This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, April 18, 2012

ပျောက်ဆုံးနေသော မအေးယုအောင်အမှု ရဲနှင့် တရားသူကြီးကို တရားစွဲမည်

Inbox
x

demonprince13 demonprince13@gmail.com
5:44 PM (6 hours ago)

to mrsorcerer



အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမိဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူ
သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ
မီးပူနှင့်ကပ်ခဲ့ရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှ
ဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံး
သို့သွားရောက်စုံစမ်းခဲ့ပါသည်။
တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊
ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ တရားရုံးဘေးနားတွင် ကားဖြင့်လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူဒေါ်
ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီးဝန်းကျင်တွင်(၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊ မရမ်း
ကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်း တရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ်
ကြူကြူတို့ ၀န်ခံသဘောတူညီချက်မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင်တွေ့ရှိရပါသည်။
ဒေါ်ကြူကြူမှာ အနီးပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတက်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး
ဦးအောင်ဖုန်းဝင်းမှ အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီး
ဝန်ခံသဘောတူညီချက်မှတ်တမ်းမှာလက်ဗွေနှိပ့် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စာရွက်
ပေါ်ပါ အချက်အလက်များအား ဖက်ပြခြင်းမရှိပါ၊
“ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်
ဘုန်းဝင်းမှ ပေးမတွေ့သေးကြောင်းပြောဆိုသဖြင့် ဥပဒေအရပဲပြောတော့မယ်ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာ မလွတ်မလပ်
တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူမအေးယုအောင်အား လကုန်မှ ပြန်ပို့ပေးမည်ဟုသာပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊
ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်းမှ အသိမိတ်ဆွေများအား ဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်း
မှ ကျမကိုလိမ်ညာပြီးလက်မှတ်ထိုးခိုင်းကြောင်းသိရှိခဲ့ရပါတယ်၊ ကျမလို မိခင်တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်ကျင်အသိုင်းအ၀ိုင်း
ကြားမှာ အရမ်းကျောက်နေရတာ ကျမ သမီးလေးမှာ ကျမထက်အဆပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက်
အနေနဲ့သိနေတယ်၊ ကျမ သမီးလေးကို သူတို့လာပြန်မပို့ဘူးဆိုလျှင်တော့ ဥပဒေအရပဲရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊
အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်၊ ကျမသမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေပေးတဲ့
အသက်ပဲရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူမှပြောဆိုခဲ့ပါတယ်။

မှတ်ချက်။ ။ လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။
          
မအေးယုအောင်အမှု ရဲနှင့် တရားသူကြီးကို တရားစွဲမည်။
(နောက်ဆုံးရ သတင်းတို- ဧရာဝတီ)
ဲခူးမြို့နယ် ဒု တရားသူကြီး၏ ဇနီးက မီးပူနှင့် ကပ်၍ နှိပ်စက်ခံရသော အသက် ၁၅ နှစ်အရွယ် အိမ်ဖော်မိန်းကလေး မအေးယုအောင် ပျောက်ဆုံးနေကြောင်း ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က ၎င်းတို့ကိုယ်တိုင် ကာယကံရှင်မိဘများထံ လိုက်လံ စုံစမ်းပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်သည်။ မအေးယုအောင်နှင့် ပတ်သက်ပြီး အိမ်ရှင် ဒု တရားသူကြီး ဦးအောင်ဖုန်းဝင်းက မိဘထံ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်အတွင်းက ပြည်တွင်း သတင်းဂျာနယ်နှင့် မြို့ခံရဲအရာရှိများကို သတင်းလွှင့်ထားသည်။ သို့သော် မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူမှာ သမီးဖြစ်ရပ်နှင့် ပတ်သက်၍ ရေဒီယိုများမှတဆင့်သာ သိရကြောင်း၊ ဦးအောင်ဖုန်းဝင်းက နှုတ်ပိတ်ရန် ငွေကျပ် ၃ သိန်းပေးကာ လက်မှတ်ထိုးခိုင်းရန် ကြိုးစားကြောင်း၊ သမီးဖြစ်သူကို ဘုရားဖူး ထည့်လိုက်သည်ဟု သိရကြောင်း လမ်းပြကြယ်အဖွဲ့က ဒေါ်ကြူကြူထံမှ စုံစမ်းသိရှိခဲ့ရသည်ဟု ဆိုသည်။ ယနေ့တွင် ဒေါ်ကြူကြူနှင့် လမ်းပြကြယ်အဖွဲ့တို့ ဖြူးမြို့တွင် တွေ့ဆုံကြမည်ဖြစ်ပြီး အမှုထိန်ချန်သူ ပဲခူးမြို့ ရဲနှင့် တရားသူကြီးကို တရားစွဲရန် ပြင်ဆင်ထားကြောင်း ဦးအေးမြင့်ကပြောသည်။ (ဧရာဝတီ)


 မာဃလုလင်

အရှက်မလုံ ခက်ကုန်ပြီ


ခေတ်ဒီမိုကရေစီကိုအကြောင်းပြ
မြန်မာ့ဟစ်ဟော့ပ်လောက““သူတစ်ချို့””
ကဗျည်းတွင်ခဲ့တဲ့ယဉ်ကျေးမှုကိုကျောခိုင်း
အရိုင်းစိုင်းဟန်နဲ့ပုံဖော်လို့
အစုံနော်ပြနေတာက
သူယုံကြည်ရာ““ငရဲခန်း””
တဏှာလမ်းကျွန်နစ်စေရာ
ဟန်ပန်တွေတင်ဆက်
မမြင်အပ်တဲ့ဒီအရာ
ညီတွင်စွအကြောင်းပြ
မပေါင်းကြနဲ့““ဒီလူတွေ””
ဒေါင်းသဏ္ဍာန်ကဟန်ဖြင့်
နောက်ပိုင်းကမလုံ
““သူတို့အရှက်ကုန်နေတာ မခက်ပေမဲ့””
ပြည်သူတွေမြင်သူရှက်ရပေါ့
ပါးစပ်ကဟုတ်သယောင်
လက်တွေ့မှာတော့ သရုပ်ဆောင်တွေမှားကုန်ပြီပေါ့
““သူသူငါငါ”” တင်စားခဲ့လို့
ထင်ရှားခဲ့တဲ့ အနုပညာ
အခုတော့..........
မသတီစရာပုံဟန်နဲ့
““ဒီပုံစံ လူတွေကို””
အနုပညာ ဒီရပ်ဝန်းက
““သံပုံးတီး ထုတ်လိုက်ကြပါစို့””။။။။။

မူရင်း..................ရွာဆော်ငမိုး။

တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လက်စားမှုကြီး

Inbox
x

demonprince13 demonprince13@gmail.com
5:57 PM (5 hours ago)

to mrsorcerer

‎*****ပုလင်းတစ်လုံးနှင့် ဆေးပြားများ.. စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည်*****

တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လက်စားမှုကြီး (ပေးစာ) by-သစ်ထူးလွင်

၂၀၁၂ ခုနှစ် တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လာဘ်စားမှုကြီး
တောင်ကြီးမြို့၊ ( ) ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ( )အနီး၌ 10th April,2012 ည ၁၀နာရီနှင့် ၁၀း၃၀ အချိန်အတွင်း၌ ယဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယဉ်တိုက်မှုဖြစ်ပွားပုံမှာ ယဉ်အမှတ် --/2324 တပ်ဆင်ထားသော လိုင်စင်မဲ့ယဉ် မတ်တူး {Mark 2} ကားအဖြူရောင်မှာ မြို့ပတ်လမ်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး လမ်း ( ) ရှိအိမ်ဝိုင်း နံရံကိုပွတ်တိုက်ပြီး တစ်ဆင့်ပြန်ထွက်လာကာ လမ်းဘေး၌ ရပ်နေသော (ဖုန်းပြောနေသော) ကို( )၊ မိထ္ထီလာ ( ) ယဉ်လိုင်းမောင်းနှင်သူအား ၀င်တိုက်မိခဲ့သည်။ ထိုသို့ဖြစ်ပွားမှု၌ ကားပေါ်တွင် မောင်းနှင်သူမှာ တောင်ကြီးမြို့မှ ဆီစက်ပိုင်ရှင် ဦးဖီးယား၏ မြေးဖြစ်သူနှင့် တောင်ကြီးမြို့မှ “အရှေ့တိုင်း” ကားပစ္စည်းရောင်းဝယ်ရေးမှ သားဖြစ်သူတို့ နှစ်ဦးပါရှိလာကြောင်း သိရသည်။
ကားတိုက်မှု အခင်းဖြစ်ပွားပြီး မကြာမှီတွင် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး အပါအ၀င် ရဲများ ရောက်ရှိလာကာ ပြဿနာအားဖြေရှင်းပေးကြသည်။ အဆိုပါ ဖြေရှင်းမှု၌ ကားအတိုက်ခံရသူကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်မှု မရှိခြင်း။ ကားမောင်းသူဘက်မှ ရောက်ရှိလာသော သူများနှင့် ကားတိုက်ခံရသူဘက်မှရောက်ရှိလာသူတို့ ရိုက်နှက်သည်အထိ ပြဿနာဖြစ်ရခြင်း။ ဆိုင်ရာ ယဉ်ထိမ်းများကို ခေါ်ဆိုမှုမရှိဘဲ ရဲရေးဖြင့်သာ ရှင်းခြင်းများ ဖြစ်ပွားခဲ့သည်။
အဓိကအားဖြင့် ဖြစ်ပွားသော ယဉ်တိုက်မှုကို မဖြေရှင်းဘဲ ကားပေါ်တွင်ပါလာသော မူးယစ်ဆေးဝါးများ (ကိစ္စ)ကိုသာ ဖြေရှင်းနေကြကြောင်းသိရသည်။ ထိုကားပေါ်တွင် စက္ကူဖြင့်ပါတ်ထုပ်ထားသော ပုလင်းတစ်လုံးနှင့် ဆေးပြားများပါရှိလာသည်။ ထိုပစ္စည်းများကို ယဉ်မောင်းသူများမှနေ၍ ရဲများထံမှ ငွေ ငါးသိန်း (သို့) ဆယ်သိန်းဖြင့် ပြန်လည် ရယူလိုကြောင်းပြောဆိုနေကြသည်။ ရဲများမှလည်း ထိုပစ္စည်း စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည် ဟုပြောဆိုသံကြားရသည်။ အမှုကိစ္စကို ယဉ်မောင်းသူဘက်မှ ငွေကြေးဖြင့် လိုက်လံမည်ဆိုကြောင်းကိုလည်း သိရှိရသည်။
နောက်နေ့တွင် အဆိုပါ ကိစ္စအား စုံစမ်းကြည့်ချိန်၌ ကားကိုဖမ်းဆီးထားခြင်းမရှိ လူများ(ယဉ်မောင်း)ကို ဖမ်းဆီးအရေးယူထားခြင်းမရှိ။ ထိုကိစ္စကို အမှုဖွင့်ထားခြင်းမရှိကြောင်းသိ
ရသည်။ ဆေးရုံရောက်လူနာမှာလည်း ထိုတစ်ညလုံး ဆေးဝါးကုသမှုခံယူရခြင်းမရှိပဲ ကြီးစွာသော ဝေဒနာကို ခံစားနေရကြောင်းခြေထောက်ကို ၀ါးဂွမ်းပတ်၍ ဤအတိုင်းသာ ထားထားကြောင်းသိရသည်။ တစ်ဘက်သော လူတို့၏ ဖိအားများကြောင့် ဤအတိုင်းပြစ်ထားခြင်းမျိုး ဖြစ်နိုင်သည်။
ဤဖြစ်ပွားမှုနှင့် ပတ်သတ်၍ တောင်ကြီးမြို့၌ ငွေများတရားနိုင် ကိစ္စများ ဖြစ်ပေါ်လျက်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုလျှက် တင်ပြအပ်ပါသည်။

အဂတိလိုက်စားမှု
တရားဥပဒေအား လှည့်စားထိန်ချန်မှုများ ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြသည်။

 မာဃလုလင်

Spitfire လေယာဉ်များမြှုပ်နှံထားသည့်နေရာကို သိရှိထားပြီ

လွန်ခဲ့သော ၆၇ နှစ်က မြန်မာပြည်တွင် မဟာမိတ်တပ်များ လျို့ဝှက်မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေ

                   Battle of Britain တိုက်ပွဲတွင် Spitfire များ အုပ်စုဖွဲ့ပျံသန်းစဉ်
                                        လွန်ခဲ့သော ၆၇ နှစ် ဒုတိယကမ္ဘာစစ် ပြီးစီးလုနီးအချိန်နှင့် ပြီးစီးခဲ့ပြီးအချိန်တွင်    မဟာမိတ်တပ်များက မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ မြန်မာနှင့်ဗြိတိန် အာဏာပိုင်များသည် ယင်းလေယာဉ်များ ရှာဖွေတူးဖော်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ဗြိတိန်အစိုးရအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းကိစ္စကို မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ညှိနှိုင်းခဲ့သည်ဟု သိရသည်။ ဒေါင်းနင်းလမ်းမှ သတင်းအရင်းအမြစ်များကို ကိုးကားပြီး ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ တူးဖော်ရေး အကောင်အထည်ပေါ်လာရန် အခြေအနေကောင်းနေကြောင်း သိရသည်။ ဗြိတိန်အရာရှိများအဆိုအရ မြန်မာနိုင်ငံဘက်ကလည်း ယခုကိစ္စအတွက် အထူးပင်စိတ်အား ထက်သန်နေသည်ဟုဆိုသည်။ တူးဖော်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် မိုးရာသီမ၀င်မီ လုပ်ဆောင်ဖြစ်မည်ဟုသိရသည်။ SkyNews ၏ ဖော်ပြချက်တွင်မူ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရေး စီမံကိန်းတစ်ခု စတင်ရန်အတွက် သဘောတူညီမှုရသည်ဟု ဖော်ပြထားသည်။ လေယာဉ်များမှာ အစိတ်အပိုင်း တစ်ခုစီဖြုတ်ပြီး သယ်ယူလာခဲ့ခြင်းဖြစ်ပြီး မတပ်ဆင်ရသေးမီတွင် မြှုပ်နှံခဲ့သည့် လုံးဝအသုံးမပြုရသေးသော အသစ်များဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ မြှုပ်နှံထားသည့်နေရာကို သိရှိထားပြီဟု ၁၅ နှစ်ကြာ လိုက်လံရှာဖွေနေခဲ့သူ ဗြိတိန်မှ ဒေးဗစ်ကွန်းဒဲလ် အပါအ၀င်ရှာဖွေရေး လုပ်ဆောင်နေသူအချို့က ထုတ်ဖော်ပြောကြားခဲ့သော်လည်း နေရာအတိအကျကိုမူ ထုတ်ပြန်မထားပေ။ တူးဖော်ရေးအတွက် ကျန်ရှိနေသောအခက်အခဲမှာ နိုင်ငံတကာ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများအရ မြန်မာနိုင်ငံအတွင်း၊ အပြင် စစ်လက်နက် တင်သွင်းတင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်။ မကြာမီ အရေးယူပိတ်ဆို့မှုများသာ ရုပ်သိမ်းနိုင်ပါက တူးဖော်သယ်ယူရေးမှာ အဆင်ပြေလာနိုင်ပြီး မြန်မာအစိုးရဘက်မှလည်း တူးဖော်မှုကို ခွင့်ပြုချက်ပေးနိုင်မည့် အခြေအနေရှိသည်ဟု သိရသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လအတွင်းတွင် Spitfire Mark XIV အမျိုးအစား မတပ်ဆင်ရသေးသည့် တိုက်လေယာဉ် အစိတ်အပိုင်းများကို ဗြိတိန်ရှိ ကာဆယ်ဘရွန်းဝစ်ခ်ျအရပ်ရှိ စက်ရုံမှမြန်မာပြည်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်များတွင် ယခင်အမျိုးအစားကဲ့သို့ မဟုတ်ဘဲ မာလင်းစ်အင်ဂျင်များ မတပ်ဆင်ဘဲ ရိုးရွိုက်စ်ဂရစ်ဖွန်အင်ဂျင်များ တပ်ဆင်ထားခဲ့သည်ဟုဆိုသည်။
မြန်မာပြည်သို့ ရောက်ရှိလာချိန်တွင် လေယာဉ်များမှာ လိုအပ်ချက်ထက် ပိုလွန်နေခဲ့သည်။ စစ်ပွဲမှာ နောက်ဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲများမှာ ပစိဖိတ်ဒေသတစ်ဝိုက်ရှိ ဂျပန်တို့၏ နောက်ဆုံးလက်ကျန် ခြေကုပ်ယူရာနေရာများကိုသာ ဦးစားပေးတိုက်ခိုက်မှုကို တိုးမြှင့်အာရုံစိုက်နေရသည့် အချိန်ဖြစ်သည်။ သို့ဖြစ်၍ မြေပြင်အခြေစိုက် Spitfire လေယာဉ်များမှာ လေယာဉ်တင် သင်္ဘောဖြင့် သယ်ယူနိုင်သော Seafire များကဲ့သို့ ကျွန်းများကို တိုက်ခိုက်ရာတွင် မဆင်မပြေသောကြောင့် အသုံးဝင်မှုနည်းပါးလာခဲ့သည်။
သို့ဖြစ်သောကြောင့် မတပ်ဆင်ရသေးသော Spitfire ၁၂ စင်းကို သေတ္တာပုံးများအတွင်းမှ မထုတ်ရသေးမီ အချိန်တွင်ပင် မြှုပ်နှံထားရန် အမိန့်ထွက်ခဲ့သည်ဟုဆိုသည်။
Spitefire လေယာဉ်များ မြန်မာပြည်သို့ရောက်ရှိလာပြီး နှစ်ပတ်အကြာတွင် ဟီရိုရှီးမားတွင် အမေရိကန်က အဏုမြူဗုံးကြဲချခဲ့ပြီး ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နေ့တွင် ဂျပန်တို့ လက်နက်ချခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ထပ် Spitefire ရှစ်စင်းကို ထပ်မံမြှုပ်နှံ သိမ်းဆည်းခဲ့သည်ဟု ယူဆရပြီး စုစုပေါင်း အစင်း ၂၀ အထိ မြန်မာပြည်တွင် မြှုပ်နှံခဲ့သည်ဟု ယူဆရသည်။ Spitfire လေယာဉ် အစင်းရေ ၂၁၀၀၀ အထိ ထုတ်လုပ်ခဲ့ဖူးသော်လည်း ယနေ့အခါတွင် ပျံသန်းနိုင်သော Spitfire အရေအတွက်မှာ ၃၅စင်းသာ ရှိတော့သည်ဟု သိရသည်။

Spitfire နှင့် Auster လေယာဉ်များကို ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်မြို့တွင် တွေ့ရစဉ်

                     Spitfire တစ်စင်းကို မြန်မာနိုင်ငံတွင် မြှပ်နှံရန်ပြင်ဆင်နေစဉ်
By;  http://news-eleven.com/

ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ

Inbox
x

demonprince13 demonprince13@gmail.com
6:11 PM (2 hours ago)

to mrsorcerer
ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ...၊၊

သတင်း - ပေါ်ပြူလာ

အများပြည်သူစားသုံးနေသော ဆတ်သားခြောက်များပြု လုပ်ရန် ရည်ရွယ်၍ ခွေးသေတစ်ကောင် ကျပ်သုံးထောင်အထိ ဈေးပေး ဝယ်ယူမှုများရှိလာကြောင်း ဒဂုံ တောင်၊ ၂၂ ရပ်ကွက်နေ ပြည် သူတို့၏ ပြောပြချက်အရ သိရ သည်။
ယင်းသို့ ဆတ်သားခြောက် တုပြုလုပ်ရောင်းချနေသည့် နေရာမှာ သာကေတ၊ ၁ဝ မြောက်ရပ်ကွက် ယခင် သင်္ချိုင်းမြေနေရာ၊ ယခု အမှိုက်ပုံအနီး မြို့တော်စည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်ဝင် ရောက်နေထိုင်နေသော အိမ်တစ်အိမ်မှ ဖြစ်ကြောင်း၊ ထိုသို့ ခွေးသားဖြင့် ပြုလုပ်ထားသည့် ဆတ်သားခြောက်များအား အသားခြောက် ရောင်းသည့်ဒိုင်များသို့ သွားရောက် ရောင်းချလေ့ ရှိကြောင်း သိရသည်။
”သူတို့အရင်က လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျွန်မတို့ ပြောင်းလာတဲ့ ၁ နှစ် ကျော်အတွင်းမှာတော့ အဲဒီလို ခွေးသားတွေကို ဆတ်သားခြောက် လုပ် ရောင်းတာတွေ တွေ့နေရတာ ပဲ။ အခုလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်းက အဲဒီအိမ်မှာ အသားခြောက်တွေ လှန်းထားတာ အများကြီးပဲ။ အခုတော့ ရောင်းပြီးပြီနဲ့ တူတယ်။ လှန်းတာ မတွေ့တော့ဘူး” ဟု ဒဂုံတောင်၊ ၂၂ ရပ်ကွက်နေ အမျိုးသမီးတစ် ဦးကပြောသည်။
သကေတ၊ ၁ဝ မြောက်ရပ် ကွက်နှင့် ဒဂုံတောင်၊၂၂ ရပ်ကွက် သည်။ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး ယင်းမြို့နယ်များမှ ခွေးလေ ခွေးလွင့်များအား ချောင်းမြောင်း သတ်ခြင်း၊ တစ်ဆင့်ပြန်လည် ဝယ်ယူ၍ အသားခြောက်ပြုလုပ် ရောင်းချခြင်းများပြုလုပ်ကြောင်း သိရသည်။ ယင်းအိမ်သည် ညဘက်တွင် ခွေးများအား လိုက်လံသတ်ဖြတ်၍ ယမ်းစိမ်းမှုန့်များသုံးကာ အခြောက်ပြုလုပ်ရောင်း ချခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ ပထမပတ် အတွင်းက ရန်ကုန်မြို့နေရာအ တော်များများတွင် ခွေးလေခွေးလွင့်များအား လိုက်လံရှင်းလင်းရာ ယင်းရက်အတွင်း၌ အဆိုပါနေအိမ်တွင် အသားခြောက်များလှန်းထားသည် ကို များစွာတွေ့ခဲ့ကြောင်း နီးစပ်သူ များက ဆိုသည်။
”သင်္ကြန်ရက်မတိုင်ခင်က အဲဒီအိမ်မှာ ခွေးသားတွေ လှန်းတာ အများကြီးတွေ့ရတယ်။ အခြောက်လှန်းပြီး လမ်းမတော်၊ သံဈေးဒိုင်တွေကို ပို့တယ်လို့ သိရတယ်။ သူ တို့က အခုလို နွေရာသီမှာပဲ လုပ် ကြတာ။ နွေရာသီမှာက စည်ပင်က ခွေးလေခွေးလွင့်တွေကို အဆိပ်ပါတဲ့ အသားတုံးတွေကျွေးပြီး သတ်တာ လုပ်လေ့ရှိတာကိုး။ သူတို့ လုပ်နေ တာကို ကြည့်ရတာ တရားဝင်လုပ် ခွင့်ရှိသလားတောင် ထင်ရတယ်” ဟု ယင်းရပ်ကွက်အနီးနေ အိမ်တစ် အိမ်က ပြောပြသည်။
ပြီးခဲ့သည့် တစ်နှစ်ကျော်က ဒဂုံတောင်၊ ၂၂ ရပ်ကွက်၌ ယင်း သို့ ခွေးသားများအား ဆိတ်သား များပြုလုပ်ကာ ဈေးများသို့ လိုက်လံ ရောင်းချသူတစ်ဦး ရှိခဲ့ပြီး၊ ယင်းသို့ ပြုလုပ်သူအား သက်ဆိုင်ရာက ဖမ်း ဆီးအရေးယူခဲ့ကြောင်း၊ ယခုအခါ ယင်းရပ်ကွက်အနီးတွင် ပြန်လည်ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကာလအတွင်း ရန်ကုန်ဆေးရုံကြီး၌ ခွေးကိုက်လူနာများ ရောက်ရှိလာမှု များပြားလာသည်ဟုဆိုကာ ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ ခွေးလေခွေးလွင့်များအား အဆိပ် ရည်သုတ်ထားသည့် အမဲသားတုံး များ လိုက်လံချကျွေးမှုများရှိခဲ့သည်။ ယင်းအဆိပ်လူးအသားတုံးများ စားမိသော ခွေးများသည် တစ်ခဏအတွင်း သေဆုံးကြရ သည်။


--
          

 မာဃလုလင်

(ဧရာဝတီ ကျိန်စာ)


ဒီ တစ်ခါတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ ဧရာဝတီမြစ်ကြီး အကြောင်းကို မြန်မာနိုင်ငံရဲ့ နာရေးကူညီမှုအသင်းကြီး ဥက္ကဠ ဦးကျော်သူ ရဲ့ ဟောပြောပွဲက (ဧရာဝတီကျိန်စာ) လို့ ခေါ်တဲ့ ကဗျာလေးကို သူငယ်ချင်းတွေ ဗဟုသုတ အနေနဲ့ ကော ကိုယ့်နိုင်ငံက မြစ်တစ်စင်း ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အကြောင်း နောင်လာနောက်သားတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ် သင့်ကြောင်း စည်းလုံးညီညွှတ်သင့်ကြောင်း ကိုယ့်နိုင်ငံက ထွက်တဲ့ သဘာဝ သံယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ဖော်ကြူးထားတဲ့ ကဗျာလေးဖြစ်ကြောင်းကို ဦးကျော်သူက ဒီလိုလေး ဖော်ပြပေးသွားပါတယ်ဗျာ။ကဗျာလေးရဲ့ စာသားအဓိပ္ပာယ်လေးကို ကျွန်တော် အရမ်းကြိုက်လွန်းလို့ သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ။ (ဧရာဝတီ ကျိန်စာ) ငါ….မင်းတို့ မမွေးခင်ကတည်းက ရပ်တည်လာခဲ့တဲ့ငါ
 မင်းတို့ လူမမယ် ဘ၀ကနေ ခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ငါ မင်းတို့ ပျော်ပါးကူးခတ်ဖို့  ပျော်တော်ဆက်ခဲ့တဲ့ငါ
 မင်းတို့ လျှော်ဖွတ်သန့် စင်ဖို့ စွမ်းဆောင်ပေးခဲ့တဲ့ ငါ
 မင်းတို့ တံငါတွေ လှေယာဉ်စီးပြီး ပိုက်ချခွင့်ပြုပေးခဲ့တဲ့ ငါ မင်းတို့ ယာသမား ကိုင်းသမားတွေ စိုက်ပျိုးခွင့်ပြုပေးခဲ့တဲ့ ငါ 
 မင်းတို့ လူမျိုးစုချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်အလမ်းပေးခဲ့တဲ့ ငါ
 မင်းတို့ ဆေးဘက်ဝင် သစ်ဥ သစ်ဖု ပန်းမာလာတွေ ပွင့်ဖူးခွင့်ပြုပေးခဲ့တဲ့ ငါ
 မင်းတို့ ရဲ့ ဇီဝမျိုးကွဲ ယာတိရိစ္ဆာန်တွေ ကျက်စားခွင့်ပြုပေးခဲ့တဲ့ ငါ 
 မင်းတို့ ရဲ့ အဖိုးတန် သယံဇာတ ကျောက်စိမ်း ရွှေတွေ မွေးဖွားပေးခဲ့တဲ့ ငါ 
 မင်းတို့ ရဲ့ အာရှ ကမ္ဘာမှာ အကြီးဆုံး အမြင့်မြတ်ဆုံးဖြစ်ခဲ့တဲ့ ငါ ဟိုတုန်းက ငါ့ကို မင်းတို့ အိမ်ရှေ့ရေမြောင်းလောက်တောင် ဂရုမစိုက်ချင်ကြ ခုတော့..ငါ့ရဲ့ ဧရာဝတီ သွေးတွေနဲ့ မင်းတို့ ဒေ၀ဒတ်တွေ မီးလင်းဖို့ ကြိုးစားနေလေရဲ့ အတိတ်တုန်းက လုပ်သမျှ ငုံ့ ခံခဲ့တဲ့ငါ အနာဂတ်မှာ ကမ္ဘာ ကမ္ဘာ ကမ္ဘာ မကျေ ဟေ့…ဟေ့…အရိုးမတွန် ချင်တဲ့ ငါ 
 အခု ပစ္စုပ္ပန်မှာတော့ ငါ့သွေး ငါ့ဓါး ငါ့ဧရာဝနဲ့ဟေ့…. အေး..ငါဆိုတဲ့ ဧရာဝတီ သေရင် မင်းတို့ လူမျိုးပြုတ်မယ်.. မင်းတို့ တိုင်းပြည်ပျောက်မယ်…ကွ ဒါကြောင့်  ငါ ကျိန်စာတိုက်လိုက်မယ်… လူမျိုးမပျောက် တိုင်းပြည်မပျောက်ခင် မင်းတို့ ဒေ၀ဒတ်တွေ အားလုံး….. ကျော်သူ့ အကူမပါဘဲ..အရှင်လတ်လတ် မြေကြီးထဲရောက်စေသား…..။ (ဦးကျော်သူ)

ဒေါသမထွက်ခင်---အရင်ထိန်းချုပ်ကြပါစို့......

သင်ဟာ ဓားတစ်လက်နဲ့ လူတစ်ဦးကိုထိုးလိုက်တယ်ဆိုပါစို့။ ဘယ်လောက်ပဲ အကြိမ်ပေါင်းများစွာ

မှားတယ်လို့တောင်းပန်လဲ သူ့ဆီမှာ ဒဏ်ရာကတော့ရသွားခဲ့ပါပြီ။

သင်တောင်းပန်ပါတယ်လို့ နောက်တစ်ကြိမ်လူတစ်ဦးကို  မပြောရသေးခင် သင့်ရဲ့ ဒေါသတွေကို

အရင်ထိန်းချုပ်လိုက်ပါ။

ကျွန်တော်တို့ဒေါသတစ်ခါထွက်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေအပေါ်မှာ

ပြု မူလိုက်တဲ့ခြံစည်းရိုးအပေါ်က သံရိုက်တဲ့ဒဏ်ရာတွေအတိုင်း ပြန်နှုတ်လိုက်ပေမယ့်လည်း

သူတို့စိတ်တွေမှာတော့ ဒဏ်ရာတွေရသွားမှာအမှန်ပါပဲ။

ဒေါသမဖြစ်ခင်---အရင် အသိစိတ်ကလေးနဲ့ ထိန်းချုပ်ကြပါစို့လား.....ခင်ဗျား။

အပျိုစင် အမျိုးသမီး 100 ကျော်ကို သတ်ပြီး သွေးနဲ့ ရေချိုးခဲ့သူ

အကျော်ကြားဆုံး နဲ့ လူသိအများဆုံး သွေးစုတ်ဖုတ်ကောင်ကို သူငယ်ချင်းတို့သိပါသလား။
သူ့မနာမည်ကို မြို့စားကတော် elizebeth bathory လို့ခေါ်ပါတယ်။1560 ခုနှစ်ကနေ1614 ခုနှစ်အထိ
အသက်ရှင်နေထိုင်ခဲ့ပါတယ်။သူ့မကို သမိုင်းမှာ အမျိုးသမီးများအား အများဆုံးဆက်တိုက်သတ်ခဲ့သူ
serial killer အဖြစ်မှတ် တမ်းတင်ခဲ့ပါတယ်။ သူ့ကိုနောက်တစ်မျိုးခေါ်တာကတော့
                                    ““သွေးစုတ် မြို့ စားကတော်””တဲ့။သူ့မခင်းပွန်းသေဆုံးသွားပြီးတဲ့နောက် သူ့မ နဲ့ အပေါင်းအပါ လေးယောက်တို့ဟာရာပေါင်းများစွာသော
အမျိုးသမီးငယ်တွေကို သတ်ဖြတ်မှု ညှင်းပန်းနှိပ်စက်မှု တွေနဲ့အဖမ်းခံခဲ့ရပါတယ်။
အဲဒီအချိန်တုန်းကတော့elizabethဟာအဖမ်းလည်းမခံခဲ့ရသလိုအရေးယူခြင်းလည်းမခံခဲ့ပါဘူး။
ဒါပေမယ့် 1610ပြည့်နှစ်မှာတော့သူ့မဟာ cesjte castleမှာထောင်သွင်းအကျဉ်းချခံခဲ့ရပြီး
နောက်solvakiaကိုရောက်ခဲ့ပါတယ်။သူမသေဆုံးပြီးတဲ့နောက် လေးနှစ်ကြာတဲ့အထိ သူ့မကိုအကျဉ်းချခဲ့တဲ့ တိုက်အုတ်ခန်းလေးက
နဂိုအတိုင်းရှိနေပါသေးတယ်။စာတွေမှာဖော်ပြထားတာကတော့ သူမဟာ သူ့မရဲ့ ငယ်ရွယ်နုပျိုမှုကိုအစဉ်ပိုင်ဆိုင်ဖို့ အပျိုစင်တွေ
ရဲ့သွေးနဲ့ရေချိုးခြင်း သောက်သုံးခြင်းစတာတွေကို ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။


မူရင်း........သက်တန်ချို။

Best Quality Cartoons