This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 31, 2012

ဘာသာရေးဖိနှိပ်မှု စိုးရိမ်စာရင်းထဲ မြန်မာ ရှိနေဆဲ



   ဘာသာရေးဖိနှိပ်မှု၊ စီးပွားရေး၊ အဖိနှိပ်ဆုံး၊ မြန်မာ၊ အမေရိကန်၊ နိုင်ငံခြားရေးဌာန အစီရင်ခံစာ
မြန်မာနိုင်ငံထဲ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု အချို့ရှိပေ မယ့် ဘာသာရေးဖိနှိပ်မှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာမှာ ဖော်ပြပါတယ်။ နှစ်စဉ် ထုတ်ပြန်နေကျ ဒီ အစီရင်ခံစာ မှာ နိုင်ငံအရပ်ရပ်က ဘာသာရေးလွတ်လပ်ခွင့်အခြေအနေကို ဖော်ပြရာမှာ မြန်မာနိုင်ငံထဲ အထူးသဖြင့် လူနည်းစု ဘာသာ ၀င်တွေဟာ ပစ်မှတ်ထား ဖိနှိပ်မှုခံရနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

ဗုဒ္ဓဘာသာ အများစုရှိတဲ့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် သတ်မှတ် ထားခြင်းမရှိပေမယ့် ဘာသာ ယုံကြည် ကိုးကွယ်မှု ဓလေ့စရိုက်တွေအပေါ်မှာ အခြေခံပြီး လူမှု အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေ ရှိနေတယ်လို့ အခု အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာ လူများစုနဲ့ ခရစ်ယာန်၊ မွတ်ဆလင် လူနည်းစုတွေအကြား လူမှုနယ်ပယ်အတွင်း တင်းမာမှုေ

မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အိုဘားမား လက်ခံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) ကို နှုတ်ဆက်နေသည့် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးသန်းဆွေသည် အမရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သံအမတ်ခန့် အပ်လွှာ ပေးအပ်ခဲ့သည်။ 
အမေရိ ကန်ပြည်ထောင် စုဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ဖို့ နှစ်ဘက် သဘောတူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ် ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဖြင့် နှစ်ပေါင်း ၂၅ နှစ်နီးပါးအတွင်း အမေရိကန်နဲ့ မြန်မာအကြား သံတမ

ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီးတဲ့ ယဉ်တိုက်မှု



ခရီးသည်တင်ယာဉ်တစ်စီး  အရှိန်လွန်ကာ လူနေရပ်ကွက် အတွင်း ၀င်ရောက်သွားခဲ့သဖြင့် ကလေးတစ်ဦး သေဆုံးပြီးနှစ်ဦးဒဏ် ရာရရှိကာ ယာဉ်ခြောက်စီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်---



အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့သော ယာဉ်ကို တွေ့ရစဉ်

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း


by Yangon Media Group 
ရန်ကုန်မီဒီယာဂရု(ပ်) သတင်းအဖွဲ့ ရိုက်ကွင်းတွင်မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ဃဗြသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ ဃဗြသတင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်း

မြန်မာ အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန် နစက ကွပ်ကဲရေးမှူး အသစ် ရောက်ပြီ


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ကွပ်ကဲရန် အတွက် နစက ကွပ်ကဲရေးမှူး အသစ် တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

နစက အရာရှိများကို ဘင်္ဂလာနယ် ခြားစောင့်တပ်ဖွဲ့ အရာရှိများနှင့် ကော့စ်ဘဇားမြို့ ဆွေးနွေးပွဲ တစ်ခုတွင် တွေ့ရစဉ်။
ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူး အသစ်မှာ  ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ)ဖြစ်ပြီး တောင်ကုတ်မြို့ ဇာတိ ဖြစ်ကြောင်း ဆိုသည်။
“မနေ့က ၂ နာရီခွဲမှာ ရောက်ပါတယ်။ သူနဲ့အတူ သစ်တောရေးရာ ပြည်နယ်

The Voice ဂျာနယ်ကို အကန့်အသတ်မရှိ ပိတ်ပင်

ရန်ကုန်-ဇူလိုင် ၃၁

The Voice သတင်းဂျာနယ်ကို စည်းကမ်းသတ်မှတ်ချက်များလိုက်နာခြင်း မရှိဟူသော အကြောင်းပြချက်ဖြင့် အကန့်အသတ်မရှိ ထုတ်ဝေ ခွင့်ပိတ်ပင်လိုက်ကြောင်း စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ယနေ့နံနက် က ခေါ်ယူ အသိပေးခဲ့ကြောင်း The Voice ဂျာနယ်မှ သိရသည်။
“ဇွန်လကတည်းကသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာလို့လို့ ပြောတယ်။ ပြည်တွင်းမီဒီယာတွေအားလုံးက တိုင်းပြည်ကို အကျိုးယုတ်အောင်၊ဆူပူအောင်၊နိုင်ငံတော် ပုန်ကန် မှုတွေဖြစ်အောင် The Voice အပါအ၀င် ဘယ်ဂျာနယ်မှမလုပ်ကြပါဘူး။ ---

သဲကုန်းမြို့ လယ်သမားဆန္ဒပြပွဲ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး


ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ရဲက ဖြိုခွင်းပြီး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာပိုင်တွေက သိမ်းဆည်းယူငင်ထားတဲ့ လယ်ဧက ၃၀၀ ကျော်ကို ပြန်လည်ရယူလိုတဲ့အတွက် ငြိမ်း

ယနေ့တင်သွင်းခဲ့သော ၂၀၁၂ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် မှ ပြန်လည်ပြင်ဆင် ရေးဆွဲသွား မည်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ကာ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ -
Yangon Media Group
ပြည်သူ့ လွှတ်တော်မှ ၂၀၁၂ ခုနှစ် တက္ကသိုလ်များပညာရေးဥပဒေ ကြမ်းအား ပြန်လည်ပြင်ဆင်ရေးဆွဲ သွား မည်ဖြစ် ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီမှ တင်သွင်းသော ၂၀၁၂ခုနှစ် တက္ကသိုလ်များ ပညာ ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်မှုကော်မတီ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြည်သူများထဲမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ် စားလှယ် များ ပါဝင်ပြီး အဆိုပါဥပဒေ ကို ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည် ဖြစ်ကြောင်း ပြ

NGO ဆန်းစစ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


အစိုးရ မဟုတ်တဲ့ လူမှုရေး အသင်းအဖွဲ့ NGO တွေဟာ တကယ်ပဲ လူမှုရေး လုပ်ငန်းတွေကို မျှမျှတတ လုပ်နေရဲ့လား ဆိုတာကို ဆန်းစစ်ဖို့ ပါတီလွှတ်တော် ကိုယ်စား လှယ်တွေကို ဒေါ်အောင်ဆန်း



တောင်ငူ၊ ဘားအံနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေကြီးမှုများ ဖြစ်ပေါ်


တောင်ငူမြို့အတွင်း ရေကြီးနေစဉ်
မြန်မာနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ညနေ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ ၅၈၈ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၄၈ နာရီ အတွင်း တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အလားတူ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၈၄၂ စင်တီမီတာသို့ ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေကြောင်း နောက် ၃ ရက်အတွင်း ဘားအြံ

သီပေါမင်းအရိုးအိုး ပြန်သယ်ရန် လွှတ်တော်တွင် တင်ပြ


မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင် သီပေါမင်းရဲ့ အရိုးဂူကို အိန္ဒိယနိုင်ငံကနေ ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်အမတ်တဦးက ဒီနေ့ တင်ပြ ဆွေးနွေးတယ်လို့ သိရပါတယ်။

ရတနာဂီရိက လူနေရပ်ကွက်မှာ မထင်မရှား သင်္ဂြိုဟ်ထားတဲ့ မြန်မာဘုရင်ရဲ့ အရိုးဂူကို ပြည်တော် ပြန်သယ်ဖို့ အမျိုးသားလွှတ်တော်အမတ်၊ ကုန်းဘောင်မင်းဆက်အကြောင်း စာတွေရေးနေတဲ့ ဦးသန်းဆွေ (ထားဝယ်)က ဓာတ်ပုံ အထောက်အထားတွေနဲ့ လွှတ်တော်မှာ တင်ပြခဲ့တာပါ။----




စပျစ်သီးဖျော်ရည် အကျိုးသက်ရောက်မှု


စပျစ်ဖျော်ရည်မှာ အရေးပါတဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကျန်းမာသန်စွမ်းမှုကို ရရှိစေပါတယ်။ လတ်တလော လေ့လာမှုတွေအရ စပျစ်ဖျော်ရည်ကို သောက်တာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၁။ စပျစ်ဖျော်ရည်မှာ အင်တီအောက်ဆီးဒင့် ဖလေဗိုးနွိုက်နဲ့ ရက်စ်ဗာရထရော တို့အများအပြား ပါဝင်နေပါတယ်။ ဒီအစွမ်းထက် အင်တီအောက်ဆီးဒင့် နှစ်မျိုးစလုံးဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးတဲ့ အပြင်စိတ်ချမ်းသာမှုကို ရရှိစေကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ အနီရောင်နဲ့ ခရမ်းရောင် စပျစ်သီးထဲမှာပါတဲ့ အင်တီအောက်ဆီးဒင့် ပမာဏဟာ အစိမ်းရောင် စပျစ်သီးမှာ

အင်ဒိုနီးရှားမှ ကျောင်းသားများ ဓါတ်ပုံအတုများဖြင့် ဆန္ဒပြ

ဒါဇင်ပေါင်းများစွာသော အင်ဒိုနီးရှားနိုင်ငံ မွတ်စလင် ကျောင်းသားများ လှုပ်ရှားမှု သမဂ္ဂမှ အဖွဲ့ဝင်များသည် Surabaya မြို့၌ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မွတ်စလင်များအား အကြမ်းဖက်နေမှုများနှင့် လူမျိုးတုံး သတ်ဖြတ်နေမှုများအား ရပ်တန့်ပေးဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ နိုင်ငံတကာမှ သိရှိစေရန်ဟုလည်း သိရှိရသည်။

သို့သော်လည်း ယင်းတို့ ကိုင်ဆောင်ထားသည့် ဓါတ်ပုံအများစုမှာ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသည့် (သို့) ရခိုင်အရေးအခင်းနှင့် စိုးစဉ်းမျှ မသက်ဆိုင်

ရုပ်ရှင်ရုံ သေနတ်သမား James Holmes အား လူသတ်မှု ၂၄ မှု၊ သူတစ်ပါးအား ဒဏ်ရာပြင်းထန်စွာ ရရှိစေမှု ၁၁၆ မှု စုစုပေါင်း စွဲချက် ၁၄၂ ချက်ဖြင့် ယနေ့တွင် တရားရုံးသို့ စွဲချက်တင်လိုက်ပြီ ဖြစ်သည်။

ဗိုလ်တစ်ထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည်





ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ဗိုလ်တထောင်ဆိပ်ကမ်းအား မြေနေရာတိုးချဲ့ရာတွင် ဗိုလ်တထောင် ဆိပ်ကမ်း အမှတ်(၃) ဘောတံတားမှ အမှတ်(၁)ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက်အား ရေကာ တံတိုင်းဆောက်လုပ်၍ မြေဖို့ပြီးမြေနေရာ တိုးချဲ့ခြင်းအား ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“မူလရေကာတံတိုင်း အစွန်နေရာကနေ မြစ်လယ်ဘက်ကို ပေ ၁၀၀ ခန့် တိုးချဲ့ပြီး အရှည် ၂၄၄၀ ပေ ရှိတဲ့ ရေကာတံတိုင်း တည်ဆောက်သွားမှာပါ။ နောက်ခံဧရိယာကို သဲ ဖို့ပြီး မြေနေရာ ဖော်ထုတ်ပြီးတဲ့အခါ လက်ရှိထက် မြေဧက ၆ ဒသမ ၄ ဧက ထပ်မံပေါ်ထွန်းလာမှာဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်

“အိပ်နေသည့် အမျိုးသမီးအား ဓားဖြင့်ထောက်၍ ပစ္စည်းများ ယူဆောင်သွားသူကို ဖုန်းငွေဖြည့်ကတ်မှ တစ်ဆင့် ခြေရာခံဖမ်းဆီး၊ ကျူးလွန်သူမှာ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ခံစား ရရှိထားသူဖြစ်ကြောင်း သိရ”




အိပ်နေသည့် အမျိုးသမီးအား မျက်နှာကို ပ၀ါစည်းပြီး ဓားဖြင့်ထောက်၍ ငွေ၊ ရွှေထည်ပစ္စည်းနှင့် ဖုန်းငွေဖြည့်ကတ်များ ယူဆောင်သွားသူကို အဆိုပါ ဖုန်းငွေဖြည့်ကဒ်မှတစ်ဆင့် ခြေရာခံကာ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ ဓားထောက်၍ ပစ္စည်းများ ယူဆောင်မှုကျူးလွန်သူမှာ ယခင်က ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ခံစားရပြီး လွတ်မြောက်လာသူဖြစ်ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ်ဇူလိုင်လ ၁၈ ရက် နေ့က မ......(၄၂ နှစ်)ခရေပင်လမ်း၊ ဒညင်းကုန်းရပ်ကွက် အင်းစိန်မြို့ နယ်နေသူသည် နေအိမ် ဒုတိယထပ်ရှိ အိပ်ခန်း၌ တံခါးစေ့ပြီး အိပ်နေစဉ် နံနက် ၃ နာရီအချိန်ခန့်တွင် အမည်မသိ အသက် (၃၀)နှစ်ခန့်၊ အရပ် ၅ ပေ ၄ လက်မခန့်၊ မျက်နှာကို ပန်းရောင် ပ၀ါစည်းထားသူမှ လက်ထဲတွင် အရိုးအသွား ၁၂ လက်မခန့်ရှိ ဓါးဦးချွန်အား ကိုင်ပြီး မ....... အား ထဟုပြော၍ အိပ်ရာမှနိုးစဉ် ဓားဖြင့်ထောက်ပြီး မ........ ၀တ်ဆင်ထားသည့် တစ်မတ်သားခန့်ရှိ ဗွီပုံ နားကွင်းတစ်ရံ၊ တစ်ကွင်းလျှင် ငါးမူးသားခန့်ရှိ၊ ဆောက်ဖြတ်ပုံ လက်ကောက်နှစ်ကွင်း၊ ကုတင်ခြေရင်းရှိ ဗီရိုအံဆွဲအ

၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်း ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဆွေးနွေး မည်ဟုသိရ


==============================

ရခိုင်ပြည်​နယ်​မှ မြန်မာ​-​မွတ်စလင် ခေါင်း​ဆောင်​ဆိုသူ Muhammad Yunus တူရကီနှင့် အီရန် ​တာဝန်ရှိသူများအား သွားရောက်တွေ့ဆုံ






 0 112 0 0 0
 
3024 Muhammad Yunus Turkish FM
(ပုံ ) တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးနေသည့် မြန်မာ-မွတ်စလင် ခေါင်းဆောင်ဆိုသူ Muhammad Yunus (ယာ)
ရခိုင်ပြည်နယ်ရှိ မြန်မာ-မွတ်စလင်များ၏ ခေါင်းဆောင်ဖြစ်သည်ဟုဆိုသည့် Muhammad Yunus (အထက်ပါပုံ ယာဘက်မှ ပုဂ္ဂိုလ်) သည် တူရကီနိုင်ငံ၏ ဘာသာရေးဆိုင်ရာ ဦးစီးဌာန၏ ဖိတ်ကြားချက်အရ တူရကီနိုင်ငံသို့ ရောက်ရှိနေကြောင်း တူရကီသတင်းစာ Today’s Zaman တွင် ဖော်ပြပါရှိသည်။
Yunas အား အဆိုပါ အဖွဲ့အစည်းမှ အစ္စလာမ်ဘာသာ၏ အထွ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအ၀န်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့်အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက်နှစ်ရပ် ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့်ဆက်စပ်၍ ဇွန်လ ၃ ရက်တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင်ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုတို့ပင် ဖြစ်ပါသည်။

ဤဖြစ်ရပ်နှစ်ခုတွင် ပထမအမှု၌ သေဆုံးခဲ့ရသည်မှာ

ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မင်္ဂလာ ရဟန်းခံ


ဒေါ်အောင်ဆန်း စုကြည် ပုဂံ ဘုရားဖူး သွားခဲ့စဉ် က တွေ့ ရပုံ (ဓါတ်ပုံ - Google Images)
ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး
ဗိသုကာကြီးနှင့် အာဇာနည် ခေါင်းဆောင်ကြီး ဖြစ်သော ဖခင်ကြီး သခင်အောင်ဆန်းနှင့်
မိခင်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည် တို့အားရည်စူး၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်သည် ပုဂံမြို့ဟောင်း ဧရာဝတီမြစ်ကမ်းရှိ   ဣသိပညာဒေဝဂုရုဝါးကျောင်း၊
တန့်ကြည့်တောင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓရ ဘဒ္ဒန္တသောမဗုဒ္ဓိ
ကိုဥပ္ပဇ္ဈယ်ပြု၍ ပဉ္ဇင်းလောင်း'ရှင်သောဘိတ'အား ဥပသမ္ပ

နာမည်ကျော် ဘောလုံး ကစားသမားများနှင့် ၎င်းတို့၏ ဇိမ်ခံကားများ





ရုပ်ရှင်နယ်ပယ်မှ ကျော်ကြားသူများ ကဲ့သို့ပင် အားကစား အကျော်အမော်များသည်လည်း တန်ဖိုးကြီး ကားများကို စီးလေ့ရှိကြရာ နာမည်ကျော် ဘောလုံးသမားများနှင့်

ဘာလဲဟ Network ဆိုတာ




Network ဆိုတာ ကွန်ပျူတာအချင်းချင်း ( အုပ်စုလိုက် ) တစ်လုံးနှင့်တစ်လုံး အချင်းချင်းချိတ်ဆက်ထား တာကို ဆိုလို တာပါ။ ဘာကြောင့်ချိတ်ဆက် ထားရတာလဲဆိုတော့ ကွန်ပျူတာတစ်လုံးမှာရှိနေတဲ့ Resource တွေ Information တွေကို နောက်ကွန်ပျူတာ

ဗီယမ်နမ် တောနက်တွင်းမှ အဆုံးမဲ့ လှိုဏ်ဂူကြီး၏ ရင်သပ် ရှုမောဖွယ် မြင်ကွင်းများ





ဗီယမ်နမ်နိုင်ငံ တောနက်တွင်းတွင် တွေ့ရှိရသော ရင်သပ် ရှုမောဖွယ် မြင်ကွင်းများဖြင့် ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီးမှာ အလွန်ရှည်လျားပြီး ယခုအထိ ထိုလှိုဏ်ဂူကြီး၏ အဆုံးတစ်ဘက်ကို ရှာမတွေ့သေးကြောင်း သိရသည်။

ဗီယမ်နမ် ဘာသာဖြင့် Hang Son Doong (တောင်ပေါ်မြစ်လှိုဏ်ဂူ) ဟု အမည်ရသည့် လှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်က ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကြီးမားသော လှိုဏ်ဂူကြီး အောက်ခြေမှ မြေအောက်မြစ်များ၏ ရေစီးသံများ ကြားနေရသောကြောင့် Hồ-Khanh ဟု အမည်ရသော ထိုတောတွင်း ဒေသခံမှာ ကြောက်လန့်ခဲ့သည်ဟု ဆိုသည်။

ဗီယမ်နမ် တောနက်အတွင်း ပျောက်ကွယ်နေသော Hang

စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်ထံလွှဲအပ်ရန် မြန်မာအစိုးရငြင်းဆန်


သျှမ်းသံတော်ဆင့်

ရွှေတြိဂံဒေသ မူးယစ်ရာဇာဟု နာမည်ကြီးသည့် စိုင်းနော်ခမ်း၏ ဒုတိယလက်ထောက် အား တရုတ်အစိုးရထံ လွှဲအပ်ရန် မြန်မာအစိုးရ ငြင်း ဆန် လိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“တရုတ်အဆင့်မြင့်အရာရှိတဦးက စိုင်းအောင်မြတ် ကို တရုတ်အစိုးရထံလွှဲပေးဖို့ မြန်မာအာဏာပိုင်ဆီကိုလာေ

အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် မြို့နယ်ဆရာဝန်က ပိတ်ပင်


2012-07-27
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှာ ဆွစ်ဇာလန်နိုင်ငံက ကလေးကု အထူးကု ဆရာဝန်ကြီး တစ်ဦး ခေါင်းဆောင်တဲ့ အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် တစ်ခုကို မြို့နယ်ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ မနေ့က ပိတ်ပင် လိုက်တဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ရီနာနဲ့ ရန်ကုန်မြို့က မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇေယျာထွန်းတို့ ဦးဆောင်တဲ့ စေတနာ ဆရာဝန်အဖွဲ့ဟာ ကျောက်ပန်းတောင်းမြို့မှာ ဒေသခံ ၁၀၀ ကျော်ကို ဆေးဝါး အခမဲ့ကုသပေးဖို့ စီစဉ်ခဲ့တာဖြစ်ပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်မိုးက ပိတ်ပင်ခဲ့တာပါ။ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါရှိတာကို အကြောင်းပြပြီး

၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်



မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နှစ် ၂၀၁၃ ခုနှစ် ချယ်ရီပန်း တွေ ပွင့်ချိန် မတ်လ ကုန်လောက် ဂျပန်နိုင်ငံကို သွားဖို့ရှိတယ်လို့ AP သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မြန်

အမိန့် မနာခံသည့် ရှေ့တန်းတပ်မှူးများ ရှိလာ


 
July 30, 2012

ကချင်ဒေသတွင် ထိုးစစ်ဆင် တိုက်ခိုက်နေသော တပ်ဖွဲ့ဝင်များတို့သည် နောက်တန်း စစ်ဆင်ရေး ကွပ်ကဲရေး ဗျူဟာစခန်း မှ စစ်ဆင်ရေး ညွှန်ကြားမှုကို လိုက်နာရန် ငြီးငွေ့လာနေကြောင်း သိရှိရသည်။

 အချို့တပ်ဖွဲ့ဝင်များသည် တစ်နှစ်ကျော်ခန့် ရှေ့တန်းတွင်သာ အချိန်ဖြုန်းနေရပြီး တပ်ဖွဲ့ဝင်အင်အား များစွာ ပြုန်းတီး နေကြရသည်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေး ယိုယွင်းဖြစ်ကြရကာ စိတ်ဓါတ်ကျဆင်းနေကြရသည်။ ဤကဲ့သို့ အခက်အခဲများ

ခုနှစ်ရက်သားသမီးများအတွက် ( ၃၀.၇.၁၂ ) မှ ( ၅.၈.၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
ဝင်ငွေကောင်းနေခြင်း၊ စီးပွားရေးအစစအရာရာအောင်မြင်နေခြင်း၊ တိုက်ခန်းဝင်ခြင်း၊
ကားဝင်ခြင်း၊ လာဘ်လာဘများဝင်ခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင် ရခြင်း၊ ခရီးမကြာခဏထွက်နေရခြင်းများဖြစ်နေမည်။ မြေထွက်ခြင်း၊ စက်ပစ္စည်းများထွက်နေခြင်း၊ လက်အောက်ငယ်သားထွက်ခြင်း (သို့) လက်အောက် ငယ်သားကြောင့်စိတ်ညစ်

စရာဖြစ်နေခြင်းများဖြစ်နေမည်။ အရေးကြီးစာရွက်စာတမ်းသတိထားပါ၊ ပျောက်တတ်သည်။
ကျန်းမာရေး။ အအေးမိပြီးချောင်းဆိုနေမည်။
အချစ်ရေး။ စိတ်ချမ်းသာနေရမည်။ အချစ်ရေးကံကော

မလေးရှား ကုန်တင်သင်္ဘောတစ်စင်း မိုးကြိုးပစ်ချမှုကြောင့် ပေါက်ကွဲ၊မီးလောင်မှုဖြစ်ပွား


                                                   ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်
ဓာတုပစ္စည်းများ သယ်ဆောင်လာသောသင်္ဘော လာဘူအန်ကျွန်းတွင် မီးလောင်ပေါက်ကွဲခဲ့သည်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်

မက်သနောဓာတုပစ္စည်းများ တင်ဆောင်လာသော မလေးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် သင်္ဘောဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
ယင်းပေါက်ကွဲမှုသည် မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းတွင်ရှိ Labuan ကျွန်းရှိ Petronasကုမ္မဏီသို့ မောင်းနှင်လာစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကုမ္မဏီ MIRS မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။ Bunga Aplinia အမည်ရှိ သင်္ဘောသည် တန်ချိန်

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း


                                                    ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက်  ရွေးချယ်ခံထားရသည့်  ကမ္ဘောဇအသင်းမှနောက် တန်းကစားသမား   ကျော်ကျော်မျိုးအား   အသင်း၏ပြန်ကြားရေး အရာရှိကတွေ့ဆုံမေးမြန်းခဲ့သည် ကို kbzfc.com မှတဆင့်  ပြန်လည်ဖော်ပြအပ်ပါသည်။
မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့
ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြော

ရန်ကုန်ကားသင်္ချိုင်းမှာ ပိုက်ဆံပေး ရန်မလို




ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ MEC မှ စီမံခန့်ခွဲလျက်ရှိသော ကားဟောင်းများ အပ်ရသည့် သံမဏိစက်ရုံ၏ အကျင့်ပျက်ချစားမှုအကြောင်း

ကျွန်တော်သည် ကားဟောင်းပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ အစိုးရက အခွန်မူဝါဒ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီး အခွန်လျော့ချကောက်ခံသည့်အတွက် used car အစားထိုးတင်သွင်းရန် ကျွန်တော့်ကားကို ၅.၇.၂၀၁၂ ရက်နေ့တွင် သွားအပ်ရန် အင်းစိန်ရွာမရှိ

Phone ကနေ ကွန်ပျုတာကို Shutdown လုပ်မယ်




 Microsoft Office Outlook မိမိကွန်ပျုတာမှာရှိရမယ်

1. First, you need the batch files to perform the Shutdown, Hibernate etc. You can write them down yourselves

2. open your note pad


and write lik this...

c:\windows\system32\shutdown -s -f -t 00

and save it as shutdown.bat

3. Open up Microsoft Outlook. Make sure that yo

ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး မုဒိမ်းကျင့်ခံရ



ပေါက်တောမြို့နယ် ကြံခင်း ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ရခိုင် အမျိုးသမီး တစ်ဦး ဈေးဝယ်ပြီး အပြန် စစ်ကဲပြင် ( တောင်) ရွာအ နီးတွင် မုဒိမ်းကျင့်ခံရကြောင်း ကျေးရွာသားများက သတင်းပေး ပို့သည်။

မုဒိမ်းကျင့်ခံရသူ အမျိုးသမီးမှာ ကြံခင်းကျေးရွာမှ (အဘ) ဦးကျော်လှစိန်၊ အမိ ဒေါ်ယိုင်စိန်ဦးတို့ သမီး (မ——— ) ၃၂ ဖြစ်ကြောင်း သိ ရသည်။

မုဒိမ်းကျင့်သောသူများ အဖြစ် စွပ်စွဲခံရသူများမှာ စစ်

တပ်သတင်းများ ပေါက်ကြားနေမှုအပေါ် ထိန်းချုပ်လာခြင်း



သုတေသနနှင့် ထုတ်လုပ်ရေးဌာနမှ တပ်မတော်အရာရှိများ
တပ်မတော်ဆိုင်ရာ တပ်သတင်း အချက်အလက်များ၊ ဓာတ်ပုံများ၊ စာရွက်စာတမ်းများ၊ အစည်းအဝေး မှတ်တမ်းများနဲ့ အထောက်အထားများ အင်တာနက် စာမျက်နှာများပေါ်တွင် ပေါက်ကြားနေမှုများကို မကြာခဏ ရင်ဆိုင်နေရသည့်အတွက် “တပ်မတော် ကွန်ယက်ဆက်သွယ်ရေး ထိန်းချုပ်မှုစနစ်” ကို ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလမှ စတင်ပြီး ချမှတ်ထားခဲ့ကြောင်း ပြည်တွင်းရှိ စစ်ဘက်နှင့် နီးစပ်သူများက တင်ပြလာပါတယ်။ အဲဒီစနစ်အရ သတင်းအချက်အလက်လုံခြုံမှု ကြီးကြပ်ရေးဆပ်ကော်မတီ (တပ်ရင်းအဆင့်) ကို အောက်ခြေ အဆင့်ကပင် စတင်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဆပ်ကော်မတီ ဥက္ကဌအဖြစ် ဒုတိယတပ်ရင်းမှူးက ဦးစီး ဆောင်ရွက်ပြီး ဒုတိယဥက္ကဌအဖြစ် ဌာနချုပ်တပ်ခွဲမှူး၊ အတွင်းရေးမှူးအဖြစ် တပ်ရေးဗိုလ်ကြီး၊ အဖွဲ့ဝင်များအဖြစ် ကွန်ပျူတာ တာဝန်ခံအရာရှိ၊ ရုံးအုပ်၊ တပ်ကြပ်ကြီးစာရေး (၁) ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်းစေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကွန်ပြူတာပြုပြင်ထိန်းသိ

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း (၂)



ဆောင်းပါးရှင် - စစ်ဘက်နီးစပ်သူများ  ( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)

ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ သူ့ကိုထားမဲ့ အကျယ်ချုပ်အိမ်ကို စတင်ခေါ်ဆောင်လာတဲ့ နေ့မှာဘဲ သူ့ရဲ့ ယူနီဖောင်းအား လဲလှယ်ဖို့ ကက(ကြည်း)က အမိန့်ပေးမှုကို မခံနိုင်ဘဲ အမြင့်မှ ရုတ်တရက် ပြုတ်ကျလာသူရဲ့ စိတ်ထိခိုက် ပေါက်ကွဲမှုနဲ့အတူ ငြင်းဆန်ခဲ့လို့ ညစဉ်သူအိပ်တိုင်း အနီးကပ် စောင့်ကြည့်ဖို့ ထားရတဲ့ အာဏာပါးကွက်သား လူကြမ်း(၂) ဦးနဲ့ နှစ်ပါးသွားရပုံဟာဖြင့် သံဝေဂ ရစရာ ကောင်းလှပါတယ်။

အင်းလျားကန်ကြီးဟာ မြန်မာနိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို သက်သေ ထူနေပါတယ်။ ကိုလိုနီခေတ်မှာ ဂဠုန်ဦးစောဟာ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီးမှ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့လို့ မြန်မာ့သမိုင်းမှာ အရုပ်ဆိုးစေတဲ့ အဲဒီဖြစ်ရပ်ကို အင်းလျားကန်ကြီးက သိနေခဲ့တဲ့ အကြောင်း ပထမဦးစွာ တင်ပြချင်ပါတယ်။
ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်းပုံ

အဲဒီတုန်းက အင်းလျားကန်စောင်း နံဘေးမှာ ဂဠုန်ဦးစောနဲ့ နောက်ပါ လက်ပါးေ

ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒ ဖော်ထုတ် (ဓါတ်ပုံ)

Posted: 29 Jul 2012 11:14 PM PDT
၃၀ ဇူလိုင် ၂၀၁၂။
သာစည်မြို့တွင် ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒ
 ဖော်ထုတ်မှုကို ဒေါ်မြင့်မြင့်အေး မှဦးဆောင်ပြီး ယနေ့မနက် ၉ နာရီမှ စတင်
 ဆန္ဒပြလျှက်ရှိ (ဓါတ်ပုံ- ကျော်နိုင်ဝင်းနှင့် သာစည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်)

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်


ရန်ကုန် ဇူလိုင် ၃၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါေ

ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းရန် မဲပေးခဲ့သူများ၏ လက်မှတ်များ စုဆောင်း


ရန်ကုန်၊ ဇူလိုင် ၃၀

ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုတ်သိမ်းရန်အတွက်၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သူများ၏ လက်မှတ်များကို စုဆောင်းလျှက် ရှိရာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ထိ လက်မှတ် ၂၀၀ ခန့် ရရှိပြီး ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်မှုကို ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။

အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်အထိ ရရှိနိုင်ရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှ

ADk အထည်ချုပ်စက်ရုံမှ ထုတ်ပယ်ခံအလုပ်သမား ၉ဦးအနက် ၇ ဦး ပြန်ခန့် ရန် ခုံသမာဓိကောင်စီဆုံးဖြတ်


မင်္ဂလာဒုံစက်မှုဇုန်ရှိ ADk အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ပယ်ခြင်းခံရသောအလုပ်သမား ၉ဦးအနက် ၇ ဉ်ီးကို လုပ်ငန်းခွင်အတွင်း မူလရာထူးဖြင့် ပြန်ခန့်အပ်ရန် ခုံသမာဓိကောင်စီက ယနေ့ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ အလုပ်သမား ၉ဦးသည် အလုပ်သမားအဖွဲ့အစည်းဖွဲ့ရန် စည်းရုံး လှုပ်ရှားရာတွင် လုပ်ငန်းခွင်စည်းကမ်းများနှင့် မကိုက်ည်ီဟုဆိုကာ ကုပ္မဏီမှ ဇွန်လဆန်းကအလုပ် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလုပ် ထုတ်ပယ်ခံခဲ့ရသည့်ဇွန်လဆန်းကတည်းက အလုပ်

ရခိုင်ဒေသ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရန် တောင်းဆိုခြင်း အား ပြည်ထောင်စုဝန်ကြီး ငြင်းပယ်


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တစ်ဖက်သတ်ဆက်ဆံမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ၊ စုံစမ်းစစ်ဆေးမှုပြုရန် တောင်းဆိုခြင်းအား နိုင်ငံတော်အစိုးရ အနေဖြင့် လက်ခံဖွယ်မရှိဟု လ၀က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။ နိုင်ငံတော် အစိုးရက ဘယ်လို ဆုံးဖြတ်မလဲတော့ ကျွန်တော် အတိအကျမသိဘူးလေ။ ဒါပေမယ့်ခင်ဗျား စဉ်းစားကြည့်ပါ။ ပြည်

၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်


၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်

မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်


မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တ

မကြီးပွားခြင်းအကြောင်း( ၁၁ )ချက် ( သို့မဟုတ်) မြန်မာတို့ ဆင်းရဲရခြင်း၏ အကြောင်းအရင်း

မကြီးပွားခြင်းအကြောင်း (၁၁ )ချက် (သို့မဟုတ် ) မြန်မာတို့ ဆင်းရဲရခြင်း၏ အကြောင်းအရ

၁။ ဗုဒ္ဓက ဒါနပြုလျှင် လောကကောင်းစားရေးကို ကြည့်ပြီး လိုအပ်သောနေရာတွင် လှူခိုင်း၏ ။ ဗုဒ္ဓဘာသာဝင် အများစုက ငါကောင်းစားရေးကို ရှေ့ တန်းတင်ပြီး မလိုအပ်သော နေရာတွင် ပုံ၍ လှူတက်ကြ၏ ။


၂။ ဗုဒ္ဓက စီးပွားရှာလျှင် သမ္ပဒါတရားပါးနှင့် ပြည့်စုံရမည် ဟုညွှန်ပြ၏ ။ ဗုဒ္ဓဘာသာဝင် အများစုကား တစ်ပါးမျှ မပြည့်စုံကြ ။


၃။ ဗုဒ္ဓက ဘာသာရေးအပေါ်မှာထားသော မေတ္တာစေတနာမျိုး စီးပွားရေးအပေါ်မှာ ထားခိုင်း၏ ။ ဗုဒ္ဓဘာသာဝင် အများစုက မလိုက်နာကြ ။


၎။ ဗုဒ္ဓက ကြီးပွားတိုးတက်ရန် မိမိကိုယ်ကို မပျက်စီးအောင် ထိ