This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, July 5, 2014

မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားအဖြစ် လက်ထပ်မှု၊ လင်မယားအဖြစ်မှ ကွာရှင်းမှု....................

ကိုယ့်ဘ၀ ကံကြမ္မာရယ် ဖန်လာအားရက်လေတယ်

Posted by: Ko Myo on Friday, July 04, 2014 Categories:

ဦးဝင်းရွှေ (တရားလွတ်တော် ရှေ့နေ)

လွန်ခဲ့သော မေလက စာရေးသူ၏ ရုံးခန်းသို့ ကလေးနှစ်ယောက် နှင့်အတူ အမျိုးသမီး တစ်ယောက် ရောက်လာသည်။ ထိုအမျိုးသမီးက အကြောင်းစုံ ရှင်းပြမှ လွန်ခဲ့သော ငါးနှစ်ခန့်က စာရေးသူကိုယ်တိုင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် လက်ထပ်စာချုပ် ပြုလုပ်ပေးခဲ့သော အမျိုးသမီးဖြစ်ကြောင်း ပြန်လည် သတိရမိသည်။ ထိုစဉ်က ၎င်းအမျိုးသမီးက ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့ မပေါင်းဘဲ နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် တကွဲတပြားစီ နေထိုင်ခဲ့ကြောင်း၊လွန်ခဲ့သော ၂၀၁၂ ခုနှစ် က ဘုရားဖူးသွားရင်း အမျိုးသားတစ်ဦးနှင့် လက်ထပ်စာချုပ် ပြုလုပ်ပြီး၊ နေထိုင်လျက်ရှိရာမှ ယခင် လင်ယောက်ျားဖြစ်သူက မယားခိုးမှုဖြင့် တရားစွဲသဖြင့် ထောင်တစ်နှစ်ကျခဲ့ကြောင်း၊ ထိုယောက်ျားနှင့် ပေါင်းသင်းရာမှ ကလေးနှစ်ယောက် ရပြီးတာတောင် ထောင်ကျရသလားဟု မေးရာ စာရေးသူက ဥပဒေ အချက်အလက်များ နှင့် ရှင်းပြလိုက်မှ ၀မ်းနည်းစွာ နှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။်

မယားခိုးမှုများတွင် ထိုလင်နှင့် ထိုမယားတို့ ကွာရှင်းပြတ်စဲပြီးခြင်း ရှိ၊ မရှိ အငြင်းပွားရမည့် အချက်များ ပေါ်ပေါက်ခဲ့သော ကိစ္စများတွင် ကွာရှင်းမှု ပြုပြီးကြောင်း အများသိလာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားအဖြစ် လက်ထပ်မှု၊ လင်မယားအဖြစ်မှ ကွာရှင်းမှုများသည် လူသိရှင်ကြား ဆောင်ရွက်ကြရသော ကိစ္စများဖြစ်သည်။ လင်မယား အချင်းချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ဆက်ဆံခြင်း မပြုသောအချက်နှင့် လင်မယားနှစ်ဦး သဘောတူ ကွာရှင်းပြတ်စဲမှု ပြုသောအချက် တို့သည် ကွာခြားမှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။

တောင်ကြီးမြို့၊ ချောပိုင်ရပ်နေ ကိုတင်အေးနှင့် မခင်သန်းမြင့် (အမည်လွှဲ) တို့သည် ၁၉၈၇ ခုနှစ်က လက် ထပ် ပေါင်းသင်းပြီးနောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ မခင်သန်းမြင့်သည် စိုင်းဖုန်းကျော် (အမည်လွှဲ) ဆိုသူနှင့် ဖောက်ပြန် နေသည်ကို သိရသဖြင့် ကိုတင်အေးက တောင်ကြီးမြို့နယ် တရားရုံး တွင် ပြစ်မှုကြီးအမှတ် ၃၄၁၅/၂၀၀၁ ဖြင့် စိုင်းဖုန်းကျော် အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုး မှုဖြင့် တရားစွဲသည်။ တရားခံ စိုင်းဖုန်းကျော် ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် အမှုပြန်လည် ရုပ်သိမ်းခဲ့ရသည်။ အချစ်ကြီးတော့ အမျက်ကြီးသလို ကိုတင်အေး နှင့် မခင်သန်းမြင့် တို့မှာ တစ်အိမ် တည်း အတူနေပေမယ့် သူစိမ်းပြင်ပြင် တစ်ဦး နှင့် တစ်ဦး အခေါ်အပြော အဆက်အဆံမရှိဘဲ သီးခြားစီ နေထိုင်လျက်ရှိသည်။ ကြာလာတော့ မခင်သန်းမြင့် က စိုင်းဖုန်းကျော် နှင့်အတူ လိုက်သွားပြီး ပေါင်း သင်းနေသည်။ မခင်သန်းမြင့် နှင့် စိုင်းဖုန်းကျော်တို့ ပေါင်းသင်းရာမှ သားနှစ်ယောက်ပင် ထွန်းကားခဲ့ သည်။

၂၀၀၄ ခုနှစ်တွင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့ သားနှစ်ဦး ရှင်ပြုမင်္ဂလာလုပ်ရာ ဖိတ်စာများ ဝေငှ သဖြင့် ကိုတင်အေးက ၎င်းတို့နေထိုင်သော အရပ်ကို သိခဲ့ရသည်။ ကိုတင်အေးက ဇွဲမလျှော့သေးပါ။ တောင်ကြီးမြို့နယ် တရားရုံးတွင် မယားခိုးမှုဖြင့် စိုင်းဖုန်းကျော် ကို တရားထပ်စွဲသည်။ နှစ်ဖက်သက်သေ များ စစ်ဆေးပြီးနောက် မြို့နယ်တရားရုံးက စိုင်းဖုန်းကျော်ကို အပြစ်မရှိဟု သုံးသပ်ကာ အပြီးအပြတ် လွှတ်လိုက်သည်။ ဥပဒေရုံးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ တရားရုံးချုပ်သို့ အယူခံမှု တက်ရောက်ခဲ့ရာ တရားရုံးချုပ်မှလည်း မူလမြို့နယ် တရားရုံး၏ အမိန့်ကို အတည်ပြုပြီး အယူခံမှုကို ပလပ်ခဲ့သည်။

ကိုတင်အေးက မကျေနပ်သဖြင့် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု (မန္တလေး) သို့ အထူးအယူခံ ထပ်မံ တက် ရောက် ခဲ့သည်။ စုံညီခုံရုံးမှ အမှုအား လက်ခံပြီး နှစ်ဖက် လျှောက်လဲချက်များကို ကြားနာကာ အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့သည်။ စုံညီခုံရုံးမှ သုံးသပ်ရာတွင် အမှုတွဲ သက်သေခံချက်များအရ အယူခံ တရားခံ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၁ ခုနှစ် ကတည်းက ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့ကြောင်း ပေါ်လွင် သည်။ ထို့ ကြောင့် ကိုတင်အေးက စိုင်းဖုန်းကျော် အပေါ် တောင်ကြီးမြို့နယ် တရားရုံး၌ပင် လင်မယား ကွာလိုမှုကို စွဲဆိုသည်။ တရားမကြီးမှုမှာလည်း ပြီးပြတ်မှုမရှိဘဲ ရုပ်သိမ်းထား ခဲ့ကြောင်း တွေ့ရသည်။ နေရပ်လိပ်စာ အတိအကျ မသိ၍ ဖြစ်သည်။

ယင်းအခြေအနေတွင် စိုင်းဖုန်းကျော်သည် မခင်သန်းမြင့် နှင့် လက်ထပ် ပေါင်းသင်းမည့် အချိန်က မခင်သန်းမြင့်တွင် တရားဝင် လင်ယောက်ျား ရှိ၊ မရှိ မခင်သန်းမြင့်သည် ကိုတင်အေး နှင့် တရားဝင်ပြတ် စဲမှု ရှိ၊ မရှိ တို့ကို စုံစမ်း စိစစ်သင့်သည်။ မခင်သန်းမြင့် နှင့် ကိုတင်အေးတို့သည် တစ်ယောက်နှင့် တစ်ယောက် အခေါ်အပြော မရှိတော့သဖြင့် လင်မယား ကွာရှင်းပြီးဖြစ်သည် ဟု ယုံကြည်ရကြောင်း၊ မခင်သန်းမြင့်ဘက် မှ အဒေါ်များ က ပြောပြချက်အရ ကိုတင်အေး နှင့် မခင်သန်းမြင့်တို့ လင်မယား အဖြစ် ကွာရှင်းပြီ ဖြစ်သည်ဟု ယုံကြည်ရကြောင်း စိုင်းဖုန်းကျော်ဘက် မှ ထုချေချက်မှာ ခိုင်မာသော ထုချေချက် ဖြစ်သည်ဟု လက်မခံနိုင်ပေ။

စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၂ ခုနှစ် အတွင်း လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ ကြကြောင်း၊ ဦးတင်အေး နှင့် မခင်သန်းမြင့်တို့မှာ ထိုအချိန်က လင်ခန်း မယားခန်း ပြတ်စဲနေကြပြီး ဖြစ် သည့်အပြင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့သည် လူသိရှင်ကြား ပေါင်းသင်းနေပြီ ဖြစ်ကြောင်း၊ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မခင်သန်းမြင့်၏ အဒေါ်နေအိမ်၌ ကိုတင်အေး နှင့် မခင်သန်းမြင့် တို့ကို လူကြီးများက သင့်မြတ်စွာ ပြန်လည် ပေါင်းသင်း နေထိုင်ကြရန် ညှိနှိုင်းပေးသော်လည်း နှစ်ဦးစလုံးမှ လက်မခံကြသဖြင့် ညှိနှိုင်း၍ မရခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် မခင်သန်းမြင့်က စိုင်းဖုန်းကျော်နှင့် လက် ထပ်တော့မည် ဖြစ်ကြောင်း၊ အဒေါ်များထံ လာရောက် ပြောကြားရာ အဒေါ်များကလည်း ကိုတင်အေးနှင့် မခင်သန်းမြင့်တို့ ပြတ်စဲထားပြီ ဖြစ်၍ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ကိုတင်အေး နှင့် မခင်သန်းမြင့်တို့မှာ နှစ်ဦး သဘောတူ ကွာရှင်းထားကြပြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကြောင်း စိုင်းဖုန်းကျော် ဘက်မှ တင်ပြချက်များကို လက်မခံနိုင်ပေ။

မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ လင်မယား ကွာရှင်းမှုကို နှစ်ဦး သဘောတူညီချက်ဖြင့် တရားဝင် ဆောင်ရွက်ခွင့် ရှိသော်လည်း တရားဝင် လင်မယား အဖြစ်မှ ကွာရှင်းကြရာတွင် ခိုင်မာသော အပြော အဆိုများ၊ အပြုအမူများ ရှိရန် လိုအပ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် ကွာရှင်း ပြတ်စဲပြီး ကြောင်း အများလက်ခံနိုင်သည့် အချက်တစ်ရပ် ရပ်ရှိရန် လိုအပ်သည်။ ယခုကဲ့သို့ ကိုတင်အေး၊ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့် တို့ကြား ပေါ်ပေါက်နေသည့် လင်ခန်း၊ မယားခန်း ကိစ္စများတွင် ကွာရှင်း မှု ပြုပြီးကြောင်း၊ အများသိသာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ လင်မယားချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ပြုမူဆက်ဆံခြင်း မပြုရုံမျှဖြင့် ထိုလင်မယားတို့သည် ကွာရှင်းပြတ် စဲပြီး ဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်ပေ။ အမှုတွင် နှစ်ဖက် သက်သေ ထွက်ဆိုချက်များ နှင့် သက်သေခံ အထောက် အထားများအရ စိုင်းဖုန်းကျော် အပြုအမူများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုးမှု ပြစ်ဒဏ် ထိုက်သင့်သည်ဟု သုံးသပ်ရရှိသည်။

ထို့ကြောင့် စိုင်းဖုန်းကျော် သည် မခင်သန်းမြင့်အား လင်ရှိမယား ဖြစ်ကြောင်း သိလျက်နှင့် လက်ထပ် ပေါင်းသင်းခြင်း မဟုတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ မယားခိုးမှု မမြောက်ကြောင်း တရားရုံးချုပ် (မန္တလေး ရုံးထိုင်) က သုံးသပ်ပြီး စိုင်းဖုန်းကျော်အား အမှုမှ အပြီးအပြတ် လွှတ်ခဲ့သည့် မူလရုံး၏အမိန့်ကို အတည်ပြုခြင်းသည် ဥပဒေအရ မှန်ကန်မှုမရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း မှန်ကန်မှု မရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် (၁)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက် ဆိုသလို မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ၏ အိမ်ထောင်ခန်းမှာ ကျယ်ပြန့်ပြီး တိကျသော ဥပဒေသများ ရှိသည်ဆိုသော အချက်ကို စာရှုသူများ ဗဟုသုတ ရရှိစေရန် တင်ပြခြင်းဖြစ်သည်။ နောက်ယောက်ျား နှင့် ကလေးနှစ်ယောက် ရနေပြီးတောင်မှ မယားခိုးမှု မြောက် သလားဟု မေးစရာဖြစ်သော်လည်း တရားရုံးချုပ် (စုံညီခုံရုံး) ၏ သုံးသပ်ချက်တွင် အပြည့်အစုံ ဖော်ပြ ထားပြီးဖြစ်သည်။ ယောက်ျား တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ဦးနှင့် လက်ထပ် ပေါင်းသင်းမည် ဆိုပါက ထိုမိန်းကလေးသည် လွတ်လွတ် ကင်းကင်းရှိရဲ့လား၊ လင်နှင့် တရားဝင် ကွာရှင်းပြတ်စဲ ထားခြင်း ရှိသလား စသည်တို့ကို စုံစမ်း လေ့လာပြီးမှ လက်ထပ် ပေါင်းသင်းသင့်သည်။ တစ်မြို့ တစ်နယ် စီ ဖြစ်သဖြင့်၊ တစ်ယောက် အကြောင်း တစ်ယောက် သေချာ မသိပါဘဲလျက် စုံစမ်းမေးမြန်းခြင်း မရှိပါဘဲ လျက် အိမ်ထောင်တစ်ခု မတည်ဆောက်မိစေရန် အတွက် ၂၀၀၆ ခုနှစ် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု အမှတ်-၅ (မန္တလေး) (၃-ပါး စုံညီ) စီရင်ချက်ကို သတိချပ်စရာ အဖြစ် သိမှတ်ဖွယ်ရာ တင်ပြ လိုက်ရပါ သည်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အာဏာသိမ်း ထိုင်းစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူး webteam



အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်ချုပ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးပြောဆိုလိုက်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။

နိုင်ငံတော်နဲ့ ပြည် သူတွေ ရဲ့ လုံခြုံရေးအတွက် တာဝန်ယူထိန်း သိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို ယုံကြည်တဲ့ အကြောင်း မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် တာနာဆပ်ပါတီမာပရာကောင်နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာရေးပါတယ်။

ဒါ့အပြင် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကောင်စီရဲ့ လမ်းပြမြေပုံ အောင်မြင်လိုက်မယ်လို့ ယုံကြည်ကြောင်းနဲ့ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံထက် ဆိုးဝါးတဲ့အခြေအနေကို ဖြတ်ကျော်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ထိုင်းစစ်တပ်အကြီး အကဲကလည်း ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကောင်းကောင်း စောင့်ရှောက်ထားတဲ့အကြောင်း၊ တရားမ၀င် အလုပ်သမားတွေကို အသုံးပြုမှုကို ရပ်တန့်ဖို့ မူဝါဒတွေကို အကောင်ထည်ဖော်ပြီး တရားဝင်ဖြစ်ရေး ကိစ္စတွေ အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ရေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေး ကိစ္စရပ်တွေမှာ တိုးမြှင့်ဆက်ဆံရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဆက်သွယ်ရေး ပိုမိုအားကောင်းဖို့၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေနဲ့ ဒီနှစ် ပူးတွဲ စစ်ရေးလေ့ကျင်မှုဖြစ်တဲ့ ရွှေမြွေဟောက် လေ့ကျင်မှုမှာ မြန်မာရဲ့ ပါဝင်ဆောင်ရွက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဘွတ်ကီး နိုင်ငံတကာ ပေါက်ဈေးများနှင့် ဂိုးစဂိုးများ5.7.2014

ဇတ်ကြမ်း
10:30Argentina-70&2-30
2:30Netherland1=&2-50