး ပြည်တွင်းက ခရီးသွားဧည့်သည်တွေသာ အဓိကထား စီးနင်းကြကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းတစ်ခုက ပြောပါတယ်။

မြန်မာ့ လေကြောင်း လေယာဉ်လက်မှတ် ဝယ်ယူဖို့အတွက် နံနက်စောစောကတည်းက တန်းစီ စောင့်ဆိုင်းရတာကြောင့် အခက်အခဲများရှိကြောင်းနဲ့ အခုလို အွန်လိုင်းကနေ ဝယ်ယူနိုင်မယ်ဆိုရင်တော့ အချိန်ကုန် သက်သာသွားမှာဖြစ်တယ် လို့ အဆိုပါ ခရီးသွား လုပ်ငန်းက ပြောပါတယ်။

မြန်မာ့လေကြောင်းလိုင်းက ပြေးဆွဲနေတဲ့ လေယာဉ်တွေက သက်တမ်း ကြာမြင့်နေတာကြောင့် နိုင်ငံခြားသား ဧည့်သည်များက ယုံကြည်မှု မရှိဘဲ ပြည်တွင်း ခရီးစဉ်များကို သွားရောက်ရာမှာ ပုဂ္ဂလိက လေကြောင်းလိုင်းများနဲ့သာ အများဆုံးသွားရောက်ကြတယ်လို့ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။

ပြည်ပခရီးသည်တွေ ၀ယ်ဖတ်တတ်ကြတဲ့ Lonely Planet ရဲ့ မြန်မာပြည်လမ်းညွှန် စာအုပ် မှာတော့ မြန်မာ့လေကြောင်းလိုင်းကို "စိတ်မချရဘူး" လို့ ရေးထားတာပါ။ အချိန်မမှန်ဘူး၊ VIP တွေကို နေရာဖယ်ပေးရတယ် စသဖြင့် မြန်မာ့လေကြောင်းလိုင်းကို ချီးကျူးထားတာကို တွေ့ရပါတယ်။

By Irrawaddy

ကျေးလက် လူထုအား နှိပ်စက်မှုကြောင့် အစိုးရတပ်အရာရှိနှင့် တပည့်တယောက်ပျောက်ဆုံးနေ



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်
အတွင်း ဒေသခံလူထုတချို့အား သျှမ်းပြည်
တပ်မတော်၏ အမာခံလူ ဟု ဆိုကာ လိုက်
လံဖမ်းဆီးနှိပ်စက်မှုကြောင့်တုန့်ပြန်သည့်


အနေဖြင့် မြန်မာစစ်အရာရှိတဦး နှင့် နောက်လိုက် တပည့် တဦးအား SSPP/SSA က ပြန်ပြေးဆွဲသွားကြောင်း ဒေသခံသတင်း ရပ်ကွက်ကပြောပါသည်။

မန်စံ မိန်းမု နဲ့ လားရှိုးမြို့ ကြားမှာ ပျောက်သွားတာ။ ဗိုလ်ကြီးသက်စိုး နဲ့
သူ့ တပည့်တယောက် ။  အခု ထက်ထိ ပြန်လွတ် လာပြီလို့ မကြားရသေးဘူး၊
ကျနော်တို့ ကြားရတာက လူထုကို ဒီအစိုးရတပ်က သျှမ်းတပ်ရဲ့အဆက်အသွယ်
 အမာခံလူဆိုပြီး ဖမ်းဆီးနှိပ်စက်တယ်။

အခုထိ ချုပ်နှောင်ထားတုန်းဘဲ၊ အဲဒီလူကို ပြန်လွှတ် ပေးဖို့ အဲဒီဗိုလ်ကြီးကို ပြန်ပြေးဆွဲ
သွားတာတဲ့” - ဟု အစိုးရစစ်တိုင်းရုံးနှင့် နီးစပ်သည့် ဘူတာရပ်ကွက်နေ
တပ်ထွက်တဦးကပြောပါသည်။

ဩဂတ်စ် ၃၁ မွန်းလွဲ ၁၄:ဝ၀ နာရီအချိန် ခမရ ၃၂၂ မှ ဗိုလ်ကြီးသက်စိုးနှင့်
 ゞင်း၏နောက်လိုက်တပည့်တဦး အား အရပ်ဝတ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊
 ပြန်လည်လွှတ်ပေးရန် လားရှိုးရှိ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ ကိုယ်စားလှယ်
ရုံးတာဝန်ခံအား ရမခ စစ်တိုင်းရုံးက အကြောင်းကြားထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ကျနော်တို့လူထုကို ဗမာတပ်က ပြန်လွှတ်ပေးပါ့မယ်လို့ ကတိပေးလာလို့
မနေ့ကဘဲ ကျနော်တို့ လွှတ်ဖို့ အမိန့်ပေး လိုက်ပြီ။ လူထုက ဓါးစာခံဖြစ်နေလို့လေ။
စားပွဲပေါ် ညှိနှိုင်းဖို့လဲ မရောက်သေးဘူး။

ကျနော်တို့ ကို အစိုးရတပ်က ထိုးစစ်ဆင်ပြီးနောက်ပိုင်း နေစရာမရှိလို့ ကျနော်တို့ လှုပ်ရှားဖူးတဲ့နေရာဟောင်းကို ကျနော်တို့ ပြန်လှုပ်ရှားတယ်။



                                                      မြန်မာအစိုးရစစ်သား

ကျနော်တို့ကို အဲဒီဒေသအတွင်း မလှုပ်ရှား စေချင်ရင် ကျနော်တို့နယ်မြေထဲလာရောက်
တပ်စွဲထားတဲ့ အစိုးရတပ်တွေ ပြန်ရုပ်ပေးရမှာပေါ့” - ဟု SSPP/SSA ထိပ်ပိုင်း အရာရှိ
တဦးကပြောပါသည်။

“ကျနော်တို့ လူထုက သေနတ်ပါလာတဲ့သူတိုင်းကို ကြောက်နေရတယ်။
ဗမာတပ်ဘဲမပြောနဲ့ မိမိလူမျိုးတခုတည်းဖြစ် တဲ့ သျှမ်း တပ်လာလဲကြောက်
ရတာဘဲ။ အခု လယ်မဆင်းရဲကြဘူး။ ခြံလဲ မဆင်းရဲဘူး။

 ရေရှည် ဘယ်လိုအသက်ရှင်ကြမလဲ” - ပိန်းလုံရွာ သားတဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အမာခံလူဟုဆိုကာ အစိုးရတပ် ဖမ်းဆီးထား
သူ နမ့်တောင်ကုန်း အုပ်စု ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသား
 စိုင်းထွေးညွှန့် ၊ ပိန်းလုံရွာသား စိုင်းလ နှင့် စိုင်းတိန်း  တို့လေးဦး
ကျန်ရှိနေသေးကြောင်း၊

 စိုင်းလ နှင့် စိုင်းတိန်းနှစ်ဦးလုံးအား ခြေထောက်ကျိုး၊ မျက်လုံးပြူးထွက်
သည်အထိ အစိုးရတပ်က ရိုက်နှက်ထားသောကြောင့် သေဆုံးပြီဟု
ယူဆနိုင်ကြောင်း မန်စံ ရပ်မိရပ်ဖ တဦးကပြောပါသည်။

သျှမ်းသံတော်ဆင့်

ရွှေမြန်မာ

စိတ်ရှုပ်လာလို့ ရီချင်ရင် ဒီ application ကို သုံးကြည့်လိုက်ပါ

Talking Tom 2.1.3

ဒီ android application လေးကတော့ ကလေးလည်းကြိုက် လူကြီးလည်းကြိုက်ပါ။ စိတ်ရှုပ်လာလို့ ရီချင်ရင် ဒီ application ကို သုံးကြည့်လိုက်ပါ။ ကိုပြောသမျှကို သူလိုက်ပြောပါလိမ့်မယ်။ ဘယ်လိုအသံထွက်လဲ ဘယ်လိုပြန်ပြောသလဲ စမ်းကြည့် လိုက်ပါ။ ကျွန်တော် ကွန်ပျူတာကြည့်လို့ နည်းနည်းခေါင်း မူးနောက်နောက် ဖြစ်လာရင် ဒီကောင်လေးနဲ့ စကားပြောကြည့်ပြီး နည်းနည်း ရီလိုက်ရင် ခေါင်းပေါ့သွားတာပါပဲ။ 

Minus | Mediafire | Filecloud

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင် ကျေးရွာက လယ်သမား ဦးမောင်ညိုက ပင်လယ်ကိုးသွယ် ကုမ္ပဏီကို တရား စွဲဆို



ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင် ကျေးရွာက လယ်သမား ဦးမောင်ညိုက ပင်လယ်ကိုးသွယ် ကုမ္ပဏီကို တရား စွဲဆိုလိုက်ပါတယ်။

ပင်လယ်ကိုးသွယ် စိုက်ပျိုးရေး ကုမ္ပဏီပိုင်ရှင် ဖြစ်တဲ့ ရန်ကုန်တိုင်း
လွှတ်တော်အမတ် ဦးအောင်သန်းဦးနဲ့ မန်နေဂျာ အပါအဝင် ဝန်ထမ်း ၅ ဦးကို လယ်ယာမြေတွေ ဝင်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် လယ်ယာမြေ ကျူးကျော်မှုနဲ့ ဒီကနေ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်ယာမြေ ၇ ဧကခွဲမှာ ၂၅ နှစ်ကြာ လုပ်ကိုင်
ခဲ့တဲ့ ဦးမောင်ညိုက ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၂ဝ အရ အကျိုးတူ အကြောင်းပြ လယ်မြေ လိမ်လည်ရယူမှု၊ ပုဒ်မ ၄၄၇အရ လယ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၆ အရ ပျိုးကြဲမျိုးစပါးနဲ့ စပါးပျိုးပင်ပေါက်တွေကို အကျိုးဖျက်ဆီးမှု အရ
တိုင်တန်းခဲ့တာပါ။

ဒီအမှုကို လူ့အခွင့်အရေး ဆောင်ရွက်လှုပ်ရှားတဲ့ ရှေ့နေ ကိုဖိုးဖြူက အကျိုးဆောင် အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင် ကျေးရွာမှာ ပင်လယ်ကိုးသွယ် စိုက်ပျိုးရေးကုမ္ပဏီက သိမ်းယူထားတဲ့ လယ်မြေဧက ၅ ရာရှိပြီး တခြား လယ်သိမ်းခံရတဲ့ လယ်သမားတွေ လည်း အများအပြား ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ပင်လယ်ကိုးသွယ် အပါအ၀င် စိုက်ပျိုးရေး အမည်ခံ စီးပွားရေးကုမ္ပဏီ ၁၂ ခုက မြေဧက ထောင်နဲ့ချီ သိမ်းယူခဲ့တဲ့အပေါ် လယ်သမားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

By RFA Burmese

အမှိုက်သိမ်းရမယ့်အချိန်ကျရင်၊စည်ပင်ကလာမသိမ်းဘူး၊အခွန်ကျရင်၊ တော့လစဉ်မပျက်ပေးဆောင်ရတယ်

City Municipal is doing mismanagement


: ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီမှအမှိုက်ထည်ရန်
ကျွတ်ကျွတ်အိတ်များကို၊ရောင်းချနေပါသည်၊ရန်ကုန်မြို.တော်ကို၊
အဆင်မြင့်မြို့တော်အဖြစ်၊ပြန်လည်ပြုပြင်နေသည်ဟု၊သက်ဆိုင်ရာ၊
တာဝန်ရှိသူများမှ၊ပြောဆိုချက်နဲ့၊အညီ၊ယခုအခါနေ့စဉ်စွန့်ပစ်သော၊
အမှိုက်များက၊ိုစနစ်တကျစွန့်ပစ်ကြရန်၊အမှိုက်ပစ်တဲ့၊စနစ်သစ်ကို၊
စတင်ကျင့်သုံးနေသည်ကို၊တွေ့မြင်ရပါသည်။ထိုသို့သောစနစ်မှာ၊
ကောင်းမွန်သောစနစ်၊ဖြစ်ပါသော်လည်း၊တချို.သောပြည်သူများအတွက်၊
အခက်အခဲများဖြစ်ရှိနေသည်၊ကိုတွေ့မြင်နေရပါသည်။
ထိုကြုံတွေ.နေရသော၊အခက်အခဲကို၊ယုဇနဥယဉ်မြို.တော့်၊အိမ်ရှင်မတစ်ဦးမှပြောပြသည်မှာ “ကျွှန်မတို့က၊နေစဉ်ပဲ၊အိမ်ကထွက်ရှိလာတဲ့၊အမှိုက်တွေကိုစနစ်တကျစွန့်၊ပစ်ရမယ်ဆိုတဲ့၊
စဉ်းကမ်းကိုသဘောကျပေမဲ့၊ရန်ကုန်မြို.တော်၊စည်ပင်သာယာရေးကော်မတီက၊သက်မှတ်ထားတဲ့၊
ကျွတ်ကျွတ်အိတ်နဲ့သာ၊
စွန့်ပစ်ရမည်ဆိုတော့၊ကျွှန်မတို့မှာ၊အခက်အခဲဖြစ်နေတယ်၊
ဘာကြောင့်လည်းဆိုတော့၊ကျွန်မဆိုရင်၊အထည်ချုပ်စက်ရုံမှာ၊အလုပ်လုပ်တဲ့သူပါ၊
တနေ့ကို(၈၀၀)ကျပ်သာရတယ်၊အခုအမှိုက်အိတ်က(၇)အိပ်ကို
(၁၀၀)ပေးရတယ်။(၁၀၀)ဆိုရင်ဆန်နို့ဆီဘူးတစ်ဘူးဝယ်လို့ရတယ်၊
ဆင်းရဲတဲ့မိသားစုမှာငွေ(၁၀၀)ကတန်ဘိုးရှိပါတယ်၊အမှန်တကယ်က၊
ကျွန်မတို.အမှိုက်ပစ်တဲ့အခါ၊အသုံးမပြုတောတဲ့၊အိတ်ဟောင်းများနဲ့၊
ပစ်ပါဆိုတာမျိုးဖြစ်သင့်တယ်လေ၊အဲဒီလိုမဟုတ်ရင်လည်း၊ကျွန်မတို့ပြည်သူတွေအနေနဲ့၊
သန့်ရှင်းရေးခွန်ဆိုပြီး၊လစဉ်အခွန်ဆောင်ထားတဲ့၊
အခွန်တွေနဲ့၊အမှိုက်ပစ်အိတ်တွေကို၊ပြည်သူတွေအတွက်၊အလကားပေး၊
သင့်တယ်၊အခုတော့မဖြစ်မနေအိတ်ရောင်းနေတာကိုတော့၊ကျွန်မတို့၊
သဘောမကျဘူး၊အခွန်ကျတော့၊ပုံမန်မပျက်မကွက်လာလာကောက်ပြီး၊
အမှိုက်သိမ်းရမယ့်အချိန်ကျရင်၊စည်ပင်ကလာမသိမ်းဘူး၊အခွန်ကျရင်၊
တော့လစဉ်မပျက်ပေးဆောင်ရတယ်။အဲဒါကြောင့်၊သက်ဆိုင်ရာက၊
တာဝန်ရှိသူတေ၊ွပြည်သူတွေဘက်က၊အခက်အခဲကို၊နားလည်ပေးစေချင်တယ်”ဟုပြောပြသွားပါသည်
၊အမှန်တကယ်တော၊့စည်ပင်သာယာရေး၊
ကော်မတီအနေနဲ့လစဉ်သန်.ရှင်းရေးခွန်အဖြစ်ကောက်ခံနေသော၊
အခွန်ငွေများထဲကနေ၊ကျခံသုံးစွဲရမှာဖြစ်သည်ကို၊အများပြည်သူများမှ၊
လိုလားနေကြခြင်းဖြစ်ပါကြောင်းသက်ဆိုင်ရာတာ
ဝန်ရှိသူများသိရှိစေရန်အတွက်ကျွန်တော်တို့မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်
ယက်မှရေးသားတင်ပြလိုက်ပါသည်။

 
မန်မာပြည်ဖွံ့ဖြိုးတို.တက်ရေးကွန်ယက်

SME အတွက် ဘဏ်ချေးငွေများ လုပ်ငန်းရှင်များတလွဲအသုံးချမှု များရှိနေ



မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင် များသည် SME လုပ်ငန်းများ အတွက် ထုတ်ချေး ထားသော ဘဏ်ချေးငွေ များအား လုပ်ငန်း လည်ပတ် မှုတွင် ထိရောက်စွာ အသုံးမချပဲ မိသားစုစား ၀တ်နေရေး တွင် အသုံးချမှု များရှိနေကြောင်း
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းဇော်က ထုတ်ဖော်ပြောကြား လိုက်သည်။

“တချို့အမှုတွဲတွေလာတာတွေ့နေရတာက လုပ်ငန်းအတွက်ထုတ်ယူ တဲ့ ချေးငွေတွေမှာ သားသမီး တွေကိုကျောင်း အပ်ပစ်တာ၊ သားသမီးတွေကို မင်္ဂလာဆောင်ပေး လိုက်တာမျိုးတွေရှိနေတယ်” ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိဘဏ်ချေးငွေမှာ တစ်နှစ်စာအတိုးနှုံး ၁၃ရာခိုင်နှုံးသတမှတ်ထားသော်လည်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ အတွက် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရး ဏ်မှ အတိုးနှုံး ၁၂ ရာခိုင်နှုံးဖြင့်ချေးငွေများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့စက်မှုလုပ်ငန်းများတိုးတက်လာစေရေးတွင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို ကနဦးပြုပြင်ပြောင်းလဲရေးများ အရှိန် အဟုန်မြှင့်ပေးနိုင်ရန်မှာ အရေးကြီးသကဲ့သို့ ဘဏ်ချေးငွေ ချထားပေး နိုင်ရေးမှာ အဓိကကျသည့်တွန်းအားဖြစ်သကဲ့သို့ လက်ရှိအနေအထားတွင်ဘဏ်ချေးငွေရရှိမှု မှာ အားနည်း နေသေးကြောင်း လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သုံးသပ်မှုများရှိနေသည် ကိုလည်းတွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ကမ္ဘောဇဘဏ်ဒုတယဥက္ကဌ ဦးသန်းလွင်က “ SMEs တွေအတွက် အာမခံကုမ္ပဏီတွေ အများကြီးက အာမခံပေးနိုင်ဖို့ လိုတယ်။အာမခံပေးသင့် မသင့်ကိုလည်းသေချာ စစ်ဆေးပေးနိုင်ရမယ်။ ဘဏ်တိုးနှုံး ၁၂ ရာခိုင်နှုံးဆိုတာတော်တော်လေး သက်သာတယ်ဆိုပေးမယ့် လက်ရှိအနေအထားမှာ များနေသေးတယ်ဆိုတာ လက်ခံပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာ ၅ ရာခိုင်နှုံး ၆ ရာခိုင်နှုံးပဲရှိတယ်။ စင်္ကာပုမှာဆို အများကြီးသက်သာတာ တွေ့ရပါတယ်” ဟု သုံးသပ်ပြသည်။

လက်ရှိတွင် SMEs လုပ်ငန်းများမှာ အတိုးနှုံးကြောင့် ဒဏ်ပိနေခြင်းများလည်းရှိနေကြောင်းနှင့် ပြန်လည် ထူထောင်နိုင်ရေး ဘဏ်တိုးနှုံးများကိုလည်း သက်သာသည့်နှုံးထားတစ်ခုသို့ ညှိနှိုင်းသွားရန်လို အပ် နေကြောင်း လည်း ယင်းကဆက်လက်သုံးသပ်သည်။

“ဘဏ်တိုးနှုံးတွေလည်း SMEs တွေပြန်လည်ထူထောင်ရေး ညှိနှိုင်းသင့်ပါတယ်။ဒါပေမဲ့ အပ်သူနဲ့ ချေးသူ ကြားနစ်နာမှုမ၇ှိအောင်လုပ်ရပါမယ်။ အတိုးနှုံးဟာ ဗဟိုဘဏ်ရဲ့အရေးကြီးတဲ့ ဖြေရှင်းစရာပါ” ဟု ဦးသန်းလွင်က မှတ်ချက်ပြုပြောကြားသည်။

SMEs လုပ်ငန်းများအား လိုအပ်သလို ဘဏ်ချေးငွေချထားပေးနိုင်မှု မရှိသေးကြောင်းနှင့် ဘဏ်များအနေဖြင့် လည်းချေးငွေများမဆုံးရှုံးရေးမှာ အရေးကြီးနေကြောင်း နှင့် ဘဏ်အပ်ငွေများအတွက် အပ်သူအကာ အကွယ် ပေးရေး မှာလည်း အရေးကြီးကြောင်း ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးသိန်းဇော်က သုံးသပ်ပြောကြား သည်။

မြန်မာနိုင်ငံရှိဘဏ်များမှ ၂၀၁၂ ဇွန်လကုန်အထိ SMEs များသို့ ထုတ်ချေးထားသည့် ချေးငွေပမာဏ မှာ ကျပ်သန်းပေါင်း ၃ ဒသမ ၇သန်းကျော်ရှိပြီးကုန်သွယ်မှု ၊ဆောက်လုပ်ရေး နှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် အများဆုံး ထုတ်ချေးထားကြောင်းသိရသည်။

၂၀၁၂ ဇွန်လအထိကောက်ယူထားသည့်စစိတမ်းများအရ မြန်မာနိုင်ငံတွင် အသေးစားစက်မှုလုပ်ငန်းပေါင်း ၃၁၁၃၇ ခုနှင့် အလတ်စား စက်မှုလုပ်ငန်းပေါင်း ၇၂၈၇ ခု ရှိရာ အသေးစားစက်မှု လုပ်ငန်းမှာ ၈၈ဒသမ၈၈ အထိ၇ှိနေ သည်။

တည်ကြည်အေး - Yangon Media Group

သစ်ထူးလွင်

သီပေါမြို့နယ်အတွင်းအစိုးရတပ်ချောင်းပစ်ခံရ အရာရှိ နှင့် ရွာသားတဦးသေဆုံး


သျှမ်းသံတော်ဆင့်

သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်ကြောင်းတခုအား လက်နက် ကိုင် တပ်ဖွဲ့တခုက ခြုံခိုတိုက်ခိုက်ရာ ထော်လာဂျီမောင်း သူ နှင့် အစိုးရတပ် အရာရှိတဦး သေဆုံးကြောင်း သီပေါမြို့ခံများက ပြောပြပါသည်။

“အစိုးရတပ်က ဘာတပ်ဆိုတာမသိဘူး။ လာတိုက်တာကလဲ သျှမ်းတပ်လို့ဘဲသိ တယ်။ အစိုးရတပ်က အရာရှိ တယောက်သေတယ်။ ထော် လာဂျီမောင်း လဲပွဲချင်း ပြီးဘဲ” - ဟု ဒေသခံ စိုင်းလုံ က ပြောပါသည်။

ဩဂတ်စ်လ ၃၀ ရက်က အင်အား ၂၀ ခန့်ရှိ အဆိုပါမြန်မာအစိုးရ၏ စစ်ကြောင်း(တပ်ရင်းအမည်စုံစမ်းဆဲ) က သီပေါ မြို့နယ် ဒေသခံများ၏ ထော်လာဂျီ ၂ စီးကိုချောဆွဲကာ သီပေါမြို့အနောက်ဘက် ၆ မိုင်အကွာရှိ ဝမ့်ပန်ကီ၊ ဝမ့်မူး လေးရွာသို့ ထွက်သွားရာ နေ့ခင်း ၁ နာ ရီအချိန် အ မည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲကြောင့် တပ်ရင်းမှူးတဦးနှင့် ထော်လာဂျီ မောင်း တဦး သေဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း ဆိုပါသည်။

“ ပန်ကီရွာအလွန်မှာ ပထမ တစီးက စက်ပျက်သွားလို့ စစ်သားတွေက ဆင်းပြီး တွန်း ပေးတယ်။ တပ်ရင်းမှူးပါတဲ့ နောက်ကတစီးက ပထ မ တစီးကိုကျော် တက်သွားလို့ သူ ထိသွားတာပေါ့။ တိုက်ပွဲက ၁၅ မိနစ်ဘဲကြာတယ်” ဟု ဘော်ကြိုဒေသခံတဦးက သျှမ်းသံတော် ဆင့် အား ပြောပြသည်။

သေဆုံးသည့်ထော်လာဂျီယာဉ်မောင်းမှာ ပန်ကီရွာသား စိုင်းကို (အသက် ၂၀ နှစ်) ဖြစ်ပြီး ကိုယ်ဝန်ဆောင် ဇနီး ကျန် ရစ်ခဲ့သည်ဟု ဒေ သခံ များ ကပြောသည်။

အတည်မပြုနိုင်သေးသည့်ဒေသခံများပြောပြချက်အရ မြန်မာစစ်တပ်ဘက်မှ စိုင်းကို၏ဇနီးအား လျော်ကြေး ၂၃ သိန်း ပေးမည်ဖြစ်ပြီး ကိုယ် ဝန်တွင်းရှိ ကလေး ကိုလည်း အသက် ၂၂ နှစ်ပြည့်သည်အထိ ပညာရေး ထောက်ပံ့ ပေးမည်ဟု ဆိုပါသည်။

အဆိုပါဒေသတွင် RCSS/SSA နှင့် SSPP/SSA သျှမ်းပြည်တပ်မတော် ၂ ဖွဲ့စလုံး လှုပ်ရှားမှုရှိသော်လည်း ၎င်းတို့ထံမှ အတည်ပြုချက် မ ရရှိ သေးပေ။

သျှမ်းပြည်တပ်မတော်တောင်ပိုင်းမှ အရာရှိတဦးကမူ - မန္တလေး-သီပေါ-လားရှိုးကားလမ်းမြောက်ဘက်ခြမ်း၌ မိမိတို့ သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ပူး ပေါင်း၍ စစ်ရေးလှုပ်ရှား ကြပြီး ၎င်းတို့အပြင် (တအာန်း) ပလောင် အမျိုးသား လွတ် မြောက်ရေး တပ်မတော် TNLA နှင့် ကချင်လွတ် လပ် ရေးတပ်မတော် KIA ဌာနပြည်သူ့စစ်တပ်ဖွဲ့ တို့လည်း လှုပ်ရှားပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့သည် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့နှင့် ပြည် ထောင် စုအဆင့်ဆွေးနွေးပြီးကြသည့်အဖွဲ့များဖြစ်သည့်တိုင် အကြိမ် ၃၀ စီထက်မနည်းမြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွါး နေသေး သည်။

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို



မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို
ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း မြောင်းမြမြို့၊ ရန်ကုန်တိုင်း တွံတေးမြို့တွေမှာ များမကြာခင်
က ဒေသခံ NLD ပါတီဝင်တွေ စုရုံးပြီး ပါတီရုံးချုပ်ရဲ့ ညီလာခံ ကျင်းပရေး
ကော်မရှင်အဖွဲ့ဝင် ရွေးချယ်မှု မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး
နောက်ထပ်လည်း မကွေးတိုင်းအတွင်း ဆန္ဒပြဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။

“ဒါကတော့ NLD ကို မလိုလားတဲ့သူတွေက လုပ်တာပဲ။ ဆန္ဒပြတာ ဘယ်လိုပုံစံမျိုးနဲ့ ပြပြ ကိုယ့်အထဲမှာ ညှိနှိုင်းရမှာကို မညှိနှိုင်းဘဲ လုပ်တဲ့အတွက် ဒါဟာ NLD ကို အားနည်းအောင်လုပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော်တို့က ကြိုပြီးတော့လည်း မသိဘူး။ ကြိုသိရင်လည်း အကျိုးအကြောင်း ပြည့်စုံမသိဘူး။ မသိဘဲနဲ့ ကျွန်တော်တို့ တားတာ ပြုတာ မလုပ်ဘူး”

NLD ပါတီဟာ မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ခဲ့သူ နှစ်ဦးကို ပါတီဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းထား လိုက်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။

မနေ့က တွံတေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့တော့ ဘယ်လို ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်း က ပြောပါတယ်။

By RFA Burmese