Wednesday, September 26, 2012

အာဖဂန် နစ္စတန်နိုင်ငံတွင် တာလီဘန် ၂၈ ဦးသေဆုံးပြီး ၅၄ ဦး အဖမ်းခံရ



ကဘူးလ် စက်တင်ဘာ ၂၄

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း မတူညီသော ပြည်နယ်များမှ တာလီဘန် စစ်သွေးကြွ ၂၈ ဦးသေဆုံးခဲ့ပြီး ၅၄
ဦးခန့်အား ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း အာဖဂန်ပြည်ထဲရေး ဝန်ကြီးက ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

NATO ဦးဆောင်သော နိုင်ငံတကာ တပ်ဖွဲ့များနှင့် အာဖဂန်အမျိုးသားရဲ တပ်ဖွဲ့ (NAP)၊ အာဖဂန် တပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်း ရေး အေဂျင်စီ (NDS) တို့သည် နန်ဂါဟာပြည်နယ်နှင့် အခြားပြည်နယ် ရှစ်ခုတို့တွင် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းသို့ တာလီဘန်များအား နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆင်ရေး ဆိုင်ရာ ကြေညာချက် တစ်ခု၌ ဖော်ပြထားသည်။

တာလီဘန်များနှင့် အတူ လက်နက် အများအပြားလည်း သိမ်းဆည်း နိုင်ခဲ့သည်ဟု ဖော်ပြထားသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုကိုမူ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။

ထို့အပြင် ပါဝန်နှင့် ခို့စ်ပြည်နယ်တို့၌လည်း အာဖဂန် ထောက်လှမ်းရေး အေဂျင်စီက ကားမိုင်း တစ်လုံးနှင့် ၁ဝဝ ကီလိုဂရမ်ရှိ ဖောက်ခွဲရေး ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ပူးပေါင်း စစ်ဆင်ရေးကြောင့် စစ်သွေးကြွများ သေဆုံးခဲ့ရမှုအပေါ် တာလီဘန် စစ်သွေးကြွအုပ်စုက ယခုထိ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးဟု သိရသည်။

By Royal Hero Media

0 ကွန်မန့်ရေးရန်:

Post a Comment