This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 7, 2012

လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီလကုန်၌ အပြီးသတ်ဆောက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု သိရ

Wednesday, 05 December 2012 12:22

လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် လှည်းတန်းခုံးကျော်တံတားအား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော လှည်းတန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် တံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ပြောကြားခဲ့ပါသည်။

လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန်အတွက် မီးပွိုင့်အနီး လေ့လာဆန်းစစ်မှု လုပ်ငန်းများကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ပြီးစီးခဲ့ကာ မတ်လ ၁၁ ရက် နေ့က ပန္နက်တင်အခမ်းအနား ပြုလုပ်၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။

''လှည်းတန်းမှာ ခုံးကျော်တံတား ဆောက်ဖို့အတွက် ယာဉ်သွားလာမှုစစ်တမ်းကောက်ယူခဲ့တဲ့နေရာမှာ လှည်တန်းလမ်းဆုံက ယာဉ်သွားလာမှုများပြားပြီး မဖြစ်မနေ ခုံးကျော်တံတားဆောက်ရမယ့် အနေအထားဖြစ်နေပါတယ်။

တံတားကို ဘိုးပိုင်စလုပ်တဲ့အချိန်ဟာ ဇွန်လဖြစ်ပါတယ်။ တံတားကို လာမယ့် ၂၀၁၃ ခုနှစ် ဧပြီလကုန်လောက်မှာ အပြီးသတ်တည်ဆောက်နိုင်မယ်လို့ မှန်းထားတဲ့အတွက် ၁၀ လလောက် ပဲအချိန်ရတယ်'' ဟု ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ဆိုပါသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်လုပ်ရန်အတွက် ဘတ်ဂျတ်အနေဖြင့် ငွေကျပ် ၁၄ ဒသမ ၄၈၇ ဘီလီယံ ကုန်ကျမည်ဟု လျာထားကြောင်း၊ ယင်းငွေကြေးများကို တံတားတည်ဆောက်သည့် ရွှေတောင်ကုမ္ပဏီမှ ဦးစွာစိုက်ထုတ် လုပ်ဆောင်ရမည်ဖြစ်ပြီး တံတားပြီးစီးမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည်ပေးချေသွားမည်ဖြစ်သည်။

တံတားတည်ဆောက်ရန်အတွက် ရွှေတောင်ကုမ္ပဏီသည် ကမ္ဘောဇဘဏ်မှ ငွေကျပ် သုံးဘီလီယံ၊ စက်မှုလက်မှုဘဏ်မှ ငွေကျပ် သုံးဘီလီယံ ချေးယူကာ ပြုလုပ်နေကြောင်း လှည်းတန်းခုံးကျော်တံတားမှာ လက်ရှိလုပ်ငန်းပြီးစီးမှု ၆၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း အချိန်အခါမဟုတ် မိုးကြောင့် စပါးဧက သိန်းဂဏန်းအထိ ပျက်စီး

2012-12-05
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် စပါးစိုက်ဧက ငါးသိန်းကျော်အထိ ပျက်စီးနိုင်ပြီး တောင်သူတွေ အခက်အခဲဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက အစိုးရ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ လွှတ်တော်က သက်ဆိုင်ရာ ကော်မီတီတွေကို အရေးပေါ် အကူအညီပေးဖို့ တင်ပြထားကြောင်း သိရပါတယ်။
AFP
လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မိုးကြီးခဲ့တဲ့ မြို့နယ်တွေက တောင်သူတွေဟာ စပါးရိတ်ဖို့ လူငှားတာကနေ တလင်းနယ် အခြောက်ခံဖို့အထိ အခက်အခဲဖြစ်နေတာအပြင် သူတို့စပါးတွေကို အောက်ဈေးနဲ့တောင်ဝယ်မယ့်သူ မရှိဖြစ်နေတယ်လို့ ဒေသတွင်းကို သွားရောက်လေ့လာကူညီပေးနေတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
တစ်ချိန်တည်းမှာလည်း ဆန်စပါးလုပ်ငန်းအသင်းအနေနဲ့ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းမှာ  အရန်ဆန်ဝယ်ယူနေပြီလို့လည်း သိရပါတယ်။ အခု ဝယ်ယူနေတဲ့ ပုံစံဟာ အရင်တုန်းကလို စနစ်မဟုတ်တော့ပဲ တင်ဒါခေါ်ယူပြီး ဝယ်ယူတဲ့စနစ်ဖြစ်တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။
လက်ရှိ အရန်ဆန်ဝယ်ယူနေတဲ့ပုံစံနဲ့ အားနည်းချက် အားသာချက်တွေကို သိရအောင် ဒေါက်တာစိုးထွန်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အမှတ်တမဲ့အလွဲများ(၁၉)

အဲ...လူပျံတော်ကွ....D

နိမ့်လိုက်တာကွာ...

တို့ ကဟန်မဆောင်တက်ဘူး။လွတ်လွတ်လပ်လပ်ပဲ...

တို့ ဆီက စည် / ပင် တွေမမြင်ပါစေနဲ့ဗျို့...

လာထား...ဗိုက်ဆာနေတာနဲ့အတော်ပဲ...

အအေးချမ်းဆုံးမိန့်ခွန်းပါဗျာ...

ဟာ...အမ စာခိုးချတာလဲ...အဟီး

ဒါကြောင့် တရုတ်ဘီးတွေ မစီးချင်တာ... :)

ဒီလူနဲ့ ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူး...တကယ်

လာထား ။ ၀ယ်မစားဘဲနှိုတ်မြည်းချင်တဲ့ကောင်...သေပေတော့...

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ...................နေခရမ်း

ဥရောပတိုက်၏ အမြင့်ဆုံး အဆောက်အအုံကို လန်ဒန်မြို့၌ အခမ်းအနားဖြင့် ဖွင့်လှစ်

ဥရောပတိုက်၏ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာသော TheShardအမည်ရှိ အဆောက်အအုံကို လန်ဒန်မြို့တွင် ဇူလိုင်လ ၅ရက်နေ့ညက လေဆာရောင်ခြည်များဖြင့် ခမ်းနားစွာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသည် ၁၀၁၆ပေမြင့်ပြီး ဖွင့်ပွဲအခမ်းအနားအဖြစ် အပြာ၊ အစိမ်း၊ ခရမ်းနှင့်ရွှေရောင် အလင်းတန်းများ ထွန်းညှိကာ ညကောင်းကင်ယံ၌ လေဆာရောင်ခြည်တန်းများ ထုတ်လွှတ်ခဲ့ကြောင်း သိရသည်။ လေဆာရောင်ခြည်များ သာမက ဆလိုက် အလင်းတန်းပေါင်း ၃၀ကိုလည်း ကောင်းကင်ယံ၌ ထွန်းညှိခဲ့သည်။ အဆိုပါအဆောက်အအုံကို အီတလီဗိသုကာပညာရှင် ရန်ဇိုပီယာနိုက ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား

ကမ္ဘာ့သေကြောင်းကြံမှုအများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။

အရှည် ၈၉၈၁ ပေ ရှည်တဲ့ ကြိုးတံတားမှာ သေကြောင်းကြံမှုဟာ ၂၀၁၁ ခုနှစ်စစ်တမ်းအရ သုံးလကို ၁၇ ယောက်နှုန်း ရှိခဲ့ပါတယ်
။ ၂၀၀၆ ခုနှစ်အတွင်း သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၃၄ ဦး ကို ဆယ်ထုတ် တွေ့ရှိခဲ့ပေမယ့် ပျောက်ဆုံးသူအရေအတွက်က ပိုမိုများပြားခဲ့ ပါတယ်။ ရေနဲ့ တံတားအမြင့်ဟာ ၂၄၅ ပေရှိပြီး ခုန်ကျတဲ့အခါ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ကျပြီး Trauma လို့ခေါ်တဲ့ ခန္ဓာကိုယ်ထိခိုက် ဒဏ်ရာကြောင့် သေ ဆုံးကြရပါတယ်။ ရေပေါ် ထိတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ ကျိုးပြီး အူ၊အသည်း၊ နံရိုး၊ အဆုပ် စသည်ဖြင့် အားလုံး ဆုပ်ပြတ်သွား မှာ ဖြစ်ပါတယ်။ သေနိုင်ချေ ၉၈ ရာခိုင်နှုန်းရှိပြီး အသက်မသေသူ ၃၊ ၄ ဦးသာ ရှိပြီး ဒုက္ခိတ ဘဝကိုရောက်ရပါတယ်။

ဒုတိယသေကြောင်းကြံမှုအများဆုံး ဖြစ်တဲ့ ဂျပန်နိုင်ငံက ဖူဂျီတောင်အနီး တော မှာတောင် တစ်နှစ်ကို ၇၈ ဦးပဲ သေပါတယ်။ အရေအတွက် ရာဂဏန်းပဲ ရှိပါသေးတယ်။ Golden Gate မှာတော့ ၁၆၀၀ ကျော်သွားပြီး ဒါကလည်း စာရင်းအတိအကျမဟုတ်ပါဘူး။ အတိအကျသိချင်လို့ တံတားအောက်မှာ ကင်မရာတပ် ကြည့်လိုက်တော့ ဌာနဆိုင်ရာထုတ်ပြန်ချက်ထက် အရေအတွက်များများ ခုန်ချသက်သေနေကြ တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ယင်းသို့ဖြစ်ရပ်များမှ လွတ်ကင်းနိုင်ဖို့အတွက် ဒေသခံအာဏာပိုင်တို့က အမျိုးမျိုးကြိုးစားပါတယ်။ အောက်ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Suicide hotline ဖုန်းကိုထားရှိပါတယ်။

သေကြောင်းကြံလိုသူတွေအနေနဲ့ နောက်ဆုံးအနေနဲ့ ဖုန်းခေါ်ဖို့ အကြံပေး ထားပြီး ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးပေးတယ် လို့ဆိုပါတယ် ။ နောက်ထပ်ကြိုးစားမှုကတော့ စတီးခြင်ထောင် ပတ်ပတ်လည်တပ်ဖို့ဖြစ်ပါ တယ်။ကင်းလှည့်လည်မှုကိုလည်း နေ့ရောညပါ ပြုလုပ်ပါတယ်။ ပြီးတော့ ညဘက်ဆိုရင် တံတားပေါ် လမ်းလျှောက်ခွင့်မပြုပါဘူး။

အမေရိကန်ဒေါ်လာ သန်းချီကုန်ကျမယ့်အတွက် ခြင်ထောင်ဘေးကာ တပ်ဆင်ခြင်းကို မလုပ်နိုင်ခဲ့ ပါဘူး။ သို့ပေမယ့် တံတားအောက်မှာ ဘယ်ညာ ပေ ၂၀ အဝေးထိ သံမဏိစတီး ခံ ပလပ်စတစ် ကြိုးမျှင် ခြင်တောင်တပ်ဆင်ခြင်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ယင်းဟာလည်း ငွေကြေး ရရှိမှုအခက်အခဲကြောင့် နှောင့်နှေးခဲ့ရပါသေးတယ်။

သို့ပေမယ့် ၂၀၁၂ ခုနှစ်ရောက်တဲ့အခါမှာ လုံခြုံရေးအဆင့်မြင့်တင် လိုက်ပြီးနောက် သေကြောင်းကြံမှု ယခင်ကထက် သိသိသာသာ နည်းပါးသွားပြီလို့ သိရပါတယ်။
---
Ref:wiki
International news for myanmar

အညတရ သူရဲကောင်းဆု ဒီနှစ် ဘယ်သူတွေရလဲ

 တတိယ အကြိမ်မြောက် အညတရ သူရကောင်းဆုပေးပွဲမြင်ကွင်း၊ ဓာတ်ပုံ- ကိုထွန်းဝေ/ဂျပန်

ဂျပန်နိုင်ငံရောက် မြန်မာများက ကော်မတီတရပ်ဖွဲ့ပြီး  မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့ အတွက် တိုက်ပွဲဝင်ရင်း အထူးသဖြင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို " အညတရ သူရဲကောင်း" တွေအဖြစ် သတ်မှတ်ပြီး နှစ်စဉ် ရွေးချယ် ဆုပေးနေရာမှာ ယခုနှစ် အတွက် ဆုရှင် ၄ ဦးကို ဒီဇင်ဘာလ ၆ ရက်နေ့စွဲနဲ့ ကြေငြာလိုက်ပါတယ်။ 

 အညတရ သူရဲကောင်းဆု၊

ထုတ်ပြန်ကြေညာချက် 
စတုတ္ထ အကြိမ်မြောက် အညတရသူရဲကောင်းဆု အတွက် တိုင်းပြည်နှင့် လူမျိုးအကျိုး စွန့်လွှတ် စွန့် စား ဆောင်ရွက်ခဲ့ကြသူ အောက်ပါ ပုဂ္ဂိုလ် (၅) ဦးအား အညတရ သူရဲကောင်း ဆုရှင်များ အဖြစ် အတည်ပြု ရွေးချယ် လိုက်ပြီ ဖြစ်ပါကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။ 

မဖြူ (ခ) မချောစုလှိုင် 

ကိုနိုင်စိုး (ခ) မဲလုံး (AASYC - ရခိုင်လူငယ်ကျောင်းသားအဖွဲ့) ပခုက္ကူထောင် ။ 

ကိုအောင်သီဟ (ခ) ကိုအောင်လှိုင်ဝင်း (ABSDF ) 

ဦးစိုးမြင့် (ခ) ဆရာစိုး (UG) ကိုသန်းထိုက်အောင် (ခ) ကြက်ဖကြီး (NLD) (ကွယ်လွန်) 

ဆုများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရုံးချုပ်) ၌ ကျင်းပပြုလုပ်ရန်ရှိသော အမျိုးသားအောင်ပွဲနေ့ (၈.၁၂.၂၀၁၂) အခမ်းအနားတွင် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။ 

ဆုရှင် တဦးအတွက် ဆုငွေ ကျပ် (၁၀) သိန်း နှင့်အတူ အညတရသူရဲကောင်း ဆုကော်မတီ အမှတ်တံဆိပ် ပါ ဆုတံဆိပ် တခုကိုပါ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။ 

ဆုရှင်များအား အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင်၊ သတင်းစာဆရာကြီး နှင့် သူရသတ္တိရှင် ဟံသာဝတီ ဦးဝင်းတင် ဦးဆောင်သော ဆုရွေးချယ်ရေးကော်မတီ နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း များကော်မတီ တို့က ပူးပေါင်း ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ 

အညတရသူရဲကောင်းဆုကော်မတီ 
တိုကျို၊ဂျပန်။ 
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်။

ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေက နိုဝင်ဘာ၂၆ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

လုပ်ငန်းလိုင်စင်ပြန်ရတဲ့ ရိုးမဘဏ်

~

ရွက်စိမ်း ~

၉ နှစ်ကြာ အကန့်အသတ်ခံခဲ့ရတဲ့ ရိုးမဘဏ်က မကြာခင် လုပ်ငန်း အပြည့်အ၀ ပြန်ပြီး လည်ပတ်နိုင်တော့မယ် တဲ့။

(ဓာတ်ပုံ - ရိုးမဘဏ်)
အဲဒီ ၉ နှစ် ကာလအတွင်း ရိုးမဘဏ်ဟာ  ငွေလွဲတဲ့လုပ်ငန်းတစ်ခုပဲ လုပ်ခွင့်ရခဲ့တာပါ။

“အခု လိုင်စင်ပြန်လည်ရရှိတဲ့အတွက်ကြောင့် ဘဏ်ဆိုင်ရာ  လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေပါတယ်” လို့ ဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ  ရိုးမဟာ အာရှဓန၊ မြန်မာမေဖလားဝါး၊ မြန်မာယူနီဗာဆယ် အစရှိတဲ့ ဘဏ်များနဲ့အတူ လုပ်ငန်းလိုင်စင် အပိတ်ခံရပါတယ်။
ငွေကြေး ခ၀ါချမှုမှာ ပါဝင် ပတ်သက်ခြင်း၊ လုပ်ငန်းစည်းကမ်းဖောက်ဖျက်ခြင်း စတဲ့ အမှုတွေနဲ့ ဆက်နွယ်တယ် လို့ စွပ်စွဲ ခံရပြီး အရေးယူခံရတဲ့ ဘဏ်တွေပါ။

ဘဏ်ဥက္ကဌ ဦးသိမ်းဝေက “ရိုးမဘဏ် လုပ်ကိုင်ခွင့်လိုင်စင် ဘာကြောင့် ပိတ်သွားတာလဲ ဆိုတာတော့ သက်ဆိုင်တဲ့သူကို မေးမှ သိမှာပါ။ ကျွန်တော့်ကို မေးလို့ မရပါဘူး” လို့ ပြောပါတယ်။

  လိုင်စင်ပြန်လည် ရရှိပြီ ဖြစ်တဲ့အတွက် တခြားဘဏ်တွေလိုပဲ ငွေစု၊ ငွေလွှဲ၊ ချေးငွေ ဆိုင်ရာ လုပ်ငန်းတွေကို ပြန်လည်  လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာတွေ ပြုပြင်ပြောင်းလဲနေချိန်မှာ လုပ်ငန်းရှင်တွေအတွက် အလိုအပ်ဆုံးက ချေးငွေပါပဲ၊  ထုတ်ချေးပေးနိုင်စေဖို့အတွက် ပြင်ဆင်ရမယ့် အချိန်က နှစ်လလောက် ကြာမြင့်မှာ ဖြစ်တယ်၊ ဒါကြောင့်  ချေးငွေအပိုင်းကို  မကြာခင်   စတင်နိုင်ချေ ရှိတယ်လို့    ဆိုပါတယ်။   
                                       
၁၉၉၃ မှာ တည်ထောင်ခဲ့တဲ့ ရိုးမက တနိုင်ငံလုံးမှာ ဘဏ်ခွဲပေါင်း ၄၀ ကျော် ရှိပါတယ်။

၄၈ မီနီဘတ်စ် လူတိုက်ပြီးမောင်းပြေး

hlyothwetuyin | 12/06/2012 06:01:00 AM |
လှည်းတန်း မီးပွိုင့်အနီး နယ်မြေ(၃) ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံးရှေ့ လမ်းလယ်ကျွန်းတွင် ယနေ့နံနက် ၈ နာရီကျော်က ခရီးသည်တင် ယာဉ်တစ်စီးသည် အမျိုးသား တစ်ဦးအားတိုက်၍ မောင်းပြေး သွားကြောင်း သတင်းရရှိသည်။ "တိုက်သွားတဲ့ ကားက ၄၈ မီနီဘတ်စ်ပါ။ --
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLphDUAH5aFB2BtQDJyVh5tDtg2ovUixcA8BCCrhwDogmCBX4FDqrdLqmrRZNyw3-X099cs12mFaBgP0hty3NKw8ssJRkCqaruo70ZxwN9NWadRye1Ndp2_c_nH6GJGDxkPZSMZsdxIBg/s1600/45369_448424258552547_2001925533_n.jpg