မျက်နှာဘတ်
မြန်မာနှိင်ငံတော် ဗဟိုဘဏ်
နေပြည်တော်
ရက်စွဲ၊ 7.6.2012
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို
2012ခုနှစ် ဇွန်လ၁၅ရက်နေ့တွင် စတင်ထုတ်ဝေပါမည်။ ငွေစက္ကူကိုပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးဌာနတွင် လည်ကောင်း ၊ ဘဏ်များနှင့် အစိုးရငွေတိုက်များတွင်
လည်းကောင်းထုတ်ပေးပါမည်။
လက်ရှိတရားဝင်လှည့်လည်သုံးစွဲလျှက်ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်
ငွေစက္ကူအသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူ
အရွယ်အစား ။ ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သောအရောင် ။ ။ အပြာရောင်
မျက်မှာစာဘက် ။ ။ ထိပ်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာတမ်းရိုက်နှိပ်ထားပါသည်။အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ ၊ ၄င်းကို ၀န်းရံထားသော
သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင်တည်ရှိနေသည့် မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်
နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါသည်။ငွေစက္ကူ တန်းဖိုးကိုဖော်ပြထားသည့် မြန်မာ
စာတန်း တစ်သောင်းကျပ် ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့အနုပညာ
လက်ရာမြောက်ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်းဖိုးကို
ဂဏန်းများဖြင့် ရိုပ်နှိပ်ထားပါသည်။ငွေစက္ကူတန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံရေစာပါရှိပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးတစ်ချောင်းကို ဒေါင်းလိုက်
ထည့်သွင်းထားပါသည်။
ကျောဘက် ။ ။ ထိပ်ပိုင်းတွင် CENTRAL BANK OF MYANMAR စာတန်းကို ရိုက်နှိပ်ထားပြီး
၎င်းစာတန်း၏အောက်တွင် TEN THOUSAND KYATS ဟူသော စာတန်းပါရှိပါသည်။အလယ်ပိုင်းတွင် ရတနာပုံ မန္တလေး နန်းတော်၏မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့ အနုပညာလက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏
တန်းဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
မူရင်းလင့်လေးပါ