Wednesday, August 28, 2013

September 4 မှာ ထွက်ရှိမဲ့ Samsung Galaxy Note 3 မှာ 4K video recording နဲ့ Hifi music playbackပါရှိမယ်လို့ဆို




ပို့စ်ရေးသားသူ – Sai Thet (Myanmar Mobile Users Group)



ကိုးရီးယား သတင်းစာ The Korea Economic Daily က ခုလာမဲ့ September 4 မှာ ထွက်ရှိမဲ့ Samsung Galaxy Note 3 မှာ 4K video recording နဲ့ Hifi music playbackပါရှိမယ်လို့ဆိုပါတယ် ။
4K video recording ဆိုတာက video record လုပ်ရင် 3840 x 2160 pixels resolution နဲ့ record လုပ်လို့ရတာကို ပြောတာပါ ။ ခု လက်ရှိ ဈေးကွက်မှာရှိနေတဲ့ ဖုန်းတွေက video record လုပ်ရင် အမြင့်ဆုံး 1080 resolution နဲ့ပဲ record လုပ်လို့ရတာဖြစ်ပါတယ် ။ တစ်ကယ်သာ Galaxy Note 3 မှာ 4K video လုပ်လို့ရလို့ကတော့ video တွေကတော်တော်ကို ကြည်သွားမဲ့ အနေအထားပဲ ။ ခုလက်ရှိ 1080 resolution တောင် တော်တော်ကြည်နေပြီဆိုတော့.. တစ်ကယ်သာ 4K resolution (3840 x 2160 ) video record လုပ်လို့ရရင် ရှယ်ပဲဗျာ ။ အဲ့ Galaxy Note 3 တစ်ခုထဲသာ မဟုတ်ဘူးဗျ ။ September 4 မှာထွက်မယ့် Sony Honami Z1 ဖုန်းကလဲ camera က 20 megapixel နဲ့ videorecord လုပ်ရင် 4K video format support လုပ်လို့ရမယ်လို့ ကြားတယ်ဗျာ ။ ဒါဆိုရင် နောက်ပိုင်း ဖုန်းနဲ့ ရိုက်တဲ့ video တွေကို ကြည်ကြည်လင်လင် ကြည့်လို့ရပြီပေါ့ဗျာ. ..
နောက်တစ်ခုက Galaxy Note 3 မှာ Hifi sound standard ကိုလဲ support လုပ်တယ်လို့ဆိုပါတယ် ။ ခုလက်ရှိ ဖုန်းတွေရဲ့ ကနေ support လုပ်တဲ့ sound standard က 16bit/44.1kHz standard ပါ ။ Hifi sound system ကတော့ 24-bit/192kHz standard ကို support လုပ်တယ်လို့ ဆိုပါတယ် ။ Hifi sound standard က သီချင်း နားထောင်ရင် music studio ထဲမှာ နားထောင်သလိုမျိုး ပိုပြီ: ကြည်လင်ပြက်သားတဲ့ အသံကို ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ်။ Hifi sound system က ဖုန်းတွေထဲမှာ ဟိုတလောက LG ရဲ့ ဖုန်းအသစ် LG G2 မှာ ပထမဆုံးစပါတယ်လို့ သိရပါတယ် ။ Galaxy Note 3 ကတော့ ဒုတိယမြောက် Hifi sound standard ပါတဲ့ ဖုန်းဖြစ်လာမယ်ထင်တယ် ။
Galaxy Note 3 ကို လာမဲ့ September 4 ရက်မှာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်မယ့် Samsung Event မှာ စတင်ထုတ်ဖော်ပြသမှာပါ ။တစ်ကယ်လို့ ဒီသတင်:အတိုင်းသာ 4K video recording နဲ့ Hifi sound playback သာပါလာရင်တော့ ဖုန်းတွေထဲမှာ Galaxy Note 3 က Muitimedia အမြင့် ဆုံးဖုန်းတစ်လုံး ဖြစ်လာမှာမလွဲပါဘူး ။ ကဲ….. ဒီတော့ Let’s count to Sept 4 ….
ကြေညာချက်။ ။ပြည်တွင်းပြည်ပ နောက်ဆုံးရသတင်းတွေဖတ်ရှုချင်တယ်ဆိုရင်တော့ Myanmar Update Channel (www.myanmarupdatechannel.com) ကိုသာဝင်ရောက်ပါ

0 ကွန်မန့်ရေးရန်:

Post a Comment