Thursday, June 13, 2013

အမျိုးစောင့်ဥပဒေ

Pin Myint shared Nay Min's photo.
ဗလီမီးရှို့စရာလည်းမလို၊ ဆိုင်ဖျက်စရာလည်းမလို၊ တိုက်အိမ်ဖြိုစရာလည်းမလို၊ လူသတ် အကြမ်းဖက်စရာလည်းမလိုတဲ့ အမျိုးစောင့်ဥပဒေ ကမ်ပိန်း စပြီ

ဗလီမီးရှို့စရာလည်းမလို၊ ဆိုင်ဖျက်စရာလည်းမလို၊ တိုက်အိမ်ဖြိုစရာလည်းမလို၊ လူသတ် အကြမ်းဖက်စရာ လည်းမလိုဘဲ လက်မှတ်ကလေးတစ်ချက်ထိုးရုံဖြင့် အမျိုးဘာသာ သာသနာလုံခြုံရေး အပြည့်အဝရရှိစေ မည့် "အမျိုးစောင့်ဥပဒေ" ပေါ်ပေါက်ရေး Campaign လှုပ်ရှားမှုကို ယနေ့ ၁၁-၆-၂၀၁၃ နေ့မှာ စတင်လိုက်ပြီ ဖြစ်သည်။

မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာကျင်းပသည့် မန္တလေးမြို့ပေါ် ပရဟိတလူမှုရေး ဘာသာရေးအဖွဲ့ အစည်း (၄၁)ဖွဲ့ တက်ရောက်ကြပြီး တညီတညွတ်တည်း လက်မှတ်ရေးထိုးကာ မန္တလေးမြို့တစ်မြို့လုံးသို့ လက်မှတ်လိုက်ကောက်တော့မည် ဖြစ်သည်။ယခုအထိ အဖွဲ့အစည်းပေါင်း (၄၁)ဖွဲ့၊ မြို့နယ်ပေါင်း (၅၆)ခုသို့ ဖြန့်ကျက်ကာ လက်မှတ်များ ရယူနိုင်ပြီ ဖြစ်သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအတွက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ အဓိပတိ နာယကဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် များ ဖြစ်ကြသော ဘဒ္ဒန္တဣန္ဒပါလ၊ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံ သနှင့် နိုင်ငံကျော်ဓမ္မ ကထိကဆရာတော်များဖြင့် ဖွဲ့စည်းထားသော အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဦးဆောင် ဆရာတော်ကြီး များအဖွဲ့က စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

အထူးသဖြင့် မြန်မာတိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်းဖြစ်ပြီး ဤဥပဒေပေါ်ပေါက်လာပါက မူဆလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော်သိမ်းပိုက် လိုမှုများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ လွတ်တော်ကိုယ်စ လှယ်တိုင်းသို့ လက်မှတ်များပေးပို့ကာ လွတ်တော်ထဲမှာ အဆိုပြု၊ တင်ပြ၊ ဆွေနွေး၊ အတည်ပြုနိုင်သည်အထိ စီစဉ်ထားသည်။ အမျိုးစောင့်ဥပဒေ ကမ်ပိန်း လာလေပြီ။မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်။


ဆရာတော် ဦးဝီရသူ

1 ကွန်မန့်ရေးရန်:

တိကျလုံခြုံပြီး အေးအေးဆေးဆေးနေရရင် ကျေနပ်ပါပြီ။ ဒီဥပဒေ မြန်နိုင်သမျှမြန်မြန်ပေါ်အောင် အားလုံးဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ။

Post a Comment