This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, September 26, 2012
ချစ်ဇနီး
အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။ ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် 
“ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?” 
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။ ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရ တာ အေးအေးဆေးဆေးပါဘဲ။ 
ကျွန်တော် ကုမ္ပဏီမှာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။ ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ 
ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို… တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။ 
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာ ကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကို လဲ ပြောင်းနေနိုင်ပါပြီ။ 
ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။ သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
 ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေ တယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။ 
နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊” သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီး ထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။
 ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်း တဲ့ အချိန်မရှိသလောက်ဘဲ။ ဒါပေမဲ့ အခုတော့… တခဏလေးမှ အနားမယူ တတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။ သူမရှိတော့တဲ့အိမ်ဟာ အရမ်းကို တိတ်ဆိတ်လွန်းတယ်။ 
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေ လွမ်းခြုံနေပြီ။ အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့် သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။ 
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။ မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက် တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့… ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။ 
အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေ တာ နေရာနှံ့နေပြီ။ ရှာ မတွေ့ဘူး။ သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနား မှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။ 
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်… အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်း တစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသား နားနားရှိနေပါစေ အလကားပါဘဲ။ 
တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြား ကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံ ရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီး တယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။ 
ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ်
 “ရှင်တို့နဲ့ မခွဲရက်ဘူး… ” 
 သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံး အိမ်ထဲမှာ မနေနိုင်တော့ပါဘူး… ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့ လင်မယား ဒီလောက်ထိချစ်ကြတာကို… ဒါပေမဲ့… အဲဒီအချိန်မှာ… ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။
 “သူ ငါ့ကိုထားခဲ့လို့မရဘူး”
 “ငါသူ့ကိုလိုအပ်တယ်” 
ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ 
သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ 
“ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…” ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေး လို့ပါ။ 
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြ ပါဘူး။ အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကို ဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။ 
ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေ အားလုံးရယ်ရယ်မောမောနဲ့… ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်… 
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား… ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ… ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။ 
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား… ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။ ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန် တစ်အိတ် ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို… ကျွန်တော် လုံးဝမသိခဲ့ဘူး… 
ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို … ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ… သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ… 
ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ် အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။ တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက် ထိကြာပြီလဲ ဆိုတာကို မမှတ်မိတော့ပါဘူး။ 
ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်… တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။ 
 ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”… 
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့… 
ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ… အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။ 
 ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။ အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။ 
 နောက်ဆုံး သူကျွန်တော့ကို ပြောတယ် 
“အိမ်ပြန်ချင်တယ်…”
 ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်ပြီးတော့… သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲ မှုတွေကို သူခံစားနေရပြီ… သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။ 
ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာ ကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ… သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်… ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။ 
သူကျွန်တော့ကို ပြောသေးတယ်… “ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…”
 “ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာ သွားဝယ်တာ…” 
သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက် သုံးပုံသုံးနည်းသင်ပေးလိုက်သေး တယ်။ နှစ်ပေါင်း များစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့ တာပါ။ ၀ယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ… 
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်… မဆုံးခင်ရှေ့ တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။ 
ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ… ဒီ ၃ လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။ ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်… ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ… ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ… 
သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်… မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။
 မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ… အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
 လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေ ကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး… အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်… သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်… သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။ 
သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက် ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။ အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော် ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ… 
ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်… 
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး” အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။ သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်…
 “ပျော်ရွှင်ခြင်း” 
ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ… 
ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”  ဆိုတဲ့ စကားကို မသုံးခဲ့ဘူး… သူ ၀တ္ထုတွေ… ကိုးရီးယား ကားတွေကြည့်ပြီး ငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်… 
အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်… ကျွန်တော့ရဲ့ “ချစ်ဇနီး”… 
 မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…? 
Zane မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥
 HZ Zane ရဲ့ စာမျက်နှာ
ရှမ်းမြောက် ပန်ဆိုင်း တိုက်ပွဲတွင် မြန်မာအစိုးရ တပ် ဗိုလ်ကြီး အပါအ၀င် ၄ ဦးကျ
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မှ ၁ မိုင်အကွာရှိသည့် ဖိုင်ကောင်း (Hpai Kawng) ရွာဦးပိုင်းတွင် မြန်မာအစိုးရ လားရှိုးတပ် ခလရ (၆၉) တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အရပ်သား ကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ(၅)တို့ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာတွင် အစိုးရတပ်ဖက်မှ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၃ ဦးဒဏ်ရာရှိသွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်တပ်မှ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြစဉ် KIA ဖက်မှ တိုက်ပွဲတွင် သယ်ယူပို့ဆောင်ပေးနေသော တပ်သား ၁ ဦး သတ်ခံရပြီး အစိုးရတပ်ဖက်မှ ၄ ဦးနှင့် ၁၀ ဦးကျော်ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA အရာရှိများပြောသည်။
ကပ်နာ (Kapna) ရွာဟောင်းဖြစ်ပွားသော တိုက်ပွဲတွင် ထိုအစိုးရတပ်မျာသည် KIA ကို ပစ္စည်းများ သယ်ပေးနေ သော အသက် ၁၅ နှစ်အရွယ် အမျိုးသားအား ဖမ်းဆီးလိုက်ပြီး မျက်စိ၊ နှာခေါင်း၊ ခေါင်း၊ ဂုတ်တွင် ဓါးဖြင့်ထိုးနှက် နှိပ်စက်၍ ပစ်သတ်ကာ အိမ်တအိမ်ရှေ့တွင် ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း၏ ရုပ်အလောင်းကို ယနေ့ နံနက်သွားယူချိန် ၎င်း၏ ဦးခေါင်းပိုင်းတွင် သွေးများယိုနေပြီး သေဆုံး နေကြောင်း ယနေ့ ညနေဘက်မှာ မြုပ်ခဲ့ကြောင်း ထိုအရာရှိ ဆက်ဆိုသည်။ အဆိုပါ ဒေသခံသည် အစိုးရနှင့် တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း ပြည်သူအရပ်သား ကာကွယ်ရေး တပ်ဖွဲ့ (MHH) တပ်ခွဲ (၅) များအား ဆိုင်ကယ်ဖြင့် လိုရာပစ္စည်းများ ဓာတ်ခဲ၊ အစားအစာများကို သယ်ပို့ပေးနေသူဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများသည် နံနက်မှစ၍ ဂျန်းချန် (Jeng Shang)နှင့် တောင်ဝမ် (Dawng Waw) တွင်ဖြစ်ပြီး ညနေဘက် ကပ်နာ (Kapna) တွင်အပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့တန်းမှ KIA စစ်သား တစ်ဦးပြောသည်။
“မနက် ၁၀ ခွဲမှာ ၁ ကြိမ်၊ ၁ ခွဲမှာ ၁ ကြိမ်၊ ညနေ ၄ခွဲမှာ ၁ ကြိမ် ညမိုးချုပ်တဲ့အထိ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်ကြတယ်။”
မြန်မာအစိုးရတပ်များသည် ဒဏ်ရာရသူများကို ပန်ဆိုင်းနှင့် မူဆယ်ပြည်သူ့ဆေးရုံတွင် ပို့ထားပြီး သေဆုံးသူ ဗိုလ်ကြီးနှင့် တပ်သားများ၏ ရုပ်အလောင်းများကို ကားဖြင့် ၎င်းသို့၏တပ်သို့သယ်သွားကြောင်းသိရသည်။
တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့ (MHH) တပ်ခွဲ(၅) မှ သေဆုံးမှု မရှိသော်လည်း ၂ ဦး ဒဏ်ရာ ရရှိကြောင်းသိရသည်။ ထိုသူ ၂ ဦးကို တရုတ်ပြည်ဆေးရုံသို့ ပို့ထားကြောင်း အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
မြန်မာပြည်မှာ ဓမ္မကထိကတွေ တရားဟောခွင့်ရပြီ
မြန်မာပြည်မှာ ဓမ္မကထိကတွေ တရားဟောခွင့်ရပြီ
မိုးမခ ဓာတ်ပုံသတင်း၊
စက်တင်ဘာ ၂၅၊ ၂၀၁၂
 မြန်မာနိုင်ငံတွင် တရားဟောခွင့်ပိတ်ပင်ခံထားရသော တရားဟောဓမ္မကထိကအားလုံးကို ပြန်လည်ပြီး တရားဟောခွင့်ပြုလိုက်ဖြစ်ကြောင်းကို(၂၃.၀၉.၁၂) ရက်နေ့ သာသနာရေးဝန်ကြီးဦးမြင့်မောင် (၀န်ကြီးများရုံး) စာအမှတ် ၁၀၀/၃-၁၅/၀ကရ ဖြင့်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း
၁၂နှစ်အရွယ် အမျိုးသမီးငယ်တဦးကို အလိုမတူ အားဓမ္မပြုကျင့်
(ရွှေမြန်မာမီဒီယာဂရု )
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရင်ဂမြို့နယ် ဒတ်မာ
ရာဒေသ၌ ၁၂နှစ်အရွယ် မိန်းကလေးတဦး
ကိုအလိုမတူဘဲ မုဒိမ်းပြုကျင့် ဖြစ်ရပ်တခု
ပေါ် ပေါက်ခဲ့သည်ဟု ၄င်းတို့၏နိုင်ငံပိုင်
သတင်းတွင်ဖေါ်ပြထားသည်။
“အိမ်နားက ဟင်ခင်းကို ဟင်းခူးဖို့သွားတယ်။ အဲဒါကို အခွင့်ကောင်း ယူပြီး ဒါခီးယာရွာက
 Sahid Ullah ဆိုတဲ့လူဟာ အဲဒီမိန့် ကလေးကို အနီးအနား တောထဲကိုအားဓမ္မခေါ်ယူပြီး
မုဒိမ်းပြုကျင့်တာ ဖြစ်ပါတယ်” ဟုမိသားစု အပြောကိုကိုးကားပြီး ရဲအရာရှိက ဒေသ
 သတင်း ထောက်အားပြောသည်။
ပြုကျင့်ခံရသူ မိသားစုဘက်မှ အဆိုပါ အမှုနှင့်ပတ်သက်၍ ရင်ဂမြို့ရဲဌာနတွင် လွန်ခဲ့တဲ့
တနင်္ဂနွေနေ့က ညနေပိုင်က အမှုဖွင့်တိုင် ကြား ထားသည်ဟုဆိုသည်။ သို့သော် အဆိုပါမှုမှာ အမှုခင်းဖြစ်ပြီးနောက် ပျောက်ကွယ်နေသည့်အတွက် တရားခံကို ရဲတပ်ဖွဲ့ ဖမ်းဆီးရန်
 ကြိုးစားနေသည် ဟုဆိုသည်။
(ရွှေမြန်မာမီဒီယာဂရု )
မူရင်းလင့်
http://www.thedailystar.net/newDesign/news-details.php?nid=251106
ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေအကြောင်းကို သမ္မဦးသိန်းစိန်က အမေရိကန်မှာ နိုင်ငံတကာသိအောင်ပြောကြားမည်
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးမှာ
သမ္မတရဲ့  ပြုပြင်ပြောင်းလဲရေးဆောင်ရွက်
ချက်တွေကို နိုင်ငံတကာ သိ အောင် ထုတ်
ဖော်ပြောကြားသွားမှာဖြစ်ပြီး ရိုဟင်ဂျာ
ကိစ္စနဲ့ ပတ်သက်လို့လဲ ရှင်းလင်း ပြော
 ကြားသွားဖို့ ရှိတယ် လို့ သမ္မတရုံးက ပြောပါတယ်။
စက်တင်ဘာ ၂၄ရက်က စတင်လိုက်တဲ့ သမ္မတရဲ့ အမေ၇ိကန် တစ်ပတ်ကြာခရီးစဉ်ထဲ
အဓိက ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲလို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ
သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက ခုလိုထုတ် ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။
အထူးသဖြင့်တော့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘာတွေလုပ်နေတယ်။
 ဘာတွေ ဆက်လုပ် သွားမယ်၊ အခက်အခဲတွေ စိမ်ခေါ်မှုတွေက ဘာတွေရှိနေတယ်၊ အဲ့ဒီအတွက် နိုင်ငံတကာက ထောက်ပံ့ကူညီမှု ဘာတွေ လိုအပ်နေတယ် ဆိုတာတွေ
သမ္မတအနေနဲ့  ထုတ်ဖော်ပြောကြားသွားဖို့ရှိတယ်လို့လဲ ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ အမေရိ ကား ခရီးစဉ်မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့
 တွေ့ဖို့ရှိ မရှိကတော့ မသိရသေးပါဘူး။ ဒါပေမယ့် ကုလသမဂ အထွေထွေအတွင်း ရေး
 မှုးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ ထိုင်းဝန်ကြီးချုပ်
ယင်လပ်ရှင် နာဝပ်၊ အမေရိကန်နိုင်ငံခြားရေး မူဝါပိုင်းက ဟင်နရီကစ်ဆင်းဂျား၊ တခါ
ဥရောပသမဂ္ဂအီးယူထိပ်တန်းခေါင်း ဆောင်တွေနဲ့ အမေရိကန်ထိပ်တန်းစီးပွား ရေးလုပ်
သမ္မတ ဦးသိန်းစိန်ဟာ ၂၀၀၉ခုနှစ်တုန်းက နအဖ ၀န်ကြီးချုပ်အနေနဲ့ ကုလသမဂ္ဂ
အထွေထွေညီလာခံမှာ တက် ရောက် မိန့်ခွန်းပြောကြားခဲ့ဖူးပြီး၊ သမ္မတအနေနဲ့တော့
ဒါပထမဆုံးအကြိမ် ညီလာခံ တက်ရောက်တာ ဖြစ် ပါ တယ်။
By DVB Burmese
ဂျစ်ကားနှင့် ဆိုက်ကား ဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟ
ဂျစ်ကားနှင့် ဆိုက်ကား ဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟ
ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ယခင်က လူကြိုက်များ ကာ အရောင်း အဝယ်ဖြစ်ခဲ့သော ဂျစ်ကားများသည် ယခုအခါဈေး ကျဆင်းလာသောကြောင့် ဂျစ်ကား နှင့် ဆိုက်ကားဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟကြောင်း ဟံ သာဝတီကားပွဲစားတန်းထံမှသိရ သည်။
"ကားဝင်းထဲမှ ဂျစ်ကားက ဈေးကွက်ပျောက်နေတယ်။ ဝယ်လို အားလည်း နည်းသွားပြီ။ ဂျစ်ကား တွေကို စက်မှုဇုန်တွေက ၂၀ဝ၄/ ဝ၅ လောက်ကစပြီး ထုတ်လုပ်ခဲ့ တာပါ။ အခု ဆိုက်ကားဈေးနဲ့ ယှဉ်လိုက်မယ်ဆိုရင် ၁၀သိန်းဝန်း ကျင်လောက်ပဲကွာမယ်ထင်တယ်" ဟု ဟံသာဝတီကားပွဲစားတန်းမှ ဝါရင့်ကားပွဲစားဦးသိန်းထွန်းက ဆို သည်။ ရှမ်းစတားဂျစ်များသည် စက် မှုဇုန်ဂျစ်ကားထဲတွင် အရင်ဆုံးပေါ် ထွက်လာပြီး လူကြိုက်များကာ ကျပ်သိန်း၉၀ဝန်းကျင်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုအခါ ဈေးကွက်ပျောက်ကာ ဝယ်လိုသူ နည်းပါးသောကြောင့် ကျပ် ၃၅ သိန်းခန့်သာဈေးပေါက်နေကြောင်း ထီလာဂျစ်တစ်စီးလျှင် ၃၅ သိန်း ဝန်းကျင်၊ ဒဂုံဂျစ်တစ်စီးလျှင် ၄၅ သိန်းဝန်းကျင်၊ ရာဇာဂျစ် တစ်စီး လျှင် သိန်း ၄၀ ခန့် ဈေးပေါက်နေ ကြောင်း ယခင်က ဒဂုံဂျစ်သည် လူကြိုက်အများဆုံးဖြစ်ခဲ့ကာ ရာဇာ ဂျစ်သည် ဒုတိယလူကြိုက်အများ ဆုံး ဖြစ်ခဲ့ကြောင်း ဦးသိန်းထွန်းက ပြောသည်။
ဂျစ်ကားများသည် ယခင်က လူငယ်များအကြား ခေတ်စားခဲ့ပြီး သင်္ကြန်လည်ပတ်ရာတွင် ပေါ်ပြူ လာတစ်ရပ်ဖြစ်ခဲ့ကြောင်း ယခုအခါ ဇိမ်ခံကားတင်သွင်းသူ များပြားပြီး ကားဈေးများ ဆက်တိုက်ကျဆင်း လာသောကြောင့် ဂျစ်ကားဈေး ကွက်ပျောက်ဆုံးရခြင်းဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစတင် ချိန်တွင် ဈေးကွက်အတွင်း လူ ကြိုက်များသည့် စစ်ကျန်ဂျစ်ကား များ အပ်နှံခဲ့ကြကြောင်းသိရသည်။ ယခုအခါ ဆိုက်ကားဈေး ကွက်သည် မြို့တွင်းခြောက်မြို့နယ် ရှိ လိုင်စင်ပါဆိုက်ကား တစ်စီး လျှင် ကျပ် ၂၅ သိန်းဝန်းကျင် ဈေး ပေါက်နေသောကြောင့် ဆိုက်ကား ထောင်စားမည်ဆိုပါက မလွယ်ကူ ကြောင်း ဆိုက်ကားပိုင်ရှင်များထံမှ သိရသည်။ "ကျွန်တော်တို့ လှိုင်မြို့နယ် မှာဆိုရင် လိုင်စင်ပါဆိုက်ကား တစ်စီးကို ကျပ် ၁၅ သိန်းလောက် ရှိတယ်။ ဒေါင်းတောင်မြို့နယ်တွေ မှာဆိုရင်၂၅ သိန်းဝန်းကျင်လောက် ရှိတယ်။ အုံနာကြေးက တစ်ရက်ကို ကျွန်တော်တို့ မြို့နယ်မှာတော့ ၃၀ဝ၀ ခန့်ရှိတယ်"ဟု လှိုင်မြို့နယ် မှ ဆိုက်ကားပိုင်ရှင် ခရစ္စတိုက ဆို သည်။
လှိုင်မြို့နယ်မှဆိုက်ကားသမား တစ်ဦးက နံနက် ၅ နာရီမှစ၍ ည ၇ နာရီဝန်းကျင်ခန့်ထိ ပုံမှန်နင်း မည်ဆိုပါက တစ်ရက်ပျမ်းမျှ ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ရရှိတတ်ကြောင်း ဆိုသည်။ ယခုအခါ ပြည်တွင်းကားဈေး ကွက်တွင် မော်ဒယ်မြင့်ကားများ အရောင်းအဝယ်ဖြစ်ကာဈေးအနည်း ငယ်မြင့်တက်လာကြောင်း ဟိုင်း လတ်ဆက် ၉၉ မော်ဒယ် ကျပ်သိန်း ၄၁၀ ဝန်းကျင်၊ ပရာဒို ၉၉ မော်ဒယ် ကိုကျပ်သိန်း ၄၅၀ ဝန်းကျင်၊ ပရာဒို TZ ၉၇ မော်ဒယ်ကို ကျပ်သိန်း ၃၅၀ ဝန်းကျင်၊ပရာဒို TX ၉၇ မော် ဒယ်ကျပ်သိန်း ၃၂၀ ဝန်းကျင်၊ ပရာဒို TX (Limited) ကို ကျပ် သိန်း ၃၅၀ ဝန်းကျင်၊ ဟာရီ ၂၀ဝ၀/ဝ၁ မော်ဒယ်ကို ကျပ်သိန်း ၂၂၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း ဟံသာဝတီ ကားပွဲစားတန်းထံမှ သိရသည်။
By ရိုးရာလေး
လေဖြတ် ဝေဒနာသည် အတွက် ပထမ ၃နာရီ အရေးကြီး
25 SEPTEMBER 2012 | BY HEALTH DIGEST
လေဖြတ်ခြင်း(Stroke) ကို ကုသရာမှာ အကြီးမားဆုံး အတား အဆီးကတော့ ကုသဖို အတွက် အချိန် တိုတောင်းခြင်း (A Brief
Window Period for Treatment) ပဲ ဖြစ်ပါ လိမ့်မယ်။ ဒီအချိန်လေးက လေဖြတ် ခြင်း စတင်ဖြစ်ပေါ်တဲ့အချိန်မှစပြီး ၃ နာရီအတွင်းပဲဖြစ်တယ်။ ယင်းအချိန် က လွန်သွားရင် ပိတ်ဆို့သွားခဲ့တဲ့ သွေးကြောကို ပြန်ဖွင့်ဖို့က မဖြစ်နိုင် သလောက်ပါပဲ။ ဒါ့အပြင် ထိခိုက်မိတဲ့ ဦးနှောက်တစ်သျှူးအများစုက သေ သွားမှာဖြစ်တယ်။
ဒါကြောင့် မြန်မြန်ကုသနိုင်ဖို့အ တွက် လေဖြတ်ဝေဒနာရဲ့ ရောဂါ လက္ခဏာများကို သိရှိထားရပါမယ်။ ဒါနှင့် ပတ်သက် ပြီး"FAST" ဆိုတဲ့ အတိုကောက် စာလုံးကို မှတ်သားဖို့ လိုပါလိမ့်မယ်။ F ဆိုတာက Facial Weakness or Asymmetry (မျက်နှာမှာ အား မရှိတာ၊ ဒါမှမဟုတ် ပုံပျက်တာ၊ တစ်ဖက်နဲ့ တစ်ဖက်မညီတာကို) ဆို လိုတယ်။
A ကတော့arm weak လက်မောင်း အားမရှိတာ ဖြစ်တယ်။ှS က Speech Difficulties (စကား ပြောရတာ မကောင်းတာ။ အခက် အခဲရှိတာ) ဖြစ်တယ်။ T ကတော့ Time to Take Action ဆောင်ရွက်ချိန်) ကို ရည်ညွှန်းတာ ဖြစ်တယ်။ လူတစ်ယောက်က ဒီရောဂါ လက္ခဏာ ၃ မျိုးထဲက အနည်းဆုံး တစ်မျိုးရှိနေတယ်ဆိုရင် အဲဒီလူကို အရေးကြီးတဲ့ ပထမ ၃ နာရီ၊ အတွင်း အနီးဆုံးဆေးရုံသို့ အမြန်ဆုံး ပို့ပေးရ မှာဖြစ်တယ်။
ဦးလှမြင့် (ဂန္ဓမာ)
News from : HEALTH DIGEST
Post by အေးချမ်းမွန်
By Aye Chan Mon
အာဖဂန် နစ္စတန်နိုင်ငံတွင် တာလီဘန် ၂၈ ဦးသေဆုံးပြီး ၅၄ ဦး အဖမ်းခံရ
ကဘူးလ် စက်တင်ဘာ ၂၄
အာဖဂန်နစ္စတန် နိုင်ငံအတွင်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း မတူညီသော ပြည်နယ်များမှ တာလီဘန် စစ်သွေးကြွ ၂၈ ဦးသေဆုံးခဲ့ပြီး ၅၄
ဦးခန့်အား ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း အာဖဂန်ပြည်ထဲရေး ဝန်ကြီးက ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။
NATO ဦးဆောင်သော နိုင်ငံတကာ တပ်ဖွဲ့များနှင့် အာဖဂန်အမျိုးသားရဲ တပ်ဖွဲ့ (NAP)၊ အာဖဂန် တပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်း ရေး အေဂျင်စီ (NDS) တို့သည် နန်ဂါဟာပြည်နယ်နှင့် အခြားပြည်နယ် ရှစ်ခုတို့တွင် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းသို့ တာလီဘန်များအား နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆင်ရေး ဆိုင်ရာ ကြေညာချက် တစ်ခု၌ ဖော်ပြထားသည်။
တာလီဘန်များနှင့် အတူ လက်နက် အများအပြားလည်း သိမ်းဆည်း နိုင်ခဲ့သည်ဟု ဖော်ပြထားသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုကိုမူ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။
ထို့အပြင် ပါဝန်နှင့် ခို့စ်ပြည်နယ်တို့၌လည်း အာဖဂန် ထောက်လှမ်းရေး အေဂျင်စီက ကားမိုင်း တစ်လုံးနှင့် ၁ဝဝ ကီလိုဂရမ်ရှိ ဖောက်ခွဲရေး ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ပူးပေါင်း စစ်ဆင်ရေးကြောင့် စစ်သွေးကြွများ သေဆုံးခဲ့ရမှုအပေါ် တာလီဘန် စစ်သွေးကြွအုပ်စုက ယခုထိ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးဟု သိရသည်။
By Royal Hero Media
iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန်
ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 တရားတော် အပုဒ်ရေ ပေါင်း တစ်သောင်း၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း ၄ထောင်ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၉၂၅ ဂစ်ဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com  တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…
ယာဉ် ထိန်းတပ်ဖွဲ့ဝင်များ၏ဒုက္ခ
ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး အား မေးမြန်းစုံစမ်းကြည့်ရာအဆိုပါတပ် ဖွဲ့ဝင်မှ သူတို့နေ့စဉ်တာဝန်ထမ်းဆောင် နေရသည့် အခြေအနေနှင့် အခက်အခဲ များကို ပွင့်လင်းစွာရှင်းလင်းပြောပြသဖြင့် သိခွင့်ရခဲ့ပါသည်။ ဆောင်းပါးရေးသား သူစတုတ္ထမဏ္ဍိုင်နှင့်အခြားသူများ ပါသိ ရှိနိုင်ရန် အောက်ပါအတိုင်းဖော်ပြလိုက်ပါ သည်။
တိုင်း/ပြည်နယ်ဒေသကြီးအသီးသီး ၌ တာဝန်ထမ်းဆောင်လျက်ရှိသောယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် မီးပွိုင့်များ၊ လမ်းဆုံလမ်းခွများ၊ အ၀ိုင်းပတ်များ၊ တံတားများ၊ အရေးကြီးအဆောက်အဦ နေရာများ၊ ယာဉ်သွားယာဉ်လာရှုပ်ထွေး သည့်လမ်းမကြီးများစသည့်နေရာများ တွင် တာဝန်ထမ်းဆောင်ကြရပါသည်။ နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ဥပမာပြရလျှင် ထိုတာဝန်ကျနေရာများ သို့နေ့စဉ်ဆိုင်ကယ်ဖြင့်သွားရောက်ကြရာ ၌ ခရီးအကွာအဝေးအလိုက်ဓာတ်ဆီ (၂) ပုလင်း (သို့မဟုတ်) (၃) ပုလင်းခန့်သုံးစွဲ ကြရပါသည်။ တပ်ဖွဲ့ဝင်တစ်ဦးလျှင်ပျှမ်း မျှ (၂) ပုလင်းသုံးစွဲပါက တပ်ဖွဲ့ဝင် (၁၅၀) ဦး အတွက်အဆိုပါပုလင်း (၃၀၀) စုစုပေါင်း ဂါလံ (၅၀) ခန့် အသုံးပြုရကြောင်း သိရှိ ရပါသည်။ ငွေကြေးတန်ဖိုးတွက်ချက် ကြည့်ပါက နေ့စဉ်ကျပ် (နှစ်သိန်း)ခန့် ကုန်ကျအသုံးပြုနေရပြီး တစ်လအတွက် ဆိုပါက ကျပ် (သိန်းခြောက်ဆယ်)ခန့် သုံးစွဲကုန်ကျလျက်ရှိပါသည်။ အဆိုပါ သုံးစွဲရသည့် စက်သုံးဆီတိုးငွေများအား မည်သူ့ထံကမှ ရရှိခြင်းမရှိဘဲ မိမိတို့ အစီ အစဉ်ဖြင့်သာ ၀ယ်ယူသုံးစွဲနေရကြောင်း သိရှိခဲ့ရပါသည်။ တိုင်းဒေသကြီး/ပြည် နယ်များရှိ တပ်ဖွဲ့ဝင်များသည်လည်း အလားတူပင်ဖြစ်ကြောင်း ရန်ကုန်ယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အလား တူပင်တာဝန်ကျရာနေရာများသို့ မိမိတို့ အစီအစဉ်ဖြင့် သွားရောက်ရပါသည်။ နေရေးတွင်လည်း ဌာန၏ နေအိမ်လိုင်း ခန်းများ လုံလောက်မှုမရှိသဖြင့် မိမိတို့၏ မိဘဆွေမျိုးများထံတွင် ကပ်နေရသူများ၊ အိမ်ငှားပြီးနေထိုင်ရသူများ၊ ယောက်္ခမ အိမ်ကပ်နေရသူများ အရေအတွက်မှာ ရှိရင်းတပ်ဖွဲ့ဝင်အင်အား၏ တစ်ဝက် ကျော်ခန့်ရှိနေပါသည်။ ၎င်းအခက်အခဲ များကို ကျွန်တော်တို့မည်သို့ ကုစားရ မလဲ။ အဲဒီအတွက် အခက်အခဲ စိန်ခေါ် မှုများကို ကျွန်တော်တို့ မည်သို့ ဖြေရှင်း ရမလဲ။ နိုင်ငံတော် အစိုးရသစ်တက်လာ ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ လစာ အပြင် အပိုထောက်ပံ့မှု (၃၀၀၀၀ိ/-) ကျပ် တပ်ဖွဲ့ဝင် တစ်ဦးချင်းအတွက် တစ် ရက်စားစရိတ် (၅၀၀)ကျပ် ထောက်ပံ့ ပေးခဲ့ပါသည်။ သို့ရာတွင် ဇနီးနှင့်သား၊ သမီးများရှိနေပါသည်။ ကျွန်တော်တို့သာ တစ်ဦးတည်းဖြစ်ပါက ဖြေရှင်းကုစားနိုင် ပါကြောင်း၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစု လူနေမှု ကုန်ကျ စရိတ်များအတွက် စတုတ္ထမဏ္ဍိုင်မှ စာရေးသူအနေဖြင့် ကျွန်တော်တို့နေရာ ၀င်ကြည့်စေလိုပါကြောင်း ပြောပြပါသည်။
ထို့ပြင် လုပ်ငန်းသဘာဝအရ တာဝန်ကျသည့် နေရာသို့ နံနက်စော စောသွားရောက်ရသည်ဖြစ် နံနက်အစာ ပြေစားခြင်း၊ နေ့လည်စာစားခြင်းတို့အား တာဝန်ကျသည့် နေရာတွင်ဖြစ်သလို၊ ကြုံသလို ၀ယ်ယူစားသောက်ရပါသည်။ ထိုစရိတ်စကများမှာလည်း နေ့စဉ် ကုန် ကျစရိတ်ဖြစ်ပြီး မည်သူကမှ လာမပေး ဘဲ မိမိတို့ဘာသာ မိမိတို့ဖြေရှင်းနေရ ကြောင်း သိရပါသည်။ တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်း သဘောသဘာဝအရ ဆိုင်ကယ်တစ်စီး မဖြစ်မနေလိုအပ်သဖြင့် မိမိတို့ အစီအစဉ် ဖြင့် ခြိုးခြံချွေတာပြီး ဆိုင်ကယ်ဝယ်ယူရ ပါသည်။ တာဝန်ထမ်းဆောင်ရင်း ဆိုင် ကယ်စက်ချို့ယွင်းမှုဖြစ်၍ ပြုပြင်ရာတွင် လည်း မိမိတို့ အစီအစဉ်ဖြင့်သာ ကျခံ သုံးစွဲရကြောင်း သိရပါသည်။
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် နေ့ စဉ်နေ့တိုင်း နေပူထဲ မိုးရွာထဲ၌ လမ်းမ ကြီးများပေါ်တွင် တာဝန်ထမ်းဆောင်ရ ခြင်းဖြစ်၍ သတ်မှတ်ယူနီဖောင်းဝတ်စုံ အနည်းဆုံး (၄)စုံခန့် လိုအပ်မှုရှိပါသည်။ ၀တ်စုံများကောင်းမွန်ရမည်ဖြစ်ပြီး ဖိုင်ဘာ ဦးထုပ်၊ ခါးပတ်၊ လည်ရှည်ဖိနပ်ကြီး၊ ပိကက်ဦးထုပ်၊ ရောင်ပြန်ဝတ်စုံ၊ အချက် ပြမီးချောင်း၊ မိုးကာ၊ ကြူးနစ်ကုတ် ၀တ်စုံ စသည့် အသုံးအဆောင်ပစ္စည်းများကို လည်း မိမိတို့ဘသာ မိမိတို့ ၀ယ်ယူအသုံး ပြုကြရကြောင်း ပြောပြ၍ သိရှိရပါ သည်။ တာဝန်ထမ်းဆောင်ရာတွင် မရှိ မဖြစ်လိုအပ်သည့် လမ်းလျှောက်စကား ပြောစက်များကိုလည်း မိမိတို့ အစီအစဉ် ဖြင့် ကျခံဝယ်ယူသုံးစွဲရကြောင်း၊ မည်သူ ကမှ ပစ်္စည်းများ ထုတ်ပေးခြင်း၊ ထောက်ပံ့ ပေးခြင်းမရှိကြောင်းလည်း သိရှိရပါသည်။ မိမိတို့အား အထက်မှ တာဝန်ပေးအပ်ခြင်းသာရှိပြီး၊ တာဝန်ထမ်း ဆောင်နေစဉ်အတွင်း ကုန်ကျသော စရိတ်စကများကို မိမိတို့ဘသာ ကျခံ သုံးစွဲရကြောင်း ရှင်းလင်းပြောပြပါသည်။
ဆောင်းပါးရှင် စတုတ္ထမဏ္ဍိုင်မှ ရေး သားထားသကဲ့သို့ လမ်းပေါ်၌ ကားသမား များနှင့် ငွေယူပြုလုပ်သည့် ကိစ္စနှင့် ပတ် သက်၍ ပြောပြသည်မှာ ယာဉ်များ ရပ် တန့်စစ်ဆေးပြီး စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ရာ၌ ယာဉ်မောင်းလိုင်စင်မပါ သူများ၊ ယာဉ်လိုင်စင် (၀ှီးတက်) မပါသူ များလိုင်စင်သက်တမ်းလွန်သူများ၊ လုပ်ငန်းလိုက်စင်မပါရှိသူများ၊ ၀န်ပိုတင် ဆောင်သူများ၊ လမ်းစည်းကမ်းမလိုက်နာ သူများ စသည့်ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဖောက်ဖျက်ကျူးလွန်သူအချို့ သည် တရားရုံးသို့ မသွားလိုဘဲ ရှောင်လွှဲ လိုခြင်း၊ အချိန်ကြန့်ကြာမှုမခံလိုခြင်း၊ သတ်မှတ်ဒဏ်ငွေပေးဆောင်လိုမှုမရှိခြင်း တို့ကြောင့် တာဝန်ကျယာဉ်ထိန်းတပ်ဖွဲ့ ၀င်များထံ ချဉ်းကပ်အသုံးချ၍ ၎င်းတို့၏ လတ်တလော ပြဿနာများကို လမ်းပေါ် ၌ ဖြေရှင်းတတ်ကြပါသည်။ ဥပဒေ စည်း ကမ်းအရ တိတိကျကျ အရေးယူဆောင် ရွက်ပါကလည်း စိတ်ငြိုငြင်မှုများ ဖြစ် တတ်ကြပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ဝင် များမှာအဆိုပါ ကားသမားများပေးသည့် (၂၀၀ိ/-) ကျပ်၊ (၅၀၀ိ/-)ကျပ် (တစ်ခါ တစ်ရံအစုတ်များ) အားလက်ခံပြီးစည်း ကမ်းမလိုက်နာသူများ၏ အသုံးချခံများ ဖြစ်နေကြရပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ ၀င်များမှာ ပညာတတ်ဘွဲ့ရ၊ (၁၀)တန်း အောင်များဖြစ်ကြပြီး မည်သူကမှ ယာဉ်မောင်းများစွန့်ကြဲသည့် (၂၀၀ိ/-) ကျပ်တန်၊ (၅၀၀ိ/-)ကျပ်တန် အစုတ်များ ကို သူတောင်းစားကဲ့သို့ လက်ဖြန့်တောင်း ခံလိုခြင်း၊ ပစ်ချပေးသွားသည့်ငွေကို လိုက်လံကောက်ယူခြင်းများ မပြုလုပ်လို ကြပါ။ မိမိတို့၏ ဂုဏ်သိက္ခာအဆင့် အတန်းနှင့် သိက္ခာကျအရှက်ရစေမည့် အလုပ်မျိုးမည်သူတစ်ဦးတစ်ယောက်မှ မပြုလုပ်ချင်ကြပါ။ သို့ရာတွင် တာဝန် ထမ်းဆောင်ရင်း ကုန်ကျသည့် အုပ်ချုပ် ထောက်ပံ့မှု သုံးစွဲစရိတ်များ၊ အထွေထွေ ကုန်ကျစရိတ်များကို မိမိတို့ အစီအစဉ် ဖြင့်သာ ကျခံသုံးစွဲနေရသဖြင့် ထိုကဲ့သို့ ဖြစ်နေရကြောင်း ရှင်းပြ၍ သိရှိရပါသည်။ နေ့စဉ်တာဝန်ထမ်းဆောင်သွားလာလုပ် ကိုင်ရာ၌ ကုန်ကျသည့် စက်သုံးဆီ၊ ၀တ်စုံ နှင့် အခြားအသုံးအဆောင်ပစ်္စည်းများ အထွေထွေကုန်ကျစရိတ်များအား မည်သည့် ပြည်နယ်/တိုင်းအစိုးရအဖွဲ့က မှ ထောက်ပံ့ဖြေရှင်းပေးမှု မရှိခြင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှလည်း ဖြည့်ဆည်းပေးနိုင် မှု မရှိခြင်းတို့ကြောင့် မိမိတို့ အစီအစဉ် ဖြင့်သာ မိမိတို့ လုပ်ငန်းအဆင်ပြေ အောင် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အုပ်ချုပ်မှုဆိုင်ရာ ကိစ်္စများဖြေရှင်း ဆောင်ရွက်ရန်ထက်ပိုမို၍ လောဘတက် ပြီး လုပ်ကိုင်သူများကို ရဲစည်းကမ်းဥပဒေ အရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားသည့်ဖြစ်စဉ် သာဓက များလည်းရှိကြောင်း ပြောပြ၍ သိရှိခဲ့ရပါ သည်။ အဆိုပါတပ်ဖွဲ့ဝင်မှ ဆက်လက် ပြောပြသည်မှာ လက်ရှိရသည့် လစာနှင့် နောက်ကွယ်မှ မိသားစုဇနီး သားသမီး များ၏ ပညာရေးစရိတ်၊ ကျန်းမာရေး စရိတ်၊ စားဝတ်နေရေးလောက်ငမှု မရှိ နိုင်ကြောင်း၊ အခြားသော ဌာနဆိုင်ရာ အောက်ခြေအဆင့်ဝန်ထမ်းများသည်လည်း ထိုကဲ့သို့ပင် ဖြစ်မည်ထင်ကြောင်း ရှင်းပြ ပါသည်။
ထို့ပြင် အဆိုပါယာဉ်ထိန်းတပ်ဖွဲ့ဝင် မှ အကြံပြုပြောပြသည်မှာ ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းဆောင် ရွက်၍ ဥပဒေနှင့်အညီ ရရှိသည့် တရားရုံး ဒဏ်ငွေ၊ စီမံခန့်ခွဲမှု ဒဏ်ငွေများမှ အချိုး ကျခွဲဝေပေးပြီး ကုန်ကျသည့် အသုံး စရိတ်များကို ကျခံသုံးစွဲစေမည်ဆိုပါက ပိုမိုသင့်တော်ကောင်းမွန်မည်ဖြစ်ကြောင်း မိမိတို့အနေဖြင့်လည်း တရားဝင်ရရှိလာ သည့် ဆုကြေး၊ ငွေကြေးတို့ကိုသာရယူ လိုပြီး ဂုဏ်သိက္ခာရှိရှိ နိုင်ငံတာဝန် ထမ်း ဆောင်လိုကြောင်း ရှင်းပြပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ကုန်ကျစရိတ်များ ပြည့် စုံစွာ ဆောင်ရွက်ပေးခြင်း (သို့မဟုတ်) သတ်မှတ်ရာနှုန်း တစ်ခုထိ သတ်မှတ် ဆောင်ရွက်ပေးခြင်း ပြုမည်ဆိုပါက သင့် တော်ကောင်းမွန်မည်ဖြစ်ပြီး လမ်းပေါ်မှ မလိုလားအပ်သည့် ပြဿနာများ လျော့ နည်းပပျောက်စေမည်ဟု ထင်မြင်မိ ကြောင်း ပြောပြသဖြင့် သိရှိခဲ့ရပါသည်။
သို့ဖြစ်၍ စာရေးသူ ကျွန်တော့် အနေဖြင့် စိစစ်ဝေဖန်ဆန်းစစ်မိသည်မှာ စတုတ္ထမဏ္ဍိုင်များအနေဖြင့် တစ်ဦးတစ် ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့ အစည်းများနှင့် ပတ်သက်၍သော်လည်း ကောင်း ရေးသားမည်ဆိုပါက ထဲထဲ ၀င်ဝင်၊ နှံ့နှံ့စပ်စပ်လေ့လာပြီးမှသာ ရေး သားပါက ပိုမိုသင့်တော်မည်ဟု ထင်မြင် မိပါသည်။ အကျိုးအကြောင်း၊ အဆိုး အကောင်း၊ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ သေချာစွာ မသိဘဲ မိမိ၏ ရှုထောင့်အမြင် တစ်ခုတည်းဖြင့် ရေးသားဖော်ပြခြင်း သည် ရေးသားခံရသူနှင့် အဖွဲ့အစည်း တို့အား ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်ပါ သည်။ မလိုလားအပ်သည့် ဆိုးကျိုး အန္တရာယ်များရှိစေနိုင်ပါသည်။ ထို့ကြောင့် စတုတ္ထမဏ္ဍိုင်အနေဖြင့် နောင်တွင် ဖြစ်စဉ်အကြောင်းအရာတစ်ခုအား ရေး သားတင်ပြမည်ဆိုပါက သေချာစွာ စုံစမ်း လေ့လာပြီး နှစ်ဦးနှစ်ဖက် ညီညွတ်မျှတ စွာဖြင့် ရေးသားတင်ပြသင့်ပါကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ အတွင်းသိ ပြည်သူတစ်ဦးအနေဖြင့် ပြန်လည်ရေး သားလိုက်ရပါသည်။
ဦးမြင့်အောင်(နေပြည်တော်)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း ရေကြီးနေ
ฝนถล่มกรุง น้ำท่วมขังหลายจุด
ฝนกระหน่ำทั่วกรุงอย่างหนัก นานหลายชั่วโมง ทำให้น้ำท่วมขังหลายจุด(မိုးရွာမှုကြောင့် မြို့အတွင်း နေရာအနှံ့ရေကြီး)
หน้าสถาบันโรคมะเร็ง ถ.พระราม6 เขตพญาไท ปริมาณน้ำมากจนท่วมขึ้นฟุตปาท(bangkok, rama.6 )မိန်းလမ်းမကြီး
ผู้ใช้รถใช้ถนนขับขี่ด้วยความยากลำบาก(လိုင်းကားတွေလဲ ခက်ခဲစွာသွားလာနေရ)
ประชาชนต้องเดินลุยน้ำ เพื่อเดินทางกลับบ้าน(လူထုတွေ ရေတွေကိုကျော်ဖြတ်ပြီး အိမ်ပြန်ကြရ)
ถนนวิภาวดีรังสิต-ดินแดง เป็นอีกจุดที่เกิดน้ำท่วมขัง( ဝိဖာဝတီလမ်းမကြီးနှင့်ဒီးဒဲလမ်းမှာ ရေပိုကြီးနေ)
  မြန်မာပြည်သားများအနေနဲ့ ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကို ကိုယ်တိုင်ခံစားလာခဲ့ရတဲ့လူများ ကျွန်တော့နည်းတူ အမြောက်အများရှိမှာပါ
ထိုင်းနိုင်ငံသားတွေဟာ ရေကြီးလို့ဒုက္ခရောက်တဲ့အခါ လူမျိုးရွေးပြီးကူညီတာကို တွေ့ကြုံခဲ့ဖူးပါတယ် သူတို့တတွေကို ချမ်းသာအောင်
လုပ်ငန်းတွေကို ကြိုးစားပြီးလုပ်ပေးထားတဲ့ ကျေးဇူးတွေကိုတော့ ဥပေက္ခာပြုမှာမလွဲဧကန်ပါ ကျွန်တော်တို့မြန်မာပြည်သားတွေဟာ နိုင်ငံမဲ့တဲ့လူတွေမဟုတ်ပါဘူး မိမိအသက်ထက်တန်ဖိုးရှိတဲ့အရာမရှိပါဘူးဗျာ ဒါကြောင့်မို့ အခြေအနေနဲ့အတိုင်းအတာလေးကြည့်ပြီး
ကိုယ့်နိုင်ငံ ကိုယ့်ရပ်ရွာဒေသကို အမြန်ဆုံးပြန်လာကြဖို့ ကျွန်တော်(မွန်ကျော်)လေးစားစွာဖြင့် တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
     မြန်မာပြည်သားအားလုံး ရေဘေးမှကင်းဝေးပါစေ။   လက်လှမ်းမှီသောသတင်းကောင်းများ ပေးပို့နေမည်။
 (ထိုင်းနိုင်ငံ ဘန်ကောက်ယနေ့ထုတ်သတင်းစာမှ ကောက်နှုတ်တင်ပြအပ်ပါသည်။)   
လျပ်စစ်မီးအား အပြည့်အ၀မရရှိခဲ့သည်မှာ (4)နှစ်ဝန်းကျင် ရှိပြီဖြစ်သည့်အတွက် လိုအပ်သလို စီစစ်ဆောင်ရွက်ပေးနိုင်ပါရန်
thu maung thumaung657@gmail.com
2:47 PM (12 hours ago)
to thithtoolwin9, kms, demowaiyen, editors, mizzima, me
သို့
      ဦးခင်မောင်စိုး(ပြည်ထောင်စုဝန်ကြီး) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊
နေပြည်တော်သို့  2008 ခုနစ် မေလ(2) နှင့် (3)ရက်နေ့များတွင်
မြန်မာနိုင်ငံသို့ ၀င်ရောက်မွှေနှောက်တိုက်ခတ်ခဲ့သော နာဂစ်မှုန်တိုင်း
ပြီးကတည်းက ( 24.09.2012 )နေ့ထိတိုင် လျပ်စစ်မီးအား
အပြည့်အ၀မရရှိခဲ့သည်မှာ (4)နှစ်ဝန်းကျင်
ရှိပြီဖြစ်သည့်အတွက် လိုအပ်သလို စီစစ်ဆောင်ရွက်ပေးနိုင်ပါရန်
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း
ခရိုင်၊ သန်လျင်မြို့နယ်၊ အမှူထမ်းရပ်ကွက်၊ မြတ်လေးလမ်းနေမိသားစုများမှ
စုပေါင်းမေတ္တာရပ်ခံတင်ပြ
အကြောင်းကြားခြင်းအား ( 24.09.12 )ရက်စွဲ ၊ အမြန်ချောပို့ဖြင့်
လျှောက်ထားခဲ့ပြီးဖြစ်ပါသည်။
ဒေါ်စန်းနွယ်( လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စာပေးစာယူဌာန )မှ လက်ခံရရှိထားပါသည်။
သို့ပါသောကြောင့် အများပြည်သူများသိရှိစေရန် မီဒီယာသို့
အကြောင်းကြားတင်ပြခြင်းဖြစ်ပါသည်။
မှတ်ချက်-လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့တင်ပြသည့် စာမူရင်းအား
ပူးတွဲပေးပို့အပ်ပါသည်။
လေးစားစွာဖြင့်
သန်လျင်မြို့၊ အမှူထမ်းရပ်ကွက်၊ မြတ်လေးလမ်းနေမိသားစုများ
မေတ္တာရပ်ခံချက်( လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ).pdfမေတ္တာရပ်ခံချက်( လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ).pdf
3186K   View   Download