Monday, January 14, 2013
HTC ရဲ့တရားဝင် Website ကို မြန်မာဘာသာဖြင့်ဖတ်ရှုနိုင်ပြီ...
Smartphone တွေထုတ်လုပ်နေတဲ့ ကမ္ဘာ့ထိပ်တန်း
ဖုန်း company တစ်ခုဖြစ်တဲ့ HTC ဟာ သူတို့ရဲ့ တရားဝင် website ကို
မြန်မာဘာသာဖြင့်ဖတ်ရှုနိုင်အောင်ပြုလုပ်ပေးခဲ့ပါပြီ။
ဒီလိုပြုလုပ်ပေးမှုကြောင့် နောက်ဆုံးထွက် smartphone
တွေနဲ့ပါတ်သက်တဲ့အကြောင်းအရာများကို ကျွန်တော်တို့
မြန်မာဘာသာနဲ့ဖတ်ရှုနိုင်တော့မှာပဲဖြစ်ပါတယ်။
သွားရောက်ဖတ်ရှုချင်တယ်ဆိုရင်တော့... http://www.htc.com/mm/ ပါဗျာ ၀င်ေ၇ာက်လေ့လာနိုင်ပါတယ်ဗျာ...........
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့်လက်ရှိတွင်GSM Mobile
Phone များအား ဈေးနှုန်းများချပြီး
ပြည်သူများအားရောင်းချပေးမည်ဆိုသော်ငြားလည်း
ဝန်ဆောင်မှုအပိုင်းတွင်တိုးတက်လာခြင်းမရှိသေးပေ။ဖုန်းပျောက်အပျက်များအား
ပြန်လည်လျေက်ထားရာတွင်လည်း ကောင်း၊ Mobile Phone Internet Access
များလျောက်ထားခြင်း တို့တွင် ယခုအချိန်ထိလာဘ်ပေးလာဘ်ယူမှုများနှင့်
အချိန်ကြံ့ကြာပြီး လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။
မည်သို့ပင် GSM တာဝါတိုင်များ အသစ်တိုးချဲ့စေကာမူ လိုင်းဆွဲအားများမှာလည်း ပိုမိုထူးခြားကောင်းမွန်လာခြင်း မရှိးသေးသလို လက်ရှိပြည်သူတို့အသုံးပြုလျက်ရှိ Internet Speed တို့အား ယခင်Bandwidth 2 MB speed မှ1 MB သို့ ဆက်သွယ်ရေးဌာန ၀န်ကြီး နှင် CE တို့မှလျို့ဝှက်အစီအစဉ်တို့ဖြင့် လျော့ချခဲပြီး ပြီးခဲ့သော ၃၁ ဒီဇင်ဘာ ၂၀၁၂ တွင်မူပြည်သူတို့ နှေးတိနှေးကွေး ဖြင့်အသုံးပြုနေသော 3G စနစ် Internet အား ၄င်း 1 MB speed မှထပ်မံပြီး 768 KB speed သို့ CE အမိန့်ဖြင့် လျို့ဝှက်လျော့ချခဲ့ပြီးဖြစ်ကြောင်း တိတိကျကျသိရှိထားပါသည်။
ယခုကဲသိုInternet Speed များ လျော့ချရသည့်အကြောင်းကိုမသိရှိရပေ။ဆက်စပ်တွေးတောကြည်ပါက ၄င်တို့အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော Internet အသုံးပြုခ Volume Base စနစ်မှာ မအောင်မြင်ခြင်းကြောင့်လေလားဟုတွေးမိပါသည်။ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာလည်း အချိန်ဆွဲရေးဆွဲနေပြီး ပြည်သူတို့ထံမှ ရနိုင်သလောက်ရအောင်ယူပါဦးမည် ဖြစ်ပါသည်။မြန်မာ့ဆက်သွယ်ရေး မှ ပြည်သူတို့အတွက်ပေးမယ့်ကောင်မွန်တဲ့ ၀န်ဆောင်မှုဟာ ဘယ်မှာလဲ၊ ဘယ်တော့များလဲ ဟု ဆက်သွယ်ရေးကို ပြည်သူများက တိုက်ရိုက်မေးခွန်းထုတ်ကြဖို့ လိုပါသည်။
ကြေးစေတမန်တဦး
(မိုးမခမှ သတင်းယူပါသည်)
ကိုကိုနန်းညွန့်ဦး
Email : nnophoto@gmail.com
မည်သို့ပင် GSM တာဝါတိုင်များ အသစ်တိုးချဲ့စေကာမူ လိုင်းဆွဲအားများမှာလည်း ပိုမိုထူးခြားကောင်းမွန်လာခြင်း မရှိးသေးသလို လက်ရှိပြည်သူတို့အသုံးပြုလျက်ရှိ Internet Speed တို့အား ယခင်Bandwidth 2 MB speed မှ1 MB သို့ ဆက်သွယ်ရေးဌာန ၀န်ကြီး နှင် CE တို့မှလျို့ဝှက်အစီအစဉ်တို့ဖြင့် လျော့ချခဲပြီး ပြီးခဲ့သော ၃၁ ဒီဇင်ဘာ ၂၀၁၂ တွင်မူပြည်သူတို့ နှေးတိနှေးကွေး ဖြင့်အသုံးပြုနေသော 3G စနစ် Internet အား ၄င်း 1 MB speed မှထပ်မံပြီး 768 KB speed သို့ CE အမိန့်ဖြင့် လျို့ဝှက်လျော့ချခဲ့ပြီးဖြစ်ကြောင်း တိတိကျကျသိရှိထားပါသည်။
ယခုကဲသိုInternet Speed များ လျော့ချရသည့်အကြောင်းကိုမသိရှိရပေ။ဆက်စပ်တွေးတောကြည်ပါက ၄င်တို့အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော Internet အသုံးပြုခ Volume Base စနစ်မှာ မအောင်မြင်ခြင်းကြောင့်လေလားဟုတွေးမိပါသည်။ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာလည်း အချိန်ဆွဲရေးဆွဲနေပြီး ပြည်သူတို့ထံမှ ရနိုင်သလောက်ရအောင်ယူပါဦးမည် ဖြစ်ပါသည်။မြန်မာ့ဆက်သွယ်ရေး မှ ပြည်သူတို့အတွက်ပေးမယ့်ကောင်မွန်တဲ့ ၀န်ဆောင်မှုဟာ ဘယ်မှာလဲ၊ ဘယ်တော့များလဲ ဟု ဆက်သွယ်ရေးကို ပြည်သူများက တိုက်ရိုက်မေးခွန်းထုတ်ကြဖို့ လိုပါသည်။
ကြေးစေတမန်တဦး
(မိုးမခမှ သတင်းယူပါသည်)
ကိုကိုနန်းညွန့်ဦး
Email : nnophoto@gmail.com
အတု၊အစစ်သိပ်မကွာ၍ ဟန်းဆက်ဝယ်ယူရာ၌ သတိပြုရန် အရေးကြီးလာ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလလယ်ပိုင်းအတွင်း တန်ဖိုးနည်းမိုဘိုင်းဆင်ကဒ်များ အရေအတွက် အကန့်သတ်ချက်မရှိ ချထားပေးမည့် သတင်းကြောင့် မိုဘိုင်းဖုန်းဈေးကွက်အတွင်း၌ မိုဘိုင်းဟန်းဆက်အရောင်းဆိုင်လုပ်ငန်းများ ပိုမိုများပြားလာကြောင်းနှင့် ဟန်းဆက်ဈေးနှုန်းများမှာ လည်း သိသိသာသာကျဆင်းလာကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
“ အခုမိုဘိုင်းဖုန်းက အရမ်းခေတ်စားလာတဲ့အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက် အခွင့်ကောင်း တစ်ခုဖြစ်ပြီးတော့ ဈေးနှုန်းတွေ အပြိုင်လျော့ချလာပြီး ဟန်းဆက်ဈေးကွက်က ပို အလုပ်ဖြစ်လာကြတာ၊ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ပစ္စည်းတန်ဖိုး ငွေကျပ်သိန်း ၃ဝ လောက်ကနေ သိန်းရာနဲ့ချီပြီး ရင်းနှီးလာကြတယ်”ဟု ဈေးကွက်စောင့်ကြည့်သုတေသနမှ ဦးနေလင်းရှိန်က ပြောသည်။
ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက်ပိုင်း လူတန်းစားမျိုးစုံ အသုံးများလာသည့် မိုဘိုင်းဖုန်းများမှာ ၂ဝ၁ဝ ပြည့်နှစ်မှ စတင် ခေတ်စားလာကာ နာမည်ကြီးကုန်အမှတ်တံဆိပ်များနှင့် အကြမ်းခံ တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်များအား မိုဘိုင်းဟမ်းဆက်ဈေးတွက်အတွင်း၌ မော်ဒယ် အလိုက် ပြည်ပမှထုတ်လုပ်ဈေးနှုန်းများနှင့် သိပ်မကွာသည့်နှုန်းထားများ အတိုင်း မြန်မာနိုင်ငံ၌ ရောင်းဝယ်လာနိုင်ကြောင်း နာမည်ကြီးဖုန်းအရောင်ဆိုင် များမှ ဆိုသည်။
''ဆင်းကဒ်ဈေး ကျလာတော့ ဟန်းဆက်အမြင့်ပိုင်းတွေ ပိုပြီးရောင်း လာရတယ်။ အဓိကကတော့ Android အမျိုးအစားတွေပေါ့။ အမြင့်ပိုင်းကြိုက်တဲ့သူတွေက နာမည်ကျော် တံဆိပ်တွေဖြစ်တဲ့ အိပ်ခ်ျတီစီ၊ နိုကီရာ၊ ဟွာဝေးနဲ့ ဆိုနီအဲရစ်ဆင်၊ ဆမ်ဆောင်း စတာတွေ သုံးကြတယ်။ တစ်ခု သတိ ထားရမှာက ထုတ်လုပ်တဲ့နိုင်ငံပေါ့။ နောက်တစ်ခုက အာမခံပေးချက်တွေပါ၊ ပုံတူဟန်းဆက် အတု တွေ ဈေးကွက်မှာ အရမ်းများတယ်။ ပေါ်သမျှ အတုထွက်တယ်။ အခုနောက်ပိုင်း အတုတွေရဲ့ အဆင့် အတန်းကလည်း နည်းပညာပိုင်းမှာ ကောင်းမွန်လာတဲ့အတွက် ပြည်တွင်းက ဟန်းဆက်ဝယ်သူတွေ အတွက် အန္တရာယ်များတယ်။” ဟု မင်္ဂလာဈေးမှ မိုဘိုင်းဟန်းဆက် ပြုပြင်သူ ကိုမင်းက ပြောသည်။
နိုင်ငံတကာလူကြိုက်များလှသည့် အိုင်ဖုန်းအမျိုးအစားများကို ယခင်က ပြည်တွင်းတွင် အသစ်မှာ ယူရန် ခက်ခဲသော်လည်း ယခုနောက်ပိုင်းတွင် ဆိုင်အများစု၌ မှာယူ သုံးစွဲနိုင်ပြီဖြစ်ကာ ဆင်းကတ် ဖြတ်ခြင်းများကိုလည်း ဆိုင်အများစုက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
''ကျွန်တော်ကတော့ အင်တာနက် ကောင်းကောင်းသုံးလို့ရမယ်၊ ဂိမ့်ဆော့လို့ရမယ်၊ လိုင်းကြည်မယ်၊ သီချင်းအသံထွက်စနစ် ကောင်း မယ် ဆိုရင်ရပါပြီ '' ဟု မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးကပြောသည်။
အင်တာနက်အသုံးပြုနိုင်ပြီး တပ်ခ်ျစနစ်သုံး အန်းသရွိုက်(Android)ဟန်းဆက်အများစုသည် ကျပ် လေးသောင်းမှ ကျပ်နှစ်သိန်းအထိ အစားစားရှိပြီး အသစ်ထွက် နောက်ဆုံးပေါ် နာမည်ကြီး တံဆိပ် အချို့နှင့် အိုင်ဖုန်းများမှာ ကျပ်ဆယ်သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရသည်။
ဇန်န၀ါရီလ**င်ထွက်ရှိမည့် တန်းဖိုးနည်း GSMနှင့် WCDMA ရောင်းချနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို နေပြည်တော်၌ ဇန်န၀ါရီလ(၉)ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်တွင် ဇန်န၀ါရီလလယ်ပိုင်း၌ တွေ့ဆုံရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြစ်မခ မီဒီယာဂရု
ဆည်းဆာဧကရီ (သို့) အမေရိကန် အမျိုးသမီး ရေတပ်ဗိုလ်မှူးကြီး Holly Graf
၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအကြိုကာလ။
အမေရိကန်စစ်ရေယာဉ်မှူး Holly Graf ဦးစီးမောင်းနှင်သော စစ်ရေယာဉ် U.S.S. Wiston S. Churchill သည် Sicilian ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာချိန်… ရုတ်တရက်ဆိုသလို မက်တရစ်တန်ချိန် ၈၂၀၀ လေးသော စစ်ရေယာဉ်ကြီးတစ်ခုလုံး သွက်သွက်ခါလှုပ်ရမ်းသွားလေသည
ပြီးတော့ အင်ဂျင်စက်ရပ်သွားကာ ၁၅၆ မီတာ ရှည်လျားသော သင်္ဘောကြီး ရေမှာမျောနေတော့၏။
“ဘာဖြစ်ရတာတုန်း” ပဲ့စင်မှာ ကွပ်ကဲနေသော စစ်ရေယာဉ်မှူးက မေးလိုက်သည်။ ပြီးနောက် သူက ရေကြောင်း လမ်းညွှန်အရာရှိ၏ လည်ဂုတ်ကို ဆွဲညှစ်ကာ ပဲ့စင်အပြင်ဘက်ဆီသို့ ခေါ်ထုတ်လာပြီး “ အယုတ်တမာကောင် .. ငါ့သင်္ဘော ဒီလိုဖြစ်အောင် နင်တမင်လုပ်လိုက်တာမို့လား”
သည်လောက် ဆူဆူညံညံ ၀ရုန်းသုန်းကားတွေကြားထဲမှာ
မကြာသေးမီကမှ ရေယာဉ်ကိုရောက်ရှိလာသော ဓမ္မဆရာ Maurice Kaprow ကတော့ မြင်ရကြားရ ဖြစ်ပျက်မှုမှန်သမျှကို လုံးဝနားမလည်နိုင်ရှာ။ သူက “ရေတပ်သားတစ်ဦး ကျနော့နားရောက်လာပြီး …… ကျုပ်တို့သင်္ဘောတော့ တစ်ခုခုနဲ့ ဝင်အောင်းမိသွားပြီထင်တယ်။ စစ်ရေယာဉ်မှူးတော့ ဒုက္ခပဲ..တဲ့။ ပြီးတော့ သူတို့တွေ ရေယာဉ်ပဲ့မြီးပိုင်းမှာ ပျော်ပျော်ပါးပါး သီချင်းဆိုနေကြတာမြင်ရတော့ ကျနော် ကြက်သီးဖြန်းဖြန်း ထမိတယ်” လက်စသတ်တော့.. သင်္ဘောပန်ကာ တစ်လက်ကျိုးသွားတာကိုး..။ ခုလို စစ်ရေယာဉ်မှူးကို ပြောင်ပြောင်တင်းတင်း အံတုနေကြတာ ကောင်းသလား၊ စစ်ရေယာဉ်မှူးကိုယ်တိုင်ကရေ
Graf စစ်ရေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ နောက်သင်္ဘောက ဒုံးပျံတင် ခရူဇာအမျိုးအစား စစ်ရေယာဉ်- U.S.S. Cowpens ဖြစ်ပြီး အဲဒီရေယာဉ်မှာပဲ သူ့ရဲ့စစ်ရေယာဉ်မှူးတာဝန် အဆုံးသတ်ခဲ့ရလေသည်။ စစ်ရေယာဉ်- Cowpens မှာ ၂ နှစ်နီးပါး တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၀ ဇန်န၀ါရီလမှာ သူ့ကိုတာဝန်မှ ရပ်နားလိုက်လေသည်။ ရေယာဉ်ဝန်ထမ်းများအပေါ်သူ၏ ရိုင်းစိုင်း လူမဆန်သော လုပ်ရပ်များကြောင့် အနားပေးလိုက်ခြင်းဖြစ်ကြောင
စစ်ရေယာဉ်မှူးတစ်ဦး ဖြစ်လာရန်မှာ Graf ၏ ငယ်အိပ်မက်ဖြစ်သည်။ အထက်တန်းကျောင်းသူ ဘ၀ကတည်းကပင် သူစိတ်ကူးယဉ်ခဲ့သည်။ သူ့ဖခင်ကလည်း ရေတပ်ဗိုလ်မှူးကြီးတစ်ဦး ဖြစ်သည်ကြောင့် သူရော သူ့ညီမ Robin ပါ ရေတပ်၌ အမှုထမ်းရန် စိတ်ထက်သန်ခဲ့ကြသည်။ နောင်အခါ သူ့ညီမက ရေတပ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာကာ အိမ်ထောင်သည်တစ်ဦးလည်းဖြစ်
အီရတ်စစ်ပွဲအတွင်း စွမ်းရည်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။တက္ကသို
၁၉၉၇ ခုနှစ်မှာ ဖျက်သင်္ဘော Curtis Wilbur ၌ စီမံခန့်ခွဲရေးအရာရှိ (XO) အဖြစ် တာဝန်ထမ်းဆောင်ချိန်ကစပြီး သူ့ဘ၀ အမှောင်ရိပ်သန်းလာခဲ့သည်။ လုပ်သက်အနှစ်၂၀ ရှိသော စစ်ရေယာဉ်မှူးဟောင်း Kirk Benson က Curtis Wilbur ပေါ်တွင် Graf နှင့်အတူ အမှုထမ်းခဲ့ရသည့် အတွေ့အကြုံကို ပြန်လည်ဖောက်သည် ချရာတွင်… “ကျနော့ စစ်သက်တစ်လျှောက် သူနဲ့အတူရှိနေချိန်တွေဟာ တကယ့်ငရဲပါဗျာ.. သူက လက်အောက်ခံရေယာဉ် အမှုထမ်းတွေကို အဆက်မပြတ် မြည်တွန်တောက်တီးနေတော့ ကျနော့ကိုလာလာ တိုင်ကြတယ်။ အရေးယူတဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ သူ့အကြောင်း နောက် ၁၂ နှစ်ကြာမှ ပြန်တွေးမိတာတောင် မျက်ခုံးလှုပ်လှုပ်ပဲ။ ဘယ့်နှယ်ဗျာ XO တစ်ယောက် အနေနဲ့တောင် အဆင်ပြေအောင် တာဝန်မထမ်းဆောင်နိုင်သူက စစ်ရေယာဉ်ကြီး ၂ စီးရဲ့ စစ်ရေယာဉ်မှူးတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားမိဘူး…။”
စစ်ရေယာဉ် Curtis Wilbur မှာ တာဝန်ထမ်းစဉ်အတွင်း Graf ရဲ့ လုပ်ပုံကိုင်ပုံတွေကို အထက်က သတိပေးခဲ့တယ် ဆိုတောင်မှ သိပ်ပြီးအရာရောက်မည့် သဘောမရှိပါ။ ၂၀၀၃ မှာတော့ Graf ဟာ အမေရိကန်ရေတပ် သမိုင်းမှာ စံချိန်ချိုးပြီး ဖျက်သင်္ဘော Churchill ၌ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူး ဖြစ်လာသည်။ ဂျူးလူမျိုး ဓမ္မဆရာ Kaprow ပြောပြချက်အရ Churchill ပေါ်မှာကြုံတွေ့ခဲ့ရသည့် Graf နှင့် ဆက်ဆံရေး အခြေအနေက အားမရစရာ။….“ကျနော် ရောက်ဖူးခဲ့တဲ့ ရေယာဉ်တွေထဲမှာ ဒီရေယာဉ်က စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆိုးဆုံးပဲ။ ရေယာဉ်ကိုရောက်ပြီး ၁၀ ရက် ကြာတော့ ကျနော်သူ့ကို စကားစကြည့်တယ်။…. ခင်ဗျားဟာ တကယ်တော်တဲ့ အမျိုးသမီး တစ်ဦးပဲ၊ ခက်ခဲတဲ့အလုပ်ကိုလုပ်နေရတာ။
Kaprow အဲဒီရေယာဉ်က ပြောင်းသွားတဲ့အခါ Graf နဲ့ပတ်သက်သည့် အစီရင်ခံစာ အထက်လူကြီးထံ တင်ပြသည်။ သို့သော်လည်း Benson နှင့် အခြားသူများတင်သည့် အစီရင်ခံစာများကဲ့သို့ပင် ထူးထူးခြားခြား ပြောင်းလဲမလာ။ အဲဒီအချိန်မှာ Graf တစ်ယောက်က ရာထူးတွေ တက်နေမြဲ။ စစ်ရေယာဉ်-Churchill တွင် ၂၂ လ တာဝန်ထမ်းပြီး ၂၀၀၄ အစောပိုင်း၌ Graf ၏ စစ်ရေယာဉ်မှူးတာဝန်ကို Todd Leavitt ထံသို့ လွှဲပြောင်းပေးလိုက်ရသည်။ သည်အကြောင်းနှင့်ပတ်သက်၍ ၂၀၀၂ စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး Churchill မှာ လက်နက်အရာရှိ တာဝန်ယူခဲ့ရသော Paul Coco က အမှတ်တရ ပြန်ပြောရာတွင်…“ပုံမှန်တာဝ
Annapolis စစ်တက္ကသိုလ် ကျောင်းဆင်းပြီး ၂၂နှစ်အကြာ ၂၀၀၇ ဇွန်လမှာ Graf ရေတပ်ဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခြင်း ခံခဲ့ရသည်။ ၂၀၀၈ မတ်လမှာ စစ်ရေယာဉ် Cowpens ၏ စစ်ရေယာဉ်မှူးတာဝန်ကို လက်ခံဆောင်ရွက်ချိန်ဟာ သူ့အတွက် ဒုတိယမ္ပိ မင်္ဂလာအပေါင်း ခညောင်းချိန်ဖြစ်လေသည်။ ၁၇၃ မီတာရှည်လျားပြီး ၉၁၀၀ မက်ထရစ်တန် အလေးချိန်ရှိသည့် အဆိုပါစစ်ရယာဉ်သည် အမေရိကန်ရေတပ်၏ အကြီးမားဆုံး တိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီ
အမှုကိစ္စကို ၆ လတာ စုံစမ်းလေ့လာမှုပြုလုပ်ပြီးေ
အဆိုးဆုံးလှိုက်စားမှုမှာ Graf ၏နူတ်ကြမ်းလျှာကြမ်း ပြောဆိုမှုများပင်။ စစ်ရေယာဉ်မှူးများ၏ ထုံးစံက စကားကို တိုတိုပြတ်ပြတ်နှင့် လိုရင်းကို တည့်တည့် ပြောတတ်သည်။ လိုရင်းတိုရှင်း အမိန့်ပေးပြောဆိုခြင်းက လုပ်ဆောင်ဖွယ်ကိစ္စများကို အမှားအယွင်း နည်းစေသည်။ သို့သော် ရေတပ်စုံစမ်းစစ်ဆေးရေးအဖွဲ့
အထူးသဖြင့် သူ၏ဆက်ဆံရေး ကြမ်းတမ်းရိုင်းပြမှုကြောင့်
ဂျပန်အခြေချ စစ်ရေယာဉ်-Cowpens ၌ သူ၏အုပ်ချုပ်ကိုင်တွယ်မှုမျာ
ပြစ်မှုစုံစမ်းစစ်ဆေးစဉ်ကာလအ
Graf ၏ဖြစ်စဉ်ကြောင့် အမေရိကန်ရေတပ်အုပ်ချုပ်ရေးအ
တချို့သောအရာရှိများဟာ သူတပါး၏ခြေထိုးမှုတွေရှိသည့်
“ကျမမရှင်းတာက Graf ဟာအမျိုးသမီးတစ်ဦးမို့ ဒီလိုအရေးယူခံရတာလား။ သူ့တာဝန်အရ ယောက်ျား တစ်ယောက်လို လုပ်ခဲ့ရတာပဲ.. ခုတော့ ဒီအတွက်ကိုပဲ အရေးယူခံလိုက်ရပြီ…” ၁၉၉၀ တွင် အမေရိကန် ကယ်ဆယ်ရေး စစ်ရေယာဉ်- Opportune ၌ ပထမဆုံးအမျိုးသမီး စစ်ရေယာဉ်မှူးဖြစ်ခဲ့သူ Darlene Iskra က ဘ၀င်ကျဟန်မတူ။ သို့ရာတွင် Darlene ၏ပြောဆိုချက်က Graf ၏ပုံမှန်ရာထူးတိုးမြှင့်ခံရ
ရေတပ်တာဝန်ရှိသူတွေက Graf ဟာမိန်းမသားဖြစ်သည်ကြောင့် သူ့ကိုရာထူးက စောစောအနားပေးခြင်း မပြုခဲ့ပါဆိုသော်လည်း နောက်ဆုံးတွင် ဤအချက်ကြောင့်ပင်ဖြစ်သည်ဟုဆ
Graf ၏ဖြစ်စဉ်ကြောင့် ရေတပ်လူသစ်စုဆောင်းသူများ အခက်တွေ့ကြရသည်။ Shawn Smith တို့ ဇနီးမောင်နှံနှစ်ဦးလုံး အငြိမ်းစားရေတပ်ဗိုလ်မှူးကြ
ယခုရေးခဲ့သော ဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းမှုကို Graf က ဖြေဆိုရန် ငြင်းဆန်ခဲ့လေသည်။ ခုချိန်မှာတော့ သူဟာ Dahlgren ရှိ ရေတပ်လက်နက် စမ်းသပ်ရေးအလုပ်ရုံ၌ အကြီးအမှူးတစ်ဦး ဖြစ်နေပြန်ပြီ။ အဲဒီမှာလည်း သူ့အနေဖြင့် ပြဿနာတစ်စုံတစ်ရာမပေါ်မီ နူတ်ထွက်ခွင့်တင်နိုင်လျင် ဂုဏ်သိက္ခာရှိစွာ အငြိမ်းစား ယူနိုင်ပေလိမ့်မည်။ နို့မဟုတ်ပါသော် အလုပ်ခွင်က လွင့်စင်သွားစေမယ့် ကြားနားစစ်ဆေးမှုကို ခံယူရဦးမည့် အခြေအနေ အလားအလာများက သူ့ကို စောင့်ကြိုကမ်းလင့်နေမည်မှာ
(အကြောင်းအရာလေးကို စိတ်ဝင်စားလွန်းသဖြင့် မိမိဥာဏ်မီသမျှ ကြိုးစားဘာသာပြန်ကြည့်ခြင်း
မူရင်း- The Sea Witch (Time, March, 2010)
အားလုံးကိုလေးစားလျက်ပါ
နေမင်းသူ
၁၁ ဇူလိုင် ၂၀၁၁
တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ
Beach in the volcano !!!!!!
မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ Marieta ကျွန်းမှာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါတယ်။ Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ အရင်တုန်းက စစ်လက်နက်ကြီးများ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်း ကဲ့သို့ ဗုံးဖောက်ခွဲ စမ်းသပ်မှုကြောင့်လည်း ကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ များ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။
ယခုတော့ ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ငါးဖမ်းခွင့်၊ အမဲလိုက်ခွင့် လုံးဝ မရှိပဲ ကမ္ဘာလှည့်ခရီး သည်များကိုတောင် အကန့်အသတ်နဲ့ သာ ပေးလည်ပတ် တဲ့ နေရာ ဖြစ် ပါတယ်။ သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့တောင် ဖုံးနေပြီး အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု လည်း တည်ရှိနေပါတယ်။
ယင်း ကမ်းခြေကို The Hidden Beach in the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်များစွာ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
http://www.innewsmyanmar.com/