This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, August 28, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များမှ ဖမ်းမမိသေးသည့် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရန် အထူးမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရ


ရန်ကုန်တိုင်းဒေသကြီးအတွင်း တိမ်းရှောင်နေသည့် ကျူးလွန်သူများကို ဖမ်းမိနိုင်ရန် အထူးမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်

AddThis Social Bookmark Button
B-28-8
ရန်ကုန်မြို့တွင်း တစ်နေရာ၌ ညပိုင်းလုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းထက်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များမှ ဖမ်းမမိသေးသည့် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရန် အထူးမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းမိနိုင်ရန် ချိတ်ဆက်ဆောင်ရွက် နေသည့်အပြင် တရားခံပြေးများ သွားလာတတ်သည့် နေရာများ၊ ဆွေမျိုးများနှင့် တရားခံပြေး၏ ကိုယ်ရေးအချက်အလက် အကျဉ်းနှင့် ဓာတ်ပုံများကို မြို့နယ်ရဲစခန်း အသီးသီးသို့ ဖြန့်ဝေထားပြီး ဖမ်းဆီးရမိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အေးမြင့်က "အခု ကျွန်တော်တို့ ခရိုင်အတွင်းမှာဆိုရင် အမှု ၁၀၀ ရှိရင် ၁၀ မှုက ကျူးလွန်သူတွေကို ဖမ်းမမိသေးဘူး။ ဒါ့ကြောင့် အမြန်ဆုံး ဖမ်းမိဖို့အတွက် ချိတ်ဆက်ဆောင်ရွက် နေပါတယ်။ အချိန်ကာလ တစ်ခုအထိ တရားခံကို ဖမ်းမမိဘူးဆိုရင် တရားခံပြေး အနေနဲ့ တရားရုံးမှာ တရားစွဲတယ်။ သူတို့အနေနဲ့ကတော့ ပိုပြီးတော့ အပြစ်ကြီးတာပေါ့။ အကယ်၍ ဒီကြားထဲမှာ တရားခံပြန်မိပြီ ဆိုရင်တော့ တရားရုံးကို ပြန်လည်စွဲဆို တင်ပို့ပါတယ်" ဟု သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက သုံးသပ်ပြောကြားခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခု ကျွန်တော်တို့ ခရိုင်အတွင်းမှာ လွတ်နေတဲ့ ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့၊ အမှုကူဌာနနဲ့ ချိတ်ဆက်ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ခိုးမှုတွေ လျော့ကျဖို့အတွက်လည်း ပြစ်ချက်ဟောင်းရှိတဲ့ သူတွေကို စစ်ဆေးနေပါတယ်" ဟု သုံးသပ်ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခိုးမှု (စက်ဘီး) ၉ မှု၊ ခိုးမှု (မဆ) ၂၈ မှု၊ ခိုးမှု (ကား) ၃၁ မှု၊ ခိုးမှု (နှိုက်) ၄၈ မှု၊ ခိုးမှု (ရိုးရိုး) ၄၇၁ မှု၊ ခိုးမှု (၃၈၂) ၄၂ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်န၀ါရီမှ ဇူလိုင်လကုန်အထိ လူသတ်မှု၊ မုဒိမ်းမှုကဲ့သို့သော အမှုကြီး (၁၀) မျိုး ဖြစ်ပွားခဲ့သော အရေအတွက်မှာ အရှေ့ပိုင်းခရိုင်တွင် ၄၁ မှု ဖြစ်ပွားခဲ့ပြီး ၃၁ မှုကို စွဲတင်နိုင်ခဲ့ကာ လက်ကျန်အမှု ၁၀ မှု၊ အနောက်ပိုင်းခရိုင်တွင် ၂၃ မှု ဖြစ်ပွားခဲ့ပြီး ၁၅ မှုကို စွဲတင်နိုင်ခဲ့ကာ၊ လက်ကျန်အမှု ၇ မှု၊ တောင်ပိုင်းခရိုင်တွင် ၄၁ မှု ဖြစ်ပွားခဲ့ပြီး ၁၅ မှုကို စွဲတင်နိုင်ခဲ့ကာ လက်ကျန်အမှု ၁၀ မှု၊ မြောက်ပိုင်းခရိုင်တွင် ၇၈ မှု ဖြစ်ပွားခဲ့ပြီး ၅၆ မှုကို စွဲတင်နိုင်ခဲ့ကာ လက်ကျန်အမှု ၂၂ မှုရှိကာ လက်ကျန်အမှု စုစုပေါင်း ၄၉ မှုရှိကြောင်း သိရသည်။

September 4 မှာ ထွက်ရှိမဲ့ Samsung Galaxy Note 3 မှာ 4K video recording နဲ့ Hifi music playbackပါရှိမယ်လို့ဆို




ပို့စ်ရေးသားသူ – Sai Thet (Myanmar Mobile Users Group)



ကိုးရီးယား သတင်းစာ The Korea Economic Daily က ခုလာမဲ့ September 4 မှာ ထွက်ရှိမဲ့ Samsung Galaxy Note 3 မှာ 4K video recording နဲ့ Hifi music playbackပါရှိမယ်လို့ဆိုပါတယ် ။
4K video recording ဆိုတာက video record လုပ်ရင် 3840 x 2160 pixels resolution နဲ့ record လုပ်လို့ရတာကို ပြောတာပါ ။ ခု လက်ရှိ ဈေးကွက်မှာရှိနေတဲ့ ဖုန်းတွေက video record လုပ်ရင် အမြင့်ဆုံး 1080 resolution နဲ့ပဲ record လုပ်လို့ရတာဖြစ်ပါတယ် ။ တစ်ကယ်သာ Galaxy Note 3 မှာ 4K video လုပ်လို့ရလို့ကတော့ video တွေကတော်တော်ကို ကြည်သွားမဲ့ အနေအထားပဲ ။ ခုလက်ရှိ 1080 resolution တောင် တော်တော်ကြည်နေပြီဆိုတော့.. တစ်ကယ်သာ 4K resolution (3840 x 2160 ) video record လုပ်လို့ရရင် ရှယ်ပဲဗျာ ။ အဲ့ Galaxy Note 3 တစ်ခုထဲသာ မဟုတ်ဘူးဗျ ။ September 4 မှာထွက်မယ့် Sony Honami Z1 ဖုန်းကလဲ camera က 20 megapixel နဲ့ videorecord လုပ်ရင် 4K video format support လုပ်လို့ရမယ်လို့ ကြားတယ်ဗျာ ။ ဒါဆိုရင် နောက်ပိုင်း ဖုန်းနဲ့ ရိုက်တဲ့ video တွေကို ကြည်ကြည်လင်လင် ကြည့်လို့ရပြီပေါ့ဗျာ. ..
နောက်တစ်ခုက Galaxy Note 3 မှာ Hifi sound standard ကိုလဲ support လုပ်တယ်လို့ဆိုပါတယ် ။ ခုလက်ရှိ ဖုန်းတွေရဲ့ ကနေ support လုပ်တဲ့ sound standard က 16bit/44.1kHz standard ပါ ။ Hifi sound system ကတော့ 24-bit/192kHz standard ကို support လုပ်တယ်လို့ ဆိုပါတယ် ။ Hifi sound standard က သီချင်း နားထောင်ရင် music studio ထဲမှာ နားထောင်သလိုမျိုး ပိုပြီ: ကြည်လင်ပြက်သားတဲ့ အသံကို ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ်။ Hifi sound system က ဖုန်းတွေထဲမှာ ဟိုတလောက LG ရဲ့ ဖုန်းအသစ် LG G2 မှာ ပထမဆုံးစပါတယ်လို့ သိရပါတယ် ။ Galaxy Note 3 ကတော့ ဒုတိယမြောက် Hifi sound standard ပါတဲ့ ဖုန်းဖြစ်လာမယ်ထင်တယ် ။
Galaxy Note 3 ကို လာမဲ့ September 4 ရက်မှာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်မယ့် Samsung Event မှာ စတင်ထုတ်ဖော်ပြသမှာပါ ။တစ်ကယ်လို့ ဒီသတင်:အတိုင်းသာ 4K video recording နဲ့ Hifi sound playback သာပါလာရင်တော့ ဖုန်းတွေထဲမှာ Galaxy Note 3 က Muitimedia အမြင့် ဆုံးဖုန်းတစ်လုံး ဖြစ်လာမှာမလွဲပါဘူး ။ ကဲ….. ဒီတော့ Let’s count to Sept 4 ….
ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ

စက်ဘီးစီးလေ့ကျင့် ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင် ကြောင်း တွေ့ရှိ

ဗိုက်ပူသူများ အလွယ်တကူ ပြုလုပ်နိုင်သော လေ့ကျင့်ခန်းများ

ဝမ်းဗိုက်ပူသူ တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်း လုပ်ဖို့လည်း ပျင်းရိတတ်ကြ ပါတယ်။ အောက်ပါ လေ့ကျင့်ခန်းတွေက အလွယ်တကူ လုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျ စေပါတယ်။

ကြွက်သား သန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ

ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေ ပါတယ်။ ဇီဝဖြစ်ပျက်မှု ကောင်းတာက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်း စေပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီတွေ ကို လောင်ကျွမ်းသွားစေပြီး ကြွက်သား တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းလုပ် ပါ။ ခန္ဓာကိုယ် အလေးချိန်က ၁၄၅ ပေါင် ဖြစ်ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။

မှန်ကန်သော ခါးကွင်း လှည့်နည်းအတိုင်း လှည့်ပါ

လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်း လှည့်တဲ့အခါ လှုပ်ရှားမှု ပုံစံသုံးမျိုးနဲ့ ပြု လုပ်ဖို့ အကြံပေး ထားပါတယ်။ ဝမ်းဗိုက် က အဆီတွေကို ချဖို့ ခါးကွင်းလှည့်တဲ့ အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှား ပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားများ သန်မာအောင်

လေ့ကျင့်ခန်း လုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေရာ မှာရှိတဲ့ ဥပမာ-ပေါင်ကြက်သား၊ ရင်အုပ် ပိုင်ြးွကက်သားတွေကိုပါ လေ့ကျင့်တာက ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေတာ ကြောင့် ဝမ်းဗိုက်က အဆီတွေအတွက် ပိုမိုထိရောက်မှု ရှိပါတယ်။

ယောဂလေ့ကျင့်ပါ

ယာဂလေ့ကျင့်မှုက ဝမ်းဗိုက်ချပ် ရပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်း လျားမှောက်ပြီး လက်တံတောင်ကို ထောက်ထားပါ။ ခြေဖျားတွေကို ထောက်ထားပြီး ခန္ဓာကိုယ်နဲ့ ကြမ်းပြင် မထိဘဲ အပြိုင်အနေအထား မျိုးနေပါ။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူသွင်း ရှူထုတ် ငါးကြိမ်ပြုလုပ်ပြီး ခဏနားပါ။ လေ့ကျင့်မှုကို ၁၀ ကြိမ်ပြုလုပ်သင့်ပါ တယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ဖိစီးတာကြောင့် ကော်တီဇော ဝမ်းဗိုက်မှာ အဆီတွေကို စုစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက စိတ် ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။အသက် ရှူသွင်းတဲ့အခါ တစ်ကနေငါးအထိ စိတ် ထဲမှာ ရွတ်ပြီး အသက်ပြန်ရှူထုတ်တဲ့အ ခါ တစ်ကနေ၁၀အထိ ရွတ်ပါ။ ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။

အချိန်မပေးရဘဲ အလုပ်လုပ် အသက်အောင့်ပြီး လေ့ကျင့်ပါ

ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို ပြောပြချင် ပါတယ်။ အချိန်မပေးရဘဲ အလုပ်လုပ် ရင်း၊ စာဖတ်ရင်း၊ အိမ်မှုကိစ္စတွေ လုပ်ရင်းနဲ့ သက်သောင့် သက်သာပဲ လေ့ကျင့်နိုင်ပါတယ်။ အသက်အောင့်ပြီး ဝမ်းဗိုက် ကို ရှပ်ထားလိုက်ပါ။ တစ်ကနေသုံးအထိ စိတ်ထဲက ရေတွက်ပါ။ ပြန်ဖြေလျှော့ပြီး အသက်ရှူပါ။ အလေ့အကျင့် ရသွားတဲ့ အခါ တစ်ကနေ သုံးအထိ ရေတွက်မှုကို သီးသန့်လုပ်စရာမလိုဘဲ လေ့ကျင့်မှု ပြု လုပ်နိုင်ပါလိမ့်မယ်။

ချွေးများများထွက်အောင် လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာ ကိုယ်ကို ညှာပြီး ဖြည်းဖြည်းသက်သာ လုပ်နေပါက သင့်ဝမ်းဗိုက်အဆီတွေကို ချနိုင်မှာ မဟုတ်ပါဘူး။ ချွေးထွက်အောင်၊ မောပန်းတဲ့အထိ လေ့ကျင့်ပေးတာက ဝမ်းဗိုက်က အဆီတွေကို လောင်ကျွမ်း သွားစေပါတယ်။

စက်ဘီးစီးပါ

ဝမ်းဗိုက်ချပ်ရပ် စေတဲ့ လေ့ကျင့်ခန်း တွေထဲမှာ စက်ဘီးစီးတာလည်း ပါဝင်ပါ တယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ စက်ဘီးစီးလေ့ကျင့် ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေ ထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင် ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု

ငါးပိ များတွင် ယူရီးယားဓာတ်မြေဩ ဇာများအသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသောလုပ်ငန်း ရှင်များအား အရေးယူသွားမည် ဖြစ်ကြောင်း သိရ

ငါးပိတွင် ယူရီးယားဓာတ်မြေဩဇာရောရောင်းသူများကို အရေးယူမည်
==============================
သြဂုတ်(၂၇) ၊ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
==============================
ဈေးကွက် အတွင်း ရောင်းချနေသော ငါးပိ များတွင် ယူရီးယားဓာတ်မြေဩ ဇာများအသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသောလုပ်ငန်း ရှင်များအား အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဩဂုတ်၂၆ရက်က မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးရုံး ခန်း၌ပြုလုပ်သောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များအသင်းဖြစ်မြောက် ရေးကော်မတီနှင့် မြန်မာနိုင်ငံစား သုံးသူ ကာကွယ်ရေးအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌဦးဗအုပ်ခိုင်ကပြော သည်။
ယင်းက ''ရန်ကုန်ဈေးကွက် ထဲက ငါးပိတွေနဲ့ ဧရာဝတီတိုင်း ဒေသကြီးက ငါးပိတွေကို တစ်ပတ် အတွင်း စစ်ဆေးမှုများပြုလုပ် သွားမှာပါ''ဟုပြောသည်။
ငါးပိရည်များကို အဓိက ထုတ်လုပ်သောနေရာမှာ လေး ဒေါင့်ကန်၊ ပဲခူးနှင့် ကျိုက်ထိုတို့ ဖြစ်သော်လည်း ဧရာဝတီတိုင်းမှ ငါးပိများမှာ ဓာတ်မြေဩဇာအ ရောအနှောများ ပါဝင်ကြောင်း သတင်းရရှိမှုများကြောင့် ဧရာဝ တီတိုင်းရှိ ငါးပိများကိုလည်း စစ် ဆေးမှုများပြုလုပ်သွားပြီး အမျိုး သား အစားအသောက် ဥပဒေဖြင့် လည်း အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
ယင်းသို့ ပြုလုပ်သူများကို အရည်အသွေးကောင်းအောင် နှင့် ဓာတ်မြေဩဇာများ မထည့် အောင် ပညာပေးအနေဖြင့် ပထ မဆုံးပြုလုပ်သွားမည်ဖြစ်ပြီး ပ ညာပေးကာလ ပြီးဆုံးသွားပါက င်္ီဗ နဲ့ ပူးပေါင်းပြီး အရေးယူမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များအသင်း ဖြစ်မြောက် ရေးကော်မတီဖွဲ့မှ ဥက္ကဋ္ဌဦးစိုးဝင်း နိုင်က ပြောသည်။
ယင်းက ''ရန်ကုန်မှာရှိတဲ့ ငါး ပိတွေကိုတော့ အချိန်မရွေး စစ် ဆေးလို့ရပါတယ်။ တကယ်လို့ ယူ ရီးယားပါတယ်ဆိုရင် အရေးယူ မှုများ ပြုလုပ်နိုင်ပါတယ်''ဟု ပြော သည်။
ယင်းသို့ ငါးပိရည်ချိုအ တွင်း ယူရီးယားဓာတ်မြေဩဇာ များထည့်၍ သိပ်ခြင်းကြောင့်လည်း ငါးပိမှာ ပိုမိုရောင်းချရခြင်းရှိမည် မဟုတ်ကြောင်းနှင့် ငါးပိမှာ အ ကောင်ပြပြီး ရောင်းရသောကြောင့် ယင်းသို့ ဓာတ်မြေဩဇာများထည့် ခြင်းဖြင့် အကောင်ပျောက်ပြီး ဈေး ကွက်အတွင်း ဝင်ရောက်နိုင်မည် မဟုတ်သောကြောင့်ထည့်ကြမည် မဟုတ်ကြောင်း ယင်းက ဆက် လက်ပြောသည်။
ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြည်သူလူထုများ ရွေးချယ်၍ စားသောက်နိုင်ရန် နှင့် ဝယ်ယူစားသုံးသူများအား အကာအကွယ်ပေးနိုင်ရန် ရည် ရွယ်ချက်များနှင့် ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းကဲ့သို့ ငါးပိအတွင်း ဓာတ်မြေဩဇာများ ထည့်သွင်း သည်ဆိုသော သတင်းများကြောင့် ငါးပိရည်ချို ရောင်းချမှုများမှာ ငါးပုံလေးပုံ လျော့ကျခြင်းများ ကြောင့် မှန်မှန်ကန်ကန်လုပ်သော လုပ်ငန်းရှင်များမှာ နစ်နာရပြီး ယင်းကဲ့သို့ အဖွဲ့အစည်းများ ပြု လုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်ရကြောင်း ရွှေမင်း သား ငါးပိ၊ ငါးခြောက်လုပ်ငန်း ရှင် ဦးမောင်မောင်သိန်းက ပြော သည်။
ယင်းက ''ဓာတ်မြေဩဇာ ထည့်ပြီးရောင်းတဲ့လူက နှစ်ရာ ခိုင်နှုန်းတောင် ရှိပါ့မလား မသိ ပါဘူး။ ဒါပေမဲ့ လုံးဝမလုပ်ဘူးလို့ တော့ ပြောလို့မရပါဘူး''ဟု ပြော သည်။
မြန်မာ့အစားအစာဖြစ်သည့် ရေချိုငါးပိများအား ပျောက် ပျက်သွားမည်စိုးသောကြောင့် လည်း ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ယင်းကဆက် လက်ပြောသည်။
ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ကိုင်သော ၉၉ ရာခိုင်နှုန်း မှာ လေးဒေါင့်ကန်၊ ပဲခူး၊ ကျိုက် ထိုတို့တွင်ဖြစ်ပြီး ဧရာဝတီမှာ တစ်ရာခိုင်နှုန်းလောက်သာရှိ ကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာ ရည်လုပ်ငန်းရှင်များထံမှ သိရ သည်။

၁၂၄ မထသယာဉ်မှ ဝင် တိုက်၍ အမျိုးသမီးတစ်ဦး ဓါတ်တိုင် ပိမိပြီး သေဆုံး သြဂုတ် ၂၇



ယ နေ့ မနက်၆ နာရီ ခန့်က အလုံလမ်း မီးပွိုင့်အနီး မ နော်ဟရီ လမ်းထိပ်မှ ဓါတ် တိုင် အား ၁၂၄ မထသယာဉ်မှ ဝင် တိုက်၍ လမ်း မ တော် မြို့နယ်မှ မစန္ဒာဆိုသူ အမျိုးသမီးတစ်ဦး ဓါတ်တိုင် ပိမိပြီး သေဆုံးသွားကြောင်း သိရပါသည်။

Classic Burma News

ကိုယ်ဝန် တားနည်းတွေထဲ ကတစ်ခုခု သုံးဖို့ လိုအပ် လာပါပြီ ဆိုပါက


တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်

Posted by drmyochit Wednesday
 
ချစ်သူ နှစ်ဦးပေါင်းဖက်လို. အိမ်ထောင်တစ် ခုထူထောင်ကြ ရာမှာ ကလေးယူမယ်. အချိန်ဟာ နှစ်ယောက် လုံး သဘောတူ ထားတဲ.အချိန်ဖြစ်သင့် သလိုကြို တင်ပြင်ဆင်ပြီး မှရတဲ.ကိုယ်ဝန်ဖြစ်ဖို.လဲ လိုပါတယ်။သမီးရည်းစားဘ၀မှာ ဘယ်လိုပဲ တစ်ယောက် အကြောင်း တစ်ယောက် သိစေကာမူ အတူနေ
လင်မ ယား ဘ၀လောက် ထဲထဲ ၀င်ဝင် သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ထက ပြီး ကလေး မယူ တာဟာ တစ်ယောက်အကြောင်း တစ်ယောက်လေ့လာဖို့ တစ်ယောက်ရဲ့ အားနည်းချက်ကိုတစ်ယောက်က အလိုက် သိဖြည်.ဆည်းပေး နိုင်ဖို့၊ တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က ဖော်ထုတ်ချီးကျူးပေး
နိုင်ဖို့ အချိန် ကာလ တစ်ခုကို ရစေပါတယ်။

၁။လူကြိုက်များလာတဲ.နည်းလမ်းသစ်

ဒါကြောင့် ကိုယ်ဝန် တားနည်းတွေထဲ ကတစ်ခုခု သုံးဖို့ လိုအပ် လာပါပြီ။ လက်မောင်းထဲ ကိုယ်ဝန်တားတဲ့ ပစ္စည်း(အပ်)ထည့် တာဟာ အခုနောက်ပိုင် ခောတ်စား လာသလိုမြန်မာပြည်မှာ တောင်လုပ်လို.ရနေပါပြီ။အရင်ကနည်းတွေထက်စာရင်သူ.မှာအားသာချက်တွေရှိပါတယ်။ဥပမာ-ထိုးဆေးလို(၃)လတစ်ခါ ဆရာဝန်ဆီ သွားပြီး ထိုးစရာ မလိုပါဘူး။ သားအိမ် ထဲပစ္စည်းထည်.သလို(IUCD, Intrauterine Contraceptive Device) မိန်းမကိုယ်ကိုအပေါက်ချဲ.ပြီးမှထည်.စရာမလိုပါဘူး။သားအိမ်ထဲ ပစ္စည်းထည့် တာမျိုး ကို ကလေးတစ်ယောက်မှမမွေးဘူးတဲ့ အိမ်ထောင် ကျခါ စအမျိုး သမီးတွေ မလုပ်ချင်ကြ ပါဘူး

၁-၁။ ဘာကို လက်မောင်းထဲ ထည့်ရမှာလဲ
ကိုယ်ဝန်တား အချောင်းလေး

ပရိုဂျက်စတင်(progestin) ဆိုတဲ့ အမျိုး သမီးဟော်မုန်း ပါတဲ့ မီးချစ်ဆံ အရွယ် လောက်ရှိတဲ့ အချောင်း လး (Implanon) ကိုလက်မောင်းအရေပြားအောက်
ထည်.သွင်းတာဖြစ်ပါတယ်။တစ်ခါထည်.ထားရင် သုံးနှစ်လောက်ကိုယ်ဝန်
တားနိုင်ပါတယ်။အီစထရိုဂျင် (Estrogen)ဟော်မုန်းပါတဲ.ကိုယ်ဝန်တားဆေး
(သောက်ဆေး)တွေနဲ.မတည်.တဲ.သူတွေအတွက် အထူးသင်.တော်ပါတယ်။

၁-၂။ထည်.ပြီးရင်ဘယ်လိုနေမှာလဲ

လက်မောင်းထဲထည်.ပြီးတာကိုကြည်.ရုံနဲ.မသိနိုင်ပါဘူး။ဒါပေမယ်.စမ်းကြည်.
လို.တော.ရပါတယ်။သတိပြုဖို.ကတော. လေ.ကျင်.သင်ကြားထားတဲ.ကျွမ်း
ကျင်သူတွေနဲ.သာထည်.သင်.၊ထုတ်သင်. ပါတယ်။ထည်.ဖို.လက်မောင်းကို
ဓားနဲ.လှီးစရာမလိုပဲ တစ်မိနစ်အတွင်းအပြီးထည်.နိုင်သလိုနာကျင်မှုလဲမရှိ
ပါဘူး။ပြန်ထုတ်မယ်ဆိုရင်လဲ သုံးမိနစ်လောက်ပဲကြာပါတယ်။

၁-၃။ဘယ်လောက်စိတ်ချရလဲ

ဒီနည်းကထိရောက်မှုအလွန်ရှိပါတယ်။ထည်.ပြီးကိုယ်ဝန်ရှိသူ ၀.၀၅% ပဲရှိ
ပါတယ်။

၁-၄။ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲ

သုံးလခံထိုးဆေးနဲ.ပါဝင်တဲ.ဟော်မုန်းတူပေမယ်. ဒီနည်းကိုရေရှည်သုံးစွဲလို.
သွေးပြန်ကြောတွင်း သွေးခဲခြင်း၊အရိုးသိပ်သည်းဆလျော.နည်းသွားခြင်းတွေ
မဖြစ်နိုင်ဘူးလို. သုတေသန တွေကဆိုပါတယ်။

၁-၅။ဘေးထွက်ဆိုးကျိုးဘာတွေရှိနိုင်မလဲ

တခြားပရိုဂျက်စတင် ပါတဲ.ကိုယ်ဝန်တားဆေးတွေလိုပဲ ဒီနည်းသုံးရင် မီးယပ်
ငုပ်တာ၊မီးယပ်မမှန်တာဖြစ်တတ်ပါတယ်။

-မီးယပ်အများကြီးဆင်းတာမဟုတ်ပဲ တစ်စက်၊နှစ်စက်နဲ.
ပြတယ်ဆိုရုံပဲပြတတ်ပါတယ်။ထည်.ခါစမှာအမျိုးသမီးတစ်ဝက်လောက်
ဖြစ်တတ်ပေမယ်. ခြောက်လအကြာမှာတော.သုံးပုံတစ်ပုံလောက်ပဲ
ဖြစ်ပါတော.တယ်။

-အမျိုးသမီး ၂၀%လောက်ကတော.မီးယပ်လုံးဝငုတ်သွားတတ်ပါတယ်။

-မီးယပ်ဆင်းတဲ.ရက်တွေများလာတတ်ပါတယ်။(၂၀% လောက်မှာဖြစ်လေ.
ရှိပြီး ၃လ အကြာမှာတော. ၁၀% လောက် ပဲဖြစ်ပါတော.တယ်။)

-မီးယပ်လာမယ်.ရက်ကိုတွက်လို.မရပဲဖြစ်တတ်ပါတယ်။

-အထက်ပါမီးယပ်သွေးဆင်းမှုမမှန်တာတွေဖြစ်လို. ဗိုက်ထဲမှာသွေးခဲ၊သွေး
လုံးဖြစ်တာ စပျစ်သီးသန္ဒေတည်.မှာတို.ကိုတော.စိုးရိမ်စရာမလိုပါဘူး။

၂။ ကိုယ်ဝန်တားပလာစတာ

ကိုယ်ဝန်တားပလာစတာဆိုတာ အမျိုးသမီးရဲ.ဗိုက်၊တင်ပါး၊လက်မောင်းရဲ.
ပေါ်ပိုင်းအပြင်ဖက် ၊ရင်သားအပါအ၀င် ရင်သားအပေါ်ပိုင်းတို.ရဲ.အရေပြား
ပေါ်မှာကပ်ပြီးသုံးရတာပါ။သူ.မှာဟော်မုန်းနှစ်မျိုးပေါင်းစပ်ပါဝင်ပါတယ်။ပလာ
စတာကို ခုနှစ်ရက်တစ်ခါအသစ်လဲကပ်ရပါမယ်။သုံးပတ်ဆက်တိုက်ကပ်ရပြီး
တစ်ပတ်တိတိမကပ်ပဲနေရပါမယ်။

၂-၁။ဘယ်လိုသုံးရမလဲ

ကပ်ထားတုန်းကွာကျသွားရင်ချက်ချင်းပြန်ကပ်နိုင်အောင်ကိုယ်ဝန်တားပလာစတာအသစ်တစ်ခုကိုအမြဲဆောင်ထားသင်.ပါတယ်။လေ.ကျင်.ခန်းလုပ်နေ
ချိန်၊ရေချိုးချိန်၊ရေကူးချိန်တွေမှာလဲ ကပ်ထားလို.ရပါတယ်။ပူနေလို.၊စိုထိုင်း
နေလို.၊လေ.ကျင်.ခန်းလုပ်လို. ပလာစတာကွာကျတာမျိုးမရှိပါဘူး။

၂-၂။ထိရောက်မှုကဘယ်လောက်ရှိလဲ

အလွန်ထိရောက်မှုရှိပါတယ်။တစ်ရက်တစ်လုံးသောက်ရတဲ.ဟော်မုန်းနှစ်မျိုး
ပေါင်းကိုယ်ဝန်တားဆေးနဲ.တန်းတူလိုက်ပါတယ်။သေချာသုံးမယ်ဆိုရင်လွဲ
ချော်မှုနှုန်းက ၀.၃% ပဲရှိပါတယ်။ကိုယ်အလေးချိန် ၁၉၈ ပေါင်အထက်ရှိသူ
အမျိုးသမီးတွေသုံးရင်ထိရောက်မှုအနည်းငယ်ကျတယ်ဆိုပေမယ်.ပြောပ
လောက်အောင်မဟုတ်ပါဘူး။သူတို.တွေသုံးမယ်ဆိုရင်တော.အခြားနည်းတွေ
နဲ.အကျိုးအပြစ်တွေနှိုင်းယှဉ်ပြီးရွေးချယ်နိုင်ပါတယ်။

၂-၃။ဘေးထွက်ဆိုးကျိုး

တစ်ခြားဟ်ာမုန်းနှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးတွေလိုပဲ ဒီပလာစတာ
ကြောင်.သွေးအနည်းငယ်ဆင်းတာ၊ကိုယ်အလေးချိန်အတက်အကျဖြစ်တာ၊
အသားအရည်ပြောင်းလဲတာ၊ရင်သားနာကျင်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်
ပလာစတာကပ်ထားတဲ.အရေပြားတစ်ဝိုက်မှာယားယံတာမျိုးကြုံတဲ.သူလဲရှိပါတယ်။

၂-၄။ကောင်းကွက်များ

ပလာစတာကို ခုနှစ်ရက်တစ်ခါအသစ်လဲပေးဖို.လိုတယ်ဆိုပေမယ်.သူ.ရဲ.အာ
နိသင်က ကိုးရက်လောက်အထိခံလို. မေ.ပြီးအသစ်မလဲမိလဲနှစ်ရက်လောက်
အပိုဆောင်းပြီး ကိုယ်ဝန်တားပေးနိုင်ပါတယ်။တစ်လမှာပလာစတာသုံးခု
လောက်ပဲကပ်ပေးဖို.လိုတဲ.အတွက် အချိန်မှန်သုံးပေးဖို. မခဲယဉ်းပါဘူး။

၂-၅။ချို.ယွင်းချက်များ

ကိုယ်ပလာစတာကပ်ထားတာကို အမျိုးသားအဖော်ကသိနိုင်ပါတယ်။လက်
မောင်းမှာကပ်ထားရင်တစ်ခြားသူစိမ်းတွေပါသိနိုင်ပါတယ်။အရေပြားနဲ.ဓာတ်
မတည်.တာ၊ကပ်ထားရင်းကွာကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။နှစ်မျိုးပေါင်း
ကိုယ်ဝန်တားဆေးလိုပဲ သွေးခဲစေမှုဖြစ်နိုင်ခြေကိုအနည်းငယ် မြှင်.တတ်စေ
ပါတယ်။

၂-၆။သတိပြုစရာများ

-ပလာစတာကို သန်.ရှင်းပြီးခြောက်သွေ.တဲ. ဗိုက်၊တင်ပါး၊လက်မောင်းအပေါ်
အပြင်ဘက်၊ရင်ဘတ်အပေါ်ပိုင်းကအရေပြားပေါ်မှာပဲကပ်သင်.ပါတယ်။ပွတ်တိုက်မှုများတဲ.နေရာမျိုးမှာတော.မကပ်သင်.ပါဘူး။ဥပမာ-ဘရာစီရာကြိုး
ရဲ.အောက်မှာပေါ.။

-ပလာစတာကို ခုနှစ်ရက်တစ်ခါပြောင်းကပ်ရပါမယ်။

-ပလာစတာကိုခုနှစ်ရက်ပြည်.လို.ခွာပြီးရင် ဟော်မုန်းတွေတစ်ခြားပြန်.မသွား
အောင် ခေါက်ပြီးမှအမှိုက်ပုန်းထဲထည်.ရပါမယ်။မြေကြီးထဲနဲ. ရေမြောင်းရေ
တွင်းတွေဆီ ဟော်မုန်းပျံနှံ.မသွားအောင် အိမ်သာထဲကို မစွန်.ပစ်သင်.ပါဘူး။

-ရာသီသွေးစလာတဲ.ပထမဆုံးရက်မှာ ပလာစတာစကပ်ရင် ကွန်ဒုံးပါတွဲသုံး
စရာမလိုပါဘူး။

-ပလာစတာကွာသွားရင်ချက်ချင်းကပ်ပေးဖို.လိုပါတယ်။ ၂၄ နာရီကျော်မှပြန်
ကပ်နိုင်ရင်တော.တစ်ခြားတားဆေးတစ်နည်းနည်း ဥပမာ-ကွန်းဒုံးကိုခုနှစ်
ရက်လောက်တွဲသုံးဖို.လိုပါတယ်။

-ဒီပလာစတာသုံးတာကကိုယ်ဝန်တားနိုင်ပေမယ်.ကာလသားရောဂါတွေကို
တော.မကာကွယ်နိုင်ပါဘူး။

ကိုယ်ဝန်တားဆေးသောက်စရာမလိုတဲ.တစ်ခြားနည်းလမ်းတွေကိုဆက်လက်
ဖော်ပြပေးပါမယ်။

ဒေါက်တာဥာဏ်ပေါ်

http://mmforward.blogspot.com/2013/08/blog-post_2020.html

ရှေးကျသော လက်ဝတ်ရတနာ ပစ္စည်းများကို သက်ဆိုင်ရာက ရှာဖွေတူးဖော်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်ဝတ်ရတနာများအား ပြန်လည်ဝယ်ယူခြင်း မရှိသဖြင့် ရှေးဟောင်းယဉ်ကျေးမှု ရတနာများသည် မှောင်ခိုဈေးကွက်မှတစ်ဆင့် မလေး၊ ထိုင်း စသောနိုင်ငံများကို ရောင်းချရာ၌ ရှာဖွေသူများအတွက် ထိုက်သင့်သော တန်ဖိုးမရကြဘဲ ပေးသလောက်ဈေးဖြင့်သာ ရောင်းချနေရကြောင်း သိရ


လွန်ခဲ့သောနှစ် ၂၀၀၀ ခန့်က ရှေးဟောင်းလက်ဝတ် ရတနာများ ကော့သောင်းခရိုင်အတွင်း တူးဖော်ရောင်းချနေကြ

AddThis Social Bookmark Button
O-28-8
ရှေးဟောင်းလက်ဝတ် ရတနာပစ္စည်း ရှာဖွေနေသူများ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့အနီး လေးမိုင်ခန့်အကွာရှိ ဆီအုန်းခြံအတွင်းမှ လွန်ခဲ့သောနှစ် ၂၀၀၀ ခန့်က ရှေးဟောင်းလက်ဝတ်ရတနာ ပစ္စည်းများကို ဒေသခံများက ၂၀၁၁ ခုနှစ် မေလမှစ၍ မိုးကာလရောက်တိုင်း တူးဖော်ရောင်းချနေကြောင်း သတင်းရရှိသည်။
ထိုရှေးဟောင်းပစ္စည်းများနှင့် အမျိုးအစားတူ၊ ပုံစံတူများကို ထိုင်းနိုင်ငံ ရနောင်းခရိုင်၊ ကူရဘူရိမြို့နယ်၊ ပါကျန်ကျေးရွာ၊ ကပို့မြို့နယ်၊ ၀ပ်ထုံထာရာမော်နှင့် စူစမ်းရန်မြို့နယ်ရှိ ခူးခေါင်းတောင်(ရွှေတောင်) စသောနေရာများတွင်လည်း တွေ့ရှိခဲ့ဖူးကြောင်း၊ ယင်းနေရာများအား ရနောင်းယဉ်ကျေးမှုဌာနမှ နိုင်စေရီညွှန်ရတ်နှင့် ဖူးခက်မြို့ အခြေစိုက် အမှတ်(၁၅) ယဉ်ကျေးမှု ထိန်းသိမ်းရေးဌာနမှ ရှေးဟောင်းသုတေသန ပညာရှင် ဘွန်ရတ်ချိုင်စူဝမ်တို့ သွားရောက်လေ့လာ တူးဖော်ခဲ့ပြီး မြေသားပုဂံ၊ ခွက်အပိုင်းအစများ ကျောက်သားပုတီးနှင့် ရွှေသားအချို့ကို တွေ့ရှိခဲ့သဖြင့် ၎င်းပစ္စည်းများသည် လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က ပစ္စည်းများဖြစ်သည်ဟု လေ့လာဆုံးဖြတ်ခဲ့ကြကြောင်း ထိုင်းအင်တာနက် ၀က်ဘ်ဆိုက်များတွင် ဖော်ပြထားသည်။
ရှေးကျသော လက်ဝတ်ရတနာ ပစ္စည်းများကို သက်ဆိုင်ရာက ရှာဖွေတူးဖော်၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် လက်ဝတ်ရတနာများအား ပြန်လည်ဝယ်ယူခြင်း မရှိသဖြင့် ရှေးဟောင်းယဉ်ကျေးမှု ရတနာများသည် မှောင်ခိုဈေးကွက်မှတစ်ဆင့် မလေး၊ ထိုင်း စသောနိုင်ငံများကို ရောင်းချရာ၌ ရှာဖွေသူများအတွက် ထိုက်သင့်သော တန်ဖိုးမရကြဘဲ ပေးသလောက်ဈေးဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။
"၀ယ်တဲ့သူတွေ ပြောတာကတော့ နှစ်တစ်ရာကျော်က ပစ္စည်းတွေမိုလို့ တန်ဖိုးထားပြီး ၀ယ်တာပါတဲ့။ ဒီကျောက်တွေက တန်ဖိုးမရှိပါဘူးလို့ပြောပြီး သူတို့တန်ဖိုးဖြတ်တဲ့အတိုင်း၊ ပေးတဲ့အတိုင်းပဲ ရောင်းလိုက်ကြတာပါ။ ရွှေထည်တွေကိုတော့ မြို့ပေါ်တက်ရောင်းကြတယ်။ ရှေးဟောင်းပစ္စည်းဆိုပြီး ဈေးပိုပေးတာ မရှိပါဘူး။ ကံကောင်းတဲ့ သူတွေကတော့ ရွှေထည်ပစ္စည်းတွေ ရကြပေမယ့် အများစုကတော့ ဒီကျောက်တွေပဲ ရတာများတယ်။ သူ့ဈေးနဲ့သူ နေ့တွက်ကိုက်တယ်ဆိုပြီး လာရှာကြတာပါ။ လက်လုပ်လက်စားတွေဆိုတော့ မိုးတွင်းကာလမှာ ရရာအလုပ်ကိုရှာပြီး လုပ်ကြတာပါ" ဟု ရှေးဟောင်းလက်ဝတ်ရတနာ ရှာဖွေနေသူများက ဆိုသည်။
ကျောက်များ၏ ဖွဲ့စည်းပုံကိုကြည့်၍ လူရိုင်းခေါင်း၊ ခရမ်းဆွဲ၊ ငါးမျက်စိ၊ မလှိုင်တောင့်၊ ကြယ်သီးပြာ၊ ဘောလုံး၊ ဘောက်သီးပြား၊ ဖက်လိပ်(နားကပ်)၊ လူရိုင်းသွား၊ ဘုရင်မခေါင်း၊ ဘောက်သီး (နီ၊၀ါ၊ပြာ)၊ လိပ်သည်းဘောက် (လည်ဆွဲပြား)၊ လက်ပတ်ကွင်းနှင့် နားကွင်းကြီး စသည်ဖြင့် အမျိုးမျိုးသတ်မှတ်ကာ အနိမ့်ဆုံးဝယ်ဈေး ထိုင်းဘတ်ငွေ ၅၀ ဘတ် (၁၅၀၀ကျပ်)မှ အမြင့်ဆုံးဝယ်ဈေး ဘတ်ငွေ ၅၀၀ (၁၅၀၀၀ကျပ်)အထိ ပေးဝယ်ကြောင်း သိရသည်။