This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 30, 2013

ဝိုင်းစုခိုင်သိန်း မင်္ဂလာပွဲ ၄ ပွဲ ဆောင်မယ် .........

မြတ်သူအောင်

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ဗယ်လင်တိုင်းဒေးမှာ ကျင်းပမှာဖြစ်ပြီး မင်္ဂလာပွဲ ၄ ပွဲတိတိ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းတွေဟာ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သတင်းတွေ ဖြစ်တတ်တဲ့ သဘောသဘာဝ အတိုင်း အခုလည်း ဝိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာပွဲက ဒီနှစ်အတွက် စိတ်ဝင်စားစရာ မင်္ဂလာပွဲ သတင်းတပုဒ် ဖြစ်လာနိုင်ပါတယ်။

လတ်တလောမှာ “အာဘွား” ဆိုတဲ့ တတိယမြောက် တေးစီးရီး CD ထွက်ရှိထားတဲ့ ၀ိုင်းစုခိုင်သိန်းဟာ သူ့မင်္ဂလာပွဲကို ထူးထူးခြားခြား အမှတ်တရဖြစ်အောင် ချစ်သူများနေ့မှာ ရွေးချယ်ကျင်းပခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“၀ိုင်းစုတို့တတွေ တိုင်ပင်ပြီး မင်္ဂလာပွဲ ၄ ပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာဆွမ်းကျွေးကို မင်းကွန်းမှာ လုပ်ဖို့ စီစဉ်ထားတယ်၊ နောက်ပြီး မင်္ဂလာလက်မှတ် ရေးထိုးပွဲကိုတော့ Parkroyal Hotel မှာလုပ်မှာပါ။ မင်္ဂလာဘိသိက်ပွဲ အခမ်းအနားကို Sedona Hotel မှာလုပ်မှာဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကိုကျတော့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ လုပ်မှာပါ” လို့ သူ ပြုလုပ်မယ့် မင်္ဂလာဧည့်ခံပွဲ အစီအစဉ်တွေအကြောင်း ရှင်းပြပါတယ်။

ဝိုင်းစုခိုင်သိန်းနဲ့ လက်ထပ်မယ့် ကိုဥက္ကာမြင့်ကြူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီ လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်း အမေရိကားမှာ သီချင်းသွားဆိုစဉ် တွေ့ဆုံခဲ့ကြတာလို့ ကိုဥက္ကာမြင့်ကြူက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မှာက မင်္ဂလာဘိသိက်ပွဲဖြစ်ပြီး မင်္ဂလာပွဲတွေ ပြီးတဲ့အခါ သူတို့နှစ်ဦးစလုံးက အလုပ်ကိုယ်စီနဲ့ ဖြစ်တဲ့အတွက် သီးသန့်အနေနဲ့ ဟန်းနီးမွန်းခရီး ထွက်ဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ဝိုင်းစုခိုင်သိန်းက သူခံစားနေရတဲ့ အမျိုးသမီးရောဂါ ကျန်းမာရေး အခြေအနေ လုံးဝပြန်ကောင်းသွားပြီ ဖြစ်ကြောင်းလည်း သူ့ရဲ့ ပရိသတ်တွေကို ဧရာဝတီကတဆင့် ဟြေပါတယ်။

“၀ိုင်းစုတို့ မင်္ဂလာပွဲပြီးရင်လည်း မိဘတွေနဲ့အတူ ဒီမှာပဲနေမှာပါ။ ၀ိုင်းစုချစ်တဲ့ အနုပညာ အလုပ်တွေလည်း ဆက်လုပ်မှာပါ။ သူက ၀ိုင်းစုအပေါ်မှာ နားလည်မှု အပြည့်ရှိပါတယ်။ နောက်ပြီး သူ့ကုမ္ပဏီက အမေရိကားမှာ ရှိတော့ ၀ိုင်းစုတို့ သွားလိုက်၊ ပြန်လိုက် လုပ်ရမှာပေါ့။ ဒီမှာလည်း သူ ကုမ္ပဏီဖွင့်ဖို့ အစီအစဉ်ရှိပါတယ်” လို့ သူတို့ရဲ့အနာဂတ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ၀ိုင်းစုခိုင်သိန်းက ဆိုပါတယ်။

စိတ် ဖိစီးမှု အတွက် ယောဂ လေ့ကျင့်ခန်း...............









ယောဂ လေ့ကျင့်ခန်းဟာ စိတ် ဖိစီးမှု အတွက် ကောင်းမွန်တယ်လို့ ဆိုပါတယ်။ နေ့စဉ်နှင့် အမျှ သွားလာ
လှုပ်ရှား မှုတို့သည် တစ်ခါ တစ်ရံ စိတ်ကို မွမ်းကျပ်နိုင်သလို လုပ်ငန်း ကိစ္စများ မအောင်မြင်ခြင်းကြောင့်
စိတ်ဖိစီးမှု များကို ဖြစ်စေနိုင် ပါတယ်။

ခန္ဓာကိုယ် ပင်ပန်းသည်ထက် စိတ်ပင်ပန်း မှုသည် ပိုပြီး လူကို ပင်ပန်းစေပါတယ်။ ထိုပင်ပန်းမှုများကို
သက်သာပျောက်ကင်းစေရန် ယောဂလေ့ကျင့်ခန်းကို လုပ်သင့်ပါတယ်။ ယောဂလေ့ကျင့်ခန်းသည် အ
ချိန်အများကြီး ပေးစရာ မလိုပါဘူး။ အချိန်အနည်းငယ်နှင့် မိမိအိမ်မှာ နေ့တိုင်းလုပ်သင့်သော လေ့ကျင့်
ခန်း တစ်ခု ဖြစ်ပါတယ်။

ထို့ပြင် တစ်ခြားသော ရောဂါများအတွက် ကောင်းမွန်စေတဲ့ အပြင် ကျန်းမာရေး အတွက်လည်း ကောင်း
မွန်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများ ခံစားနေရချိန်တွင် ယောဂလေ့ကျင့်ခန်းကို လုပ်
လိုက်ပါ။ စိတ်သက်သာမှုကို ရရှိစေနိုင် ပါလိမ့်မယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

By ရိုးရာလေး

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: စိတ် ဖိစီးမှု အတွက် ယောဂ လေ့ကျင့်ခန်း http://www.simon-vlog.com/2013/11/blog-post_3102.html#ixzz2m86iQ88d
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်


မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။

အချိန်ကြာလျှင် ခေါင်းအုံးသည် အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။ ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။ ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။

Ref: Good Health
စာရေးသူ :July Moe


အေးချမ်းမွန် Credit To >Zuri's Beauty Hub


╰⊰◤ကောင်ကင်းပြာ◥⊱╮