Thursday, June 7, 2012

နိုင်ငံအသီးသီးရဲ့ စာပေမှာ အက္ခရာအရေအတွက် ဘယ်လောက်ရှိကြသလဲ

ကမ္ဘာ.နိုင်ငံအသီးသီး၌ မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသားတွေအဖို. ကိုယ့်နိုင်ငံက စာပေအရေးအသားနှင့် စပ်လျဉ်းပြီး အခြေခံထားရှိရသည့် အက္ခရာစကားလုံးများ ရှိကြပါသည်။တစ်နည်းအားဖြင့် ဗျည်းအက္ခရာများ ဖြစ်ကြပါသည်။ထိုဗျည်းများ၌ အသံမရှိပါ။ အသံပေါ်ထွက်လာစေရန်အတွက် “အီ၊အေ၊အယ်၊အာ၊အော်၊အို၊အူ၊အင်၊အန်၊အွန်၊အိတ်၊အုတ်၊အိုက်၊အောက်၊အစ်၊အက်၊အတ်၊အွတ်” အစရှိသော အခြေခံသရများနှင့် ပေါင်းစပ်လိုက်မှသာ အသံများ ထွက်ပေါ်လာပါသည်။ ထိုစကားလုံးများမှ ဝေါပာာရများ ဖြစ်ပေါ်လာပါသည်။ထိုစကားလုံးများမှ ဝေါပာာရများ ဖြစ်လာပါသည်။ ကံ ၊ ကတ္တား ၊ ကြိယာ ၊ ၀ိတ်ဘတ် ၊ နာမ၀ိသေသန ၊ ကြိယာဝိသေသန ၊ အစရှိသဖြင့် စကားလုံး ဝေါပာာရများ ပုဒ်များဖြစ်ပေါ်လာပြီး သဒ္ဒါအထားအသို မှန်ကန်စွာ စဉ်လိုက်လျှင် ၀ါကျများဖြစ်လာပါသည်။ ၀ါကျမှ တစ်ဆင့်စာပိုဒ် ၊ စာပိုဒ်မှ စာပုဒ် ဖြစ်လာကာ ကိုယ်နိုင်ငံ တိုင်းပြည်ဆိုင်ရာ စာပေများပေါ်ထွန်းလာပါသည်။ ယဉ်ကျေးမှု အနေအထားများ တိုးမြင့်လာပါသည်။
စာပေသည် နိုင်ငံနှင့် လူမျိုး ၊ အခြေတိုးမြင့်ရေး၌ အဓိကကျပါသည်။ စာပေများပေါ်ထွန်းလာရအောင် ဘာသာဗေဒ ပညာရှင်များ သဒ္ဒဗေဒပညာရှင်များသည် ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်ခဲ့ရပါသည်။ ၄င်းတို. ကြိုးပမ်းအားထုတ်သည့် အတွက်ကြောင့်လည်း နောက်ဆုံး၌ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည် အလိုက် လူမျိုးအသီးသီးတို.၏ ကိုယ်ပိုင်အက္ခရာ ဖြစ်ပေါ်လာခဲ့ရပါတော့သည်။ ဤ၌ ကမ္ဘာ.နိုင်ငံအသီးသီး ရှိကြသည့်အနက် လက်လှမ်းမီရာကို လေ့လာစုးစမ်းတင်ပြရသည်ရှိသော်…..
၁။ မြန်မာစာပေ၌ အက္ခရာအလုံးရေ (၃၃)လုံးရှိ၏ ။
၂။ ဂျူးစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။
၃။ အီတလီစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။
၎။ လက်တင်စာပေ၌ အက္ခရာအလုံးရေ (၂၂)လုံးရှိ၏ ။
၅။ဂရိတ်စာပေ၌ အက္ခရာအလုံးရေ (၂၄)လုံးရှိ၏ ။
၆။ ပြင်သစ်စာပေ၌ အက္ခရာအလုံးရေ (၂၅)လုံးရှိ၏ ။
၇။ ဂျာမန်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံးရှိ၏ ။
၈။ အင်္ဂလိပ်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံးရှိ၏ ။
၉။ စပိန်စာပေ၌ အက္ခရာအလုံးရေ (၂၇)လုံးရှိ၏ ။
၁၀။ အာရေဗျစာပေ၌ အက္ခရာအလုံးရေ (၂၈)လုံးရှိ၏ ။
၁၁။ တူရကီစာပေ၌ အက္ခရာအလုံးရေ (၂၉)လုံးရှိ၏ ။
၁၂။ ရုရားစာပေ၌ အက္ခရာအလုံးရေ (၃၂)လုံးရှိ၏ ။
၁၃။ အာမေးနီးယားစာပေ၌ အက္ခရာအလုံးရေ (၃၈)လုံးရှိ၏ ။
၁၄။ တရုတ်စာပေ၌ အက္ခရာအလုံးရေ (၅၃)လုံးရှိ၏ ။
၁၅။ ထိုင်း(ယိုးဒယား) အက္ခရာအလုံးရေ (၇၄)လုံးရှိ၏ ။


0 ကွန်မန့်ရေးရန်:

Post a Comment