This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, July 12, 2013

အနုကြမ်းစီးမှုများကြောင့် ရန်ကုန်တွင် လုံခြုံရေး တိုးမြှင့်

နန်းဆိုင်နွမ်


ရန်ကုန်မြို့တွင်း မြို့နယ်တချို့တွင် ယခုလအတွင်း အိမ်ပေါ်တက် အနုကြမ်းစီးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ပြည်သူများ လုံခြုံရေး စိုးရိမ်ပူပန်နေကြပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

ယခုအခါ မသမာသူများသည် အိမ်ပေါ်တက် အနုကြမ်းစီးသည့်အထိ အတင့်ရဲလာကြောင်း၊ တိုက်ခန်းများ ငှားရမ်းနေထိုင်သည့် သူများအနေဖြင့်လည်း လုံခြုံရေး စိတ်ချစေရန် သော့များ သေချာ ခတ်ထားသင့်ကြောင်း၊ ရပ်ကွက်လူကြီးများ အနေဖြင့်လည်း တိုက်ခန်း လာရောက်ငှားရမ်းသူများကို အေးချမ်းစွာ နေထိုင်နိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ လုံခြုံရေးရဲများ အနေဖြင့်လည်း စနစ်တကျ ကင်းလှည့်ပေးသင့် ကြောင်း၊ လုံခြုံရေး ရဲကင်းများလည်း တိုးမြှင့်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်အေးမြင့်က ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေး အတွက် ရဲဝန်ထမ်း ၄ သောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ ခန့်ကို ထိန်းနေရကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနမှ ဗိုလ်မှူးကြီး တင်ဝင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။

“နေ့ညမပြတ် ကင်းလှည့်၊ လုံခြုံရေးပိုင်းကို တာဝန် ယူနေပါတယ်။ လတ်တလောကတော့ ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ၄၄ မြို့နယ်စလုံးကို ရှိသင့်တဲ့ ရဲအင်အား မရှိသေးပေမယ့် လုံခြုံရေးပိုင်း မလျော့စေဘဲ ရှိတဲ့ လူအင်အားနဲ့ ပင်ပန်းခံ တာဝန်ယူနေပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်နေ ပြည်သူတို့၏ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းများ ပေးပို့ရန်၊ ပြည်သူလူထု၏ နစ်နာမှုများ တင်ပြ တိုင်ကြားရန်၊ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ်များ တပ်ဆင်ထားကာ ဆောင်ရွက်နေကြောင်း၊ အရေးပေါ် လုံခြုံရေး အတွက် ရဲအင်အား ၃၀၀၀ ကျော်ဖြင့် တာဝန်ယူ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ မသမာသူများသည် အိမ်ပေါ်တက် အနုကြမ်းစီးသည့်အထိ အတင့်ရဲလာကြောင်း၊ တိုက်ခန်းများ ငှားရမ်းနေထိုင်သည့် သူများအနေဖြင့်လည်း လုံခြုံရေး စိတ်ချစေရန် သော့များ သေချာ ခတ်ထားသင့်ကြောင်း၊ ရပ်ကွက်လူကြီးများ အနေဖြင့်လည်း တိုက်ခန်း လာရောက်ငှားရမ်းသူများကို အေးချမ်းစွာ နေထိုင်နိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ လုံခြုံရေးရဲများ အနေဖြင့်လည်း စနစ်တကျ ကင်းလှည့်ပေးသင့် ကြောင်း၊ လုံခြုံရေး ရဲကင်းများလည်း တိုးမြှင့်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်အေးမြင့်က ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေး အတွက် ရဲဝန်ထမ်း ၄ သောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ ခန့်ကို ထိန်းနေရကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနမှ ဗိုလ်မှူးကြီး တင်ဝင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။

“နေ့ညမပြတ် ကင်းလှည့်၊ လုံခြုံရေးပိုင်းကို တာဝန် ယူနေပါတယ်။ လတ်တလောကတော့ ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ၄၄ မြို့နယ်စလုံးကို ရှိသင့်တဲ့ ရဲအင်အား မရှိသေးပေမယ့် လုံခြုံရေးပိုင်း မလျော့စေဘဲ ရှိတဲ့ လူအင်အားနဲ့ ပင်ပန်းခံ တာဝန်ယူနေပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်နေ ပြည်သူတို့၏ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းများ ပေးပို့ရန်၊ ပြည်သူလူထု၏ နစ်နာမှုများ တင်ပြ တိုင်ကြားရန်၊ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ်များ တပ်ဆင်ထားကာ ဆောင်ရွက်နေကြောင်း၊ အရေးပေါ် လုံခြုံရေး အတွက် ရဲအင်အား ၃၀၀၀ ကျော်ဖြင့် တာဝန်ယူ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာတပ်စခန်း ၃ ခုဝန်းရံပိတ်ဆို့ခံရ - တင်းမာမှုကို ကာ/ချုပ်နှင့်သာဆွေးနွေးဖို့ ဝ ဆန္ဒရှိ


 
သျှမ်းပြည်အရှေ့ပိုင်းမိုင်
းဆတ်မြို့နယ်တွင် ၁ ပတ်ခန့်အကြာ အထပ်ထပ်ဝိုင်းရံနေကြသော မြန်မာစစ် တပ်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုမရှိသော်လည်း မြန်မာတပ်စခန်း ၃ ခု ပိတ်ဆို့ဝိုင်းရံထားခြင်းခံထားရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဆတ်မြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာရှိ လွယ်ဆမ်ဆုမ်တောင်ကြောအနီး လွယ်ပါကေတောင်တွင် မြန်မာနှင့် ဝ တခုစီခြား၍ စိုက်ထားသော စခန်းများအနက် မြန်မာတပ်စခန်း ၃ ခု ဝ တပ်ဖွဲ့၏ ဝိုင်းပိတ် ထားခြင်းခံထားရသည်ဟု ဆိုပါသည်။

အတွင်းပိုင်း ပိတ်မိနေသော မြန်မာတပ်စခန်းများထံ ပို့ပေးရန် လွယ်ဆမ်ဆုမ် မှလာသော မြန်မာရိက္ခာ တင်ကားများ ကိုလည်း ဝ တပ်ဖွဲ့ တားမြစ်ကာ တာဝန်ယူပို့ပေးမည်ဟုပြောဆိုမှုအပေါ် မြန်မာဘက်မှ သဘောမတူဘဲ လှည့်ပြန်သွားကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သည့် မိုင်းဆတ်ဒေသခံတဦးကပြောသည်။

“ မြန်မာရိက္ခာတင်စစ်ယာဉ်တန်း မနေ့က (ဂျူလိုင် ၁၀ ရက်)က လွယ်ပါကေမှာ အဝိုင်းခံထားရတဲ့ သူတို့ တပ်စခန်းဆီပို့ဖို့ ဝ တပ်စခန်းဆီမှာ လာခွင့်တောင်းတယ်။ ရိက္ခာ တာဝန်ယူပို့ပေမယ်ပြောတော့ ဗမာစစ်တပ် သဘော မတူဘူး။ ပြောကြဆိုကြ ငြင်းကြခုန်ကြနဲ့ မနေ့က တိုက်ပွဲဖြစ်တော့ မလိုလို တောင်ဖြစ် ခဲ့ရတယ်။ အင်အားဖြည့်ဖို့ ထပ်ရောက်လာကြတဲ့ ဝ တပ်ဖွဲ့ကိုလည်း လွယ်ဆမ်ဆုမ်မြန်မာ စခန်းက ဖြတ်သန်းခွင့်မပေးဘူး။ လက်နက်မပါနဲ့။ စစ်ဝတ်စုံမဝတ်နဲ့လို့ပြောတယ်။ အဲတာကြောင့်အခု လွယ်ပါကေထဲကို ဝ ဘက်ကလဲ ဝင်လို့မရ မြန်မာစစ်တပ်ကလဲဝင်လို့မရ အဲလိုအခြေ အနေဖြစ်နေ တယ်” ဟု ကုန်သည်တဦးလည်းဖြစ် သည့်အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

၎င်းကိစ္စအပါအဝင် နှစ်ဦးနှစ်ဘက်ကြား တင်းမာနေသော အခြေအနေကိုဆွေးနွေးဖြေရှင်းရန် MPC မှ ဂျူလိုင် လ ၆ ရက်နေ့ဟု ရက်သတ်မှတ်၍ ဝ တပ်ဖွဲ့ထံအကြောင်းကြားထားသော်လည်း ဝ တပ်ဖက်က အဆင်မသင့်သေးသဖြင့် ဂျူလိုင် ၁၂ ရက်သို့ပြောင်းရွှေ့ရန် လွန်ခဲ့ သော ၂ ရက်ကပင် အစိုးရထံပြန် လည် အကြောင်းကြားခဲ့သည်ဟုဆိုပါသည်။

ထို့ကြောင့် ယမန်နေ့က ဝ တပ်ဖွဲ့မှ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံ ဦးဆောင်သည့် ပြည်ပ ဆက် သွယ်ရေး ဌာနကြီးမှူး ကျောက်ကော်အန်း၊ အမှတ် (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင် ၊ ဒုဦးစီးမှူး စိုင်းဆာမ် နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦး ပန်ဆန်းမြို့မှ ကျိုင်းတုံမြို့သို့ထွက်ခွါခဲ့ကြောင်း၊ မြန်မာဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဌ ၂ ဦးသိန်းဇော်မှလာရောက်ဆွေးနွေးမည်ဟုဆိုသဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်သာ တွေ့ဆုံလိုကြောင်း ဝ ဘက်က ပြောဆိုနေသည်ဟုဆိုပါသည်။

ဆွေးနွေးပွဲကို ဂျူလိုင် ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် ထိုပုဂ္ဂိုလ်က အတည်ပြုပြောဆိုပါသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ

Friday, July 12, 2013

စစ်တွေ ၊ ၁၁ ဇူလိုင်လ ၂၀၁၃ ၊

ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေဆုံးသွားသည့်အတွက် ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံ မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။

တပ်တောင်ရွာ အမှတ်(၆) ရပ်ကွက်နေ ဒေါ်အေးခိုင်နု၏ သမီး မလှလှထွေးအား ဗီဒီယိုသွားကြည့်ရန် ခေါ်သွားနေကျဖြစ်သူ အိမ်နီးချင်း (ကလေးနှစ်ယောက်ဖခင်) မောင်ဝင်းနိုင် ( အဘ၊ ဦးမောင်လှသိန်း၏ သား) က အဓမ္မပြုကျင့်ကြောင်းကို အသံကျယ်လောင်စွာဖြင့် ဟစ်အော်ငိုကြွေးပြီး လှလှထွေး က အခင်းဖြစ်သည့်နေ့ ည (၈) နာရီခန့်တွင် အိမ်ဝင်းထဲသို့ ၀င်လာပြီး မိခင်ဖြစ်သူအား တိုင်တမ်းခဲ့သည်။

မိခင်ဖြစ်သူမှာ တိုက်နယ်ဆေးရုံတာဝန်ခံဖြစ်သူ ဒေါ်အေးခိုင်ထံ သမီးကို ဆေးခန်းပြရန် ခေါ်သွားသော်လည်း ဒေါ်အေးခိုင်က အမ်းပြည်သူ့ဆေးရုံသို့သာ ခေါ်သွားရန် ပြောသည့်အတွက် ကားငှားပြီးသွားခဲ့ရာ ည (၁၂)နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကြီးဝင်ပေါက်ဝသို့ ရောက်ခါနီးမှာပင် ထိုအချိန်တွင် သွေးထွက်လွန်နေခဲ့ပြီဖြစ်သော လှလှထွေးမှာ သေဆုံးသွားခဲ့သည်။

မောင်ဝင်းနိုင်သည် လက်တစ်ဖက်ဖြင့် လှလှထွေး၏ ပါးစပ်ကိုပိတ်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းကို ဆုပ်ကိုင်ကာ မုဒိမ်းပြုကျင့်ခဲ့သည် မလှလှထွေးက မသေခင် မိခင်အားပြောပြခဲ့သည် ဟု ဆိုသည်။

သေဆုံးမှုမှာ သွေးထွက်လွန်ပြီးသေဆုံးရခြင်းဖြစ်ကြောင်းကို လှလှထွေး သေဆုံးစဉ်က တပ်တောင် ပြည်သူ့ရဲစခန်းမှူးကိုယ်တိုင် မှတ်ချက်ယူကာ တရားခံမောင်ဝင်းနိုင်ကို ဖမ်းဆီးပေးမည် ဟု ပြောခဲ့သည် ဟု ဆိုသည်။

ထိုဖြစ်စဉ်ဖြစ်ပြီးသောအခါ မောင်ဝင်းနိုင်၏ မိဘများက ဇနီးမယားများကို ခေါ်ယူကာ (အခြားရွာတစ်ရွာ ဖြစ်သော) တန်းတင်ရွာ သို့ ပြောင်းရွှေ့ နေထိုင်စေခဲ့သည်။ မောင်ဝင်းနိုင်ကိုယ်တိုင်လည်း တန်းတင်ရွာတွင် ဖမ်းဆီးအရေးယူခံရခြင်း ဘာမှမရှိဘဲ ခပ်တည်တည်ပင် နေထိုင်သွားခဲ့သေးသည် ဟု ဆိုသည်။
ထို့နောက် မောင်ဝင်းနိုင်အား ၄င်း၏ဖခင်ဖြစ်သူက (၇၅၇) တပ်ရင်းသို့ခေါ်သွားကာ တပ်ထဲသွင်းပေးခဲ့သည် ဟု ဆိုသည်။

မောင်ဝင်းနိုင်ရှိရာ (၇၅၇) တပ်ရင်းသို့ ရဲများလိုက်လာစုံစမ်းသောအခါ တပ်ရင်းက မောင်ဝင်းနိုင်အစား တပ်သားသစ်တစ်ယောက်ပေးရမည်ဟု ၄င်း၏မိသားစုထံတောင်းဆိုသဖြင့် ဖခင်ဖြစ်သူက မောင်ဝင်းနိုင်ကိုယ်စား မောင်ဝင်းနိုင်၏ ညီဖြစ်သူကို အစားထိုးထည့်ပေးသောအခါ၊ မောင်ဝင်းနိုင်အား တပ်က လွှတ်ပေးလိုက်သည် ဟု ဆိုသည်။

အခင်းဖြစ်ပြီး သုံးလကျော်သွားပြီဖြစ်သော်လည်း မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ကျူးလွန်ခံရပြီး သေဆုံးသူ မလှလှထွေး၏ မိခင်က “တရားခံဖြစ်သူ မောင်ဝင်းနိုင် တန်းတင်ရွာတွင် ရှိစဉ်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဂရုမစိုက်ကြပါ။ ပြဿနာတွေ ဘယ်လောက်ဖြစ်ဖြစ် ရပ်ကျေး အုပ်ချုပ်ရေးမှူးကလည်း ဂရုမစိုက်ပါ။ ကျွန်မတို့ ကျေးလက်ပြည်သူတွေအပေါ် တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် ဒုက္ခများစွာ တွေ့နေရပါသဖြင့် - - - ကူညီပေးပါရန် တိုင်ကြားအပ်ပါသည်” ဟု ၄င်းရေးသား ပေးပို့သော တိုင်ကြားစာတစ်စောင်တွင် ရေးသားထားသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။ )

Coral Arakan News

Thit Htoo Lwin - Crime

သံတွဲတွင် ရခိုင်အမျိုးသား တစ်ဦး လည်လှီး အသတ်ခံရ


Friday, July 12, 2013

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် လယ်သမား တစ်ဦး ဇူလိုင်လ ၁၀ ရက်နေ့က လည်လှီး အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ သံတွဲမြို့နယ်၊ ရွှေလှေ သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဦးစံဖေ၏သား ၀င်းမြင့် (ခ)ညီလေး (၃၈)နှစ် ဖြစ်သည်။

ယခု သတ်ဖြတ်မူသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ရခိုင်ပြည်နယ် အတွင်း လူမူပြဿနာများ အဆုံးသတ်ရန် ခိုင်မာသော သံန္နိဌာန်ချထားပါကြောင်း ထုတ်ဖေါ် ပြောဆိုပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အသတ်ခံရမူနှင့် ပတ်သက်ပြီး  ရခိုင် လူမူကွန်ယက် (သံတွဲ)မှ ကိုစိန်ချစ်က အထူး လူမဆန်သော လုပ်ရပ် ဖြစ်ကြောင်း ပြောသည်။

“ အသတ်ခံရတာက ဇူလိုင်လ ၉ ရက်နေ့ ညဉ့်နဲ့ ၁၀ ရက်နေ့ နံနက်မတိုင်မီ  အသတ်ခံရတာလို့ ခန့််မှန်းရပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ မနက်စောစောပိုင်း ၆ နာရီလောက်မှ သူရဲ့ အဒေါ် ဒေါ်ခင်ညိုက မျိုးစပါး သွားပို့တဲ့ခါ ကျနော်တို့ အခေါ် ဒေးဗစ်ချန်း (ကိုဝင်းမြင့်)ကို လည်ပင်း အလှီးခံရပြီး  သေနေတာကို တွေ့ရတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ကိုဝင်းမြင့်မှာ လက်တဖက် ပြတ်နေသူ ဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း တစ်စုံ တစ်ဦးနှင့်မျှ ပြဿနာ မရှိဟုသူက ဆိုသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်မှာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၆ နာရီတွင် သံတွဲမြို့နယ် သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညို (၅၂) နှစ်မှ သူမ၏ သူတော်စပ်သူ ၀င်းမြင်း (ခ) ညီလေးရှိရာ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော် ကျေးရွာအုပ်စု နေသူ၏လယ်တဲသို့ မျိုးစပါးအထုပ် ပို့ရန်ရောက်သွားရောက်ခဲ့ရာ ၀င်းမြင့်မှာ လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ယခုအခါ မူဆလင် (၃) ဦးအား အမူနှင့် ဆက်စပ်ပြီး မသင်္ကာသဖြင့် ဖမ်းဆီးကာ စစ်ဆေးနေသည်ဟု ကိုစိန်ချစ်က ပြောသည်။ ဖုံးလိုင်း မကောင်းသဖြင့် သံတွဲ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

(ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ အဆိုပါ မူခင်းနှင့် ပတ်သက်ပြီး သတင်းမှန်အား ပြည်သူအများသိရှိနိုင်ရန် ယခုလို ထုတ်ပြန်ထားသည်။ )

သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာသားတစ်ယောက် အသတ်ခံရခြင်း´နှင့် ပတ်သက်ပြီး စိစစ်ခဲ့ရာ အောက်ပါအတိုင်းသိရှိရပါသည်-

(က) ၁၀-၇-၂၀၁၃ ရက်နေ့ ၀၆၀၀ နာရီတွင် သံတွဲမြို့နယ်၊ သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညို (၅၂)နှစ် (ဘ)ဦးငညို၊ ၁၁/သတန(နိုင်)၀၈၀၇၉၂ ရခိုင်/ဗုဒ္ဓ¨ဘာသာ၊လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော်အုပ်စု၊ သံတွဲမြို့နယ်နေသူမှ သပြုချိုင်တောင်ပေါ်ကျေးရွာတောင်ဘက် ကွင်းမကြီး လယ်ပြင်ရှိ တူတော်စပ်သူ ၀င်းမြင့်(ခ)ညီလေး (၃၈)နှစ် (ဘ)ဦးစံဖေ၊ ရခိုင်/ဗုဒ္ဓ¨ဘာသာ၊ လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော် ကျေးရွာအုပ်စု၊ သံတွဲမြို့နယ်နေသူ၏လယ်တဲသို့ မျိုးစပါးအထုပ် ပို့ရန်ရောက်ရှိခဲ့ ကြောင်း။

(ခ) ၄င်းတဲအတွင်းကွပ်ပျစ်ပေါ်တွင် ၀င်းမြင့်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက် ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ၀င်းမြင့်အားသတ်သွားသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဒေါ်ခင်ခင်ညိုမှ ၁၀-၇-၂၀၁၃ ရက်နေ့ ၁၉၄၅ အချိန် ရွှေလှေ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း။

(ဂ) ရွှေလှေရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်မောင်လွင်မှ(ပ)၂၀/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိပြီး တရားခံအားဖမ်းဆီးနိုင်ရေးအတွက်သံတွဲ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှစုံစမ်းစစ်ဖော်ထုတ်လျက်ရှိကြောင်း ဖေါ်ပြသည်။

( ဤ ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အား Coral Arakan မှ ကူးယူ ဖေါ်ပြပါသည်။)

နိရဉ္စရာ သတင်းဌာန

Thit Htoo Lwin - News

ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံသဖြင့် သေဆုံး


ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၃ ရက်နေ့ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊(၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမနှင့် အနော်ရထားလမ်းဆုံ၊ မီးရထားသံလမ်း၊ မိုင်တိုင်အမှတ် ၈/၁၆ အနီးတွင် လူတစ်ဦး ရထားကြိတ်၍
သေဆုံးနေကြောင်း သတင်းအရ ဒဂုံ(အရှေ့) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်အေး၊ (၃၅)နှစ်၊ (ဘ)ဦးအောင်ကြီး၊ ၁၅ ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ပြီး ၎င်းမှာ ၁၅၃၀ အချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ ရန်ကုန်- မန္တလေး အမှတ်(၅) အဆန်အမြန် ရထားမှ မောင်းနှင်လာစဉ် လက်ပြပြီး ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံခဲ့၍ ဦးခေါင်းကြေမွဒဏ်ရာ၊ ယာလက်မောင်းပြတ်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဒဂုံ(အရှေ့)မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၃) ဖွင့်လှစ်စစ်ဆေးလျက်
ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

မြန်မာက ဘင်္ဂလီ ၇၅ ဦးကို သူတို့ နိုင်ငံသို့လွဲပြောင်း

Friday, July 12, 2013

မလေးရှားသို့ လှေစီးပြီး တရားမ၀င်သွားရာမှ မြန်မာနိုင်ငံထဲတွင် ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဘင်္ဂလီ  အမျိုးသား ၇၅ ဦးကို  မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ တရားဝင် လွဲပြောင်း ပေးလိုက်သည်။

ယနေ့ (ဇူလိုင်လ ၁၁) ရက်နေ့ မောင်တောမြို့တွင် ပြုလုပ်သော  မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့တို့၏  အစည်းအဝေး အပြီးတွင် လွှဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သူတို့ ၇၅ ဦးသည် လွန်ခဲ့သောနှစ်က ဘင်္ဂလာ-မြန်မာနယ်စပ်မှ တဆင့် တရားမ၀င် မလေးရှားသို့ စက်လှေ တစ်စီးနှင့် သွားရောက်စဉ် လမ်းမှားပြီး မြန်မာရေပိုင်နက်ထဲ ရောက်သွားရာမှ ဖမ်းဆီး ခံခဲ့ကြရသူများ ဖြစ်သည်။

ယခု လွှဲပြောင်းခံရသူ ဘင်္ဂလီများမှာ အနယ် အရပ်ရပ်မှ ဖြစ်ကြပြီး ထိုအထဲတွင် မြန်မာနှင့် နယ်စပ်ချင်း ကပ်နေသော ကောစ်ဘာဇား ခရိုင်မှ ၅၇ ဦး ပါဝင်သည်။

နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ အစည်းအဝေးကို ယနေ့ နံနက်က မောင်တောမြို့ လူဝင်မှုကြီးကြပ်ရေး ဌာနချုပ်တွင် ပြုလုပ်ခဲ့ကြပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ  တက်ကနက်အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီတပ်ရင်းမှ အရာရှိ ဇာဟီရ်ဟာဆန် ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦးတက်ရောက်ပြီး မြန်မာဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦး ဖြစ်သူ ဦးစိုးနိုင်ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


( နိရဉ္စရာ- ၁၁ ဇူလိုင် ၂၀၁၃) / မောင်အေး

Thit Htoo Lwin - News

ဂီတ၀ါသနာ ရှင် များအတွက် music player လေးကို phone . tablat တို့ ပေါ်တွင် တီးခက်နိုင်

ဂီတ ၀ါသနာရှင် များအတွက် Music Player

 ဒီဆော့ဝဲ လေးတွေကို တင်ထားပြီးဖြစ် ပါ တယ် ဒါပေမယ့် ဒီတစ်ခါ တော့ တီးဝိုင်းတစ်ဝိုင်းစာကို စုပြီးတင်ပေးထားတာဖြစ်ပါတယ်
ဂီတ၀ါသနာ ရှင် များအတွက် music player လေးကို phone . tablat တို့ ပေါ်တွင် တီးခက်နိုင်မှာဖြစ်ပါတယ်

   download. music player


MmYear100.apk ( မြန်မာပြက္ခဒိန် - နှစ် ၁၀၀ )


မင်္ဂလာပါ.....
မြန်မာလို ဒီနေ့ဘယ်နှစ်ရက်နေ့ပါလိမ့်....။ အင်း....၀ါတောင်ဝင်တော့မှာပဲ....ယူစရာရှိ မြန်မြန်ယူထားကြနော်။ နှစ်တစ်ရာမြန်မာပြက္ခဒိန်ကိုပြောတာပါ။
ဝါတွင်းမှာ တောဖိတ်၊ မြို့ဖိတ်၊ ဥပုသ်နေ့ ကြည့်ရမယ်လေ....။ လ ပြည့်၊ လ ကွယ်၊ ဥပုသ်နေ့ ဈေးပိတ်တဲ့
ဈေးသူဈေးသားတွေအတွက်လည်း အသုံးဝင်မှာပါ။ ပြက္ခဒိန်တိုက်တာကတော့ အထူးအထွေ မဟုတ်ပါဘူး၊ ဖုန်းရဲ့ Date and Time မှန်အောင်တိုက်လိုက်ရင် ပြက္ခဒိန်လည်းမှန်ပြီးသားပါ။ အဆင်ပြေပါတယ်....

Dropbox CyberLocker  :  4shared

(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်

MRTV 4 Apk
=============
(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်ဆိုတော့ တော်တော်များများသိမှာပါ

(လောလောဆယ် ကြည့်မရသေး) သူအွန်လိုင်းမှာလွင့်တဲ့အခါမှ ကြည့်လို့ရမယ် 15 ရက်ကျရင် လွင့်မယ်လို့တော့ ပြောတယ်

သူအတွက် Apk လေးရှိတယ် ဆရာမ ‪#‎HtarHtarLwin‬ တင်ပေးထားတာပါ
ကျွန်တော်မှ ပြန်လည်မျှဝေချင်းဖြစ်ပါတယ် ဆောင်ထားချင်တယ်ဆိုရင်
အောက်မှာရယူနိုင်ပါတယ်

http://www.zwmnna.com/2013/07/mrtv-3-apk.html

မှားသွားတာ ခွင့်လွှတ်ပါ (MRTV 4)ပါ (MRTV 3) မဟုတ်ပါဘူး