This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, May 21, 2012

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား Inbox x


Aung Thura Aye ayeyarwady.thuraaye@gmail.com
12:21 AM (23 hours ago)

to mrsorcerer

လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား

Browse › Home » လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
 
မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။
 
သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။

`` ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန် ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူ ၊ မန္တလေးတိုင်းလျှပ်စစ်ရုံးမှ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့သည်။

ယခုကဲ့သို့ လျှပ်စစ်မီးများမပေးနိုင်ခြင်းသည် ကေအိုင်အေမှ ရွှေလီမှလာသော လျှပ်စစ်မီးတန်းများ သွယ်တန်းရာ တာဝါတိုင်များကို ဖျက်ဆီးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းတို့က ဖြေရှင်းချက် ပေးခဲ့သည်။
 
မန္တလေးမြို့လျှပ်စစ်မီးများ ယခုထက်ပိုမိုပေးဆောင်နိုင်ရန်အတွက် မီးစက်(၁၀)လုံး ရောက်ရှိလာမည်ဖြစ်ပြီး အရေးကြီး သည့်နေရာများတွင် သာ  တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။
 
``ရုံးချုပ်က ကျမတို့ဆီကိုပို့ပေးပါတယ် ၊ ရပ်ကွက်တွေက ထရန်စဖာမာတွေရဲ့ခြေရင်းမှာ ချပေးထား မယ် ၊ ကျမတို့လဲ ပေးချင်ပါတယ် ၊ အခြေအနေရက တစ်နိုင်ငံလုံးမှာဖြစ်နေတာပါ ၊ လုပ်ငန်းပဲ သုံးသုံး ဘာပဲသုံးသုံး အပြည့်ပေးချင်ပါတယ်။ ကြိုးစားပြီးမျှတအောင်   ဆောင်ရွက်သွားပါမယ် ´´ဟု ဒေါ်အေးအေးမင်းက ပြောသည်။
 
၂၀၁၂ခုနှစ် မေလ(၂၀)ရက်နေ့ ည(၇)နာရီအချိန်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး(၂၄)နာရီပြန်လည်ရရှိလိုမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို မြို့နေလူထုက စုပေါင်းဆန္ဒထုတ်ဖေါ်ပြသခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်ရှိ မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့တွင် စတင်ကျင်းခဲ့ပြီး ထိုမှတဆင့် ကျုံးဘေးတစ်လျှောက်လမ်းလျှောက်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။
 
ထိုဆန္ဒပြပွဲတွင် လူဦးရေ(၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး အလွှာပေါင်းစုံ အရွယ်ပေါင်းစုံပါဝင်ပူးပေါင်းကာ ဖယောင်း တိုင်များကိုင်ဆောင်ပြီး   ကြွေးကြော်သံအချို့ကို ကြွေးကြော်ခဲ့ကြသည်။
 
`` မန္တလေးမြို့ကြီးကို နှစ်ဆယ့်လေးနာရီမီးရချင်လို့ ခုလိုလာရောက်ပါဝင်တာပါ ´´ ဟု မန္တလေးမြို့ ဒေ၀န်း အရှေ့တွင်နေထိုင်သူ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်သင်္ကြန်နောက်ပိုင်းမှစတင်ကာ မီးပျက်မှုပိုမိုဆိုးရွားလျှက်ရှိပြီး ထိုကဲ့သို့ မီးပျက်မှု ကြောင့် လူအများ ရာသီဥတုဒဏ်ပိုမိုခံစားရခြင်း ရေလုံလောက်စွာမရရှိခြင်းများကို ကြုံတွေ့နေရခြင်းများ ကြောင့် ယခုကဲ့သို့  ဆန္ဒပြပွဲများ   ပေါ်ပေါက်လာခြင်းဖြစ်သည်။

`` အမှောင်ထဲမှာ နေနေရတာပါ ၊ မီးမလာလို့ ရေလဲမလာဘူး ၊ ရေမလာတဲ့အတွက် အဲဒီရေကို ညနက်သန်းခေါင်ထိ ထိုင်စောင့်ရတယ် ၊ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေ အရင်းအမြစ် တွေကို နိုင်ငံခြားရောင်းစားနေပြီး ကျနော်တို့မြန်မာနိုင်ငံ သားတွေကြတော့ ကိုယ့်ရဲ့ လူ့အစွမ်းအား အရင်းအမြစ်တွေက အလကားနေအလကား ဆုံးရှုံးနေရတယ် ´´ ဟု ရွှေလှံရပ်ကွက်တွင်   နေထိုင်သော အမျိုးသားတစ်ဦးက ကျုံးဘေးဆန္ဒပြပွဲတွင် ပြောပြသွားသည်။

မန္တလေးမြို့တွင် ခြောက်နာရီလာ ဆယ့်နှစ်နာရီပျက်စံနစ်ဖြင့် မီးများပေးလျှက်ရှိပြီး တောင်ကြီး ၊ နေပြည်တော် တို့တွင် မီးလုံးဝပျက်ခြင်းမရှိကြောင်းသိရသည်။

ဆန္ဒပြသူများသည် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့ ၊ ကျုံးဒေါင့်ဆီဒိုးနားဟိုတယ်ရှေ့နှင့် တရုတ်ကောင်စစ်ဝန် ရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး ယခုလိုဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်းမရှိကြောင်းကိုလည်း တွေ့ရသည်။


သစ်ထူးလွင် 5/21/2012 01:01:00 PM

ကိုးလအရွယ် ကလေးငယ်ကို သုံးလအတွင်း ဘာမီတွန်ဆေးပြား ၄၅ ပြား တိုက်ကျွေးသည့် ကလေးထိန်းအား အရေးယူထား


ကလေးထိန်းဖြစ်သူက ကိုးလသားအရွယ် ကလေးငယ်တစ်ဦးကို သုံးလကျော်ကြာသည်အထိ ဘာမီတွန် တစ်ခြမ်း နေ့စဉ်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် အိမ်ရှင်မလွှေ့လွှေ့(၂၅ နှစ်) ရဲတံခွန် တာဝါ ကြည့်မြင်တိုင်မြို့နယ်နေသူသည် အိမ်ဖော်ဖြစ်သူ အေးပြည့်စံ (၁၄နှစ်)၏ေ ပြာပြချက်အရ ဆေးပြား ၄၅ ပြား ကုန်အောင်တိုက်ကျွေးသည့် ဖြစ်ရပ်ကို သိရသည်ဟု ဆိုသည်။
ယင်းကြောင့် မောင်--- မှာ ဘာမီတွန်ဆေးပြား တိုက်ကျွေးမှုကြောင့် ကျန်းမာရေးထိခိုက်ကာ ပြင်ပဆေးခန်းတွင် ကုသရသောကြောင့် အိမ်ဖော်အား အရေးယူပေးရန် တိုင်တန်းမှုအား ကြည့်မြင်တိုင်ရဲစခန်းက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိပါသည်။
အဆိုပါကလေး၏ မိခင်ဖြစ်သူ မလွှေ့လွှေ့က “ကျွန်မက စုနန္ဒာလွင်ကို ကလေးထိန်းအဖြစ်နဲ့ ခေါ်ထားတာ။ သူ့အပြင် အိမ်အကူအနေနဲ့ မအေးပြည့်စံလည်းရှိတယ်။ စုနန္ဒာလွင်က မအေးပြည့်စံကို ကျွန်မ မသိအောင် ငွေတစ်သောင်းပေးပြီး ရွာကို ပြန်လွှတ်လိုက်တယ်။ ကျွန်မကိုကျတော့ မအေးပြည့်စံက သူ့သဘောနဲ့သူ ရွာပြန်သွားတဲ့ပုံစံမျိုးပြောတယ်။ ပြီးတော့ သူလုပ်ထားတာကို သူမလုံတော့ ကျွန်မ ကိုစင်ကာပူသွားပြီး သင်တန်းတက်ဖို့ ရှိတယ်ဆိုပြီး ဧပြီလထဲမှာပဲ အလုပ်ထွက်သွားတယ်။ နောက် မအေးပြည့်စံက အလုပ်မရှိလို့ ကျွန်မဆီကို ပြန်လာပြီး အလုပ်လုပ်ဖို့ လာပြောတော့ ကျွန်မက ဘာလို့ခဏခဏပြန် လိုက်သွားလိုက်လုပ်တာလဲ မေးတော့ မှသူ့သဘောနဲ့ပြန်တာမဟုတ်ဘဲ အဲဒီ အိမ်ဖော်အမျိုးသမီးက ပြန်လွှတ်လို့ ပြန်ရတယ်ဆိုတာ အဲဒီတော့မှသိရတယ်။ ပြီးတော့ ကလေးကို ဆေးတိုက်တဲ့ ကိစ္စကိုပါ သိလိုက်ရတာ။ ကျွန်မသိသိချင်းပဲ သူ့ကို သွားမေးတော့သူ က သူ မလုပ်ဘူး။ ကြိုက်တဲ့နေရာမှာ ဆေးစစ်ကြည့်လို့ရတယ်ဆိုပြီး ပြောတယ်၊၊ ဘာဖြစ်လို့လဲဆိုတော့ကလေး က ညဘက်ဆိုရင် ခဏခဏနိုးတော့ သူအိပ်ရေးပျက်မှာ စိုးတာနဲ့ ကလေး ကိုဆေးတိုက်ပြီး သိပ်တာလို့ မအေးပြည့်စံပြန်ပြောလို့ သိရတယ်” ဟု ပြောကြားခဲ့သည်။

Eleven Media မှ ဖြစ်သည်။

မြရွှေဝါကုမ္ပဏီကို ဥပဒေကြောင်းအရရင်ဆိုင်မည်ဟု ဒဂုံဆိပ်ကမ်းလယ်သမားများဆို


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးပိုင် မြရွှေဝါကုမ္ပဏီ၏ လယ်မြေသိမ်းယူခြင်းကိုခံထားရသော ဒဂုံဆိပ်ကမ်းမြို့နယ်မှ လယ်သမားများအနေဖြင့် ထိုကုမ္ပဏီအား ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း  ယင်းလယ်သမားများအရေး ဆောင်ရွက်နေသူက ပြောသည်။

ယင်းလယ်သမားများအရေးဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ဦးမောင်မောင်က “ ခုအချိန်မှာ အချို့လယ်သမားတွေ လယ်စလုပ်နေပြီ။ ကုမ္ပဏီက အနှောင့်အယှက်ပေးလာရင် ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်။ဒီကိစ္စကို ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကိုလည်း တိုင်ထားတယ် ” ဟုပြောသည်။

လယ်သမားများဘက်မှ ဆောင်ရွက်သူ အခြားရှေ့နေဦးဖြစ်သည့် ဦးအောင်သိန်းကလည်း လယ်ယာမြေအမှုများမှာ တရားစွဲဆိုရန်အခွင့်အရေး နည်းပါးသော်လည်း လယ်သမားများပိုင် လယ်ယာမြေများအား ကုမ္ပဏီမှ ၀င်ရောက် လုပ်ကိုင်လာပါက တရားရုံးမှတဆင့် တားဝရမ်း ထုတ်ပေးရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောသည်။

မြရွှေဝါကုမ္ပဏီဘက်မှလည်း ၎င်းတို့အနေဖြင့် လယ်ယာမြေများကို စတင် လုပ်ကိုင်တော့မည်ဖြစ်ပြီး နှောက်ယှက်ပါက ကာကွယ်ပေးရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပြောကြားထားသည်ဟု လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်ကပြောသည်။

“ သူတို့ဘက်က အာဏာသုံးပြီးလုပ်မယ့်ပုံစံရှိတယ်ဗျ။ ကျွန်တော်တို့က လယ်သမားတွေဆိုတော့ သူတို့နဲ့ ငွေအားလည်းမယှဉ်နိုင်ဘူး။ ဥာဏ်အားလည်းမယှဉ်နိုင်ဘူး ” ဟု၎င်းကပြောသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဓနိခြံ ၇၄၉ ဧကအား ၂၀၀၈ ခုနှစ်က မြို့ရွာနှင့်အိုးအိမ်ဝန်ကြီးဌာနမှ သိမ်းယူခဲ့ကြောင်း၊ ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းဝန်ကြီးဌာနမှတဆင့် မြရွှေဝါကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်း လယ်သမား များ၏ ပြောဆိုချက်အရ သိရသည်။

မြရွှေဝါကုမ္ပဏီအနေဖြင့် ယခုလ ၁၁ ရက်နေ့က လယ်သမားများအား ခေါ်ယူ၍ တွေ့ဆုံခဲ့ကြောင်း ယင်းသို့ တွေ့ဆုံရာတွင် လယ်သမားများအနေဖြင့် မိမိတို့ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် နှစ်သိန်းခွဲရယူရန်ပြောခဲ့ကြောင်း ကျီစုရွာမှ လယ်သမားများက ဆိုသည်။

လယ်သမားတစ်ဦးဖြစ်သည့် ဦးမောင်မြင့်က “ ကျွန်တော်တို့က လျော်ကြေးလည်း မလိုချင်ဘူး။ အကျိုးတူလည်း မလုပ်ချင်ဘူး။ ကိုယ့်လယ်ပဲ ကိုပြန်လိုချင်တာ။ လယ်ကိုပဲ သံယောဇဉ်ရှိတယ်” ဟုပြောသည်။

လယ်မြေအသိမ်းခံရသော လယ်သမားများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်ကြားစာ သုံးကြိမ်တိုင်တိုင် ပေးပို့တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးကြောင်း လယ်သမားများက ပြောသည်။

$ရေးမပေးသင့်သောမိန်းမများ

Inbox
x

narzi koko narzikoko.nzkk@gmail.com
May 19 (3 days ago)

to mrsorcerer
ရတနာသုံးပါးအလေးမထား ပေါ့ပျက်ပျက်နေတက်သောမိန်းမ

အင်္ကျီလယ်ဟိုက်sexyကြိုက် ယောက်ျားများရှေ့ ကုန်းကုန်းကွကွလုပ်တက်သောမိန်း

ဘောင်းဘီချက်ပျုတ်စတိုင်ထုတ် ဖင်မှီးကုတ်ရိုးပေါ်အောင်ဝတ်ထားသောမိန်းမ

အင်္ကျီပါးပါး တမင်ဝတ်ထား အတွင်းသားတွေကိုပြချင်သောမိန်းမ

စကတ်တိုလက်တအုပ် အရှက်ထုတ်ကို မလုံ့ တလုံပေါ်အောင်ဝတ်တက်သောမိန်းမ

ခေတ်ကိုတင်စား ရင်သားနဲ့ တင်ပါးမှာတက်တူးထိုးထားသောမိန်းမ

နောက်ကြောပြောင်ချော အမှောင်တောမှာ ကချင်လှုပ်ချင်တဲ့မိန်းမ

ဘောင်းဘီအသားကတ် အနေမတက် ခြေထောက်ကိုကားထိုင်သောမိန်းမ

ယောက်ျားတွေမြင် အကွက်ဆင် ချွဲပျစ်ပျစ်ပြောတက်သောမိန်းမ

မျက်နှာတစ်ပြင်လုံးရှဲဒိုးသုံး မြင်မကောင်းအောင် မျက်တောင်တုတွေတက်ထားသောမိန်းမ

သွားမှာစိန်မြှုတ် ရယ်စရာမဟုတ် ရယ်စရာလုပ်ဤ တဖြဲဖြဲရယ်ပြနေသောမိန်းမ

လူစုံလျင်ဂျင်းသုပ် သုပ် အတင်း တလှုပ်လှုပ်ပြောတက်သောမိန်းမ

အလုပ်နားရက်ထမင်းမချက် အပျင်းထူပြီး တစ်နေကုန်အိပ်သောမိန်းမ

ဝင်ငွေရရေးလက်မနှေး ဦးနှောက်မရှိတိုင်း ဗေဒင်မေး ချဲထိုးသောမိန်းမ

လမ်းသွားလျင်မျက်စိရွှင် စမတ်ကျသောယောက်ျားတိုင်းကို ပြုံးပြသောမိန်းမ

အပြောပက်စက် လက်ကသွက် တို့  ဆိတ် လိမ်ဆွဲဤ ပြောတက်သောမိန်းမ

အချစ်ကိုရောင်းပိုက်ဆံတောင်း လိုချင်တာကိုချူယူတက်သောမိန်းမ

အိမ်မှာကြွက်သိုက် အပြင်မှာ ခက်မိုက်မိုက်ဝတ်တက်သောမိန်းမ

အတုနဲ့ အစစ်ရောလို့ ဝတ် လူမြင်တိုင်းအမိအရကြွားတက်သောမိန်းမ

ပြည်ပမှာစာသင် ငါသာသခင်ဟု ပညာဂုဏ်မောက်နေသောမိန်းမ

နိုင်ငံခြားပြန် အခွံသာကျန် အပျိုရည်ပျက်နေသောမိန်းမ

ရည်းစားရှိလည်း နံ့ ကြောဆွဲ သာတာမြင်ရင် မျက်စောင်းထိုးတက်သောမိန်းမ

ရင်ဖုံးအင်္ကျီချိတ်လုံချည်နဲ့ ဘုရားကအပြန် ကာအမှန်တွေနဲ့ ပါ ပါသွားတဲ့မိန်းမ

အရှက်ကနဲ ရက်ကွက်ထဲ လူတကာအော့ကြောလန်အောင် နှုတ်ကြမ်းသောမိန်းမ

ကိုယ့်ထက်သာလျင်အပြစ်မြင် မနာလိုစိတ်ထားရှိသောမိန်းမ

Rapperဆိုရင်အသေကြိုက် အဖေရိုက်လည်းရိုက်ပစေဆိုတဲ့ ဆက်စလူးစိန်မိန်းမ

အလုပ်ပြီးလျင် net ဆိုင်ဝင် လူတကာနဲ့ အရသာခံကြူတက်သောမိန်းမ

အဖော်နောက်လိုက် အပျော်ကြိုက် လမ်းသလားသောမိန်းမ

ကိုးရီးယားဆိုအထင်ကြီး ငရုပ်သီးစက်တာကိုတောင် အူပါး လို့ အော်တက်တဲ့မိန်းမ

ညအိပ်ရာဝင်ရေမချိုးချင် ညစ်ပတ်နံစော်နေသောမိန်းမ :p

အိုကေတိုက်ဆိုင်တာတွေရှိရင်တော့ sorry နော်……………..
--
ဘယ်ကောင့်မှစောက်ဂရုမစိုက်တတ်တဲ့နာဇီ

Facebook တည်ထောင်သူ မာခ်ဇူကာဘာဂ် ၏ မင်္ဂလာပွဲ


Posted: 20 May 2012 10:21 AM PDT

FNG ကမ္ဘာ့ အကြီး ဆုံး အင်တာနက် လူမှု ကွန်ယက် ကို တည်ထောင်သူ မာခ်ဇူ ကာဘဂ် သည် သူနှင့် ကာလ ကြာရှည် စွာ ချစ်ကြိုက် ခဲ့ သည့် ကာလီဖိုးနီးယား တက္ကသိုလ် (ဆန်ဖရန် စစ္စကို) မှဆေးကျောင်းသူ ပရက်ဆီလာ ချန်း နှင့် ယနေ့  Facebook ကုမ္ပဏီ ရုံး ချုပ် ရှိ ရာ ကာလီဖိုးနီးယားပြည်နယ် ပါလို အယ်(လ)တို ရှိ ဇူကာဘင်္ဂ ၏ ခြံနောက်ဖေး တွင် ကျင်း ပခဲ့ သည် ဟု FNG မှသတင်း ရရှိသည်။



အသက် ၂၈ နှစ် အရွယ်ရှိ ဇူကာဘာဂ် သည် ပရက်ဆီလာ ချန်း ကို လွန် ခဲ့ သည့် ၉ နှစ်က ဟားဗတ်
တက္ကသိုလ် တွင် ဆုံစည်း ခဲ့ ခြင်း ဖြစ်ပြီး တွေ့ ဆုံ ပြီး လအနည်း ငယ် အကြာ တွင် ချစ် ခွင့် ပန်
ခဲ့ သည်။ပရက်ဆီလာ ချန်း သည် အသက် ၂၇ နှစ် ရှိ ပြီး ဖြစ်ပြီး ယခု နှစ် မေလ တွင် ဒုတိယ
မြောက် ဆေးသိပ္ပံ ဘွဲ့  တစ်ခု ကို ထပ်မံ ရှရှိခဲ့ သည်။

သူတို့  နှစ်ဦး ၏ မင်္ဂလာ ဆောင် အခမ်းအနား ကို ရင်းနှီးသော လူ ၁၀၀ ကျော် ခန့်  တက် ရောက်ခဲ့
သည်။

တစ် ဘီလျှံ ကျော် တန်ကြေး ရှိသည့် Facebook ကုမ္ပဏီ သည် အများ ပြည်သူ များ အတွက် ကနဦး
အစုရှယ်ယာများ ရောင်းချ မှု ကို ကြသပတေး နေ့  က စတင် ခဲ့ သည်။

ခေါင်းစွပ် ပါ အကျီင်္ နှင့် အတွေ့ ရ များ သည့် ဇူကာဘဂ် ကို မင်္ဂလာဆောင် ဉ် သတို့  သား ၀တ်စုံ ဖြင့်
ခမ်းခမ်း နား နား တွေ့ ခဲ့ ရသည် ဟု ဆိုသည်။









you tube မှသီချင်းတွေကိုလွယ်လွယ်ကူကူဒေါင်းယူချင်ရင်

 

ရွှေမြန်မာဥယျာဉ်သူငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ

ကျနော်လည်းလိုင်းပေါ်မလာနိုင်တာကြာနေပြီပဲ လိုင်းမရလို့လေ

အခုလည်းသူငယ်ချင်းစက်ခဏယူသုံးရင်းစာလေးရေးချင်တာနဲ့ရေးလိုက်တယ်နော်

သိပြီးသားဆိုရင်တော့ဆော၇ီးပေါ့နော်..ဟဲဟဲ

မသိသေးသူများအတွက်ပေါ့

နည်းပညာလေးကတော့youtube ကနေသီချင်းတွေကို လွယ်လွယ်ကူကူနဲ့တခါတည်းဒေါင်းယူနိုင်တဲ့နည်းလေးပါပဲ

ကဲလုပ်ကြည့်ချင်တယ်ဆိုရင်တော့ပေါ့နော် Firefox မှာဒီအောက်လင့်လေးအပ်ထားလိုက်ရုံပါပဲ

 ပြီးရင်အောက်မှာပုံနဲ့ပြထားတဲ့အတိုင်းလိုက်လုပ်ရုံပါပဲ
**************************************************************************************
 

ဒီနေရာမှာ၂မျိုးရှိပါတယ်အားလုံးကိုတစ်ခါတည်းဒေါင်းချင်တယ်ဆိုရင်

what to do?  Grenerate link ဆိုတဲ့နေရာမှာ ကလစ်ပြီး

Enqueue Download လို့ပြောင်းပေးပြီး star လုပ်ပေးလိုက်ရင်

အားလုံးကိုတစ်ခါတည်းဒေါင်းနေပါပြီးး ပုံမှာပြထားတာက မိမိကြိုက်နှစ်သက်ရာရွေးဒေါင်းဖို့

လင့်တွေကြီးပဲပေါ်လာအောင်လုပ်တဲ့နည်းပါပဲ

 

သူယ်ချင်းအားလုံးပျော်ရွှင်နိုင်ကြပါစေ

အာကာလည်းမြန်မာပြည်ပြန်တော့မှာမို့လိုင်းကဒ်တွေသူများပေးလိုက်လို့

စက်ပဲကျန်တော့တယ် ရွှေထဲလည်းမ၀င်လာနိုင်လို့စာလည်းမရေးနိုင်ဘူး

ရေးစရာနည်းပညာတွေတော့ရှိတယ်

လိုင်းပြန်ရမှာပဲရေးတော့မယ်နော်...အားရင်ပေါ့


Ferrari ပြိုင်ကား ယာဉ်တိုက်မှုက ရုပ်ရှင်တွေထက်ပိုမိုပြောင်မြောက်


Photos: The Straits Times, Shin Min Daily News (Singapore)
မေလ ၁၂ရက်  ၂၀၁၂ခုနှစ်  မနက် ၄ နာရီခန့် တွင် စင်ကာပူနိုင်ငံ Rochor Road and Victoria Street,Bugis ရထားဘူတာနီးတွင် ကမ္ဘာဈေးအကြီးဆုံးစာရင်းဝင်  Ferrari (ဖာရာရီ)ပြိုင်ကားအနီရောင်နှင့် Taxi (တက္ကစီအဌားယာဉ်)တို့ ယာဉ်တိုက်မှုဖြစ်သွားပွားခဲ့ပါသည်။ထိုဖြစ်စဉ် Ferrari ယာဉ်မောင်း အသက်၃၁နှစ် ။ တရုတ်စီးပွားရေးသမား တစ်ဦး(အဌားယာဉ်စီးနင်းသူ) နှင့် တက္ကစီယာဉ်မောင်းတို့ အသက်ဆုံးရှုံးခဲ့ရသည်။ထို့အပြင် မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် Ferrari တွင်လိုက်ပါလာသူအမျိုးသမီးတို့လည်း ဦီးခေါင်းနှင့်ခါးတို့တွင်လည်းဒဏ်ရာအပြင်းထန်ရရှိခဲ့သည်။ မျက်မြင်သက်သေများထွက်ဆိုချက်အရ Ferrari ပြိုင်ကာအနီရောင်လေးသည် အရှိန်ြ့ပင်းစွာမောင်းနှင်လာရာ မီးပွိုင့် တွင်တဖက်ယာဉ်ကြောတက္ကစီအကွေ့ တွင် တက္ကစီ၏ခါးအလည်မှဖြတ်တိုက်လိုက်သဖြင့် တက္ကစီကားသည် အဝေးသို့ လွင့်စဉ်သွားပြီး အရှေ့ မှမောင်းနှင်သွားသော မော်တော်ဆိုင်ကယ် သို့ထပ်ဆင့်တိုက်မိခဲ့သည်ဟုဆိုပါသည်။တက္ကစီကား၏ အင်ဂျင်သည် ယာဉ်တိုက်မှုဖြစ်ရာမှ မီတာ ၃၀ အဝေးသို့ လွှင့်စဉ်ပြုတ်ထွက်သွားသည်ဟု မျက်မြင်သက်သေများကဆိုပါသည်။လွန်ခဲ့သော ၁၂ ရက်အတွင်းကလည်း ထိုနေရာတွင် ယာဉ်တိုက်မှုပေါင်း ၆ ခုဖြစ်ပွားခဲ့ပါသည်။
                      စင်ကာပူရဲများနှင့်ကယ်ဆယ်ရေးအရာရှိများပြောကြားချက်အရ (၁၂-၀၅-၂၀၁၂) မနက် ၄ နာရီ ၁၅ မိနစ်တွင်ယာဉ်တိုက်မှုအကြောင်းကြားမှုလက်ခံရရှိခဲ့သည်။ယာဉ်တိုက်မှုနေရာတွင် င်္င်္Ferrai ယာဉ်မောင်သူနှင့်တက္ကစီယာဉ်မောင်းတို့သည် ယာဉ်တိုက်မှုကြောင့် ကားထဲတွင်ညှပ်ပြီးထိုနေရတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ Ferrari ယာဉ်မောင်းဘေးတွင်လိုက်ပါလာသောအမျိုးသမီးသည်ဦးခေါင်းတွင်ပြင်ထန်သောဒဏ်ရာကြောင့်သတိမေ့နေပြီး တက္ကစီအတွင်းစီးနင်းလိုက်ပါလာသူနှင့်အတူ စင်ကာပုအထွေထွေဆေးရုံကြီး(SGH)သို့ ပို့ဆောင်ခဲ့သည်။ထိုနေ့မနက်တွင် တက္ကစီ စီးနင်းလာသူခရီးသည် သည် အသက်ဆုံရှုံးခဲ့သည်။
တက္ကစီကား၏ထပ်ဆင့်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည် မော်တော်ဆိုင်ကယ်မောင်းသူသည် လည်းခါးတွင်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင်ဆက်လက် ဆေးကုသခံယူနေဆဲဖြစ်သည်။ထို့ နောက် သူတို့အား Tan Tock Seng Hospitalသို့လွှဲပြောင်းပို့ဆောင်ပြီး ဆက်လက်ဆေးကုသမှုခံယူနေသည်။
  
             ထိုဖြစ်စဉ်အားအသေးစိတ်အတိကျသတင်းများရရှိရန်အသစ် စင်ကာပူရဲများမှ ဆက်လက်စုံစမ်းစစ်ဆေးဆဲဖြစ်သည်။
 
ယာဉ်တိုက်မှုပုံများကို Click နှိပ်ပြီးကြည့်ရှုနိုင်ပါသည်။
ဘာသာပြန် ; DJ Fighter Lay
(www.myittarshin.com) (ရေဒီယိုနားဆင်ရန်)
http://173.255.137.7/MTS (ရေဒီယိုနားဆင်ရန်)
Email: mts4u@myittarshin.com(သီချင်းများကို Gtalk တွင်Invite လုပ်ပြီးတောင်းဆိုနားဆင်ရန်)