This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 13, 2013

ဦးဌေးဦးနဲ့ ဦးသိန်းညွန့် သုံးသပ်တဲ့ သူရရွှေမန်း သမ္မတ ဖြစ်လိုကြောင်း စကားနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားရမယ့် ပုဒ်မ ၅၉ (စ) -

Wednesday, June 12, 2013

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပြည်ပခရီးစဉ် တစ်ခုအ တွင်း ၂၀၁၅ ၌ သမ္မတဖြစ်လို ကြောင်း ပြောကြားခဲ့ပြီး နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌လည်း ဒုတိယအကြိမ်ထပ်မံ၍ သမ္မတ ဖြစ်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း သူ၏အမေရိကန်ခရီးစဉ်၌ VOA သတင်းဌာနနှင့် မေးမြန်းခန်းပြု လုပ်ရာ၌ မိမိအနေဖြင့်လည်း ၂၀၁၅ တွင် သမ္မတ ဖြစ်လို ကြောင်း ပြောကြားခဲ့ပြီး ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်၍ သမ္မတဖြစ်လိုကြောင်း ဆန္ဒပြုသူ နှစ်ဦးစလုံးမှာ အမိနိုင်ငံတော်၌ ဦးစွာ ပြောကြားခြင်းမျိုး မဟုတ် ဘဲ ပြည်ပနိုင်ငံများ၌သာ ပြော ကြားခြင်းမှာ ထူးခြားမှုတစ်ခုပင် ဖြစ်ကြောင်း လေ့လာသူ အချို့က သုံးသပ်ကြသည်။ ယင်းနှင့်ပတ် သက်၍ နိုင်ငံရေးနှင့် လွှတ်တော် နယ်ပယ်၌ ထင်ရှားသူ အချို့ အားHot Newsမှ ဆက်သွယ်၍ သဘောထားမေးမြန်း ဖြစ်ခဲ့ပါ သည်။

ဦးဌေးဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(USDP)

လွှတ်တော်ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစုကြည်ရော နှစ် ဦးစလုံးက သူတို့ရဲ့ဆန္ဒကို ပြော တာပါ။ သူတို့တိုင်းပြည်ကို တာဝန်ယူချင်တဲ့ ဆန္ဒတို့ပြောကြ တာပါ။ ဒါနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်သမ္မတဖြစ်ချင်ကြောင်း ဆန္ဒပြုကြတဲ့ ပုဂ်္ဂိုလ်နှစ်ဦးစလုံး ဟာလည်း တကယ့်ကို လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ပြီး တော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့် လူတွေ လည်းဖြစ်ကြပါတယ်။ ဒါပေမဲ့ ၂၀၁၅ ဆိုတာက လိုပါသေး တယ်။ လိုသေးတယ်ဆိုပေမဲ့ လည်း ရှိနေတဲ့အချိန်ပေါ်မှာ မူ တည်ပြီး သမ္မတဆန္ဒပြုတဲ့ လွှတ် တော် ဥက္ကဋ္ဌကြီးရော၊ ဒေါ် အောင်ဆန်းစုကြည်ရော ကြိုးစား ကြရလိမ့်မယ်။ ကြိုးလည်းကြိုးစား နေကြပါတယ်။

ဦးသိန်းညွန့်(NNDP) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်

လွှတ်တော်ဥက္ကဋ္ဌကြီး ၂၀၁၅ သမ္မတဖြစ်ချင်တယ်ဆိုတဲ့ စကားကို လေ့လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာလည် ပြည်ပနိုင်ငံတစ်ခုမှာ ပထမဆုံး ပြောခဲ့တယ်။ ခုလွှတ်တော်ဥက္ကဋ္ဌ ကြီးဟာလည်း အမေရိက ခရီး စဉ်မှာ ပြောခဲ့တယ်။ ဒါနဲ့ပတ် သက်ပြီး ပြောရမယ်ဆိုရင် ပြည် တွင်းမှာ ၂၀၁၅ သမ္မတဖြစ်ရေး အတွက် ဆန္ဒပြုသူနှစ်ဦးစလုံးဟာ အမိနိုင်ငံမှာ ဦးဆုံးပြောတာ မဟုတ်ဘဲ ပြည်ပနိုင်ငံ ခရီးစဉ် တွေမှာ ပြောကြားခဲ့တာဟာ ထူး ခြားတယ်လို့ ကျွန်တော်ယူဆ တယ်။

နောက်တစ်ခုက သမ္မတ လောင်းနှစ်ဦး စလုံးဟာ ၂၀၁၅ မှာဝင်ပြိုင်မယ်ဆိုတဲ့အတွက် မြန်မာ့နိုင်ငံရေးစင်မြင့်မှာ လှုပ်လှုပ်ရွရွဖြစ်ပြီး အရမ်းကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲပဲ။ ဒါပေ မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သုံးသပ်ရမယ်ဆိုရင် သူရဦးရွှေ မန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉အပိုဒ်ခွဲ(စ)နဲ့ညီညွတ်နေ တဲ့အတွက်သူရဲ့သမ္မတ ၀င် ရောက်ယှဉ်ပြိုင်မှုမှာ ဘာအတား အဆီးမှ မရှိတော့ဘူး။ ဒေါ် အောင်ဆန်းစုကြည်ကတော့ သူ့ခင်ပွန်းကရော၊ သူ့သားသမီး နှစ်ဦးကရော နိုင်ငံခြားသားတွေ ဖြစ်နေတယ်။

ဒီတော့ သူ့ရဲ့ သမ္မတ ၀င်ရောက်ယှဉ်ပြိုင်မှုမှာ အခြေခံဥပဒေပုဒ်မ ၅၉(စ)က အတားအဆီးသဘောဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး အနီးဆုံးသာဓက တစ်ခုကို ကြည့်မယ်ဆိုရင် တိုင်း ဒေသကြီး ၀န်ကြီးချုပ်တစ်ဦးရဲ့ သားမက်တော်စပ်သူဟာ နိုင်ငံ ခြားသားဖြစ်တဲ့အတွက် သူ့ရဲ့ ဒုတိယ သမ္မတဖြစ် ခွင့်မရခဲ့တာ လည်း အထင်အရှားကြီးရှိနေ တယ်။ ဒီလိုသာဓကမျိုးကို သိရဲ့ သားနဲ့ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ၀င်ပြိုင်မယ်လို့ ပြော တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သူလိုချင်တဲ့ပုံစံအတိုင်း လုပ်နိုင်မယ်လို့ယူဆလို့ ပြော သလားလို့ပေါ့နော်””

အထက်ပါ သုံးသပ်ချက်များအပြင် မကြာမီ ကာလအတွင်းHot News နှင့်NLDဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ရာတွင်လည်း ယင်းမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လိုသည်မှာ အာဏာရလိုမှု၊ လုပ်ပိုင်ခွင့်ရလိုမှုသက်သက် မဟုတ်ဘဲ လူစုအကျိုးကိုထိ ရောက်စွာ သယ်ပိုးကူညီနိုင်ရန် အတွက် လုပ်ပိုင်ခွင့်၊ အာဏာ ရှိမှသာ အထိရောက်ဆုံးလုပ်နိုင် မည်ဖြစ်သဖြင့်သာ သမ္မတလုပ်လို ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ ရေးနှင့်ဥပဒေရေးနယ်ပယ်မှ လေ့လာစောင့်ကြည့်သူများ ကလည်း ဒေါ်အောင်ဆန်းစု ကြည်၏ သမ္မတ၀င်ပြိုင်မည်ဆို သည့်စကားနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ပြဋ္ဌာန်းထားသော ပုဒ်မ (၅၉)(စ)ပါပြဋ္ဌာန်းချက်အား မည် သို့ကျော်လွှားမည်ကို စိတ်ဝင်စား စောင့်ကြည့်လျက်ရှိနေကြသည်။

ခန့်ခန့်(ဒဿနိက)

The Hot News Weekly

မြန်မာ စစ်တပ် နယ်စပ် တလျှောက်တွင် မြေမြုပ် မိုင်းထောင်နေဟု ဘင်္ဂလာဒေခ်ျ့ စွပ်စွဲ

နိရဉ္စရာ

မြန်မာ- ဘင်္ဂလာနယ်စပ် တလျှောက်တွင် မြန်မာဘက်မှာ မြေမြုပ်မိုင်းများ ထောင်နေကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက စွပ်စွဲလိုက်သည်။

ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် အဆိုပါ သတင်းအား ပုံနှိပ်ဖေါ်ပြရာ မြန်မာ စစ်တပ်သည် နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖေါက်ပြီး နယ်စပ်တလျှောက်တွင် မြေမြုပ်မိုင်းများ ထောင်နေကြောင်း ပြောဆိုသည်။

နယ်စပ် မိုင်တိုင် အမှတ် ၃၉ နှင့် ၄၀ အကြားတွင် နယ်စပ်မျဉ်းမှ ကီလိုမီတာ ၇၀ အတွင်းတွင် မြန်မာ စစ်တပ်မှ မြေမြုပ်မိုင်းများကို ထောင်ထားပြီး အလားတူ မိုင်တိုင် အမှတ် ၃၇ နှင့် ၃၈ အကြားတွင်လည်း နယ်စပ်မျဉ်းမှ ကိုက် ၁၀၀ အတွင်း မြေမြုပ်မိုင်းများကို တောက်လျှောက် ချထားနေသည်ဟု ပြောသည်။

နိုင်ငံတကာ၏ စည်းမျဉ်း စည်းကမ်းအရ နယ်စပ် စီရိုမျဉ်းမှ ၁၅၀ ကိုက်အတွင်း မြေမြုပ်မိုင်းများကို ချထားခွင့် မပြုဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဆိုသည်။ ၎င်းပြင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား သဘောတူညီမူကိုလည်း ချိုးဖေါက်ရာ ရောက်သည်ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့ဘက်မှ နယ်စပ်တွင် မိုင်းများ ချထားနေခြင်းနှင့် ပတ်သက်ပြီး မြန်မာဘက်သို့ အကြောင်းကြားသော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့၏ ဦးစီးချုပ် ဗိုလ်မှူးချုပ် အာဇစ် အာမတ် ( Aziz Ahmed) က ပြောသည်။

သို့အတွက် ယခုအခါ အဆိုပါ မြေမြုပ်မိုင်း ကိစ္စကို ဘင်္ဂလာဒေခခ်ျ့ အစိုးရကို အသိပေး ပြောကြားလိုက်ပြီး နှစ်နိုင်ငံ အတွင်း ယခု ပြဿနာအား သံတမန်နည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုလိုက်သည်ဟု ဆိုသည်။

လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းရေးမှူး အဆင့် ဆွေးနွေးပွဲတွင် အဆိုပါ မိုင်းကိစ္စအား ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များက တင်ပြသွားမည်ဟု ဆိုသည်။

ယခု မြန်မာ စစ်တပ်မှ မိုင်းထောင်နေသော နယ်မြေများမှာ မြန်ဘက်မှ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းတွင် ခေါင်းတုံးနယ်မြေတွင် တည်ရှိကြောင်း နိရဉ္စရာက စုံစမ်း သိရှိရသည်။

စိတ်ဝင်စားစရာ စက်မှုကမ္ဘာ....

internet/izismile

Facebook နဲ့ မလေးရှားရောက် မြန်မာတို့အတွက် ဝမ်းနည်းမှု

Wednesday, June 12, 2013
မလေးရှားရောက် မြန်မာတချို့ အသတ်ခံရတဲ့အတွက် Facebook မှာ ဝမ်းနည်းကြောင်း သင်္ကေတနဲ့ ဖော်ပြနေကြပါတယ်။

အဲဒါကတော့ ကိုယ့် Facebook Profile ပုံတွေကို အနက်ရောင် ထင်ထင်ရှားရှားခြယ်လိုက်ကြခြင်းပါပဲ။


Facebook သုံးသူတဦးဖြစ်တဲ့ နတ်ဆရာကြီး အမည်ခံသူက ... "ယခုအချိန်မှစ၍ မဲမဲမြင်သမျှ Like လုပ်ပါမည်" လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တဲ့ ၀မ်းနည်းကြောင်း ဖော်ပြမှုတွေကို ဒီကနေ့အထိ တွေ့နေရဆဲပါ။ အနက်ရောင် သင်္ကေတ သုံးသူ အရေအတွက် ပိုမို တိုးပွားလာမယ်လို့ ယူဆပါတယ်။

မလေးရှားရောက် မြန်မာပြည်သားတွေ ပြည်တော်ပြန်လိုတယ်ဆိုရင် အခမဲ့ ပို့ဆောင်ပေးမယ် လို့ ကြေညာတဲ့ မြန်မာ့ လေကြောင်းလိုင်းတချို့တောင် ပေါ်လာပါတယ်။

မကြာခင်ကပေါ်ပေါက်လာတဲ့ သတ်ဖြတ်မှုတွေကြောင့် မလေးရှားရောက် မြန်မာတွေကြားထဲ ထိတ်လန့်နေသူ အများအပြားရှိမှာ သေချာပါတယ်။ သို့သော်လည်း ချက်ချင်း ပြည်တော်ပြန်ဖို့ အစီအစဉ်  ရှိကြ မရှိကြ ဆိုတာကိုတော့ မသိရသေးပါ။

မလေးရှားရောက် မြန်မာပြည်သားများအရေး လေ့လာ လိုတယ် ဆိုရင်တော့  www.facebook.com/mmrinmy က အတော်လေး အထောက်အကူ ပြုပါလိမ့်မယ်။