Monday, November 19, 2012

ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် ချေးငွေကန်ဒေါ်လာ ၆၁၅ သန်း ပေးမည်


တိုကျို၊ နိုဝင်ဘာ-၁၇

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရချေးငွေ ကန်ဒေါ်လာ ၆၁၅ သန်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းမှာ မြန်မာနိုင်ငံမှ ပို့ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးလိုက်ကြောင်း
အမေရိကန်က ကြေညာပြီး ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ချေးငွေပေးမည့် ကြေညာချက်အား မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံချိန်တွင် ဂျပန်ဝန်ကြီးချုပ်
ယိုရှီဟီကိုနိုဒါက ကြေညာမည်ဖြစ်ကြောင်း နီကေးစီးပွားရေးနေ့စဉ် သတင်းကဖော်ပြသည်။

ဂျပန်ဝန်ကြီးချုပ်နှင့် မြန်မာသမ္မတတို့သည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် အရှေ့အာရှထိပ်သီး
ဆွေးနွေးပွဲသို့ တက်ရောက်ရန် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့၌ ရောက်ရှိနေပြီး နိုဝင်ဘာ ၁၉ ရက်တွင်
နှစ်ဖက်တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

အတိုးနှုန်း နည်းနည်းနှင့် ရေရှည်ပေးအပ်မည့် ဂျပန်အစိုးရ ချေးငွေမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမ
ဆုံးပြန်လည်ပေးအပ်သည့် ချေးငွေဖြစ်ပြီး ယင်းမှာ ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ၀င်ရောက်ခြင်းကို ကျော
ထောက်နောက်ခံပေးရန်နှင့် မြန်မာနိုင်ငံတွင် သြဇာကြီးမားလာသည့် တရုတ်နိုင်ငံအား စောင့်ကြည့်ရန်လည်း
ဖြစ်သည်ဟု သတင်းတွင်ဖော်ပြသည်။

ဂျပန်နိုင်ငံက ချေးငွေများကို ၂၀၁၃ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်အတွင်း ပေးအပ်သွားမည်ဖြစ်ပြီး
ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြားမြီရှင်နိုင်ငံများကလည်း လာမည့်နှစ် ဇန်န၀ါရီလအတွင်း မြန်မာ
နိုင်ငံ၏ ကြွေးမြီများကို သက်သာခွင့်ပေးရန် ကြေညာကြလိမ့်မည်ဟု မျှော်လင့်ရသည်။

7Day News Journal

0 ကွန်မန့်ရေးရန်:

Post a Comment