မိုင်းဆတ်မြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာရှိ လွယ်ဆမ်ဆုမ်တောင်ကြောအနီး လွယ်ပါကေတောင်တွင် မြန်မာနှင့် ဝ တခုစီခြား၍ စိုက်ထားသော စခန်းများအနက် မြန်မာတပ်စခန်း ၃ ခု ဝ တပ်ဖွဲ့၏ ဝိုင်းပိတ် ထားခြင်းခံထားရသည်ဟု ဆိုပါသည်။
အတွင်းပိုင်း ပိတ်မိနေသော မြန်မာတပ်စခန်းများထံ ပို့ပေးရန် လွယ်ဆမ်ဆုမ် မှလာသော မြန်မာရိက္ခာ တင်ကားများ ကိုလည်း ဝ တပ်ဖွဲ့ တားမြစ်ကာ တာဝန်ယူပို့ပေးမည်ဟုပြောဆို
“ မြန်မာရိက္ခာတင်စစ်ယာဉ်တန်း မနေ့က (ဂျူလိုင် ၁၀ ရက်)က လွယ်ပါကေမှာ အဝိုင်းခံထားရတဲ့ သူတို့ တပ်စခန်းဆီပို့ဖို့ ဝ တပ်စခန်းဆီမှာ လာခွင့်တောင်းတယ်။ ရိက္ခာ တာဝန်ယူပို့ပေမယ်ပြောတော့ ဗမာစစ်တပ် သဘော မတူဘူး။ ပြောကြဆိုကြ ငြင်းကြခုန်ကြနဲ့ မနေ့က တိုက်ပွဲဖြစ်တော့ မလိုလို တောင်ဖြစ် ခဲ့ရတယ်။ အင်အားဖြည့်ဖို့ ထပ်ရောက်လာကြတဲ့ ဝ တပ်ဖွဲ့ကိုလည်း လွယ်ဆမ်ဆုမ်မြန်မာ စခန်းက ဖြတ်သန်းခွင့်မပေးဘူး။ လက်နက်မပါနဲ့။ စစ်ဝတ်စုံမဝတ်နဲ့လို့ပြောတယ
၎င်းကိစ္စအပါအဝင် နှစ်ဦးနှစ်ဘက်ကြား တင်းမာနေသော အခြေအနေကိုဆွေးနွေးဖြေရှင်း
ထို့ကြောင့် ယမန်နေ့က ဝ တပ်ဖွဲ့မှ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံ ဦးဆောင်သည့် ပြည်ပ ဆက် သွယ်ရေး ဌာနကြီးမှူး ကျောက်ကော်အန်း၊ အမှတ် (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင် ၊ ဒုဦးစီးမှူး စိုင်းဆာမ် နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦး ပန်ဆန်းမြို့မှ ကျိုင်းတုံမြို့သို့ထွက်ခွါ
ဆွေးနွေးပွဲကို ဂျူလိုင် ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် ထိုပုဂ္ဂိုလ်က အတည်ပြုပြောဆိုပါသည်။
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်
0 ကွန်မန့်ရေးရန်:
Post a Comment