This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, December 19, 2013

အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၏ နောက်ဆုံးဖိအား..................

Thursday, December 19, 2013

ဖွဲ့စည်းပုံ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် မဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, ဖွဲ့စည်းပုံ အခြေခံဥပဒေ, ရွေးကောက်ပွဲ, ဒေါ်အောင်ဆန်းစုကြည်
မတ်လ အတွင်း ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
 
ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ပြန်လည် ပြင်ဆင်နိုင်ခြင်းမရှိလျှင် ဂုဏ်သိက္ခာရှိရှိ ဖြင့် ရပ်တည်နေသော နိုင်ငံရေးသမားများအနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ၀င်ရောက်လှုပ်ရှားမှု မပြုသင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းသည် လက်ရှိ ဦးသိန်းစိန်အစိုးရက ပြောနေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ တိုးတက်မှုမရှိကြောင်း သက်သေပြသခြင်း ဖြစ်သည်။
 
ဒီဇင်ဘာ ၁၃ ရက်နေ့က သာယာဝတီမြို့တွင် ကျင်းပသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ လူထုဆွေးနွေးပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲက အရမ်းစွန့်စားရတဲ့ အရာတစ်ခုပါ။ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ပြည်သူကို ကိုယ်စားပြုရမယ့် ကျမအတွက် ဘာမှ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဘူး။ အဲဒါအတွက် ကျမ မ၀င်ချင်ဘူး။ ဒါ့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ သူတွေအနေနဲ့ လည်း  ဒီဖွဲ့စည်းပုံနဲ့တော့ မ၀င်သင့်ဘူး” ဟု ပြောဆိုခဲ့ခြင်းသည် ယခင်စစ်အစိုးရက ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒကို ပြင်ဆင်ရန် ဆန္ဒ မပြင်းပြသော ဦးသိန်းစိန်အစိုးရနှင့် မြန်မာ့တပ်မတော်အပေါ် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်၏ နောက်ဆုံးဖိအားဖြစ်သည်။
 
မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုငင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တို့နှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမျိုး ပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။
 
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တဦးတယောက်အတွက်၊ အဖွဲ့အစည်းတရပ် အတွက် ရေးဆွဲထားတာ မဟုတ်ပဲ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ကိုယ်စားလှယ်များက စနစ်တကျရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောဆိုခဲ့သလို တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း အကြိမ်ကြိမ် ပြောဆိုဖူးသည်။
 
ဒေါ်အောင်ဆန်းစုကြည်က သာယာဝတီတွင် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြောဆိုရာတွင် တပ်မတော်နှင့်  ပြည်သူတို့ မညီမျှမှုကို ထောက်ပြနေခြင်းဖြစ်ပြီး တပ်မတော်ကို မလိုလားခြင်း မဟုတ်ကြောင်း၊ တပ်မတော်ကို ပြည်သူနှင့် တသားတည်းဖြစ်စေချင်သောကြောင့် ထောက်ပြနေခြင်းသာဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သာ အုပ်ချုပ်ရေး အာဏာရရှိခဲ့မည်ဆိုလျှင် ကလဲ့စားချေမည်ဟု ပြောဆိုနေခြင်းမှာ မမှန်ဘဲ မိမိတို့စိတ်တွင် အာဃာတ လုံးဝ မရှိပါကြောင်း၊ မိမိတို့အနေဖြင့် ညီညွတ်ပြီး တိုးတက်သော နိုင်ငံတခု အဖြစ်ကိုသာ လိုလားပါကြောင်း ပြောဆိုခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆွယ်ရာ၌ အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက ကြွေးကြော်သံတစ်ခုဖြစ်ပြီး သူရဦးရွှေမန်း လက်ရှိဦးစီးနေသော ပြည်သူ့လွှတ်တော်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ မည်သည့်အချက်များကို ပြင်ဆင်သင့်ကြောင်း မကြာမီ တင်သွင်းမည်ဟု မျှော်လင့်ရသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမဝင်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးမဟာမိတ် တိုင်းရင်းသားများက ထောက်ခံကြသည်။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက “ဒီဖွဲ့စည်းပုံ မပီမပြင်ကြီးနဲ့ ဆက်လှုပ်ရှားမယ်ဆိုလို့ကတော့ သမိုင်းတရားခံဖြစ်မှာပဲ။ လက်ရှိအခြေခံ ဥပဒေကိုက သမ္မတက အာဏာရှိတာလား၊ ကာကွယ်ရေးဦးစီးချုပ်ကပဲ အာဏာရှိတာလား ဘာမှမပီပြင်ဘူး။ ဒီဖွဲ့စည်းပုံကိုသာ ပြင်ဆင်ရေး မလုပ်ဘူးဆိုရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားမှာပဲ။ အချောင်သမားတွေကတော့ ၀င်ပြိုင်ကြမှာပေါ့။ ကျနော်တို့အနေနဲ့ကတော့ မပြင်ဘူးဆိုရင် ဒီဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ဘာမှ ၀င်ပြိုင်တာတို့ လုပ်မှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။
 
ထို့အပြင် လက်ရှိ နိုင်ငံရေး ဖြစ်ထွန်းမှုသည် စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြသော တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေကြသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ၊ အတိုက်အခံနိုင်ငံရေးသမားများက တိုင်းပြည်တိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း အတွက် အစိုးရနှင့် တပ်မတော်ကို သည်းခံပြီး ပူးပေါင်းဆောင်ရွက်နေသော အဆင့်တွင်ပင် ရှိနေသေးကြောင်းလည်း ဦးခွန်ထွန်းဦးက ဆိုသည်။
 
လတ်တလော အပစ်ရပ်ရေး ဆွေးနွေးနေသော ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မတော်ဗျူဟာလေ့လာရေး ဌာနမှ ဗိုလ်မှူးနော့်နော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အပြည့်အ၀ ပြင်ဆင်နိုင်မှသာလျှင် ဖယ်ဒရယ်ပြည်ထောင်စု၊ ဖယ်ဒရယ် တပ်မတော်ကို တည်ဆောက် ရန် အဆင်ပြေမှာဖြစ်သည့် အတွက် လက်ရှိအစိုးရအဖွဲ့အနေဖြင့် ပါးစပ်ပြောများကို လျော့ချပြီး လက်တွေ့ အကောင်အထည် ဖော်မှုများ ပြုလုပ်ရမှာ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
 
“ကျနော်တို့ ဖြစ်စေချင်တာက စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးရေးပါ။ အစိုးရဘက်က၊ စစ်တပ်ဘက်က ဒါကို လက်မခံဘူးဆိုရင်တော့ လက်နက်ကို လက်နက်နဲ့ပဲ ပြန်ခုခံရတော့မှာပဲ။ ကျနော်တို့ လက်နက်ကိုင်နေတာ တုံ့ပြန်လက်စားချေနေတာ မဟုတ်ဘူး။ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောင်းဆိုနေတာ တိုင်းပြည်မှာ တိုင်းရင်းသားတွေသာ မဟုတ်ဘဲ တတိုင်းပြည်လုံးက ပြည်သူတွေဖြစ်နေတာ သိသာနေပြီလေ” ဟု ဗိုလ်မှူးနော့်နော်က ဆိုသည်။
 
ဒီဇင်ဘာလ ၁၆ ရက်ကလည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် ကျင်းပခဲ့သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခေတ်မီဒီမိုကရေစီနိုင်ငံတရပ်နှင့် ညီစေရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို အထောက်အကူပြုစေရန်အတွက် ပြီးပြည့်စုံသော သုံးသပ်မှုများပြုလုပ်ရန်၊ လာမည့် ရွေးကောက်ပွဲတွင် ပါဝင်သူများအားလုံး တရားမျှတစွာ ပါဝင်လာစေရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အားလုံး ယုံကြည်သော၊ ပွင့်လင်းမြင်သာသော၊ အားလုံးပါဝင်နိုင်စေသော အခြေအနေမျိုး ဖြစ်သင့်သည်ဟု  တိုက်တွန်းခဲ့သည်။
 
Copy from - burma.irrawaddy
 

ပတ်ဆောင်ဟွာ၏ စကားပြန်နှင့် အင်တာဗျူး.........................


Bookmark and Share [ ]







စကားပြန် ကိုနိုင်ဝင်း ဓာတ်ပုံ - ထွန်းခိုင်/ 7day Daily

“သိသိကြီးနဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့”

အင်ဒိုနီးရှားကို မယုံနိုင်စရာ ရှုံးပွဲကြုံရသည့် ဒီဇင်ဘာ ၁၆ ည တွင် မြန်မာအသင်း ဘာတွေဖြစ်ခဲ့ပါလဲ။

ဒေါသကြီးသည့် ပတ်ဆောင်ဟွာနှင့် မြန်မာကစားသမား၊ နည်းပြများအကြား ဘာသာပြန်အဖြစ် တာဝန်
ယူရမည့် ဦးနိုင်ဝင်းက ထိုညအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကန့်လန့်ကာနောက်ကွယ်မှ အကြောင်းအရာ
များကို ပြောပြခဲ့သည်။

ခပ်အေးအေးနေတတ်ပြီး မြန်မာကစားသမားများ ချစ်ခင်ကြသည့် ကိုနိုင်ဝင်းသည် ပတ်ဆောင်ဟွာဒဏ်
မခံနိုင်သောကြောင့် ထွက်စာတင်သည့် စကားပြန်သုံးဦးနောက်တွင် ဘာသာပြန်အဖြစ် တာဝန်ယူခဲ့သူ
ဖြစ်သည်။

မြန်မာဘောလုံးအသင်းအတွက် နည်းပြပတ်၏ ကိုယ်ထိလက်ရောက်စော်ကားမှုများကိုပင် ခံခဲ့ရသည့်
ဦးဝင်းနိုင်နှင့် 7Day Daily တွေ့ဆုံခန်းမှ အချို့ကို ဖော်ပြလိုက်ပါသည်။

နည်းပြနဲ့ ကစားသမားတွေကြားမှာ အစ်ကိုက အနီးကပ်ဆုံးနေရတာဆိုတော့ ပထမဆုံးမေးချင်တာ မ
နေ့က ဘာတွေဖြစ်သွားခဲ့တာလဲ။

ဘာဖြစ်လို့ဆိုတာကတော့ အဓိကကိုင်တွယ်တဲ့ ကာယကံရှင်တွေရဲ့ သိသိကြီးနဲ့ အမှားလား၊ မသိဘဲနဲ့
မှားတဲ့ အမှားလားဆိုတာ ကာယကံရှင်ကလွဲလို့ မသိဘူး။ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရတာက မဖြစ်
သင့်တဲ့ကိစ္စလို့ ဒီလိုပဲပြောနိုင်တယ်။ မမှားသင့်တဲ့ကိစ္စ။ အသေးအဖွဲ မဟုတ်ဘူး။ အကြီးကြီး။

သတင်းစာရှင်းလင်းပွဲမှာလည်း အစ်ကိုရှိတယ်။ ပတ်ဆောင်ဟွာက နောက်ဆုံးအချိန်မှ စည်းမျဉ်းကိုသိ
တယ်ပြောတယ်။ ဒီအဖြစ်အပျက်က တကယ်လား။

အဲဒါက ကျွန်တော်သိသလောက် အမှန်အတိုင်း ပြောပြပါ့မယ်။ သတင်းစာရှင်းလင်းပွဲမှာပြောတယ်ဆို
တာက ကျွန်တော့်ရဲ့ တာဝန်အရ သူပြောတာ ဘာသာပြန်ပေးတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ
ဖြေရှင်းပိုင်ခွင့်မရှိတဲ့အချိန်ပေါ့။ သိတယ်၊ မသိဘူးဆိုတာက မကစားခင် သုံးရက်လောက်အလိုမှာဖြစ်
မယ်။ ထမင်းစားနေတဲ့ စားပွဲဝိုင်းမှာ နည်းပြတွေနဲ့ တာဝန်ရှိသူတွေနဲ့ အမြဲဆွေးနွေးကြတယ်။ ဆွေးနွေး
တဲ့အချိန်မှာ AFC စည်းမျဉ်းနဲ့ပတ်သက်ပြီး သူက သိချင်တဲ့အခါကျတော့ ဆရာဦးတင်မြင့်အောင်က ဦး
စိုးမိုးဆီကနေပြီး i-Pad လေးနဲ့ သွားကူးလာပြီး သူ့ ကိုပြတယ်။ စည်းမျဉ်းကတော့ အင်္ဂလိပ်လို ရေးထား
တာ။ ဒါက ကတ်နဲ့ထိတာ ဘာညာပေါ့။ ဦးတင်ကလည်း ပြောနေတာပေါ့။ အင်္ဂလိပ်လို။ နည်းပြကြီးက
i-Pad ယူသွားပြီး လက်တွေဘာတွေနဲ့ ဆွဲကြည့်တယ်။ ကြည့်ပြီးတော့ ကျွန်တော့်ကို ဒါဘာလဲလို့ သူမ
သိရင် မေးရင်လည်း ဖြေရမယ့်တာဝန် ကျွန်တော့်မှာရှိတယ်လေ။ သူကြည့်တယ်။ ပြီးတော့ သူလက်ခံ
လိုက်တယ်။ ပြီးတော့ ဦးတင်မြင့်အောင်ကို ပြန်ပေးလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ဒါ စည်း
မျဉ်းကို သူသိပြီလို့ပဲ ခံယူလိုက်တယ်။ မသိရင် မေးခွန်းထုတ်လာမှာကို။ မမေးတဲ့ကိစ္စကို ကျွန်တော်က
မဖြေမိလိုက်ဘူးပေါ့နော်။ ကျွန်တော်လည်း သူသိထားပြီလို့ ခံယူထားတယ်။ ပြီးတော့ ဒီပွဲနဲ့ပတ်သက်
ပြီး ဥက္ကဋ္ဌက ညဘက်လည်းကျရော ဖုန်းလာတယ်။ ဒီပွဲက မဖြစ်မနေ နိုင်မှ တက်ရမယ့်ပွဲဆိုတာပြော
ခိုင်းတယ်။ အရင်တုန်းက ဥပမာပေးတယ်။ ဆူဇူကီးတုန်းက ကျွန်တော်တို့ တစ်ဖက်အသင်းကို လျှော့
တွက်ပြီးကစားခဲ့လို့ ရှုံးတာပြောခိုင်းတယ်။ မနက်ဖြန် အ၀ါတစ်ကတ်နှစ်ကတ်ကို အသာထား။ နိုင်ဖို့
အရေးကြီးတယ်ဆိုတာ ဥက္ကဋ္ဌက သူ့ကိုပြောခိုင်းတဲ့ အချိန်မှာ ဆရာဦးတင်မြင့်အောင်ဖုန်းကနေတစ်
ဆင့် ကျွန်တော့်ကို ပြောခိုင်းတဲ့အချိန်မှာ နည်းပြကြီးက ကြည့်တယ်။ ကျွန်တော်ပြန်ပြောမယ်ဆိုတော့
သူကမင်းငါ့ကို ဘာမှမပြောနဲ့တဲ့ သူဘာပြောမယ်ဆိုတာ ငါသိတယ်ဆိုတော့။ သူစိတ်တိုနေရင် သူ့ကို
ဘာတစ်ခုမှ ပြောခွင့်မရဘူး။ သူပြောမယ့် စကားကို ငါပြောပြမယ်ကွာတဲ့။ မန္တလေးမှာ မိန်းကလေးပွဲ
ကလည်း ရှုံးသွားပြီ။ အဲဒီတော့ မနက်ဖြန် မင်းတို့ နိုင်ကိုနိုင်ရမယ်။ ဘယ်လိုကစား ဒီလိုကစား ဒါပဲမ
ဟုတ်လားဆိုတော့ မဟုတ်ဘူးလို့။ မန္တလေးပွဲ မိန်းကလေးရှုံးတာ မပြောဘူးလို့။ မနက်ဖြန်ပွဲနိုင်ဖို့ပြော
တယ်။ ဆူဇူကီးဖလားမှာ ဖိလစ်ပိုင်နဲ့ရခဲ့တဲ့သင်ခန်းစာကို သတိပေးတယ်။ အ၀ါကတ်ထိထားတဲ့ က
စားသမားတွေကိုလည်း မနက်ဖြန်ပွဲနိုင်မှ နောက်တစ်ဆင့် ဆက်စဉ်းစားမယ်။ နိုင်ဖို့အတွက် ထည့်သုံး
ပါဆိုတော့ အဲဒီမှာ သူဘာပြောလဲဆိုတော့ အ၀ါကတ်ထိတာ ဥက္ကဋ္ဌ ဘယ်လိုသိလဲ။ ဒီကလူတွေ သ
တင်းပို့လို့ သိတာပေါ့ ဆိုပြီး သူက Staff တွေ အပေါ် မဲတာပဲ။ နောက်နေ့ မနက် အစောကြီး လည်း
ဥက္ကဋ္ဌက ကစားသမားတွေ မနက်စာစားနေတုန်း အစောကြီးရောက်လာတယ်။ ထပ်ပြီး နိုင်အောင်က
စားဖို့ ဒီနေ့နိုင်ရင် ဆုတွေဘယ်လောက်ချမယ်ဆိုတာ ပြောသွားတယ်။ ဒါကို ကျွန်တော် သူ့ကိုလည်း ဒီနေ့နိုင်အောင်ကစားရမယ်။ နိုင်ရင်ဆုချမယ်ဆိုပြီး ဘာသာပြန်ပေးလိုက်တာပေါ့။ သူ့နားထဲကို ဒီနေ့
နိုင်အောင်ကစားရမယ်။ ဒီပွဲနိုင်အောင် ကစားရမယ် ဆိုတာ အကြိမ်ကြိမ် သိနေပြီးသား။ စည်းမျဉ်းကို
လည်း ဦးတင်မြင့်အောင်ဆီက သူယူကြည့်ထားပြီးသား။တစ်ခါ ပွဲကစားမယ့်အချိန် ကွင်းထဲမရောက်
ခင်မှာ ၂ နာရီ ၄၀ မိနစ် တွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဒီနေ့ နိုင်ကိုနိုင်ရမယ်။ မနိုင်ရင် နေပြည်တော်မရောက်
တော့ဘူး။ နာတဲ့ ကစားသမားတွေရှိတယ်။ တစ်ရက်ခြားပွဲဖြစ်တဲ့အတွက် အားမပြည့်သေးဘူးဆိုတာ
သူသိတယ်။ သို့သော် ပွဲအရေးကြီးတဲ့အတွက် ကြိုးစားပြီး ကစားပေးပါလို့ပြောတယ်။ နေပြည်တော်
ကို ပျော်ပျော်ရွှင်ရွှင်သွားကြမယ်ပေါ့။ ဒီနေ့ပွဲမှာ အင်ဒိုနီးရှားက ဘယ်လိုကစားမလဲလို့ မင်းတို့ထင်လဲ
လို့ ကစားသမားတွေကို မေးတယ်။ တိုက်စစ်နဲ့ကစားမယ်လို့ သိတယ်ပေါ့။ အဲဒါဆိုတို့က ခံစစ်နဲ့ကစား
ရမယ်။ တန်ပြန်တိုက်စစ်နဲ့ ကစားရမယ်ပေါ့။ အဲဒီလိုလည်း သူက ပြောတယ်။ နောက်ပြီး ရှုံးရင်ထွက်
ရမယ်ဆိုတာရော သိလားဆိုတော့ ကစားသမားတွေက နှုတ်နဲ့လည်း ဖြေတယ်။ ခေါင်းညိတ်လည်း
ဖြေတယ်။ အဲဒီအချိန်မှာ ဆီးဂိမ်းအောင်နိုင်ရေးဥက္ကဋ္ဌ ဦးအောင်မိုးကျော်လည်း အနားမှာရှိနေတယ်။

မြန်မာရှုံးတဲ့အတွက် သူကရော ခံစားရတဲ့ပုံရှိလား။

ပွဲပြီးပြန်လာတော့ “ Why..Why...Why... I don't know” ဆိုပြီး သူက အဲလိုပြောတယ်။ ပြောတော့
ဦးတင်မြင့်အောင်ကလည်း နည်းပြကြီးကို ပြတယ်လေတဲ့။ အဲဒီမှာ သူက ဘာပြန်ပြောလဲဆိုတော့ ပြ
တာ သူမသိဘူးပေါ့။ တကယ်တမ်းဆို သူမေးရမှာလေ။ သူ မသိရင် မမေးဘဲနဲ့ ဒီလောက်အရေးကြီး
တဲ့ စာရွက်စာတမ်းတစ်ခုကို အစအဆုံးသူဖတ်မိလိမ့်မယ် နားမလည်တာရှိရင် မေးလို့ရတာပဲ။ မမေး
တာက သူ့အပိုင်း မပြောဖြစ်တာက ကျွန်တော်တို့တာဝန်ပေါ့ အဲဒါကို သူကအခုမှသိတယ်တဲ့ နောက်
ပြီး Head to Head ဆိုတာ အသက် ၆၀ မှာ အခုမှ ပထမဦးဆုံးအကြိမ် ကြားဖူးကြုံဖူးတာလို့ သူကိုယ်
တိုင်က ဦးတင်မြင့်အောင်ရှေ့မှာ ပြောတာ။ သူက တစ်ခါဘာပြောသေးလဲဆိုတော့ သူမသိဘူးလား
ဆိုaတာ့ နည်းပြကြီးတောင် ပြောသေးတယ်လေလို့ meeting room ထဲမှာ ဒီနေ့ပွဲ ရှုံးလို့မဖြစ်ဘူး။ ရှုံး
ရင်ထွက်ရမယ် သိလားလို့ မေးတော့ ကစားသမားတွေက သိတယ်လို့ ဖြေတယ်လေလို့ ပြောတယ်
ဆိုတော့ သူကငါအဲဒီလိုပြောလိုက်တာ ကစားသမားတွေပိုပြီးတော့ ကြိုးစားချင်စိတ်ပေါက်သွားအောင်
အဲဒီအဓိပ္ပာယ်နဲ့ ပြောတာလေတဲ့။ ဒါကတော့ သူပဲသိမယ်။ သိသိကြီးနဲ့ မသိဘူးလုပ်တာလား။ ၂ နာရီ
၄၀ Meeting မှာ အရှေ့သုံးပွဲမှာ အရမ်းကြိုးစားပြီး ကစားလာတာနော်တဲ့။ ဒီနေ့ပွဲမှာ ခြေချော်လက်
ချော်ဖြစ်သွားရင် ကြိုးစားထားသမျှတွေ အရာမ၀င်ဖြစ်သွားလိမ့်မယ်လို့ သူက အဲဒီလို ပြောတာကို
ကျွန်တော်က ဗမာလို အလွဲအချော်ဖြစ်သွားရင် သဲထဲရေသွန်သလို ဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်
သေးတယ်။ ဒါတွေ အားလုံးက ကစားသမားတွေရော၊ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌကြီးရော၊ ဦးစိုး
မိုးတို့အားလုံးရှိတယ်။

အစ်ကိုက သူနဲ့အနီးကပ်နေရတော့ ဒီပြသနာဟာ သာမန်လွဲချော်မှုလို့ ထင်လား။ နောက်ဆုံးအကြိမ်
ကျမှ တေ့ဖြုတ်လိုက်တဲ့သဘောလို့ ထင်လား။

ကျွန်တော်က ဒီစကားကြီးကို ပြောသင့်၊ မပြောသင့်တော့ တော်တော်စဉ်းစားတယ်။ အစ်ကိုတို့က
တော့ မီဒီယာသဘောအတိုင်းပဲလုပ်ပါ။ သူက ဆီးဂိမ်းပြီးရင် သူ့စာချုပ်က ပြီးပြီပေါ့နော်။ တစ်လပိုင်း
သုံးလပိုင်းမှာလည်း ယူ-၂၂ တို့ AFC ပွဲတွေ ရှိနေတဲ့အခါမှာ အဲဒီပွဲတွေကို အရမ်းကို မျှော်လင့်နေ
တာပေါ့နော်။ ကျွန်တော့်ကို စကားစပ်တိုင်းမေးတာ ယူ-၂၂ က ကပ်နေပြီ။ သူ့ကို အခုထိ မကမ်း
လှမ်းသေးဘူး။ ပွဲပြီးမှပြောမယ်ဆိုရင် သူ့ဘက်က ပြင်စရာရှိတာ ပြင်ရမယ်ပေါ့။ အဲဒီလို (စာချုပ်သစ်
ကိစ္စ) မပြောတဲ့အပိုင်းလေးတွေမှာတော့ သူက ဖုနေတာရှိတာပေါ့။ ဒါက သူနဲ့ ကျွန်တော်ရဲ့ အတွင်း
စကားပါ။ (သာမန်လွဲချော်မှုနဲ့ တမင်ကြံစည်မှု) နှစ်ခုစလုံးကတော့ ၅၀/၅၀ ပေါ့ အစ်ကိုရာ။ သိသိကြီး
နဲ့ တေ့ဖြုတ်တာလို့ ပြောလို့ရသလို နားလည်မှုလွဲသွားတဲ့ အားနည်းချက်ကတော့ ၅၀/၅၀ ပေါ့။ ဒါက
လည်း ကျွန်တော့်အတွေးပါ။ သူ့ကို လစာပေးထားတာက ဒေ၀ူးပေါ်စကိုကေ ပးတယ်အစ်ကိုရာ။ ဥ
က္ကဋ္ဌကတော့ အသုံးစရိတ်နဲ့ အိမ်ကား အားလုံးပြည့်စုံအောင် ပေးထားတယ်။ ဒေ၀ူးက သူ့ကို လုံးဝမ
ပေးတော့ဘူးလည်းဆိုရော သူက နည်းနည်းလေး ပျာသွားပြီးတော့ ဥက္ကဋ္ဌမှာလည်း ပိုက်ဆံရှိတာပဲ။
သူပေးချင်ပေးလို့ ရတယ်ပေါ့။ အဲဒီလိုတော့ ပြောတယ်။ ကျွန်တော်တို့ကလည်း ဆီးဂိမ်းကို ပထမဦး
စားပေးနေတော့ သူ့ကိစ္စက ဒုတိယနေရာရှိနေတာပေါ့။ အင်ဒိုတွေထခုန်ပြီး မြန်မာတွေငိုတော့မှသိ
တယ်ပြောတယ်။ အဲဒါကရော။အင်ဒိုတွေက ထခုန်တော့ ဘာဖြစ်လို့လဲမေးတော့ သူတို့က တက်
သွားတယ်လေလို့။ မြန်မာတွေက ဟိုမှာငိုနေကြတယ်လို့ သူတို့ထွက်သွားရတယ်လေလို့။ အဲဒီတော့
မှ သူက “ Why.. why..why ” ဆိုပြီး မေးတော့ (ကိုရီးယားလူမျိုး) သူ့နည်းပြနှစ်ယောက်ကလည်း
ပြောတယ် ထွက်ရလို့ ငိုတာလို့။

သူ့လက်ထောက်နှစ်ယောက်ကရော သိလား။

နည်းပြကြီးက မေးလိုက်တဲ့ အချိန်မှာ သူတို့က မသိဘူးလို့ ဖြေတယ်။ ဒါပေမဲ့အရန်ခုံမှာ ထိုင်နေတော့
ကျွန်တော့်ကို ဂိုးနည်းပြက ဒီနေ့ပွဲရှုံးရင် နည်းပြကြီးသိလားဆိုတော့ သူသိထားလို့မေးတယ်လို့ ကျွန်
တော်က ဒီလိုယူဆတယ်။ သူသိထားလို့ ဒီမေးခွန်းကို ကျွန်တော့်ကို မေးတာပေါ့။

ပြိုင်ပွဲပြီးသွားတော့ အ၀တ်လဲခန်းထဲမှာ ဘာတွေဖြစ်ကြသေးလဲ။

ဦးတင်မြင့်အောင် ဘာလို့မပြောတာလဲဆိုတော့ ဦးတင်မြင့်အောင်က ပြောတယ်လေ။ သူ့ကိုပြတယ်
လေဆိုတော့ မပြောဘူးတဲ့။ ပြောတာက တခြားကိစ္စ၊ အ၀ါကတ်ကိစ္စဘာညာပဲ ပြောတာပေါ့။ ဒီစည်း
မျဉ်းနဲ့ ပတ်သက်ပြီး ပြောတာမဟုတ်ဘူးဆိုတော့။ ၀ုန်းဝုန်း..၀ုန်းဝုန်းနဲ့ တော်တော်လေး ရုတ်ရုတ်သဲ
သဲဖြစ်တာပေါ့။ တစ်ယောက်အော်၊ တစ်ယောက်အော်နဲ့ ပြောကြတာ။ ပြီးတော့မှ ဟိုတယ်ပြန်ရောက်
တော့မှ စားပွဲမှာပြန်ထိုင်မှ ပြောတော့မှ ဦးတင်မြင့်အောင်က ပြတယ်။ သူကလည်း ကြည့်တယ်ဆို
တော့မှ ဟုတ်တယ်။ ငါကြည့်တာက ကတ်တလောက်ကိုပဲ သူကြည့်လိုက်တာတဲ့။ အောက်အထိ သူ
မကြည့်လိုက်ဘူး။ သူက အင်္ဂလိပ်လိုနားမလည်ဘူး အဲဒီလိုကာလိုက်တယ်။

7day Daily

ကမ္ဘာ့ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား နေရာ မည်သူဆက်ခံမည်နည်း .................................

Wednesday, December 18, 2013

ကမ္ဘာ့ ပြဿနာ များကို ဖခင်ကြီး တစ်ဦး သဖွယ် ကိုင်တွယ် ဖြေရှင်း ပေးလေ့ ရှိသည့် ”နယ်လ်ဆင် မန်ဒဲလား”ကို မကြာခဏ ဆိုသလို ကမ္ဘာ့ သက်ကြီး နိုင်ငံရေး သမား တစ်ဦး အဖြစ် ဖော်ပြတတ်ကြသည်။ ကိုယ်ကျင့်တရား ဆိုင်ရာ သြဇာ ကြီးမားမှုက နယ်လ်ဆင်မန် ဒဲလားကို မဟတ္တမ ဂန္ဓီ ဖြစ်စေခဲ့၏။ ယခု သူ့နေရာကို မည်သူ ဆက်ခံ မည်နည်း။

လော့ကာဘီ၊ ဘာရွန်ဒီ၊ ဒီအာ ကွန်ဂို၊ လီဆိုသို၊ အင်ဒိုနီးရှား၊ အစ္စရေး၊ ပါလက်စတိုင်း၊ ကက်ရှ်မီးယား၊ စတက် ဖင်လော့ရင့်စ် လူသတ်မှု၊ HIV ပညာ ပေး လှုံ့ဆော်မှု၊ ကမ္ဘာ့ ဖလား ဘောလုံး ပွဲ စသည့် ကမ္ဘာ့ ကိစ္စများနှင့် ပတ်သက် ၍ နယ်လ်ဆင်မန်ဒဲလား က အမျိုးမျိုး အဖုံဖုံ ပြောဆို ကိုင်တွယ် ကူညီခဲ့သည်။

၁၉၉၃-၂ဝဝ၅ အတွင်း ဖြစ်ပွားခဲ့ သော အာဖရိကတိုက် အလယ်မှ လူ ပေါင်း သုံးသိန်းကျော် သေဆုံးခဲ့ရသည့် ဘာရွန်ဒီ ပြည်တွင်းစစ် တွင် ကြားဝင်ဖျန် ဖြေပေးသူ၊ မိမိ မိသားစု ဝင် တစ်ဦးကိုယ် တိုင် AIDS ရောဂါဖြင့် ကွယ်လွန်ခဲ့ကာ ၄င်းရောဂါနှင့် ပတ်သက်သည့် အာဖရိကတိုက် ရှိ အယူသည်းမှု များကို ပျောက် ကွယ်အောင် ကြိုးစားခဲ့ သူ နယ်လ်ဆင် မန်ဒဲလား ၏ ကမ္ဘာ့ လူ့ အဖွဲ့အစည်း အတွက် ဝင်ရောက် ကူညီမှုများ အားလုံး အောင်မြင်ခဲ့ သည်တော့ မဟုတ်သလို အားလုံးက ကြိုဆို လက်ခံခြင်း လည်း မရှိ ခဲ့ကြပေ။

အမေရိကန် နိုင်ငံခြားရေး မူဝါဒကို လည်းကောင်း၊ ၁၉၉ဝ ကိုဆိုဗို ဝင်ရောက် စွက်ဖက်မှုကို လည်းကောင်း၊ နယ်လ်ဆင် မန်ဒဲလား ကပြင်းထန်စွာ ဝေဖန်ခဲ့ဖူးသည်။ ကမ္ဘာ့ ဗီလိန်ကြီး ကဒါဖီနှင့်လည်းကောင်း အင်ဒိုနီးရှား ခေါင်းဆောင် ဆူဟာတိုနှင့် လည်းကောင်း နယ်လ်ဆင် ၏နွေးထွေးသော ဆက်ဆံရေး ကို ကမ္ဘာက အံ့သြခဲ့ရသည်။

သူ၏ AIDS ရာဂါနှင့် ပတ်သက် ၍ ပြောဆိုမှုများသည် နောက်ကျလွန်း လှသည်ဟု ကမ္ဘာက ဝေဖန်ခဲ့၏။

ကမ္ဘာ့ စင်မြင့်ပေါ် တွင် နှိုင်းယှဉ်ရန် အဆင့်တူ မရှိသော အခြေ အနေ သို့ နယ်လ်ဆင် မန်ဒဲလား ရောက်ရှိ လာသည့် အချိန်တွင်တော့ ဝေဖန် ပြစ်တင်သံ တို့ တိတ်ဆိတ် သွား ခဲ့လေသည်။

”နယ်လ်ဆင် မန်ဒဲလား သည် ယုံကြည်ချက် အကျဉ်းသား ဘဝ၊ လူ့ အခွင့် အရေး တိုက်ပွဲဝင် အိုင်ကွန် ဘဝ မှ လက် တွေ့ နိုင်ငံရေး ခေါင်းဆောင် တစ်ဦး အဖြစ် သို့ လိုက်လျော ညီထွေဖြစ်အောင် ပြောင်းလဲခဲ့သည်။ ထို့နောက် တောင်အာဖရိက၏ ‘ဖခင်’တစ်ဦး အဖြစ်သို့ စိုက်စိုက် မတ်မတ် ရောက်ရှိခဲ့ကာ ကမ္ဘာ့ သက်ကြီး ခေါင်းဆောင် တစ်ဦး ဖြစ်လာ ခဲ့ရသည်။ ယင်းကဲ့သို့ ဘဝမျိုးမှာ နယ်လ် ဆင်မန်ဒဲလား တစ်ဦးတွင်သာ ရှိပုံရ သည်” ဟု ဝါရှင်တန် Feature Story News မှနိုင်ငံတကာ ဆောင်းပါး ရှင် ဆိုင်မွန်မတ် Simon Marks က ပြော လိုက်သည်။

ပေါ့ပ် အဆိုတော်များ၊ စူပါမော် ဒယ်များ အပါအဝင် အလွန်ကျယ် ပြန့် သော လူထု လူတန်းစားများ၏ လေးစား အထင်ကြီးမှုကို ခံရကာ၊ ထို ကဲ့သို့ မေးခွန်း ထုတ်စရာ မရှိသော တရားဝင် သြဇာဂုဏ်၊ သမာဓိ ဂုဏ်မျိုး ကို နယ်လ် ဆင်မန် ဒဲလားသာ ရရှိခဲ့သည်။

၁၉၈၈ ခုနှစ် လော့ကာဘီ လေယာဉ်ပေါက်ကွဲ မှုတရားခံကို UK နှင့် လစ်ဗျားနိုင်ငံ အကြား လွှဲပြောင်းနိုင်ရန် ကြားဝင် ဖျန်ဖြေခဲ့ သည်။ အရှေ့ အလယ်ပိုင်းတွင် အစ္စရေး နိုင်ငံကို ဝေဖန်ခဲ့သည်။ ၁၉၉၈ခုနှစ်က လီဆိုသိုနိုင်ငံတွင်း သို့ တောင်အာဖရိက တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ ဒီအာကွန်ဂို ငြိမ်းချမ်းရေး အတွက် ထိပ်သီး တွေ့ဆုံမှုများ စီစဉ်ပေးခဲ့သည်။ ကက်ရှ်မီးယား အရေး အတွက်အိန္ဒိယနှင့် ပါကစ္စတန် တို့ကို တွေ့ဆုံညှိနှိုင်းရန် တိုက်တွန်းခဲ့သည်။ ဘာရွန်ဒီ ပြည်တွင်းစစ် ကို ကြားဝင် ဖျန်ဖြေပေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာ တာ အကျဉ်းထောင် တွင်းရှိ အရှေ့ တီမော နိုင်ငံရေး ခေါင်းဆောင်ဂူဆာ မိုကိုသွား ရောက် တွေ့ဆုံခဲ့သည်။ ၁၉၉၃ ခုနှစ်က ဗြိတိသျှလူမည်း လူငယ် စတက်ဖင်လော ရင့်စ် အသတ်ခံရမှု အတွက် ဗြိတိန် ရဲတပ် ဖွဲ့အား တောင်းဆို ဖိအားပေးခဲ့သည်။

”အခြားသူများ ဝင်ရောက် စွက်ဖက်ရန် မတတ်နိုင်သော ကမ္ဘာ့အရေး ကိစ္စများကို ရိုးသားစွာ ဝင်ရောက်ညှိနှိုင်း ပေးနိုင်သည့် အရည်အချင်း မျိုး နယ်လ် ဆင်မန်ဒဲလား တွင်ရှိသည်” ဟု London School of Economics မှ ခရစ္စတိုဖာ အာလ်ဒန်က ပြောဆိုပြီး ၁၉၉၇ ခုနှစ်က အင်ဒိုနီးရှား သမ္မတ ဆူဟာတို ကို ဆန့်ကျင်၍ အကျဉ်းကျ ခံ အရှေ့ တီမော နိုင်ငံရေး သမား ဂူဆာမို (Gusmao) ကို ဂျကာတာမြို့တွင် ၂ နာရီ ကြာမျှ တွေ့ဆုံနိုင် ခဲ့သည့် နယ်လ်ဆင်၏ အရည်အချင်း ကို ထောက်ပြခဲ့သည်။ ယင်း တွေ့ဆုံမှု က အ ရှေ့တီမော နိုင်ငံ လွတ်လပ်ရေး အတွက် လမ်းခင်းပေးခဲ့ ပြီးနောက် နှစ်နှစ် အကြာ တွင် ဂူဆာမို လွတ်မြောက်ခဲ့သည်။

ယခုနှစ်များ အတွင်း ကမ္ဘာက လေးစားရသော အခြား ကမ္ဘာ့သက်ကြီး နိုင်ငံရေး ခေါင်းဆောင် များလည်း ပေါ်ပေါက်ခဲ့သော်လည်း သူတို့၏ လုပ်ကိုင် ဆောင်ရွက်မှု များ သည် ပြည်တွင်း ကိစ္စ များ (သို့မဟုတ်) အစိုးရ ကိုယ်စား ဝင် ရောက် လုပ်ကိုင်မှုများသာ ဖြစ်သည်။

ဂျင်မီကာတာ သည်လည်း မြောက်ကိုရီးယား အငြင်းပွားဖွယ် ကိစ္စ များအတွက် သွားရောက် ဆွေးနွေးခဲ့ခြင်း ၊ ရွေး ကောက်ပွဲများ ကို စောင့်ကြပ် ကြည့်ရှုပေးခြင်း ၊ လေ့ကျင့် သင်ကြားပေးခြင်း တို့ဖြင့် အာဖရိက ဒီမိုကရက် တိုက်ဇေးရှင်းဖြစ် စဉ်ကို အဓိက နေရာမှ ကူညီခဲ့ခြင်း တို့ကို လုပ်ကိုင်ခဲ့သော်လည်း ယင်းတို့မှာ အလုပ် သဘော အရသာဖြစ်ပြီး မန်ဒဲလား ကဲ့သို့ စိတ်လှုပ်ရှားဖွယ် သြဇာ သက်ရောက်မှု များ မရှိခဲ့ပေ။

”ကမ္ဘာ့ဖခင် တစ်ဦး၏ ပုံရိပ် မျိုးထိနိုးထ လာခဲ့ရ သော အဓိကအချက်မှာ နယ်လ်ဆင်မန်ဒဲလား ၏ ကိုယ်ရည် ကိုယ်သွေး ဖြစ်သည်”ဟု ယုံကြည် မိကြောင်း အတ္ထုပ္ပတ္တိရေး သူ ဒေးဗစ်ဂျိမ်းစမစ်က ပြောဆိုခဲ့သည်။

နယ်လ်ဆင်မန်ဒဲလား သည် လွန်စွာ နက်နက် ရှိုင်းရှိုင်း ရှုပ်ထွေး လှသည့် အခြေအနေ များ အကြား ကိစ္စ များကို ပြီး မြောက်အောင် ဆောင်ရွက်နိုင်စွမ်း ရှိပြီး တစ်ချိန် တည်းမှာပင် ယာခင်းထဲမှ သိုး ကျောင်းသား တစ်ဦးကဲ့သို့ ရိုးရှင်းမှု၊ ကြည်လင်မှု တို့လည်း ၄င်းထံတွင် ရှိသည်။ အရပ်သား များနှင့် ဘုရင်များ ကိုလည်း တစ် တန်းတည်း ထား၍ စကားပြော ဆိုခဲ့သည်။ မိတ်ဆွေများ၏ အမည်များကို မှတ်မိ အလေးထားပုံ တို့နှင့် လူတစ်ဦးချင်း စီကို အချိန်ပေး စကား ပြောဆိုပေးခြင်း တို့က လည်းသူ့ကို လူတိုင်း က ချစ်ခင်စေပါသည်။

”ကမ္ဘာကြီး၏ မည်သည့် နေရာကို မဆိုသွားပြီး သူ၏ မျက်နှာပုံ ကိုပြလျှင် လူတိုင်းက သူ့အမည်ကို သိကြပါလိမ့် မည်။ ထိုကဲ့သို့ လူမျိုး ယခုသက်ရှိ ထင် ရှားရှိ သူများ အကြား မရှိတော့ပါ”ဟု အတ္ထုပ္ပတ္တိရေးသူ စမစ်က ဆက်လက် ပြောကြားသေးသည်။

”အကျဉ်းသား ဘဝမှ နိုင်ငံရေး သ မားဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း အလွန် စိတ်ဝင်စားစရာ ကောင်းသည့် ဇာတ်လမ်း တစ်ပုဒ်ဖြစ် ကြောင်း၊ သူမ သည် တစ်နေ့ နယ်လ်ဆင် မန်ဒဲလား ဖြစ် လာမည်လား၊ နိုင်ငံရေး ဇာတ်လမ်း များက မည်သို့ ဖြစ်လာဦး မည်ကို ကျွန်တော် တို့ မသိသေးသော် လည်း ”ဖြစ်နိုင်ပါသည်”။ ယုံကြည်ချက် အကျဉ်းသား တစ်ဦး ဖြစ်ခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ထံတွင် အံ့သြ ဖွယ်ရာ ကိုယ်ကျင့် တရား ဆိုင်ရာ သြဇာ ရှိနေပြီး ယခုအခါ တက် ကြွ သော နိုင်ငံရေး အခန်း ကဏ္ဍ တစ်ရပ်ကို ဆောင်ရွက် နေသည်။ အခြေအနေ များစွာ ကလည်း သူမကို ခက်ခဲသည့် အနေ အထား မျိုး ရောက်အောင် ပို့ဆောင်နေ ကြသည်” ဟု နိုင်ငံတကာ ဆောင်းပါးရှင် ဆိုင်မွန်မတ် (Simon Marks) က ပြောကြားသည်။

”တစ်ဦး တစ်ယောက်သည် မလွဲ သာ မရှောင်သာ ခေါင်းဆောင်မှု နေရာ ကို ယူရတော့မည် ဆိုလျှင် မရည်ရွယ်ဘဲ အခြား သူများနှင့် ထိခိုက် ပွတ်တိုက်မှုများ ရှိတတ် သည်မှာ ဖြစ်ရိုး ဖြစ်စဉ်ဟု လက် ခံထားကြသော် လည်း တစ်နေ့သ၌ ရက် စက် ကြမ်းကြုတ်သောနိုင်ငံရေး လုပ်ငန်း များနှင့် ဆက်ဆံစရာ မလိုအပ်တော့ သည့် အချိန်၌ သူမထံ တွင်လည်း ထိုကိစ္စ မျိုး ရှိတော့မည်မဟုတ်ပေ။

မဟတ္တမ ဂန္ဓီ၊ နယ်လ်ဆင်မန်ဒဲ လား၊ ဒေါ်အောင်ဆန်းစုကြည် တို့ အား လုံးသည် နိုင်ငံရေး အကျဉ်းသား များ ဖြစ်ခဲ့ကြပြီး ဤကဲ့သို့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စများကို အနစ်နာခံမှု များကလည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ် ဖြစ်ကြောင်း၊ မြောက် ကိုရီးယားနှင့် တရုတ်နိုင်ငံ တို့တွင်လည်း အလားတူ ကိစ္စများ ရှိပြီး ထင်ပေါ်ကျော် ကြားခြင်း မရှိသေးကြောင်း” ကိုဆောင်းပါးရှင် ဆိုင် မွန်မတ်(Simon Marks)က ဆက်လက် ပြောကြား ထားသည်။

သက်ဆိုင်ရာနိုင်ငံ များ၏ အပြောင်း အလဲ တစ်နေရာရာ ၌ သူတို့သည် ဦး ဆောင် လုပ်ကိုင်သူ အေးဂျင့်အဖြစ် ပေါ် ပေါက်လာ ခဲ့ကြရသည်။ ထိုကဲ့သို့ အခြေ အနေမျိုး ၌ ဝင်ရောက် အနစ်နာခံဆောင် ရွက်ရန် မှန်ကန်သော အခိုက် အတန့်ကို ရွေးချယ်နိုင်ရန် လည်း လိုအပ်လေသည်။

ဤနေရာ၌ ‘အနစ်နာခံ’ သည် ဆို သော စကားလုံးသည် အနုတ်လက္ခဏာ (Cynical) ဆောင်သော သဘောမျိုး ရှိသော်လည်း နိုင်ငံရေး အရ မှန်ကန် သော အခိုက် အတန့်တွင် ၄င်းတို့၏ ပုဂ္ဂိုလ်ရေး အနစ်နာခံမှု က နိုင်ငံရေး အရ အမြတ် ထွက်စေပြီး အပြောင်းအလဲ ကို လည်း ပိုမို အကျိုးသက်ရောက်စေသည်။

ဤကဲ့သို့ သာမန်ထက် ထူးခြားသော ပုဂ္ဂိုလ်များသည် မကြာခဏ လွယ်လွယ်ကူကူ ပေါ်ထွန်းလာကြလေ့ မရှိပေ။ သို့သော် ယနေ့ လူမှု မီဒီယာကွန် ရက်ခေတ်တွင် မူ ဝေ ဖန်ပြစ်တင်မှု များကို အလွန် လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင် သောကြောင့် ရေရှည် တည်တံ့သည် နာမည်ကောင်း တစ်ခု တည်ဆောက်ရန် မှာလည်း မလွယ်ကူလှပေ။

”The Elders” ဆိုသည့် ကမ္ဘာ့ ခေါင်းဆောင် များပါဝင်သည့် အဖွဲ့တစ် ဖွဲ့ကို နယ်လ်ဆင်မန်ဒဲလား ၏ ၈၉ နှစ် မြောက် မွေးနေ့တွင် ဖွဲ့စည်းခဲ့ကြသည်။

”ထိုကဲ့သို့ ဝါရင့် နိုင်ငံရေး သမား အမျိုးသမီး၊ အမျိုးသားများ ပါဝင်သော အဖွဲ့အစည်း အနေဖြင့် သူတို့၏ အရည် အချင်းကောင်း များနှင့် လုပ်ဆောင်နိုင်သည့် အရာများ ကို မူ စောင့်ကြည့် ရမည် ဖြစ်ကာ ၄င်းတို့သည်လည်း မျိုးဆက် တစ်ဆက်လျှင် တစ်ဦးသာ ပေါ်ထွန်း တတ်သည့် သူမျိုးများ ဖြစ်ကြသည်။

လူသား မျိုးနွယ် အတွက် ထိုကဲ့သို့ ပုဂ္ဂိုလ်များ လိုအပ်ကာ ၄င်းတို့ မရှိလျှင် ရက်စက် ကြမ်းတမ်းသော ပဋိပက္ခများ အတွင်း ကျရောက် သွားနိုင်ခြေ ရှိသည် ကို အလေး အနက် ထားရမည်။ လိုအပ် သော အချိန် တစ်ချိန်ချိန် မှာ ထိုကဲ့သို့ အမျိုးသား၊ အမျိုးသမီး တစ်ဦးဦးပေါ် ပေါက်လာဖို့ မျှော်လင့်မိ ကြသော်လည်း မိုးကုတ် စက် ဝိုင်းအောက် နယ်လ်ဆင် မန်ဒဲလားလို လူမျိုး တစ်ဦး တစ်ယောက်မျှ မတွေ့ရှိသေးပါ” ဟု London School of Economics မှ ခရစ္စတိုဖာ အာလ်ဒန် က မှတ် ချက်ပေး ခဲ့သည်။

လက်ျာထွန်း

Ref: BBC News – Magazine Mandela Death: Who next as the world’s elder statesman?
By Tom Geoghegan ကို ဆီလျော်အောင် ပြန်ဆိုသည်။

Popular Myanmar News Journal

Thit Htoo Lwin - Feature