Monday, November 19, 2012

နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ

Yezar Ni shared Myanmar NAVY's photo.
နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ

ပြီးခဲ့သည့် ရက်သတ္တပါတ် နှစ်ပါတ်ခန့်အတွင်းက အမေရိကန်ရေတပ်မှ  USS George Washington   နှင့်   USS John C.Stennis  လေယာဉ်တင်သင်္ဘောနှစ်စင်း သည် အကြောင်းတိုက်ဆိုင်စွာပင် အရှေ့တောင်အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။ ယင်း၏ နောက်ဆက်တွဲသတင်းတစ်ခုအဖြစ် ဖော်ပြပါ လေယာဉ်တင်သင်္ဘော နှစ်စင်းသည်  (၁၃-၁၀-၂၀၁၂)ရက်နေ့တွင် မြန်မာ့ရေပြင်ပိုင်နက်အနီး Andaman  ကျွန်းနှင့် Nicobar ကျွန်းတစ်ဝိုက် ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း  ၄င်းတို့၏ facebook စာမျက်နှာများတွင် ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကိုလည်း တွေ့ရပြန်သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ BD News Internet စာမျက်နှာတွင် အမေရိကန်စစ်ရေယာဉ်နှစ်စင်း နှင့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်များ  ဘင်္ဂလားပင်လယ်အော်အတွင်း  ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ဤသတင်းများအရဆိုပါက ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည်  မြန်မာ့ရေပိုင်နက်အနီး Andaman Sea ထဲတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ယခုကာလတိုရက်ပိုင်းအတွင်း မြန်မာနှင့် အမေရိကန်တို့သည် သံတမန်ရေးရာအပါအဝင် ကဏ္ဍအချို့၌  နီးနီးကပ်ကပ် ကူးလူးဆက်ဆံမူများကို ထင်ထင်ရှားရှား တွေ့နေရသည်။ထင်ရှားမူတစ်ခုသည် လူ့အခွင့်အရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner ဦးဆောင်သောအဖွဲ့သည် ယခုအပတ်အတွင်း   မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊၎င်းနှင့်အတူ အရှေ့အာရှရေးရာ အမေရိကန်ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး Vikoom Singn၊ အမေရိကန်စစ်တပ်၏ ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Froncu Wier Cinski တို့အပြင် သမ္မတအိမ်ဖြူတော်နှင့် ဒုသမ္မတရုံးမှ အကြီးတန်းအရာရှိများ၊ အမျိုးသားလုံခြုံရေးဌာန နှင့် အမိမြေလုံခြုံရေးဌာနမှ တာဝန်ရှိသူများ လိုက်ပါလာသည်ကို ထူးထူးခြားခြား သတိပြုမိပါသည်။
      
တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အမေရိကန်သမ္မတ အိုဘားမားအား  မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊သမ္မတ အိုဘားမားမှလည်း  ပထမသက်တမ်းမကုန်ခင် လာရောက်လည်ပတ်မည်ဟု ဆိုထားကြောင်း၊သမ္မတ အိုဘားမား၏ မဲဆွယ် Speechများတွင် မြန်မာနှင့်အမေရိကန်ကြား နိုင်ငံရေးဆက်ဆံမူ ပုံစံသစ်ကြောင့် ရလာဒ်ကောင်းများ ရရှိသည်ဟု ခေါင်းစဉ်တစ်ခုအဖြစ် ပြောဆိုဆွေးနွေးလျက်ရှိကြောင်း၊မြန်မာ့အရေးသည် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် အမေရိကန်တို့၏ နိုင်ငံရေး Agenda တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း စသည့် အခြေအနေများကိုလည်း ကြားသိနေရပါသည်။၎င်းအပြင် ယခုလ (၁၆)ရက်နေ့က  ပြုလုပ်သည့် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲတွင် လက်ရှိသမ္မတ အိုဘားမားက ပြိုင်ဖက်သမ္မတလောင်း ရွန်နီကို ၄၆%၊ ၃၉%နှင့် အသားစီးရယူနိုင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ကာလတိုတစ်ခုအတွင်း  စိတ်အေးလက်အေး ခရီးသွားနိုင်မည့် အနေအထားဟု ခန့်မှန်းရသည်။ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံတော်၏ အစိုးရသစ်၊နိုင်ငံရေးစနစ်သစ် အခါသမယတွင် နေပြည်တော်မြို့တော်သစ်ကြီး၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်၌ မကြာမီကာလတိုအတွင်း  အမေရိကန်တို့၏ Air Force One လေယာဉ်ကို တွေ့မြင်ရဖွယ် ရှိကြောင်း နှင့် အရှေ့တောင်အာရှနိုင်ငံ အချို့သို့လည်း သွားရောက်ဖွယ်ရှိကြောင်း တင်ပြလိုက်ရပါသည်။

မောင်ဝါဆို
(17-10-2012)
နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ

ပြီးခဲ့သည့် ရက်သတ္တပါတ် နှစ်ပါတ်ခန့်အတွင်းက အမေရိကန်ရေတပ်မှ USS George Was
hington နှင့် USS John C.Stennis လေယာဉ်တင်သင်္ဘောနှစ်စင်း သည် အကြောင်းတိုက်ဆိုင်စွာပင် အရှေ့တောင်အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိလာခဲ့ကြသည်။ ယင်း၏ နောက်ဆက်တွဲသတင်းတစ်ခုအဖြစ် ဖော်ပြပါ လေယာဉ်တင်သင်္ဘော နှစ်စင်းသည် (၁၃-၁၀-၂၀၁၂)ရက်နေ့တွင် မြန်မာ့ရေပြင်ပိုင်နက်အနီး Andaman ကျွန်းနှင့် Nicobar ကျွန်းတစ်ဝိုက် ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်လျက်ရှိကြောင်း ၄င်းတို့၏ facebook စာမျက်နှာများတွင် ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကိုလည်း တွေ့ရပြန်သည်။ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ BD News Internet စာမျက်နှာတွင် အမေရိကန်စစ်ရေယာဉ်နှစ်စင်း နှင့် ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်များ ဘင်္ဂလားပင်လယ်အော်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။ ဤသတင်းများအရဆိုပါက ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်းအရေအတွက် စစ်ရေယာဉ် (၁၅)စီးကျော်ခန့်သည် မြန်မာ့ရေပိုင်နက်အနီး Andaman Sea ထဲတွင် ရောက်ရှိနေကြောင်း တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ယခုကာလတိုရက်ပိုင်းအတွင်း မြန်မာနှင့် အမေရိကန်တို့သည် သံတမန်ရေးရာအပါအဝင် ကဏ္ဍအချို့၌ နီးနီးကပ်ကပ် ကူးလူးဆက်ဆံမူများကို ထင်ထင်ရှားရှား တွေ့နေရသည်။ထင်ရှားမူတစ်ခုသည် လူ့အခွင့်အရေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Posner ဦးဆောင်သောအဖွဲ့သည် ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း၊၎င်းနှင့်အတူ အရှေ့အာရှရေးရာ အမေရိကန်ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး Vikoom Singn၊ အမေရိကန်စစ်တပ်၏ ပစိဖိတ်ဒေသဆိုင်ရာအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Froncu Wier Cinski တို့အပြင် သမ္မတအိမ်ဖြူတော်နှင့် ဒုသမ္မတရုံးမှ အကြီးတန်းအရာရှိများ၊ အမျိုးသားလုံခြုံရေးဌာန နှင့် အမိမြေလုံခြုံရေးဌာနမှ တာဝန်ရှိသူများ လိုက်ပါလာသည်ကို ထူးထူးခြားခြား သတိပြုမိပါသည်။

တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အမေရိကန်သမ္မတ အိုဘားမားအား မြန်မာနိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊သမ္မတ အိုဘားမားမှလည်း ပထမသက်တမ်းမကုန်ခင် လာရောက်လည်ပတ်မည်ဟု ဆိုထားကြောင်း၊သမ္မတ အိုဘားမား၏ မဲဆွယ် Speechများတွင် မြန်မာနှင့်အမေရိကန်ကြား နိုင်ငံရေးဆက်ဆံမူ ပုံစံသစ်ကြောင့် ရလာဒ်ကောင်းများ ရရှိသည်ဟု ခေါင်းစဉ်တစ်ခုအဖြစ် ပြောဆိုဆွေးနွေးလျက်ရှိကြောင်း၊မြန်မာ့အရေးသည် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် အမေရိကန်တို့၏ နိုင်ငံရေး Agenda တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း စသည့် အခြေအနေများကိုလည်း ကြားသိနေရပါသည်။၎င်းအပြင် ယခုလ (၁၆)ရက်နေ့က ပြုလုပ်သည့် အမေရိကန်သမ္မတလောင်း စကားစစ်ထိုးပွဲတွင် လက်ရှိသမ္မတ အိုဘားမားက ပြိုင်ဖက်သမ္မတလောင်း ရွန်နီကို ၄၆%၊ ၃၉%နှင့် အသားစီးရယူနိုင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ကာလတိုတစ်ခုအတွင်း စိတ်အေးလက်အေး ခရီးသွားနိုင်မည့် အနေအထားဟု ခန့်မှန်းရသည်။ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံတော်၏ အစိုးရသစ်၊နိုင်ငံရေးစနစ်သစ် အခါသမယတွင် နေပြည်တော်မြို့တော်သစ်ကြီး၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်၌ မကြာမီကာလတိုအတွင်း အမေရိကန်တို့၏ Air Force One လေယာဉ်ကို တွေ့မြင်ရဖွယ် ရှိကြောင်း နှင့် အရှေ့တောင်အာရှနိုင်ငံ အချို့သို့လည်း သွားရောက်ဖွယ်ရှိကြောင်း တင်ပြလိုက်ရပါသည်။

မောင်ဝါဆို
(17-10-2012)

0 ကွန်မန့်ရေးရန်:

Post a Comment