This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 19, 2012

အိုးဘားမား အဘိုးမြန်မာနိုင်ငံတွင်တာဝန် ထမ်းဆောင်ခဲ့ဖူး ........


ဘားရတ်ဟူစိန် အိုဘားမား၏ အဖိုးဖြစ်သူဟူစိန် အွန်ညာဂို အိုဘားမားသည်ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်၏အာဖရိကန်ရိုင်ဖယ် တပ်ခွဲ၁၁ နှင့်အတူ မြန်မာနိုင်ငံတွင်တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးက ၄င်း၏ Facebook စာမျက်နှာ တွင် ရေးသားထားသည်။ ယင်းတပ်ခွဲသည်ချင်းတွင်းမြစ်နှင့်မြစ်ကြီးနား၊ မန္တလေးတိုက်ပွဲများ ချီတက် ဆင်နွဲခဲ့ကြောင်း ယင်းကဆက်လက်ရေးသားထားသည်။ ကင်ညာ နိုင်ငံသားဟူစိန်အွန်ယာဂိုအိုဘားမား သည်ဗြိတိန်တပ်ခွဲမှဗိုလ်ကြီးတစ်ဦး၏ ထမင်းချက် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း The New York Times သတင်းစာပါ ဆောင်းပါး တစ်ပုဒ်တွင်ရေးသားထားသည်။ ယင်းအချိန် ဗြိတိသျှ စစ်တပ်တွင် ကင်ညာနိုင်ငံသား ခုနစ်သောင်းခွဲခန့်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ထိုခေတ်အိုဘားမား၏ အဘိုးဖြစ်သူ အပါအဝင်ကင်ညာ နိုင်ငံသားတို့ယင်းအတွေ့ အကြုံမှတဆင့်ပြင်ပ ကမ္ဘာနှင့် ထိတွေ့ပြီးဘဝ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဆောင်းပါးတွင်ထပ်မံဖော်ပြထားသည်။ “အိုဘားမားရဲ့ဇစ်မြစ်ဟာ မြန်မာက ဖြတ်သွားခဲ့ပါတယ်”ဟုစိန့်လူးဝစ်ရှိဝါရှင်တန် တက္ကသိုလ်မှအာဖရိကန်သမိုင်းပါမောက္ခ တီမွန်သီပါဆွန်စ်က ပြောဆိုသည်။ သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးကမူ မြန်မာနှင့်သမ္မတအိုဘားမား သည်အခြား အမေရိကန်ခေါင်းဆောင်များတွင်မရှိနိုင်သည့် ဆက်နွယ်မှုမျိုးတစ်နည်းနည်းဖြင့်ရှိကောင်းရှိ နေနိုင်ကြောင်း သုံးသပ် ပြောဆို ထားသည်။ ဟူစိန်အွန်ညာဂိုအိုဘားမားကို ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့ကြောင်းခန့်မှန်းထားပြီးသမ္မတ ဘားရက် အိုဘားမားမှာ အင်ဒိုနီးရှား နိုင်ငံတွင်ငယ်ဘဝ ဖြတ်သန်းခဲ့ဖူးသည်။ Ref: In Visit to Myanmar, Obama Will See a Nation That Shaped His Grandfather, By Peter Baker (The New York Times ) သတင်း-The Voice Weekly,Photo -NewsofMyanmar posted by admin-team(NOM) အိုးဘားမား အဘိုးမြန်မာနိုင်ငံတွင်တာဝန် ထမ်းဆောင်ခဲ့ဖူး ............................................................ ........................ လက်ရှိ အမေရိကန် သမ္မတ ဘားရတ်ဟူစိန် အိုဘားမား၏ အဖိုးဖြစ်သူဟူစိန် အွန်ညာဂို အိုဘားမားသည်ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်၏အာဖရိကန်ရိုင်ဖယ် တပ်ခွဲ၁၁ နှင့်အတူ မြန်မာနိုင်ငံတွင်တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးက ၄င်း၏ Facebook စာမျက်နှာ တွင် ရေးသားထားသည်။ ယင်းတပ်ခွဲသည်ချင်းတွင်းမြစ်နှင့်မြစ်ကြီးနား၊ မန္တလေးတိုက်ပွဲများ ချီတက် ဆင်နွဲခဲ့ကြောင်း ယင်းကဆက်လက်ရေးသားထားသည်။ ကင်ညာ နိုင်ငံသားဟူစိန်အွန်ယာဂိုအိုဘားမား သည်ဗြိတိန်တပ်ခွဲမှဗိုလ်ကြီးတစ်ဦး၏ ထမင်းချက် အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း The New York Times သတင်းစာပါ ဆောင်းပါး တစ်ပုဒ်တွင်ရေးသားထားသည်။ ယင်းအချိန် ဗြိတိသျှ စစ်တပ်တွင် ကင်ညာနိုင်ငံသား ခုနစ်သောင်းခွဲခန့်တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ထိုခေတ်အိုဘားမား၏ အဘိုးဖြစ်သူ အပါအဝင်ကင်ညာ နိုင်ငံသားတို့ယင်းအတွေ့ အကြုံမှတဆင့်ပြင်ပ ကမ္ဘာနှင့် ထိတွေ့ပြီးဘဝ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဆောင်းပါးတွင်ထပ်မံဖော်ပြထားသည်။ “အိုဘားမားရဲ့ဇစ်မြစ်ဟာ မြန်မာက ဖြတ်သွားခဲ့ပါတယ်”ဟုစိန့်လူးဝစ်ရှိဝါရှင်တန် တက္ကသိုလ်မှအာဖရိကန်သမိုင်းပါမောက္ခ တီမွန်သီပါဆွန်စ်က ပြောဆိုသည်။ သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးကမူ မြန်မာနှင့်သမ္မတအိုဘားမား သည်အခြား အမေရိကန်ခေါင်းဆောင်များတွင်မရှိနိုင်သည့် ဆက်နွယ်မှုမျိုးတစ်နည်းနည်းဖြင့်ရှိကောင်းရှိ နေနိုင်ကြောင်း သုံးသပ် ပြောဆို ထားသည်။ ဟူစိန်အွန်ညာဂိုအိုဘားမားကို ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့ကြောင်းခန့်မှန်းထားပြီးသမ္မတ ဘားရက် အိုဘားမားမှာ အင်ဒိုနီးရှား နိုင်ငံတွင်ငယ်ဘဝ ဖြတ်သန်းခဲ့ဖူးသည်။ Ref: In Visit to Myanmar, Obama Will See a Nation That Shaped His Grandfather, By Peter Baker (The New York Times ) သတင်း-The Voice Weekly,Photo -NewsofMyanmar posted by admin-team(NOM)

"နျူကလ**ယား နောက်ဆက်တွဲစာချုပ်တွင် ပါဝင်ခြင်းမရှိသေးသောကြောင့် နိုင်ငံတကာမှ ဝေဖန်မှုများရှိနေကြောင်းနိုင်ငံတော် သမ္မတဆို"


        မြန်မာနိုင်ငံသည်နျူကလ**ယား သတိံ္တကြွပစ္စည်းများဆိုင်ရာ နောက်ဆက်တွဲစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အတွက်
နိုင်ငံတကာဝေဖန်မှူများအပေါ်ဖြေရှင်းနေရသဖြင့် ယင်းကိုလက်မှတ်ရေးထိုးရန် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့လိုက်

ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နျူကလ**ယားလက်နက် မပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံဖြစ်ပြီး နျူကလ**ယား လုံခြုံမှု ကာကွယ်စောင့်ရှောက်ရေး သဘောတူညီချက်နှင့်
ပမာဏနည်းသည့် နျူကလ**ယား သတ္တိကြွပစ္စည်း များဆိုင်ရာ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း နောက်ဆက်တွဲ စာချုပ်ဖြစ်သည့် "ပြုပြင်ပြောင်းလဲထား သော ပမာဏနည်းသည့် နျူကလ**ယား သတ္တိကြွပစ္စည်းများဆိုင်ရာစာချုပ်" တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်းမရှိ သောကြောင့် နိုင်ငံတကာ၏ဝေဖန်မှု များအပေါ်ဖြေရှင်းနေရကြောင်း၊ထို့ကြောင့် ယင်းနောက်ဆက်တွဲ စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီမှုအရ ဖွဲ့
စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၀၉ ၊ပုဒ်မခွဲ (က) နှင့်ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၁ ၊ပုဒ်မခွဲ (က)တို့ပါပြဌာန်းချက်များနှင့် အညီအတည်ပြုချက် ရယူရန် နိုင်ငံတော်သမ္မတ မှ ယခု ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားကြောင်းသိရသည်။

သ၀ဏ်လွှာ အရ နိုင်ငံတော် အနေဖြင့် ပြုပြင်ပြောင်းလည်းမှုများကို စနစ်တကျမြှင့်တင်ဆောင်ရွက်လျက် ရှိရာ အသိအမှတ်ပြုမှု ၊အားပေးမှုတို့နှင့် ဖြေ
လျော့ပေးမှုများ၏ အကျိုးကို လက်တွေ့ခံစားရနေပြီဖြစ်ပြီး မြန်မာနိုင်ငံသည် နျူကလ**ယားဟလက်နက် ထုတ်လုပ်ခြင်းမရှိကြောင်းနှင့် အနာဂတ်တွင်လည်း ထုတ်
လုပ်ရန်မရှိကြောင်း ပြသရန်အတွက် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီ၏ နောက်ဆက်တွဲစာချုပ်တွင် လက်မှတ်ရေးထိုးရန် ဖြစ်ကြောင်း၊ယင်းစာချုပ်
တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် နျူကလ**ယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရန်ဖြစ်သော ဆေးဝါးကုသရေး၊လယ်ယာထွက် သီးနှံ ပြုပြင်ထိမ်းသိမ်းရေး၊ပညာ
သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများဆိုင်ရာ နည်းပညာနှင့် စက်ကိရိယာ အကူအညီများ ရရှိရေး၊မိမိနိုင်ငံမှ ကျွမ်းကျင်သူပညာရှင်များအား အတွေ့အကြုံများ
ရရှိစေရေး အတွက် နိုင်ငံတကာမှ အဖွဲ့ အစည်းများသို့ ထိုးဖောက်တာဝန်ထမ်းဆောင်နိုင်ရေးစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နူကလ**ယား လုံခြုံမှု ကာကွယ်စောင့်ကြပ်ရေးသဘောတူညီချက် နှင့် ပမာဏနည်းသည့် နျူကလ**ယားသတ္တိကြွ ပစ္စည်းများဆိုင်ရာ
စာချုပ် တို့တွင် အဓိက ရည်မှန်းချက်ဖြစ်သော နျူကလိးယား လက်နက် မပြန့်ပွားရေး ၊လက်နက်ဖျက်သိမ်းရေး နှင့် ၄င်းစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်
များအတွက်သာ အသုံးပြုရေး စသည့် (၃)ချက်ကို ၁၉၉၂ ခုနှစ်မှ စ၍ စာချုပ်ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်

ယခင်ရေးဆွဲထားသော စာချုပ်သည် ပြည်စုံလုံလောက်မှု မရှိသည့်အတွက်နျူကလ**ယား လက်နက်ထုတ်သည်ဟုသံ
သယရှိသော နေရာများသို့ (၂၄ နာရီ) အတွင်းဝင်ရောက်စစ်ဆေးနိုင်သည့် "ပမာဏနည်းသည့် နျူကလ**ယားသတ္တုကြွ ပစ္စည်းများဆိုင်ရာ စာချုပ်" ကို ၂၀၀၅ခုနှစ်တွင် ထပ်မံ လက်
မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း၊လက်ရှိတွင် နောက်ဆက်တွဲစာချုပ်ဖြစ်သည့် "ပြုပြင်ပြောင်းလဲထားသောပမာဏနည်းသည့် နျူကလ**ယား သတ္တိ ကြွပစ္စည်းများဆိုင်
ရာ စာချုပ်" တွင်မူပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးရခြင်းကို ယခုကဲ့သို့ ဖြေရှင်းသွားမည် ဖြစ်ကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည်


အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့လုပ်ငန်းအား ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများသို့ မှတ်ပုံတင်စနစ်ဖြင့် ၀န်ဆောင်မှုပေးသူ (Registered Service Provider) အဖြစ် ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ပြီး ယင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် အဆိုပြုလွှာများ တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော် ဗဟိုစာတိုက်ကြီးမှ သိရသည်။

လက်ရှိ၌ ယင်းလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်အတွက်
လျောက်လွှာခေါ်ယူထားပြီး အဆိုပါ လျောက်လွှာခေါ်ယူမှုအတွက်
နောက်ဆုံးရက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့အဖြစ် သတ်မှတ်ထားသည်။

''လက်ရှိ ၀န်ဆောင်မှုပေးနေတဲ့ HDL တို့၊ EMS International တို့လို အပြည်ပြည်ဆိုင်ရာ အမြန်ချော ပို့လုပ်ငန်းတွေလို ၀န်ဆောင်မှုပေးနိုင်ဖို့ တင်ဒါခေါ်တာပါ။ ကုမ္ပဏီသုံး၊ လေးခုလောက်ကို ခွင့်ပြုပေးသွားဖို့ အကြမ်းဖျင်းတော့ သတ်မှတ်ထားပါတယ်။ နှစ်စဉ်ကြေးအနေနဲ့ လတ်တလောကတော့ ဘယ်ရွေ့ဘယ်မျ သတ်မှတ်ထားတာ မရှိသေးပေမယ့် ပြည်တွင်းက ပုဂ္ဂလိကအမြန်ချောပို့ ကုမ္ပဏီသုံးခုကတော့ တစ်နှစ်ကို နှစ်စဉ်ကြေး ကျပ်သိန်းငါးရာ ပေးသွင်းရတဲ့အတွက် အဲဒီထက်တော့ နည်းလို့မရပါဘူး'' ဟု စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နေပြည်တော် ဗဟိုစာတိုက်ကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ယင်းလုပ်ငန်းအတွက် တင်ဒါများစိစစ်ရွေးချယ်ရာတွင် ကော်မတီဖွဲ့စည်းကာ
ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။ အမြန်ချောပို့ လုပ်ငန်းများအပြင် အပြည်ပြည်ဆိုင်ရာ ငွေလွှဲစနစ်များကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်အတွက်
လျောက်လွှာခေါ်ယူရန် ရှိကြောင်းလည်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဗဟိုစာတိုက်ကြီးမှ သိရှိရသည်။
                           ဖေ့ဘွတ်မှပြန်လည်ဖော်ပြသည်....။။

ဗညားဒလလမ်းတွင် အရှိန်လွန် ယာဉ်တိုက်မှု ဖြစ်ပွား



ဗညားဒလလမ်းတွင် အရှိန်လွန် ယာဉ်တိုက်မှု ဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၁၈ရက် မနက် ၇နာရီ ၁၅မိနစ်ခန့် အချိန်တွင် ရန်ကုန်မြို့ ဗညားဒလလမ်း နား၊ နှာခေါင်းလည်ချောင်း ဆေးရုံရှေ့ တွင် ကိုယ်ပိုင်ယာဉ် တစ်စီးမှ လမ်းလယ် ဓာတ်တိုင်အား အရှိန်လွန်ဝင်ရောက် တိုက်မိခဲ့သည်။အဆိုပါ ယာဉ်တိုက်မှု့ ကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိမှုသာ ရှိခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။


Chit Coco
Chit Coco

မြန်မာပြည်က Mobile Ph ကို message ပို့မယ်


မိမိတို့၏ Andriod (or) IOS ဖုန်းများတွင် အင်တာနက်တပ်ဆင်ထားရုံမျှဖြင့် မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်းများသို့ message ပို့နိုင်သော application တစ်ခုအား Google play store တွင် ရှာဖွေပြီး install ပြုလုပ်နိုင်ပါသည်။

၁။ google play store တွင် txtmyanmar ဟု ရိုက်ပြီး ရှာဖွေပါ။

၂။ Install လုပ်ပါ။

၃။ ထို application အား open ပြီး register ပြုလုပ်ပါ။
Register ပြုလုပ်ပြီးအချိန်မှစ၍ မြန်မာလက်ကိုင်ဖုန်းများသို့ free message ပို့ခွင့် တစ်ပါတ် ရရှိပါမည်။

၎။ထို့နောက် facebook စာမျက်နှာပေါ်ရှိ txtmyanmar ၏ official page ( http://www.facebook.com/Txtmyanmar?ref=ts ) သို့ သွား၍ like ပြုလုပ်ပါ။

၅။ like ပြုလုပ်ပြီး page ၏ cover photo တွင်ပြထားသော ပုံအတိုင်း message ပို့ပါ။
message confirm ဖြစ်ပါက free message တစ်လ ထပ်မံရရှိပါမည်။
နောက်ပိုင်းဆက်လက်အသုံးပြုလိုလျှင် တစ်ပါတ်ကို ၃ဒေါ်လာ ဖြင့်ဝယ်ယူသုံးစွဲနိုင်ပါသည်။

(မှတ်ချက်။ ။ မြန်မာပြည်မှ message လက်ခံမည့် ဖုန်းမှာ အင်တာနက် (လုံးဝ) တပ်ဆင်ထားစရာမလိုပါ။)
ဆက်လက်ပြီးသိရှိရသည်မှာ ထိုရောက်ရှိလာသော message အား မြန်မာပြည်မှ reply ပြုလုပ်ပြီး ပြန်ပို့ပါကလည်း ပြည်တွင်း mobile phone အချင်းချင်း message ပို့ခ 25ကျပ်သာ ဖြတ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။ 


From Ko Htun
Source:International Social Network Myanmar

သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်



(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
(နည်းပညာတို့ ရဲ့ ဆုံမှတ်များဖိုရမ်မှ ကူးယူဖေါ်ပြပါသည်)

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း နှင့် ဥပုသ်စောင့်ရခြင်း


ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘု၇ားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ
ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့် ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။

လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကို
နိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို မြတ်စွာဘုရားကို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။

ထိုသို့ရှိခိုးရတွင် အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေးသော ဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့်ကောင်းဘို့သာလိုပါသည်။
ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီပတ်လုံး ရှိခိုးစေကာမူ ချည်းနှီးဖြစ်သည့်အတွက်
ရှိခိုးခြင်းကို ဦးစားမပေးပါ။ သို့သော် အထက်မှာ ဖော်ပြခဲ့သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် သူ့ရဲ့တရားတော်ကို အာရုံပြုပီး (၁) ကြိမ် သူ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူတွေရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်း အမှုပြုက ဦး (၃) ကြိမ်ချရပါသည်။

ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်းရည်ရွယ်ချက်မှာ ရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။

ဥပုသ်စောင့်ရခြင်း
။။။။။။။။။။။။။။။။။။။။။။
ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊
ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မ၀င်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။

ဥပုသ်ကို ပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။
သို့သော် မိမိဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။
အတင်းအကျပ် လုပ်ကို လုပ်ရမယ် ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။

ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ်သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီအောင် ဥပုသ်သီလများ စောင့်ထိန်းနိုင်ပါသည်။

ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကို ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့တာ မဟုတ်ပါ။ နောင်လာနောက်သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီး ကျင်းပကြခြင်းဖြစ်ပါသည်။

ဥပမာ။ မေလ လပြည့်နေတွင် (Vesak Festival) ၀ိသာခါ ပွဲသဘင်ကို ကျင်းပပါသည်။
ထိုပွဲသဘင်သည် ဘုရားဖြစ်မဲ့သူရဲ့ မွေးနေ့၊ ဘုရားအဖြစ်သို့ရောက်တဲ့နေ့၊
ဘုရားကွယ်လွန်တဲ့နေ့တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့်စည်းကမ်းသတ်မှတ်မထားပါ။ ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက် မဟုတ်ပါ။ လူသားတိုင်းအတွက်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဘူးစရာမလိုပါ။ မြင်ဘူးစရာမလိုပါ။ ရှိခိုးစရာ မလိုပါ။ ငါးပါးသီလ စောင့်ထိန်းက ထိုငါးပါးသီလစောင့်ထိန်းသူသည်
ဗုဒ္ဓဘာသာဝင်ဖြစ်သွားပေတော့သည်။ ငါးပါးသီလစောင့်ထိန်းသူ ဘယ်သူမဆို။
တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းတဲ့ ဘုံဘ၀ ရောက်မည်။

ငါးပါးသီလ မစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းတဲ့ ဘုံဘ၀ ရောက်မည်။

ငါးပါးသီလ
(၁) သူတပါးအသက်မသတ်ရ။
(၂) သူတပါးဥစ္စာ မခိုးရ။
(၃) သူတပါး သားမယား စိတ်နဲ့တောင် မပြစ်မှားရ။
(၄) လိမ်မပြောရ။
(၅) အရက်၊ ဆေးခြောက်စတဲ့ မူယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။

ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ သဘာဝတရားကို သိဘို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကို သိလာလို့ သိသူ (ဗုဒ္ဓ) အမည်ရလာတာ။ ဗုဒ္ဓဆိုတာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။

ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။
ထာဝရဘုရားသခင်ကို မယုံကြည်။

မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ခလေးတွေ၊
ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ ဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။

ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာ တို့ဖြစ်သည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ
ထို့ကြောင့်ထေရဝါဒသာသနာဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူထားသော
တရားတော် မူရင်းအတိုင်း လက်ခံကျင့်သုံးသည်။ ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြု။
ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်သည်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ရောက်နိုင်သည်။
ထေရဝါဒဗုဒ္ဓဘာသာကို

၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။
ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ
လိုက်နာကျင့်သုံး သည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။

၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သော ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။

အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ် သလောက် ဖြစ်သွားကြပါသည်။

ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။ ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟု ဆိုနိုင်ပါသည်။

၃။ မဟာယာနဗုဒ္ဓဘာသာ

မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။
လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။
ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။
ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ သွားရမည်။

မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့်
နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆို သည်။
ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။

မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။

ဒေါက်တာအရှင်ဣန္ဒက (Dhamma Garden)

မိန်းကလေးများအတွက် ခွန်အားဖြစ် ပုံပြင်


တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........

"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"

ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က

"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား" ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....

"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "

ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။

ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ." ဟုပြောပြီးခေါင်းခါနေပြန်၏ ။

ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား" ဟုထပ်မေးပြန်၏ ။

"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"

ဘုရားသခင်က ဆက်ပြောပြန်၏ ။

"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား"

"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"သူမကတွေးတတ်လား"

ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"ဘာအတွက်လဲ"

"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"

ဟုဆိုလိုက်သည် ။

ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"

"အဲ့ဒီလောက်တောင်ပဲလား"

"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "

"အို"

"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"

"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"ဘာချို့ ယွင်းချက်လဲ"

"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"ဟင်"

"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"

ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
....................ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .... .နိဂုံးချုပ်လိုက်ပါသည်..from forward mail

ထူးဆန်းစွာ ကြံကြံဖန်ဖန်သေဆုံးသါားသူများစာရင်း


ကြံကြံဖန်ဖန်သေတက်ပါပေ့နော်................

- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ရုပ်တူပန်းချီကိုကြည့်ပြီး

တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ

ဖျားပြီးသေပါတယ်။

- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။

ရွံ့နွံတစ်ခုရောက်တဲ့အခါ

ဝတ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့

သူကိုယ်တိုင်အသတ်ခံရပါတယ်။

- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို

မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး

ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။

အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို

အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ

ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက

လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။

တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။

- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့

ကြိုးဆွဲချသေသွားပါတယ်။

- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ

ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး

မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။

- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ

စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး

သူသေသွားပါတယ်။

- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က

လိမ့်ကျပြီး သေသွားပါတယ်။

- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့

လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး

ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက

ကိုက်လို့သေသွားပါတယ်။

- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင်

ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး

အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့

သွားဆိပ်တက်ပြီး သေသွားပါတယ်။




Myanmar Express

အိုဘားမားကို စိန်ခေါ်နေတဲ့နိုင်ငံများ



by General Knowledge on Saturday, November 17, 2012 at 5:11pm ·

2012-11-15
            နိုင်ငံအားလုံး၌ လေးနှစ်တစ်ကြိမ်ဖြစ်စေ၊ ငါးနှစ်တစ်ကြိမ် ဖြစ်စေ၊ သမ္မတအပြောင်းအလဲ၊ ဝန်ကြီးချုပ်အပြောင်းအလဲ ရှိစမြဲ ဖြစ်သည်။ ယင်းအပြောင်းအလဲများ၌အများအားဖြင့် ရွေးကောက်ပွဲနိုင်သူ(သို့မဟုတ်)လူအများ၏ ဆန္ဒပြုရွေးချယ်ခံရသူသည် နိုင်ငံ့ခေါင်းဆောင်
ဖြစ်လေ့ရှိသည်။

          အဆိုပါ ရွေးချယ်ပွဲအားလုံးထဲတွင် တစ်ကမ္ဘာလုံးက စိတ်ဝင်အစားဆုံး ရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံ၏ သမ္မတရွေးပွဲဟု ဆိုရပါမည်။ မိမိတို့နိုင်ငံ၏ ခေါင်းဆောင်မဟုတ်ပါဘဲ အဘယ့်ကြောင့်စိတ်ဝင်စားကြသနည်းဟု မေးခွန်းကို မိမိကိုယ်တိုင် ပြန်မေးကြည့်ပါက လွယ်လင့်တကူ အဖြေရမည် မဟုတ်ပေ။
          မေးခွန်းတိုင်း၌ အဖြေရှိ နိုင်ပါသည်။ သို့သော် ထိုအဖြေသည် မှန်သည်၊ မမှန်သည်အပထား။ ဖြေဆိုသူ၏ စိတ်ဆန္ဒအပေါ်၌ မူတည်ပါ၏။ အမေရိကန်နိုင်ငံ၏ သမ္မတသည်လေးနှစ်တစ်ကြိမ်ဆိုသော်လည်း သမ္မတတစ်ဦးသည်နှစ်ကြိမ် အရွေးခံခွင့်ရှိ၍ အမေရိကန် သမ္မတအများအပြားသည် ဒုတိယသက်တမ်းတစ်ကြိမ် ပြန်အရွေးခံရတတ်သည်က များသည်။
          ဥပမာအားဖြင့် ဒီမိုကရက်တစ်ပါတီက ပထမတစ်ကြိမ်၌ သမ္မတအဖြစ် အရွေးခံရပြီးလျှင် ဒုတိယလေးနှစ်သက်တမ်းတွင် ယင်းပါတီ သမ္မတပင် အရွေးခံရသည်ကများသည်။ ရီပတ်ဘလီကန်ပါတီက သမ္မတသည်လည်း ထိုနည်းအတိုင်းပင်။
         သမ္မတတစ်ဦးက နှစ်ကြိမ်တာဝန်ထမ်းဆောင်ပြီးသည်နှင့် ထိုသမ္မတရွေးကောက်ပွဲသည် သူနိုင်၊ ကိုယ်နိုင် ပြိုင်ရသည့် ရွေးကောက်ပွဲ ဖြစ်လေ့ရှိပါ၏။ ပါတီနှစ်ခုလုံးက အားကုန်ပြိုင်ကြရသည်။ သို့သော် လက်ရှိအာဏာရပါတီကမူ လူကြိုက်နည်းလေ့ ရှိသည်။ သို့ဖြစ်၍ အမေရိကန်နိုင်ငံ၏ နိုင်ငံရေးတွင် ဒီမိုကရက်နှင့် ရီပတ်ဘလီကန် ပါတီနှစ်ခုတို့ သည် တစ်ပါတီလျှင် ၈ နှစ် အလှည့်ကျ တာဝန်ယူသည်ဟု အကြမ်းအားဖြင့် ခန့်မှန်း၍ ရနိုင်ပါသည်။
          ယခုနှစ်တွင် ကျင်းပသည့် သမ္မတရွေးချယ်ပွဲသည် ဒီမိုကရက်တစ်ပါတီမှ ဘားရက်အိုဘားမား၏ ဒုတိယသမ္မတ သက်တမ်းဖြစ်၍ လက်ရှိသမ္မတက အနိုင်ရရိုး ထုံးတမ်းစဉ်လာ ဖြစ်ရိုးဖြစ်စဉ်အတိုင်းပင် သမ္မတ အိုဘားမားက အနိုင်ရရှိခဲ့ပါသည်။
လက်ရှိ သမ္မတ၏ ဒုတိယလေးနှစ်သက်တမ်း၌ မည်သို့ ဖြစ်ရပ်မျိုး ရှိလာနိုင်သနည်းဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍ သတင်းသုံးသပ်သူ အများအပြား၏ ခန့်မှန်းချက်များ ထွက်လာလေ့ ရှိပါ၏။ BBC သတင်းဌာန၏ သံတမန်ဆိုင်ရာ သတင်းသမား   Jonathan Marcus က သမ္မတအိုဘားမားကို စိန်ခေါ်နေသည့် နိုင်ငံတကာဖြစ်ရပ်များဟု ဆိုသည်။
          သမ္မတအိုဘားမားအနေနှင့် သူရုံးစိုက်ရာ ဝါရှင်တန်မြို့မှနေ၍ ကမ္ဘာကြီးကို ကြည့်သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ၊ အာရှဒေသမှ ထွက်ပေါ်နေသော သတိပေးခေါင်းလောင်းထိုးသံ၊ တရုတ်နိုင်ငံ၏နိုး ထလာမှုသည် မရေမရာ၊ သိသာထင်ရှားမှု မရှိ။ မိတ်ဆွေဟောင်းလည်းဖြစ်၊ တစ်ချိန်က သြဇာကြီးခဲ့သောဥရောပတိုက် ကိုယ်တိုင်ကပင် သူတို့ ဒေသ သူတို့ယုံကြည်မှု ကင်းမဲ့လာနေသည့်အတွက် သမ္မတအိုဘားမားအပေါ် အရှုပ်အထွေးများက အပိုင်းပိုင်းအစစ ပြန့်ကြဲနေသည့်အတွက် သမ္မတ အိုဘားမားအနေနှင့် အပြောင်းအလဲလုပ်ရန် မရှိနိုင်ဟု ယုံကြည်ရသည်။
          အမေရိကန်နိုင်ငံအနေနှင့်လည်း နိုင်ငံတကာအလယ်၌ မည်သည့်နေရာက ရပ်ရမည်ဆိုခြင်းကို ရှာဖွေနေရသည်။ ယင်း ကိစ္စရပ်အပေါ် အပြန်အလှန် အငြင်းပွားဖွယ်ရာက ရှိပါသည်။ အမေရိကန်နိုင်ငံသည်ပင် လျှောဆင်းနေသည်လား။  အားအင်ချည့်နဲ့နေပြီလား။ မိတ်ဆွေများ၊ မိတ်ဆွေ မဟုတ်သူများအပေါ် သြဇာမရှိတော့ပြီလား ... ဆိုသည့် မေးခွန်းများက ပေါ်နေပြီ ဖြစ်သည်။
          အောက်ဖော်ပြပါအချက် များသည် အသစ်စက်စက်ရွေးချယ်ခံရသည့် သမ္မတအတွက် နိုင်ငံခြားရေးဆိုင်ရာ မူဝါဒအပေါ် စိန်ခေါ်မှုများ ဖြစ်သည်ဟု မားကတ် Marcus က ဆို၏။
၁။ အာဖဂန်နစ္စတန်
          အာဖဂန်ပြည်သူများ၏ ဆန္ဒမှာ အမေရိကန်နိုင်ငံအနေနှင့် မည်သို့သော ထူးခြားသည့်အခြေအနေ၊ မည်သို့သော အကျိုးအကြောင်းနှင့်ဖြစ်စေ အာဖဂန်နစ္စတန်နိုင်ငံ၌ အမေရိကန်တပ်များရှိ မနေစေလိုပါ။
         အိုဘားမား၏ ပထမ သမ္မတသက်တမ်းကာလ၌ အမေရိကန်တပ်ဖွဲ့ဝင်အများအပြား တိုးလာသည်ဟု သတင်းများက နေရာယူထားသည်။ ယခု ဒုတိယသက်တမ်း၌ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်အားလုံး ၂ဝ၁၄ ခုနှစ်အကုန်တွင် အာဖဂန်နိုင်ငံမှ ထွက်ခွာပေးရမည်။ အထက်ပါ အချက်အလက်များသည် ကိန်းဂဏန်းအရ မည်မျှရှုပ်ထွေးသော်လည်း အလောတကြီးနှင့် မလွဲမသွေ ဖြေရှင်းရမည့်ကိစ္စရပ် ဖြစ်သည်။ အမှန်တကယ်လည်း  မည်သည့်ပမာဏအထိ ထိုနေရာမှ ဆုတ်ခွာပေးနိုင်မည်နည်း။
          ယခုလောလောဆယ် အစီအစဉ်အရ အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင် တချို့တစ်ဝက်က ထိုနေရာ၌ရှိနေကာ အာဖဂန်တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေရမည်ဆို၏။ အီရတ်နိုင်ငံ၌လည်း ယင်းအစီအစဉ်က ရှိခဲ့ဖူးသည်။ ယခုတော့ ထိုအစီအစဉ်သည် လေထဲ လွင့်မျောသွားခဲ့ချေပြီ။ အီရတ်အစိုးရသစ်က အမေရိကန်တို့ကို ထိုနေရာ၌ ရှိနေမှုကိုပင် လိုလားဟန် မပြတော့။
          အာဖဂန်နိုင်ငံကလည်း သူတို့၏ သဘောထားကို ထူးခြားစွာ ပြသခဲ့ပြီးဖြစ်သည်။ မကြာသေးမီက ရင်ဆိုင်ခဲ့ရသော တိုက်ဆိုင်မှုတစ်ခု၌ နေတိုးတပ်ဖွဲ့ဝင်များကို အာဖဂန်မိတ်ဆွေများကပင် လက်သင့်မခံသည့် တိုက်ခိုက်မှုမျိုး တွေ့လာခဲ့ရသည်။
မည်သို့ပင်ဆိုဆို အမေရိကန်ပြည်သူများက ထိုအရပ်ဒေသ၌ အမေရိကန်တပ်ဖွဲ့ဝင်များ ကြာရှည်လေးမြင့် ရှိနေခြင်းကို သဘောမတူကြတော့ပေ။
၂။ ပါကစ္စတန်
          အကယ်၍ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် ထွက်ခွာလိုက်သည်နှင့် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးကမူ ဆက်လက်၍ အခက်အခဲနှင့် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။ ကုန်လွန်ခဲ့သည့် နှစ်ကာလများမှ ယခုအချိန်ထိ အမေရိကန်နှင့် ပါကစ္စတန်နိုင်ငံတို့ကြား ဆက်ဆံရေးကမူ အတက်အကျရှိရာမှ ပို၍ ပို၍ ဆိုးရွားလာခဲ့သည်။ ယခုထက်တိုင် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ဆက်ဆံနေရသည် မှာ ဝါရှင်တန်အစိုးရ အသုံးအနှုန်းအရ အကြမ်းဖက်နှိမ်နင်းရေးစစ်ဟူ၍ ဖြစ်၏။ အမေရိကန်နိုင်ငံရှိ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူတို့၏ အမြင်၌ ပါကစ္စတန်နိုင်ငံသည် ကျဆုံးပျက်စီးနေသော နိုင်ငံဖြစ်နေ၏။ သို့သော် ပြိုကျပျက်ပြုန်းသွားမည့် အနေအထားလည်း မဟုတ်။ သို့သော် ဒေသတိုင်း၌ တည်ငြိမ်အေးချမ်းမှုမရှိစေသည့် အလွန်အင်အားကြီးသည့် ရင်းမြစ်တစ်ခုက တွယ်မိနေကာ အစိုးရအဖွဲ့အနေနှင့် လုံးဝလှုပ်ရှား၍ မရစေရန် ဖြစ်နေစေ၏။ မည်သို့ပင်ဖြစ်စေ သမ္မတ အိုဘားမားသည် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးမဖြစ်မနေ ကြိုးပမ်းအားထုတ်မည်က သေချာ၏။
          တစ်ဖက်ကလည်း အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ နှစ်နိုင်ငံတည်း ဆက်ဆံရေးဖြစ်သည်။ ယခုနှစ်ကာလအတွင်း အမေရိကန်တို့က ခွန်အားစိုက်၍ အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရန် ကြိုးပမ်းခဲ့သည်။ သို့သော် အမေရိကန်တို့ ဆန္ဒရှိသလောက် မဟာဗျူဟာမြှောက်သည့် မိတ်ဖက်နိုင်ငံဖြစ်ရေးအထိ ဖြစ်မလာခဲ့ပေ။
၃။ အီရန်
          အစ္စရေးနိုင်ငံက အီရန်ခိုက်မှု နှောင့်နှေးနေခြင်းကြောင့် အိုဘားမားအစိုးရအဖွဲ့က အီရန်နိုင်ငံအား စီးပွားရေးဖြင့်ပိတ်ဆို့ အရေးယူခြင်းသည် အောင်မြင်သည်ဟု ဆိုနိုင်ပါ၏။ ဤနေရာ၌ အခြားထိ ခိုက်ခဲ့မှုများကလည်း ရှိနေပါ၏။ အီရန်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းသည် ပိတ်ဆို့အရေးယူမှုကြောင့် မည်မျှအထိ ထိခိုက်သွားသနည်း။ အီရန်နိုင်ငံ အစိုးရ စီမံအုပ်ချုပ်မှုမည်မျှ ချွတ်ချော်သွားသနည်းတို့ကိုလည်း သိရှိခဲ့ရသည်။
          သမ္မတရွေးကောက်ပွဲမတိုင်မီ အီရန်နိုင်ငံက အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ကာ စကားပြောလိုကြောင်း အရိပ်လက္ခဏာများ အထင်အရှားပြသခဲ့သည်။ ယင်းသို့သော ဖြစ်ရပ်၏နောက်ကွယ်၌ အီရန်နိုင်ငံသည် ပိတ်ဆို့အရေးယူမှုကို အခြားနည်းလမ်းတစ်ခုနှင့် ဖောက်ထွက်ရန် ကြိုးစားခြင်း ဖြစ်နိုင်သည်။ အစ္စရေးနိုင်ငံ၌လည်း ဇန်နဝါရီလ၌ ရွေးကောက်ပွဲက ရှိနေသည်။ အီရန်နိုင်ငံကို တိုက်ခိုက်ရန် ခိုင်မာသောဆုံးဖြတ်ချက်ချသည့် အစိုးရသစ်တက်လာနိုင်သည်။ အမေရိကန်ရှိ အစ္စရေးတို့ ဆက်ဆံရေး ပို၍ကောင်းမွန်လာမည်။ ပိတ်ဆို့ အရေးယူမှုက လည်း မအောင်မမြင် ဖြစ်မည်။ သို့မဟုတ် အီရန်နိုင်ငံ၏ ဆုံးဖြတ်ချက်က မှားယွင်းသွားမည်ဆိုပါက သမ္မတအိုဘားမားသည် မလွှဲမရှောင်သာဘဲ အီရန်နိုင်ငံသို့ စစ် ရေးအရ အရေးယူရတော့မည်။
၎။ တရုတ်နိုင်ငံ
          တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံအတွက် ယှဉ်ပြိုင်ဘက် နိုင်ငံလား၊ အမြဲလက်တွဲထားရမည့် မိတ်ဖက်နိုင်ငံလားဆိုသည့် မေးခွန်းက အဓိကဖြစ်သည်။ နှစ်နိုင်ငံလုံးသည် မဟာဗျူဟာကျ ယှဉ်ပြိုင်မှုကို မည်သို့ပြင်ဆင်ကြမည်နည်း။ နှစ်နိုင်ငံလုံး စီးပွားရေးအရ အနီးကပ်ဆက်ဆံကြမည်လား၊ အင်အားကြီးနှစ်ခု ပူးပေါင်း၍ နှစ်နိုင်ငံလုံးအကျိုးရှိရေးကိုသာ ဦးတည်ကြမည်လား။
          အသစ်တက်လာမည့် နိုင်ငံခေါင်းဆောင်များသည် နိုင်ငံခြားရေး မူဝါဒကို မည်သို့ချမှတ် မည်နည်း။ တရုတ်နိုင်ငံသည် ဂျပန်၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၌ ရေမြေပိုင်နက် အငြင်းပွားမှုအပေါ် အလွန်အလေးထားသည်။ သူကိုယ်သူလည်း ယုံကြည်မှုအပြည့် ရှိနေသည်။ အမေရိကန်နိုင်ငံသည် အာရှဒေသ၏ ဖြစ်ရပ်အလုံးစုံ အင်အားချိန်ခွင်လျှာ ညှိပေးနိုင် မည်လား။
          သို့သော် ယင်းဖြစ်ရပ်သည် အန္တရာယ်ရှိနိုင်ပါ၏။ ထိုဖြစ် ရပ်မှစ၍ အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှု တင်းကျပ်လာပြီး ထိခိုက်နိုင်သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူ ပညာရှင်များက ခန့်မှန်းထားသည်မှာ အမေရိကန်နိုင်ငံ၏ မဟာဗျူဟာကျသော ရည်မှန်းချက်သည် တရုတ်နိုင်ငံ ပြုမူလာမှုအပေါ် မူတည်သည်ဟု ဆိုကြသည်။ အမေရိကန်နိုင်ငံမှ ကျွမ်းကျင်သူများက ခန့်မှန်းသည်မှာ အမေရိကန်သည် တရုတ်နိုင်ငံ ပြုမူမှုအပေါ် မူတည်၍ သူ့မဟာမိတ်နိုင်ငံများကို ပံ့ပိုးကူညီပေးမည် ဟု ဆိုသည်။
          သို့သော် တစ်ဦးတည်းသောပညာရှင်က “အာရှဒေသ၌ ထိုသို့ ဖြစ်ရပ်မျိုးပေါ်လာပါက အမေရိကန်နိုင်ငံသည် နောက်ကွယ်မှနေမည့် သဘောထား ရှိပုံ မရ”  ဟု ဆိုသည်။
၅။ မြောက်ကိုရီးယားနိုင်ငံ
          မြောက်ကိုရီးယားနိုင်ငံသည် မည်သို့မျှခန့်မှန်း တွက်ဆ၍ မရသောနိုင်ငံ ဖြစ်သည်။ ပြဿနာများ၊ အကျပ်အတည်းများ အစဉ်ရှိနေ တတ်သည့်နေရာလည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် တောင်ကိုရီးယားနိုင်ငံ ပိုင်နက်ကိုလည်း အစဉ်ခြိမ်းခြောက်နေတတ် ပြီး နျူလက်နက် စမ်းသပ်ရန် အစီအစဉ်က အစဉ်ရှိနေတတ်သည်။ ယင်းနိုင်ငံ၏ နျူလက်နက်ပြဿနာအပေါ် နိုင်ငံတကာ သံတမန် နယ်ပယ်၌ ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း အနည်းငယ်ခန့်သာ ဆွေးနွေးညှိနှိုင်း၍ ရသေးသည်။ မြောက်ကိုရီးယားနိုင်ငံ၌ ခေါင်းဆောင်သစ်တက်လာပြီးနောက် နယ်မြေမအေးချမ်းမှု ဖြစ်ပေါ်လာခဲ့သည်။ သံတမန်ဆက်ဆံမှု အလျော့အတင်း၌ ဖြေလျှော့ပေးစရာ လိုလာမည်လား။  သမ္မတအိုဘားမားက ကိုရီးယားကျွန်းဆွယ် ပြဿနာကို ဖြေရှင်းမည်ဟု ကြံစည်လိုက်မည့် အချိန်သည် ...
၆။ ရုရှားနိုင်ငံ
          ပြီးခဲ့သည့် ရွေးကောက်ပွဲ မဲဆွယ်ပွဲ၌ ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်း မစ်ရွမ်းနီ Mitt Romney က မော်စကိုအစိုးရသည် အမေရိကန်နိုင်ငံအတွက် အကြီးမားဆုံးသော ပထဝီဝင်နိုင်ငံရေး ခြိမ်းခြောက်မှုဟု သတ်မှတ်ခဲ့သည်။ သူပြောလိုသော အဓိပ္ပာယ်မှာ ဆီရီးယားနိုင်ငံ သမ္မတ အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုနေခြင်းဖြင့် ကမ္ဘာ့ဇာတ်ခုံပေါ်၌ ထင်ထင်ပေါ်ပေါ် ကပြနေခြင်းကြောင့်ဖြစ်နိုင်သည်။ ရုရှားနိုင်ငံသည် စစ်အေးကာလမှစ၍ ယခုတိုင် စစ်အင်အားက ရှိနေသေးသည်။ ဤသည်ပင် ဒေသတစ်ခုအတွက် အင်အားတစ်ခု ဖြစ်နေပါသေး၏။ ယခု ဒုတိယသမ္မတသက်တမ်းတွင် အိုဘားမားသည် ရုရှားနိုင်ငံနှင့် လက်တွေ့အလုပ်ဖြစ်သော ချဉ်းကပ်နည်းဖြင့် သဘောတူညီမှု ရရှိစေရန် ကြိုးစားရမည်။
စိုးမင်းဦး
Source : Jonathan Morcus. BBC.

ကျောင်းကားအား ရထားဝင်တိုက်မှု ကလေးငယ် အနည်းဆုံး ၅၀ ဦးသေဆုံး


Photo: အီဂျစ်ကျောင်းကားအား ရထားဝင်တိုက်မှု ကလေးငယ် အနည်းဆုံး ၅၀ ဦးသေဆုံး
*************ACM***************************

အီဂျစ်နိုင်ငံတွင် သူငယ်တန်း ကျောင်းသူကျောင်းသား ကလေးငယ်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးအား အရှိန်ပြင်းစွာ ခုတ်မောင်းလာသည့် ရထားတစ်စင်းက တိုက်မိခဲ့ရာ အနည်းဆုံး ကလေး ၅၀ ဦးခန်က သေဆုံးကြောင်း သိရသည်။ နိုဝင်ဘာ ၁၇ ရက်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တောင်ဘက် မိုင် ၃၁၀ အကွာရှိ မင်ဖလော့တ်မြို့တွင် ဖြစ်ပွားခဲ့သည့် ထိုမတော်တဆဖြစ်ရပ်တွင် ဘတ်စ်ကားယာဉ်မောင်းလည်း သေဆုံးသွားသည်။

သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားသည်။ ရထားလမ်းနှင့် ကားလမ်ဆုံသည့် ဖြတ်လမ်းနေရာကို ရထားခုတ်မောင်း ဝင်ရောက်လာနေစဉ် ကားလမ်အား ပိတ်မထားခြင်းကြောင့် အဆိုပါ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ လုံခြုံရေးအရာရှိ၏အဆိုကို AP သတင်းက ဖော်ပြသည်။

ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးခန့်ကို ဆေးရုံနှစ်ရုံကုသပေးနေရပြီး အများစုမှာ ခြေလတ် ပြတ်တောက်သည့် ဒဏ်ရာများရရှိထားခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ ရထားတိုက်ခံရသည့် ဘတ်စ်ကားပေါ်တွင် ကျောင်းသူကျောင်းသား ကလေးငယ် ၅၀ ကျော် လိုက်ပါလာကြောင်း သိရသည်။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Planet Myanmar Network
အီဂျစ်နိုင်ငံတွင် သူငယ်တန်း ကျောင်းသူကျောင်းသား ကလေးငယ်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးအား အရှိန်ပြင်းစွာ ခုတ်မောင်း လာ သည့် ရထားတစ်စင်းက တိုက်မိခဲ့ရာ အနည်းဆုံး ကလေး ၅၀ ဦးခန်က သေဆုံးကြောင်း သိရသည်။ နိုဝင်ဘာ ၁၇ ရက်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တောင်ဘက် မိုင် ၃၁၀ အကွာရှိ မင်ဖလော့တ်မြို့
တွင် ဖြစ်ပွားခဲ့သည့် ထိုမတော်တဆဖြစ်ရပ်တွင် ဘတ်စ်ကားယာဉ်မောင်းလည်း သေဆုံးသွားသည်။
သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားသည်။ ရထားလမ်းနှင့် ကားလမ်ဆုံသည့် ဖြတ်လမ်းနေရာကို ရထားခုတ်မောင်း ဝင်ရောက်လာနေစဉ် ကားလမ်အား ပိတ်မထားခြင်းကြောင့် အဆိုပါ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ လုံခြုံရေးအရာရှိ၏အဆိုကို AP သတင်းက ဖော်ပြသည်။

ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးခန့်ကို ဆေးရုံနှစ်ရုံကုသပေးနေရပြီး အများစုမှာ ခြေလတ် ပြတ်တောက်သည့် ဒဏ်ရာများရရှိထားခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ ရထားတိုက်ခံရသည့် ဘတ်စ်ကားပေါ်တွင် ကျောင်းသူကျောင်းသား ကလေးငယ် ၅၀ ကျော် လိုက်ပါလာကြောင်း သိရသည်။

Photo From :Planet Myanmar Network

ဒေါက်တာ စင်သီယာမောင် နှင့် တွေ့ဆုံပွဲ အခမ်းအနား (တိုကျို)


 
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဂျပန် NGO အဖွဲ့များ မြန်မာနိုင်ငံသားများတို့ပါ တွေ့ဆုံသည့် အခမ်းအနားကို တိုကျိုရှိ နိပွန်းဖေါင်းဒေးရှင်း အဆောက်အဦး၌ ညနေ ၂း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပခဲ့ပြီး မယ်တော် ဆေးခန်း စတင်ပေါ်ပေါက်လာခဲ့ခြင်းနှင့် အနှစ် ၂၀ အတွင်း ဖြတ်သန်းလာခဲ့ရသည့် အခက်အခဲ့ အတွှေအကြုံများ၊ လက်ရှိ ရွှေ့ပြောင်းအခြေချ မြန်မာ ဒုက္ခသည်များတို့၏ အခြေအနေ ကလေးများ၏ ကျမ္မာရေး ပညာရေး ၊ လက်ရှိ နိုင်ငံရေး အခြေအနေ ပြောင်းလဲမှုများ ရှိသော်လည်း ပြည်တွင်းပ ဆေးလာရောက်ကုသမှုမှာ ဆက်လက် တိုးပွါးလျက် ရှိနေကြောင်း နိုင်ငံတကာမှ အကူုအညီထောက်ပံ့မှုအချို့မှာ လျော့နဲလာသည့်အတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဆက်လက် အကူအညီများ လိုအပ်လျက်ရှိကြောင်း လက်ရှိအခြေအနေများတို့ကိုပါ အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါသည်။
 
မိုင်းကျော်ဦး

ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သတင်းသမား ဘာဖြစ်ကြလဲ


 လွှတ်တော်တွင်း iPad သုံးနေသော ဇေကမ္ဘာ ဦးခင်ရွှေ၊ ဓာတ်ပုံ- ဧရာဝတီ 
 
ဇေကမ္ဘာ ဦးခင်ရွှေက The Hot News Weekly ဂျာနယ်ပါ သတင်းတပုဒ်နဲ့ပတ်သက်ပြီး အများသိ ရန် ကြေငြာချက်ကို ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာမှာ ဖော်ပြပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေက သတင်းရေးသူအား သူ၏ လူပဂ္ဂိုလ်နှင့် ဇေကမ္ဘာ ကုမ္ပဏီတို့၏ ဂုဏ်သိက္ခာကို ထိခိုက်ရန် သတင်းရေးသားခဲ့မှုနဲ့ပတ်သက်၍ လူသိရှင်ကြား တောင်းပန်ဖို့ ကြေငြာထားတာပါ။ 

အကယ်၍ မတောင်းပန်ခဲ့ရင် တရားဥပဒေအရ တရားစွဲဆို အရေးယူသွားမယ်လို့ ဆိုထားပါတယ်။ 

သတင်းသမားက ဘာတွေရေးထားလို့၊ ဇေကမ္ဘာက ဘာတွေ ဖြစ်ခဲ့လို့လဲ။ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သတင်းသမား ဘာထပ်ဖြစ်ကြတာလဲ ။


 



ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်စဉ် များပြားလာသောကြောင့် ရဲစခန်းအရေအတွက် ၂၀ တိုးချဲ့ရန်စီစဉ်


18mt2
(၆၅)နှစ်မြောက် အာဇာနည်နေ့က လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲစခန်းအရေအတွက် ၂၀ တိုးချဲ့သွားရန် စီစဉ်နေသည့်အပြင် မြို့နယ်ရဲတပ်ဖွဲ့မှူးများကို ရာထူးတိုး၍ တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယခုလက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲစခန်းအရေအတွက် စုစုပေါင်း ၉၃ ခု ရှိပြီး ၁၁၃ ခု အထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက “ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ရဲစခန်းအရေ အတွက် အခု ၂၀ တိုးချဲ့ဖို့ကို အဆင့်ဆင့် တင်ပြဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ရဲစခန်းများ တိုးချဲ့သွားမည့်အပြင် မြို့နယ်ရဲစခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး
အဆင့်များကိုလည်း ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

ဒုရဲမှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေရာကနေ ရာထူးတစ်ဆင့်မြင့်တဲ့ ရဲမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်သွားဖို့ ရှိပါတယ်။ ဒီလိုမျိုး တိုးမြှင့်ပြီး တာဝန်ထမ်းဆောင်ရမယ့်အတွက် အဓိကအားဖြင့် ဆုံးဖြတ်ပိုင်ခွင့် ပိုပြီးရရှိသွားမှာ ဖြစ်ပါတယ်...
ရန်ကုန်တိုင်းဒေသကြီး ဒုတိုင်း တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က “စခန်းတွေ တိုးချဲ့ဖို့ စဉ်းစားထားတဲ့နေရာတွေ အများစုက လူနေသိပ်သည်းတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။ အခု တချို့မြို့နယ်တွေမှာလည်း ရဲစခန်းနှစ်ခုရှိတဲ့ မြို့နယ်တွေလည်း ရှိပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေက ဒုရဲမှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေရာကနေ ရာထူးတစ်ဆင့်မြင့်တဲ့ ရဲမှူးရာထူးနဲ့ တာဝန်ထမ်းဆောင်သွားဖို့ ရှိပါတယ်။ ဒီလိုတိုးမြှင့်ပြီး တာဝန်ထမ်းဆောင်ရမယ့်အတွက် အဓိကအားဖြင့် ဆုံးဖြတ်ပိုင်ခွင့်ပိုပြီး ရရှိသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင် လူနေသိပ်သည်းမှုရှိသည့် မြို့နယ်အချို့မှာ အင်းစိန်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ သာကေတ စသည့်မြို့နယ်များဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း နေထိုင်သူဦးရေမှာ ခုနစ်သန်းနီးပါးရှိနေပြီး ရဲတပ်ဖွဲ့ဝင်အင်အားမှာမူ ခုနစ် ထောင်ကျော်သာ ရှိသဖြင့် နေထိုင်သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့အင်အား မျှတမှုမရှိကြောင်း ရဲမှူးမြင့်ထွေးက ဆက်လက်ပြောကြားခဲ့သည်။
ယခုကဲ့သို့ မြို့နယ်ရဲတပ်ဖွဲ့မှူးများကို ဒုရဲမှူးအဆင့်မှ ရဲမှူးအဆင့်သို့ ပြောင်းလဲတာဝန်ဆောင်စေမည် ဖြစ်သော်လည်း အခြားအဆင့်များကိုမူ ပြောင်းလဲတာဝန်ပေးသွားရန် အစီအစဉ်ရှိ၊ မရှိ မသိသေးကြောင်း ဒုရဲမှူးကြီး သက်လွင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လစဉ်ဖြစ်ပွားနေသော မှုခင်းဖြစ်စဉ် အရေအတွက်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ လစဉ်ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ် အရေအတွက်ထက် ပိုမိုများပြားနေကြောင်း ရဲမှူးမြင့်ထွေးက ဆိုပါသည်။
ဖြစ်ပွားနေသော မှုခင်းဖြစ်စဉ်များအနက် လိမ်လည်မှု၊ ခိုးမှု စသည့် ဖြစ်စဉ်များ ပိုမိုဖြစ်ပွားနေရခြင်းမှာ အလုပ်အကိုင် ရှားပါးလာမှုကြောင့် စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေခြင်းနှင့် နေထိုင်သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့အင်အား မျှတမှုမရှိသေးခြင်းကြောင့်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
by- news-eleven

မြန်မာသို့ နိုဝင်္ဘာအတွင်း ဘင်္ဂလီ ၄၇၅ ဦး BGB ပို့ဆောင်ခဲ့


သဇင်ဥ

မြန်မာလူထုနှင့် အစိုးရက ဘင်္ဂလီလူမျိုးဟု သတ်မှတ်ပြီးဖြစ်သော ၆၆ ဦးအား ဘင်္ဂလာမှ မြန်မာသို့ တရားမ၀င် နယ်စပ်မှောင်ခိုလမ်းများမှ အတင်းအဓမ္မ ယမန်နေ့က ပို့ဆောင်ခဲ့ရာ နိုဝင်္ဘာအတွင်း စုစုပေါင်း ဘင်္ဂလီ ၄၇၅ ဦး ရှိပြီးဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီးပြီး အတင်းအဓမ္မ ပို့ဆောင်ခြင်းခံရသူများကို ရခိုင်ပြည်-ဘင်္ဂလာနယ်စပ် ခေါင်းတုန်း၊ တောင်ပြိုနှင့် ဘာလူခါးလီ နယ်မြေများမှ ၅၈ ဦးအား ယမန်နေ့က ဖမ်းဆီးပြီး ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း BGB အမှတ် ၁၇ က တပ်ရင်းမှူး ခါလေကူဇ္ဖာ မာန်က ဆော်မူဒြကော်ထော ၀ပ်ဆိုက်သို့ ပြောဆိုကြောင်း ယနေ့ ဖေါ်ပြထားသည်။

ထို့ပြင် တာခ်နာမြို့နယ်မှ ဘင်္ဂလီ ၈ ဦးကို ဖမ်းဆီးမိပြီး စုစုပေါင်း ၆၆ ဦးအား ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းဝပ်ဆိုက်က ဆိုသည်။

BGB ၁၇ တပ်ရင်းက ဘင်္ဂလီ ၆၆ ဦးအား ရခိုင်ပြည် မောင်တောမြို့နယ်များသို့ နယ်စပ်မှ ပို့ဆောင်ခဲ့မှုအား တာခ်နာအခြေစိုက် BGB ၄၂ တပ်ရင်းမှူး ဇာဟိဒ် ဟာဆန်က ဒေသခံသတင်းထောက်များကို အတည်ပြုပြောကြောင်း သိရှိရသည်။

ကော့စ်ဘဇားမြို့ အခြေစိုက် BGB အမှတ် ၁၇ တပ်ရင်းအနေဖြင့် ဗုဒ္ဓဟူးနေ့က ခေါင်းတုန်း၊ တောင်ပြိုနှင့် ဘာလူခါးလီ နယ်မြေများမှ ဘ င်္ဂလီ ၄၅ ဦးအား ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ယမန်နေ့ထုတ် ၀ပ်ဆိုက်က ဖေါ်ပြခဲ့သည်။

နစက-BGBတို့အကြား အရေးပေါ် တွေ့ဆုံဆွေးနွေးပွဲ ၄ ကြိမ်ကို ဘင်္ဂလာပိုင်နက်အခြေစိုက်သော အမည်မသိလက်နက်တပ်ဖွဲ့တခုက မြန်မာ့ GEတပ်အား ခြုံခိုတိုက်ခိုက်မှုကြောင့် တဦးသေဆုံးခဲ့ပြီး ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုအပေါ် နိုဝင်္ဘာလအတွင်း ပြုလုပ် ခဲ့ပြီးဖြစ်ကြောင်းနှင့် နစက-BGBတို့အကြား ယနေ့ဆွေးနွေးပွဲရှိနေကြောင်း နှစ်ဘက် နယ်စပ်ဒေသအတွင်း သတင်းများ ထွက်ပေါ်နေ သည်။

ဘင်္ဂလာ BGBက နယ်စပ်များအတွင်း ကျူးကျော်လာသူများဟု စွပ်စွဲကာ ဘင်္ဂလီများအား လိုက်လံဖမ်းဆီးပြီး ရခိုင်ပြည် မောင်တောမြို့နယ်သို့ အတင်းစေလွှတ် ပို့ဆောင်နေခြင်းမှာ နိုဝင်္ဘာလအတွင်း စုစုပေါင်း ၄၇၅ ဦးရှိပြီးဖြစ်ကြောင်း၊ ဘင်္ဂလာက ယင်းဘင်္ဂလီများအား နေ့စဉ်ရက်ဆက် ပို့ဆောင်နေခြင်းမှာ လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကတည်းကဖြစ်ကြောင်းနှင့် မြန်မာဘက်က နစက၊ လ၀ကနှင့် စစ်တပ်အနေ ဖြင့် ယင်းအတင်းပို့ဆောင်ခံရသော ဘင်္ဂလီများအား ယနေ့ထိ တစုံတရာ စစ်ဆေးမေးမြန်း အရေးယူမှုများ မရှိသည့်အပြင် ဒေသလုံခြုံ ကွပ် ကဲမှုကို ဘင်္ဂလာတပ်ဖွဲ့များကဲ့သို့ တာဝန်ယူထမ်းဆောင်နိုင်ခြင်း အရည်အချင်းမရှိခြင်းမှာ သမ္မတ ဦးသိန်းစိန် ညံဖျင်းမှုကြောင့် ဖြစ် သည်။

ဂျာမန် ရဲတပ်ဖွဲ့က ရွှေ့ပြောင်းရုံးခန်း တစ်ခုအား ဖမ်းဆီး




ဂျာမနီနိုင်ငံဆာလမ်းပြည်နယ်အဝေးပြေးလမ်းပေါ်တွင်ရဲတပ်ဖွဲ့ကစတေရှင်ဝက်ဂွန်ကားတစ် စီး ပေါ်
တွင်ရွေ့လျားရုံးခန်းအဖြစ်တီထွင်ဖန်တီးထားသည့်သူတစ်ဦးကိုဖမ်းဆီးခဲ့သည်။၎င်းသည်၁နာရီ  ကီလို
မီတာ၁ဝဝမောင်းနှင်ရမည့်အဝေးပြေးလမ်းပိုင်းတွင်၁နာရီကီလိုမီတာ၁၃ဝအမြန်နှုန်းဖြင့် ကားတစ်စီး
အားကျော်တက်စဉ်ရဲတပ်ဖွဲ့ကမော်တော်ယာဉ်အမြန်မောင်းနှင်မှုဖြင့်ဖမ်းဆီးခဲ့ရာမှကားအတွင်း တပ်
ဆင်ထားသည့် ရုံးသုံး ပစ္စည်းများကို တွေ့ရှိ ခဲ့ရသည်။ အသက်၃၅စ်အရွယ်ရှိယာဉ်မောင်းက၎င်း၏ စတေရှင် ဝက်ဂွန် ကားရှေ့ခန်းရှိ ခရီးသည် ထိုင်ခုံပေါ်တွင် သစ်သားစင်ဖြင့်လက်တော့ပ်ကွန်ပျူတာ တစ်လုံး၊ ပရင်တာ တစ်လုံး၊ router၊ ကြိုးမဲ့ အင်တာနက် စနစ်၊ WLAN အင်တာနာနှင့် အင်ဗာတာ တစ်လုံးတို့ တပ်ဆင်ထားသည်။ 
 
ထို့ပြင်ကားရှေ့လေကာမှန် ပေါ်တွင် မော်တော်ယာဉ် လမ်းညွှန် စနစ်နှင့် ဟမ်းဖုန်းတို့ကို တပ်ဆင်ထားသည်။ သို့သော်လည်း ယာဉ်မောင်းက ကားမောင်းနေစဉ် ရုံးသုံး ပစ္စည်းများ အသုံး မပြုကြောင်း ပြောကြားခဲ့သည်။ 
 
ယာဉ်မောင်းသည် မော်တော် ယာဉ် အမြန် မောင်းနှင်မှုကြောင့် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၁၅၃ ဒေါ်လာ ပေးဆောင်ရပြီး ကားအတွင်း ရုံးသုံးပစ္စည်း ကိရိယာများ တပ်ဆင် ထားမှုကြောင့် အသက် အန္တရာယ် ထိခိုက်နိုင်သည့် အတွက် ဒဏ်ကြေး ပေးဆောင်ရဖွယ် ရှိကြောင်း သိရသည်။
 
မြ၀တီ

” မာဆက်(KTV) မီးရောင်စုံအောက်က မြန်မာမိန်းခလေး ဘ၀”


KTV ၊ (မာဆက်) အနှိပ်ခန်း၊ စားသောက်ဆိုင် များတွင် လှည့်  လည် ဖျော်ဖြေ ရေးး အ သွင်ဆောင်နေကြတဲ့ မော်ဒယ် မလေးများ အကြောင်းဖြစ်ပါတယ်၊အဆို ပါမိန်းကလေးများမှာ များသော အားဖြင့်  ရုပ်ရည်ချောမောပြေပြစ်ကြ သူများဖြစ်ကြပါတယ်။
အလွှာ အသီးသီးမှ ဆင်းသက်လာကြသူများဖြစ်ကြပါတယ်..၊သူတို့ 
ကျင်လည်ရာ နေရာများကတော့  …စားသောက်ဆိုင် အမည်ခံ ကာရာ
အိုကေခန်းများ၊ အလှပြင်ဆိုင်အမည်ခံအနှိပ်ခန်းများ. စင်တင်တေးဂီတ
အမည်ခံ မော်ဒယ်မလေးများ ထားရှိသောဆိုင်များဖြစ်ကြပါသည်..။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိန်းကလေးတို့ သဘာဝအလှတရား

များကို ဗန်းပြကာငွေ ရှာ ကြသောနေရာများဖြစ်ပါသည်..။
ပထမဦးစွာတင်ပြမှာက ကာရာ အိုကေခန်းမများ..တွင် ကျင်လည်ကြသော
မိန်းကလေးများ၏ ဘ၀ အကြောင်းဖြစ်ပါသည်..။
ထိုမိန်း ကလေးများသည်အသက်အားဖြင့်  (17 နှစ်မှ30)၀န်းကျင်သာ
ရှိကြပါသည်။ထို မိန်းကလေးများ ရုပ်ရည် အ တန်သင့်  ရှိကြပြီးပညာရေး
အနေနှင့် တော့  အချို့ က အခြေခံအဆင့်  အချို့  ကတော့  တက္ကသိုလ်
များတွင် ကျောင်း တက် ဆဲ မိန်းကလေးများပါ ပါဝင် ပါသည်။
ပထမနှစ်..ဒုတိယနှစ်ကျောင်း သူများပါဝင်နေကြမှာထူးခြားမှု့ 
တခု ဖြစ်ပါသည်..။
သူတို့  ၏ပြောဆိုချက် အရ ပညာဆက်လက်သင်ရန်အတွက် ငွေကြေးမပြည့် စုံခြင်း၊မိဘများမှစီးပွားရေးကျပ်တည်းလာမှု့  ကြောင့်  ကျောင်းစရိတ်ဆက်
လက်မပံ့ပိုးနိုင်တော့  ခြင်းတို့  ကြောင့်  ပညာအတွက် ဘ၀ ကို နှစ်ကြ
သူများ ဖြစ် ပါသည်။
ထိုမိန်းက လေး မျိုးသည်များသောအားဖြင့်  အလုပ်သဘောဆက်ဆံမှု့ 
မှလွဲရ်ျလူသိမခံကြပါ ။နောက်ထိုအထဲတွင် အများဆုံး ရောက် ရှိ
လာကြသူများကတော့  ယခင်အထည်ချုပ်လုပ်ငန်းများတွင် နယ်မှနေရ်ျ
လာရောက်လုပ်ကိုနေကြသည့်  အထည် ချုပ် သမ လေးများဖြစ်ပါသည်။
။ပြည်ပ မှလာရောက်လုပ်ကိုင်ကြသောအထည်ချုပ်လုပ်ငန်းများသည်
နိုင်ငံရေးအခြေနေအရသော်၎င်း ၊အစိုးရ၏စီပွားရေးလုပ်ငန်းရှင်များ
အပေါ်သဘောထားပြောင်းလဲလာခြင်းကြောင့်  သော်၎င်း၊လျှပ်စစ်မီးသုံး
စွဲရာတွင် လုံ လောက်စွာမရရှိမှု့ ကြောင့် သော်၎င်းအကြောင်းအမျိုး
မျိုးကြောင့်လုပ်ငန်းများရပ်ဆိုင်းခဲ့ ကြပါသည်..။
ထိုအခါတွင် အထည်ချုပ်လုပ်ငန်းများမှမိန်းကလေးတော်တော်များများ
အလုပ်လက်မဲ့ ဖြစ်ခဲ့ ရပါသည်..။
ထိုမိန်းကလေးများ သည် မိမိ ဘ၀ ရပ်တည်ရေး နှင့် အခြားအလုပ်များပြောင်း
လဲ လုပ်ကိုင်ရန်အတွက်အလုပ်ရှားပါးမှု့  တို့  ကြောင့်  အ၀င်လွယ် အထွက် လွယ်ငွေရလွယ်သောကာရာအိုကေခန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြရင်း
ယခုတိုင် ရုန်းမထွက်နိုင်သူ အများအပြားရှိနေ ကြ ပါသည် ။
နေထိုင်ကြသည့်  ပုံစံများကတော့  အလျှင်းသင့်  သူများနှင့်  တိုက်ခန်းများ
စပ်တူဌားရမ်းနေထိုင်ကြခြင်း၊ဆိုင်များမှစီစဥင်္ပေးသောအဆောင်များတွင်နေ
ထိုင်ကြခြင်းများစသည်ဖြင့် နေ ကြ ပါသည်။
စားရေးသောက်ရေးအနေနှင့်  ကတော့  မနက်ခင်းပိုင်းတွင်မိမိငွေဖြင့် 
ဝယ်စားညစာ အတွက်မူလာ ရောက် ကြ သောဧည့် သည်များထံ
မှကျွေး သမျှ ဖြင့်  ချို့  ချန် ကာ ရသမျှ ငွေ ကိုစုပြီး အဝေးမှမိဘ
များကိုထောက် ပံ့ ကြပါသည် ။
အလုပ်ချိန်မှာ ညနေ(5း00)လောက်မှစတင်ကာည(2း00)လောက်ထိ
ရှိကြပါသည် ။ထိုဘ၀များတွင် ကြာရှည် ကျင်လည် ခဲ့ ကြသည့်  မိန်း
ကလေးအများစု မှာ ကျင်လည်ရာပါတ်ဝန်းကျင် ၏ရိုက်ခတ်မှု့  ကြောင့် 
စိတ်အလိုလိုက်ရင်း အရက်စွဲ ၊ကြေးစားဘ၀ ၊ငွေ ကြေးချမ်းသာသူများ၏
လပေးစနစ်ဖြင့်  အငယ်အနှောင်းဘ၀များဖြင့်  သာနိဂုန်းချုပ်ရ
ပါတော့ သည် ။
(မှတ်ချက်)
ထိုလုပ်ငန်းများသည် ယခင်က မြို့  ကြီးများဖြစ်ကြသော ရန်ကုန် ၊
မန္တလေး ၊မော်လမြိုင်စသော မြို့  ကြီးများတွင် အဓိ က ဈေးကွက် ဖြစ်ခဲ့
သော်လည်း ယခုအခါတွင် ရုံးဌာန များ ပြောင်းရွှေ့  ဖွင့်လှစ်ရာ နေပြည်တော်
တွင် ဆိုင်များ တိတ်တိတ်ပုန်းတိုးချဲ့ ကာအောင် ပွဲ ခံ လျှက်ရှိနေပါသည် ။
Myo Ko Naing
Yangon

(MSE Offline ပြုလုပ်နည်း) Microsoft Security Essentials (MSE) Offline Update




အင်တာနက်အခတ်အခဲကြောင့် Microsoft Security Essentials (MSE) ကို Online Update မလုပ်နိုင်တဲ့ သူငယ်ချင်းများ Offline အနေနဲ့ Update လုပ်နည်းလေးကို မသိသေးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်....
ပထမဆုံး မိမိသုံးနေတဲ့ Operating System က 32bit လား 64bit လားဆိုတာ သိထားရပါ့မယ် .... Win + Pause/Break ကို တွဲနှိပ်လိုက်ရင် သိနိုင်ပါတယ်... အောက်မှာ 32bit ဆိုရင် 32bit ကိုဒေါင်းယူပါ... 64bit ဆိုရင် 64bit ကို ဒေါင်းယူပါ...။
ဒေါင်းယူပြီးရင် mpam-fe ဆိုတဲ့ exe ဖိုင်လ်လေးရလာမှာပါ အဲ့ဒီဖိုင်လ်လေးကို Desktop မှာတင်ပြီး Right Click  -> Run as administrator  နဲ့ Run ပေးလိုက်ပါ ...
 ပြီးသွားရင် MSE ကိုဖွင့် Update ကို နှိပ်ပြီး Offline Update လုပ်နိုင်ပါပြီ.....
အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်...
အဆင်မပြေသေးရင် ညီလေး IT Helper တင်ပေးထားတဲ့  ဒီနည်းအတိုင်း  Offline Update လုပ်ပေးနိုင်ပါသေးတယ်...။
ဝင်းကမ္ဘာကျော်

မြန်မာ့တပ်မတော်(ရေ) နှင့် အမေရိကန်စစ်သင်္ဘောမှ အရာရှိစစ်သည်များ နေ့လည်စာ အတူစားသောက်ခဲ့


မြန်မာ့တပ်မတော်(ရေ) နှင့် အမေရိကန်စစ်သင်္ဘောမှ အရာရှိစစ်သည်များ နေ့လည်စာအတူစားသောက်ခဲ့
Sunday, November 18, 2012

မြန်မာ့တပ်မတော်(ရေ)၏Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့်  F23 မှ အရာရှိ၊စစ်သည်များသည် ယနေ့ နေ့လည်ပိုင်းတွင်မြန်မာ့ရေပိုင်နက်အနီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမား ခရီးစဉ်နှင့် ဆက်စပ်ပြီး ရောက်ရှိနေသော  အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့  Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။ ထိုသို့ လာရောက်လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain  CAPT David Fluker မှမြန်မာစစ်ရေယာဉ်များ မှအရာရှိ၊စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
 နှစ်နိုင်ငံ ရေတပ်များအတွက် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။
 


 Sunday, November 18, 2012

မြန်မာ့တပ်မတော်(ရေ)၏ Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့် F23 မှ အရာရှိ၊ စစ်သည်များသည် ယနေ့ နေ့လည်ပိုင်းတွင် မြန်မာ့ရေပိုင်နက်အနီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမား ခရီးစဉ်နှင့် ဆက်စပ်ပြီး ရောက်ရှိနေသော အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့ Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။
 
ထိုသို့ လာရောက် လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain CAPT David Fluker မှ မြန်မာစစ်ရေယာဉ်များ မှအရာရှိ၊ စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံ ရေတပ်များအတွက် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။
 
Copy from - Myanmar NAV

အမေရိကန်သမ္မတ ခရီးစဉ် သတင်းအချက်အလက်အချို့သိရ


သမိုင်း ၀င် မြန်မာ နိုင်ငံ ခရီးစဉ် အတွက် အိုဘားမား သည် အမေရိကန် ပြည်ထောင်စု
မှ ယနေ့  ညတွင် စတင် ထွက် ခွား သွား ပြီ ဟု သတင်း ရရှိသည်။


Photo by - Khu Daun
Copy from - Potus Trip To Myanmar

အိုဘားမား ခရီးစဉ်အကြို မြန်မာအစိုးရ သဘောထား ထုတ်ပြန်


ယနေ့ နိုဝင်ဘာလ ၁၈ ရက် မြန်မာစံတော်ချိန် ည ၈ နာရီ သတင်းတွင် နိုင်ငံတော် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် ၂/၂၀၀၂ ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 
ဒါဟာ အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ် အကြို မြန်မာအစိုးရဘက်က အခုလို အစိုးရရဲ့ လုပ်ဆောင်နေတဲ့ ၊ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ဆိုင်ရာတွေကို အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

ကြေညာချက် အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ နိုင်ငံတော် သမ္မတရုံးစာမျက်နှာတွင် လည်း ဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ 
သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) 
၁၃၇၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတကာစံနှုန်းများနှင့် အညီ ဖြစ်စေ ရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးများ ကာကွယ်နိုင်စေရန်၊ ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ပေါ်လာစေရန် အောက်ပါကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ပါသည် - 

၁။လူ့အခွင့်အရေးကိစ္စများ မြန်မာနိုင်ငံအစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross- ICRC)နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည် ဖြစ်ပါသည်။ 

၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကို အကျဉ်းထောင်များအတွင်း သန့်ရှင်းသော မိလ္လာစနစ်များ၊ ရေနှင့်လျှပ်စစ်မီး ရရှိရေးတို့ကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ရာ ယခုဆက်လက်၍ ဆေးဝါးကုသမှုနှင့် အကျဉ်းထောင်အတွင်း အကျဉ်းသား များ၏ လူမှုဖူ လုံရေးကိစ္စများနှင့် နေရေးထိုင်ရေးကိစ္စများကို ကူညီခွင့်ပြုသွားမည် ဖြစ်သည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်နိုင်ရန် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 
ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ် များစာရင်းကို လည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေးတာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။ 

၂။ အကျဉ်းသားများကိစ္စ ပြည်ထောင်စုအစိုးရအနေနှင့် ကျန်ရှိနေသေးသော အကျဉ်းသားများကိစ္စ ကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့်အခြားသက်ဆိုင်ရာအစိုးရဌာနများ နှင့် အဖွဲ့အစည်းများအကြား ယခုနှစ် ဒီဇင်ဘာလမကုန်မီ ညှိနှိုင်းဆွေးနွေးမှုများ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နိုင်ငံတကာစံများ၊ ကျင့်ထုံးများနှင့်အညီ အကျဉ်းသားများ၏ ပြစ်မှုများ၊ ပြစ်ဒဏ်များ ကို ပြန်လည် စဉ်းစားသုံးသပ်နိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

၃။ ပဋိပက္ခများဖြေရှင်းရေးနှင့် အမျိုးသားသွေးစည်းညီညွတ်ရေး ပြည်ထောင်စုအစိုးရအနေနှင့် တာဝန်ယူ သည့် အချိန်မှစတင်၍ ငြိမ်းချမ်းရေးကိစ္စများကို အထူးအလေးထား ဆောင်ရွက်လာခဲ့ရာ ယခုအခါ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးဖြစ်သည့်အပြင် ဆက်လက် ၍ နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအနေနှင့် ကချင် ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်စေ ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား မည် ဖြစ်ပါသည်။ 

ထို့အပြင် ပြည်ထောင်စုအစိုးရအနေနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် တိုင်းရင်းသားအခွင့်အရေးများ ကို ရေရှည်အာမခံချက်ပေးနိုင်ရန် နိုင်ငံရေးနည်းလမ်းများကို အသုံးပြု၍ လိုအပ်သည်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတကြီး၏ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံ ပေးပို့သော စာတွင် ဖော်ပြပါရှိသည့်အတိုင်း ရခိုင်ဒေသတွင် ပဋိပက္ခများ တစ်ကျော့ 
ပြန် မဖြစ်ပွားစေရေးအတွက် လိုအပ်သည်များကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပါသည်။ 

ရခိုင်ဒေသခံ ပြည်သူများ လိုအပ်သော လူသားချင်းစာနာသည့် အထောက်အပံ့များ ရရှိရေးကို လည်း နိုင်ငံ တကာ အသိုင်းအဝိုင်းနှင့် အတူလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

လူမျိုးစုနှစ်ခုကြားရှိ အဓိကပြဿနာဖြစ်စေသည့် ရင်းမြစ်များကိုလည်း ကြိုးပမ်းဖြေရှင်း သွားမည်ဖြစ်ပြီး အိုးအိမ်စွန့်ခွာသူများ နေရပ်ပြန်နိုင်ရေးအစ နိုင်ငံသားဖြစ်မှုအဆုံး လိုအပ်သော နိုင်ငံရေးအရ ဖြေရှင်းမှုများ ကို လည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာများတွင် အခြားနိုင်ငံ တကာလူသားချင်းစာနာသော အဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ ပိုမိုကျယ်ပြန့်သော အကူအညီများ ကူညီထောက်ပံ့နိုင်ရန် ပြည်ထောင်စုအစိုးရက ညှိနှိုင်းဆောင်ရွက် ပေး သွားမည် ဖြစ်ပါသည်။ 

၎။ အဏုမြူမပြန့်ပွားရေး ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွား မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ် တွင် နျူကလီးယား စမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။ 

၅။ ပွင့်လင်းမြင်သာသည့်အစိုးရတစ်ရပ်ဖြစ်ပေါ်ရေး ပြည်ထောင်စုအစိုးရအနေနှင့် ၂၀၁၆ တွင် Open Government Partnership (OGP) အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။ OGP အစီအစဉ်မှာ အစိုးရများ၏ ပွင့်လင်း မြင်သာမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးဖြစ်စဉ် တွင် နိုင်ငံသားများ၏ ပါဝင်မှုကို မြှင့် တင်ခြင်း၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို ထိရောက်စေခြင်းနှင့် နည်းပညာကဏ္ဍ ကို မြှင့်တင် ပေး
ခြင်း တို့ဖြင့် ပိုမိုပွင့်လင်းမြင်သာ၍ တာဝန်ယူမှုရှိသော စွမ်းဆောင်ရည်မြင့် အစိုးရ ဖြစ်ပေါ်စေရန် နိုင်ငံစုံ ပူးပေါင်း ပါဝင်သော အစီအစဉ်ဖြစ်ပါသည်။ 

၆။ လူကုန်ကူးမှုတိုက်ဖျက်ရေး ပြည်ထောင်စုအစိုးရအနေနှင့် “လူကုန်ကူးမှုတိုက်ဖျက်ရေး အမေရိကန်-မြန်မာ ပူးပေါင်း အစီအစဉ်” တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့်လည်းပူးပေါင်း၍ အဓမ္မခိုင်းစေမှုများ ပပျောက်စေရေး အစီအစဉ်များနှင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေသစ်”နှင့်အညီ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ယင်းစီမံချက်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီများကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသွားမည်ဖြစ်ပါသည်။ 

(သတင်းထုတ်ပြန်ရေးအဖွဲ့)

ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် ချေးငွေကန်ဒေါ်လာ ၆၁၅ သန်း ပေးမည်


တိုကျို၊ နိုဝင်ဘာ-၁၇

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရချေးငွေ ကန်ဒေါ်လာ ၆၁၅ သန်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းမှာ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးလိုက်ကြောင်း
အမေရိကန်က ကြေညာပြီး ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ချေးငွေပေးမည့် ကြေညာချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ဂျပန်ဝန်ကြီးချုပ်
ယိုရှီဟီကိုနိုဒါက ကြေညာမည်ဖြစ်ကြောင်း နီကေးစီးပွားရေးနေ့စဉ် သတင်းကဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့သည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် အရှေ့အာရှထိပ်သီး
ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့၌ ရောက်ရှိနေပြီး နိုဝင်ဘာ ၁၉ ရက်တွင်
နှစ်ဖက်တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

အတိုးနှုန်း နည်းနည်းနှင့် ရေရှည်ပေးအပ်မည့် ဂျပန်အစိုးရ ချေးငွေမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမ
ဆုံးပြန်လည်ပေးအပ်သည့် ချေးငွေဖြစ်ပြီး ယင်းမှာ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ၀င်ရောက်ခြင်းကို ကျော
ထောက်နောက်ခံပေးရန်နှင့် မြန်မာနိုင်ငံတွင် သြဇာကြီးမားလာသည့် တရုတ်နိုင်ငံအား စောင့်ကြည့်ရန်လည်း
ဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။

ဂျပန်နိုင်ငံက ချေးငွေများကို ၂၀၁၃ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ပေးအပ်သွားမည်ဖြစ်ပြီး
ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြားမြီရှင်နိုင်ငံများကလည်း လာမည့်နှစ် ဇန်န၀ါရီလအတွင်း မြန်မာ
နိုင်ငံ၏ ကြွေးမြီများကို သက်သာခွင့်ပေးရန် ကြေညာကြလိမ့်မည်ဟု မျှော်လင့်ရသည်။

7Day News Journal

မန္တလေး - မြစ်ကြီးနား မီးရထားလမ်း တွင် တံတား မိုင်းကွဲ၍ ရထား ၈စီး ပိတ်မိ


ရန်ကုန်၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ မြောက်ပိုင်း၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ်သော မန္တလေး- မြစ်ကြီးနား မီးရထား လမ်းပေါ်ရှိ မော်လူးဘူတာ နှင့် ပင်ဝယ် ဘူတာကြား တံတား တစ်စင်း၌ ယမန်နေ့ည ၁၁နာရီ ခန့်က မိုင်းကွဲမှု ဖြစ်ပွားခဲ့ရာ ရထား ၈စီး ပိတ်မိ နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

ယင်း မိုင်းကွဲမှု ကြောင့် ရထား သံလမ်း ၅ပေ ပြတ်တောက် ခဲ့ပြီး တံတားဒေါက်တိုင် များမှာလည်း ပျက်စီး သွားကြောင်း ၄င်းက ဆိုသည်။

“ခုထိတော့ လမ်းပွင့်နိုင်တဲ့ အခြေနေ မရှိသေးဘူး။ ၇နာရီ မှ ပြီးမယ် လို့တော့ ကြားတယ်” ဟု မဲဇာတွင် ပိတ်မိနေသော အမှတ် ၃၇ လူစီး ရထားပေါ်မှ အသက်၁၈နှစ် အရွယ် မိုးညှင်း ဒေသခံ တစ်ဦးက ညနေ ၄နာရီ မိနစ်၂၀ တွင် ပြောကြားသည်။

အဆိုပါ ရထားလမ်း မိုင်းကွဲမှု ကြောင့် နဘား ဘူတာတွင် ရထား သုံးစီး၊ အင်းတော် ဘူတာ တွင် တစ်စီး၊ မဲဇာဘူတာ တစ်စီး၊ နန့်စီးအောင် ဘူတာ တစ်စီးနှင့် မိုးညှင်း ဘူတာတွင် တစ်စီး ပိတ်မိ နေကြောင်း မန္တလေး ဘူတာကြီးမှ ပေးပို့သော သတင်း အချက်အလက် များအရ သိရသည်။ ယင်း ပေါက်ကွဲမှု နှင့် ပတ်သက်၍ ကေအိုင်အေ ဌာနချုပ်သို့ The Voice Weekly မှ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်ထားဆဲ ဖြစ်သည်။

မန္တလေး - မြစ်ကြီးနား မီးရထား လမ်းမ တစ်လျှောက်တွင် မိုင်းကွဲမှု ၅၅ကြိမ် ဖြစ်ပွားခဲ့ပြီး ယခု မိုင်းကွဲမှုသည် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

နိုဝင်ဘာလ(၁၇)ရက်နေ့ ည (၁၁) နာရီ ခွဲ အချိန်တွင် ဖားပန်ကျေးရွာအနီး တံတားအမှတ် (၄၇၈) တွင် ရထားသံလမ်း မိုင်းပေါက်ကွဲမှု ကြောင့် ပျက်စီးသွားပုံ။  ။ ဓါတ်ပုံ - Katha Town