Thursday, June 13, 2013

ကံ ကံ၏အကျိုးဆိုတာ

မိတ္ထီလာမှာသေကြတယ်
ဝမ်းနည်းသူဝမ်းနည်းတယ်
ကိုယ့်အမျိုးမှမဟုတ်တာ ဘယ်လိုမှမနေသူရှိတယ်
ငါကြည့်မရတဲ့ကောင်ပါသွားပြီလားဟဲ့
ဝမ်းသာသူရှိကောင်းရှိမယ်
ဘာပဲဖြစ်ဖြစ် သေသွားတာလူတွေမို့
လူဆန်သူတချို့စိတ်မကောင်းဖြစ်ကြတယ်

မလေးရှားမှာသေကြတယ်
ဝမ်းနည်းသူဝမ်းနည်းတယ်
ကိုယ့်အမျိုးမှမဟုတ်တာ ဘယ်လိုမှမနေသူရှိတယ်
ငါကြည့်မရတဲ့ကောင်ပါသွားပြီလားဟဲ့
ဝမ်းသာသူရှိကောင်းရှိမယ်
ဘာပဲဖြစ်ဖြစ် သေသွားတာလူတွေမို့
လူဆန်သူတချို့စိတ်မကောင်းဖြစ်ကြတယ်

အဲဒီထဲမှာ တချို့တွေ ကိုယ်တိုင်ကိုယ်ကျ လှူကြ
တချို့တွေက ကိုယ်ကြည့်မရတဲ့ကောင်ကိုလှူရကောင်းလားဆဲကြ
ပါးစပ်လေးနဲ့ သနားပါတယ်အမည်ကောင်းယူကြ
ပါးစပ်လေးနဲ့ သေတာကောင်းတယ် အကုသိုလ်ယူကြ

ခင်ဗျားတို့ ပရိုဖိုင်မှာ ဘာအရောင်ကြီးတင်တင်ပါဗျာ
လူတွေသေတာကို လူလို ၀မ်းမနည်းတတ်သမျှ
လူဖြစ်ပြီးလူလိုနေ လူလိုသေဖို့မျှော်လင့်လို့မရနိုင်ဘူး
ကိုယ်ကြည့်မရတဲ့လူသေရင် ဘယ်သူမပြုမိမိမှု
ကိုယ့်အမျိုးသေမှ မတရားမှုဆိုရင်
ကံ ကံ၏အကျိုးဆိုတာ အဲဒီပါးစပ်တွေနဲ့မပြောနဲ့ မတန်ဘူး
credit- Lagoon Eain

0 ကွန်မန့်ရေးရန်:

Post a Comment