This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 9, 2012

မြန်မာ Dictionary


များအတွက် မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် -မြန်မာ အဘိဓာန်ဆော့ဝ်ကောင်းလေးတစ်ခု ထွက်လာပါပြီ။ ဖန်တီးသူကတော့ ကိုစိုးမင်း။ ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး။ ခေါင်းစားဖော် ခေါင်းစားဖက် နောက်တစ်ယောက်က ကိုမင်းကျော်။ သူက ဆွီဒင်မှာ။ဖတ်စရာများစွာ ဗဟုသုတယူစရာများစွာ။ သူအားထုတ်မှုတွေလည်း အားကျစရာ ...... ဒီနေရာမှာ ဖတ်လို့ရတယ် အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။ ကိုစေတန်ဂေါ့ နှင့် ကျွန်တော်ကတော့ မိမိတို့စုထားသော ဒေတာများကို စေတနာဗရပွဖြင့် ထောက်ပံ့လိုက်ကြသည်။ အလွန်သုံး၍ကောင်းသော အဘိဓာန်ဖြစ်သည်။ အင်စတောလုပ်ပြီးတော့ ကျွန်တော် တစ်ခုရှာကြည့်သည်။ "စိုင်း" ဆိုတာ .... အောက်က ပုံအတိုင်းပေါ်လာသည်။ ကဲ ဘယ်လောက် .... လွယ်လဲ ........
တအားရှာရခက်နေရင် ဒီမှာ DOWLOAD အဘိဓာန်ဤ Post သည် ဧဒင်ဥယျာဉ်မှ အဖွဲ့သား မောင်ကွန်ပျူတာ ရေးသားထားသော Post ဖြစ်ပါသည် ။

ယခုတဖန်ကျွှန်တော်မှပြန်လည်မျှဝေပါဘည်။
 
 
သူငယ်ချင်းများအားလုံးကိုချစ်ခင်လေးစားပါသည်..............စိုးသိန်း
 
 
 
 

မှန်ကန်စွာ အိပ်စက်ခြင်း

မှန်ကန်စွာ အိပ်စက်ခြင်း
အိပ်စက်ခြင်းမှာ နည်းလမ်းကျဖို့ လိုပါတယ်။
ကျွန်ုပ်တို့ခန္ဓာကိုယ်ကို အလွန်အမင်းအိပ်စက်ခြင်း၊ အစားများများစားခြင်းဖြင့် ဒုက္ခမပေးသင့်ပါ။

အိပ်စက်ပုံ နည်းလမ်း
ညာဘက်ကို စောင်းအိပ်ခြင်းဟာ အကောင်းဆုံး အိပ်စက်ပုံနည်းလမ်းဖြစ်တယ်။ ဒါမှ အစာအိမ်ထဲရှိ အစာတွေက သက်တောင့်သက်တာနဲ့ အစာအိမ်ကနေ အခြားအစာချေအင်္ဂါံဆီသို့ အလွယ်တကူဖြတ်သန်းသွားလာနိုင်ပါတယ်။
ဗယ်ဘက်ကိုခေတ္တမျှ စောင်းအိပ်ခြင်းဟာ အစာအိမ်က အသည်းမှာ မှီခိုနားနေပြီး အသည်းအင်ဇိုင်းထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ သို့သော်လည်းပဲ ဗယ်ဘက်ကို ကြာရှည်စွာ စောင်းအိပ်မည်ဆိုပါက နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နှလုံးက အခြားအင်္ဂါံတွေဆီကို သူ့ပုံမှန်လုပ်ရတဲ့အလုပ်ထက် သွေးများစွာ သယ်ဆောင်ရပါတယ်။
အစာအိမ်ဘက်စောင်းအိပ်ခြင်းက အဆိုးဆုံးအိပ်စက်ခြင်း ဖြစ်ပါတယ်။ ဘာသိပ္ပံနည်းကျ အကြောင်းရင်းမှ မရှိပါဘူး။ ဒါပေမဲ့ ဆေးပညာရှင်ကြီးများရဲ့ အဆိုအရ အစာအိမ်ဘက် စောင်းအိပ်ခြင်းက အစာအိမ်ကို အားနည်းစေပြီး အစာအိမ်နာ ဝေဒနာခံစားရပါမယ်။
ကဲ- ဒီကနေ့ပဲ ကြိုးစားပြီး နည်းမှန်မှန်နဲ့ အိပ်ကြည့်ကြရအောင်။

စမတ်ကျကျ အိပ်ကြစို့

စမတ်ကျကျ အိပ်ကြစို့
ပက်လက်အိပ်ရင်ကော မကောင်းဘူးလားလို့ မေးတဲ့သူရှိတဲ့အတွက် စာကြည့်တိုက်သွားရင်း မထင်မှတ်ဘဲ တွေ့မိလို့ ဓါတ်ပုံရိုက်ကာ ဘာသာပြန်ပြီး တိကျတဲ့အဖြေပြန်ပေးလိုက်ပြီနော်။

မှောက်လျက် (သို့) ပက်လက်အနေအထားနဲ့ ခြေထောက်ကိုဆန့်ပြီး အိပ်မယ်ဆိုရင် ခါးအတွက် မကောင်းပါဘူး။ သဘာဝအလျောက် ခုံးနေတဲ့ကျောရိုးကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ပါ။ ပက်လက်အနေအထားအိပ်စက်ခြင်းဟာ ကျောရိုးအောက်ပိုင်းကို ဖိမိသလိုဖြစ်သွားတဲ့အတွက် ပုံစံမကျပါ။
ခါးကျန်းမာရေးအတွက် အထက်ပါပုံများကတော့ အကောင်းဆုံး အိပ်စက်ပုံအနေအထားများ ဖြစ်ပါတယ်။

အရပ်ရှည်ချင်သူတွေ မေးတဲ့ မေးခွန်းများနှင့် အဖြေများ

အရပ်ရှည်ချင်သူတွေ မေးတဲ့ မေးခွန်းများနှင့် အဖြေများ

လူတစ်ယောက်ရဲ့ အရပ်ကို ဘယ်လိုအချက်တွေက လွှမ်းမိုး ထားလဲ။
A. လူတစ်ယောက်ရဲ့ အရပ်ကို မျိုးရိုးဗီဇ ၊ဟော်မုန်းနဲ့ သူစားသောက်တဲ့ပုံစံ (အာဟာရ)တွေက အဓိက လွှမ်းမိုးထားပါတယ်။
Q. ဘယ်အချိန်မှာ အရပ်ရှည်ထွက်တာ ရပ်တန့်သွားလဲ။
A. လူတွေ အရွယ်ရောက်ချိန်မှာ (လူပျိုဖော်၊ အပျိုဖော်) ၀င်စ အချိန်တွေမှာ သူ့ရဲ့မျိုးရိုးဗီဇ ၊ဟော်မုန်းနဲ့ အာဟာရတွေပေါင်းစပ်ပြီး အရပ်ရှည်ထွက်တာ အရမ်းကိုမြန်လာ ပါတယ်။ ပျှမ်းမျှအားဖြင့် မိန်းကလေးတွေမှာ အသက် ၁၈ နှစ် ၊ယောကျာ်းလေးတွေမှာ ၂၁ နှစ်အရွယ်လောက် ဆိုရင်တော့ အရပ်ရှည် ထွက်တာ ရပ်တန့်သွားပါတယ်။ ဒါပေမယ့် မျိုးရိုးဗီဇ ၊ဟော်မုန်း၊ အာဟာ ရနှင့်လေ့ကျင့်ခန်း လုပ်ဆောင်မှုတွေပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး။ တစ်ချို့တွေမှာ အာဟာ ရပြည့်ဝစွာ စားသောက်ခြင်း၊ အရပ်ရှည်စေ တဲ့လေ့ကျင့်ခန်းများကို စနစ်တကျ လုပ်ဆောင်ခြင်း နှင့်ဟော်မုန်းဆေးတို့ကြောင့် အသက် ၂၅ နှစ်မှ ၂၈ နှစ်အထိ အရပ်ရှည် ထွက်နိုင်ကြောင်းတွေ့ရှိရပါတယ်။
Q. အရပ်ရှည်အောင်ဘာတွေစားရမလဲ။
A. ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသား၊ ပဲ၊ အာလူး စတာတွေကို များများစားပြီးရေလဲများ များသောက်ပေးပါ။
Q. အိပ်စက်ခြင်းဟာ အရပ်ရှည်ထွက်မှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိပါသလား။
A. အရပ်ရှည်ထွက်ခြင်းမှာ အရေးပါတဲ့ Growth Hormone ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အတွက် အိပ်ရေးဝအောင် အိပ်ဖို့လိုပါတယ်။
Q. အရပ်ရှည်စေတယ် ဆိုတဲ့လေ့ကျင့်ခန်းတွေက တကယ်အကျိုးရှိလား။
A. တစ်ချို့လေ့ကျင့်ခန်းတွေကတော့ အမှန်တကယ် အကျိုးရှိပါတယ်။ အရွယ်ရောက်စ အချိန်မှာ အရပ်ရှည်ထွက်နှုန်းကို ပိုမြန်အောင် ထောက်ပံ့ပေးပါတယ်။ အရပ် ရှည်ထွက်တာ ရပ်တန့်သွားတဲ့ အရွယ်မှာ လုပ်ရင်လည်း လူရဲ့ကိုယ်နေဟန်ထားကို မှန်ကန်စေပါတယ်။ ဘယ်အသက်အရွယ်မှာမဆို မှန်ကန်တဲ့ ကိုယ်နေဟန်ထား ရရှိလာမယ်ဆိုရင် လက်ရှိအရပ်ထက် ၂ လက်မအထိ ပိုရှည်လာနိုင်ပါတယ်။
Q. အရပ်ရှည်အောင် ခွဲစိတ်ပြုပြင်လို့ရပါသလား။
A. ရပါတယ်။ Cosmetic Leg Lengthening Procedure နဲ့ အရပ်ရှည်အောင် ခွဲစိပ်ပြုပြင်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီခွဲစိတ်မူဟာ အလွန်ရှုပ်ထွေးခက်ခဲပြီးငွေကြေး ကုန်ကျများလှပါတယ်။ ထို့ပြင် ခွဲစိတ်ပြုပြင်ပြီးချိန်မှ နေ့စဉ် အလုပ်တွေကို ပုံမှန်လုပ်နိုင်တဲ့အချိန်ထိ (ခွဲစိတ်ထားတာ လုံးဝကောင်းသွားမယ့် အခြေအနေထိ)
အလွန်ကြာပါတယ်။
Q. မျိုးဆက်သစ် လူငယ်တွေဟာ အရင်လူတွေထက် ဘာလို့အရပ် ပိုရှည်လာတာလဲ။
A. စီးပွားရေးကောင်းမွန်မူနဲ့ လူတွေရဲ့အရပ်ဟာ ဆက်စပ်မူရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မူတွေ ကောင်းမွန်ခြင်းနဲ့ အဟာရပြည့်ဝတဲ့ အစားအသောက်တွေ များပြားလာခြင်းဟာ မျိုးဆက်သစ်တွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ဖွံ့ဖြိုးစေပြီး အရပ်လည်း ပိုရှည်လာစေပါတယ်။
Q. လူတွေရဲ့ အရပ်ပေါ်မူတည်ပြီး ပျှမ်းပျှကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်သလဲ။
A. ယောကျာင်္းလေးတွေ အတွက် အရပ် ၅ပေမှာ ကိုယ်အလေးချိန် ၁၀၆ပေါင်ရှိရမှာပါ။ ၅ပေအထက် ၁ လက်မကျော် တိုင်းခြောက်ပေါင်စီ ထပ်ပေါင်းရမှာပါ။
မိန်းကလေးတွေ အတွက်တော့ အရပ် ၅ပေမှာ ၁၀၀ပေါင် ရှိရမှာဖြစ်ပြီး ၅ပေအထက် ၁ လက်မစီ ကျော်တိုင်း ငါးပေါင်စီ ထပ်ပေါင်းကြည့်ပါ။
ကျန်းမာရေးနဲ့ အလှအပဗဟုသုတ အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့် Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ.. Thx A Lot !!!
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

ICT ဖွံ့ဖြိုးရေးအတွက် Myanmar ICT Development Organization (MIDO) ဖွဲ့စည်း

ICT ဖွံ့ဖြိုးရေးအတွက် Myanmar ICT Development Organization (MIDO) ဖွဲ့စည်း
By Mobile Guide
ICT ဖွံ့ဖြိုးရေးအတွက် Myanmar ICT Development Organization (MIDO) ဖွဲ့စည်းမြန်မာ နိုင်ငံ၏ အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မြန်မာ အိုင်စီတီ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (MIDO) Myanmar ICT Development Organization စတင် ဖွဲ့စည်းခြင်းနှင့် MIDO ၏ ရည်ရွယ်ချက်များ၊ လုပ်ဆောင်နေ မှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း ခြင်းကို ဧပြီ ၂၉ရက်က ပြုလုပ် သည်။
MIDO ကို တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် အိုင်စီတီ ကဏ္ဍအား ကျယ်ပြန့်စွာ အသုံးချနိုင် စေရန် အဓိက ရည်ရွယ်၍ ယခင် ဘလောဂ်ဂါ အစည်းအရုံး (Myanmar Blogger Society-MBS) မှ အဖွဲ့ဝင်ဟောင်းများ အပါအဝင် စိတ် ပါဝင်စားသူများ စုစည်းလျက်၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
" အရင်က Myanmar Blogger Society ဆိုတော့Blogger ဆိုတဲ့ ဘောင်တစ်ခုထဲမှာဘဲ ရှိ နေတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ် ချက်က ICT Develop-ment ဖြစ် တယ်။ အဲဒါကြောင့် Myanmar ICT Development Organization (MIDO) ဆိုပြီး လုပ်ဖြစ် တယ်" ဟု (MIDO)မှ Or- ginizer ဖြစ်သူ Public Rela-tion အပိုင်း ကို တာဝန်ယူထားသူ ကိုနေဘုန်း လတ်ကပြောသည်။
၎င်းကဆက် လက်၍ "ကျွန်တော်အထဲကထွက် လာပြီး နောက်ပိုင်းကျွန်တော်ဘာ သွားတွေ့သလဲဆိုတော့ အိုင်စီတီ နယ်ပယ်မှာ လိုအပ်ချက်တွေရှိနေ တယ်။ မပြည့်စုံမှုတွေ ရှိနေတယ်။ နည်းပညာကွာဟမှုတွေရှိနေတယ်။ ပြီးတော့ Law တွေမှာ ပြင်ဖို့လိုအပ် တဲ့ Law တွေရှိနေတယ်။ အဲဒီလိုရှိနေပေမယ့်လည်း ဒါတွေကို ဘယ်သူက တာဝန်ယူပြီး ပြောမှာ လဲ။ ဘယ်သူမှ ပြောမယ့်သူမရှိဘူး ဆိုတဲ့ အနေအထားတစ်ခုကိုတွေ့ တယ်။
အဲဒီတော့ ကျွန်တော်တို့က ငါတို့တော့ ဒီအတွက် တစ်ခုခုလုပ်ဖို့ သင့်တယ်ဆိုတာကို မြင်လာ ရတယ်။ အဲဒီတော့ တစ်ဦးတစ်ယောက်ချင်း ကပြောတာထက် အဖွဲ့အစည်း တစ်ရပ် အဖြစ် ဖွဲ့စည်းပြီးတော့ ဒီအဖွဲ့အ စည်းကပြောလိုက်ရင်ပိုပြီး သင့် တော်မယ်ဆိုတဲ့ အနေအထားကို စဉ်းစားမိတယ်" ဟု ပြောသည်။
MIDO အဖွဲ့အနေနှင့် မှတ်ပုံ တင်ပြုလုပ်ပြီး အဖွဲ့အစည်းတစ်ရပ် အဖြစ် ဖွဲ့စည်းသွားရန်ရှိပြီး ယခု လောလောဆယ်အခြေအနေတွင် လိုအပ်သော ဘဏ်စာရင်း ဖွင့်ခြင်း၊ ရုံးခန်း နေရာ ရှာဖွေခြင်း စသည်တို့ ကို ပြုလုပ်ဆောင်ရွက်ဆဲဖြစ်သည့် အပြင် ထိုသို့တရားဝင် အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ပြုလုပ်ရာတွင် အနည်းဆုံး အချိန်တစ်နှစ်ခွဲ နီးပါး ကြာမြင့်မည်ဟု စုံစမ်းသိရှိရကြောင်း ကိုနေဘုန်းလတ်က ပြောသည်။
ထို့ပြင်MIDO အနေဖြင့် အနယ်နယ် အရပ်ရပ်သို့ သွားရောက် ကာMobile Education အနေ ဖြင့် သင်တန်းများလိုက်လံပို့ချခြင်း၊ အခြားသော အဖွဲ့အစည်းအသီး သီးနှင့် ချိတ်ဆက်ပြီး အိုင်စီတီနည်း ပညာများသင်ကြားပို့ချခြင်း၊ ဟော ပြောပွဲများ၊ Workshop များပြုလုပ်ခြင်း တို့ကို ပြုလုပ်ဆောင်ရွက် လျက်ရှိပြီး ထပ်မံ၍လည်းသင်တန်း များပို့ချရန်ရှိကြောင်းသိရသည်။
၎င်း အပြင် ရန်ကုန်တွင်လည်း MIDO ၏ သင်တန်းနေရာ အတိအကျကို ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိပြီး လူငယ်များ၏ အိုင်စီတီနည်း ပညာများကို ကောင်းမွန်ပြီး အကျိုး ရှိသည့်နေရာများတွင် အသုံးပြုနိုင် စေရန် အိုင်စီတီတလွဲသုံးမှုများကို လမ်းမှန်ရောက်စေရန်နှင့် ပတ်သက် ၍လည်း ကိုနေဘုန်းလတ်က ...
ဒီလိုမျိုးကိစ္စတွေကျတော့ လည်းForce နဲ့ တားလို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူး။ ဒါကျ တော့ လူငယ်တွေရဲ့ Mind Set ကို ပြုပြင်ပေးရမှာပေါ့။ Mind Set ကို ပြုပြင်ရမယ့် ကိစ္စဆိုတော့ အချိန်တော့ ယူရမယ်ဗျ။ အချိန်ယူတဲ့နေရာမှာလည်း လုပ်ပြဖို့လို တယ်ဗျ။ ကျွန်တော်တို့က ရှေ့က လုပ်ပြရမယ်၊ သုံးပြရမယ်။
ကျွန် တော်တို့အမြဲတမ်း သင်တန်းတွေ သွားသင်ပေးတဲ့အခါ အိုင်စီတီကို သုံးပြီး ဘယ်သူတွေဘယ်ကိုလုပ် နေကြလဲဆိုတာ အမြဲတမ်းပြလေ့ရှိ တယ်။ကျွန်တော့် Presentation ထဲမှာအမြဲတမ်း တင်ပြလေ့ရှိတယ်။ Facebook မှာဆိုရင် Facebook သုံးပြီးလူမှုရေးလုပ် နေတဲ့အဖွဲ့တွေ လည်းရှိတယ်။
အဲဒါတွေကို ကျွန် တော်တို့ကများ များပြရမယ်။ ပြသ လိုပဲရှေ့ကနေလုပ်ပြကြမယ်။ ကိုယ်ကိုယ်တိုင်လည်း အိုင်စီတီကို အသုံးပြုပြီး အကျိုးရှိတာတွေကို လုပ်ပြမယ်ဆိုရင်လူငယ်တွေရဲ့ စိတ်ဓာတ်တွေတဖြည်းဖြည်းပြောင်း လဲလာမယ်။
အဲဒါကျတော့ကျွန် တော်တို့တစ်ယောက်တည်းလုပ်လို့ မရဘူး။ Group လိုက် ပြောင်းလဲ သွားတာမျိုးလုပ်ရမယ်။ ပြီးတော့ Mind Set တွေကို တဖြည်းဖြည်း ပြုပြင် သွားရမယ်ဆိုတော့ အချိန် တော့ ယူရမယ်"ဟု ပြောသည်။

အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် ဖိနှိပ်ခံနေရဆဲ


အစိုးရသစ် တက်လာပေမယ့် လယ်သမားတွေ ဆက်လက် အဖိနှိပ်ခံနေရတုန်းဘဲ ဖြစ်တယ်လို့ မတရားသဖြင့် တရားစွဲခံရပြီး တရားရုံးတက်နေတဲ့ ရသေ့တောင်မြို့နယ် နီပူခံ ကျေးရွာက လယ်သမား တစ်ဦးက ပြောပါတယ်။


" အစိုးရသစ် တက်လာတဲ့ အတွက် အသိမ်းခံထားရတဲ့ လယ်မြေတွေကို ပြန်ပေးတော့မယ်ဆိုတဲ့ အတွက် စစ်တပ်က သိမ်းယူထားတဲ့ ကိုယ့်လယ်တွေကို ကိုယ် ပြန်တက်တာနဲ့ စစ်တပ်ကျော့ထောက် နောက်ခံပြုထားတဲ့ စီးပွားရေး သမား ဦးစောအောင်သိန်းက ကျူးကျော်မူနဲ့ တရားစွဲလိုက်တဲ့ အတွက် အခု လယ်သမား ၂၆ ဦးဟာ တရားရုံး တက်နေရတယ်။ အရပ်သား အစိုးရလက်ထက်ရောက်မှ ဒီလို အဖြစ် ကြုံရတဲ့ အတွက် အထူး စိတ်ပျက်မိပါတယ် ။စစ်အစိုးရ လက်ထက်ကတောင် ဒီလိုမျိုး လယ်သမားတွေကို တရားစွဲဆိုတာ မရှိခဲ့ပါဘူး။"

နီပူခံကျေးရွာမှ အမည်မဖေါ်လိုသူ လယ်သမားကြီးဟာ မနေ့က (မေလ ၆ ရက်)နေ့က ရသေ့တောင်မြို့နယ် တရားရုံးမှာ ရုံးချိန်း ရှိတဲ့ အတွက် တခြား လယ်သမားကြီး ၂၅ ဦးနဲ့ အတူ တရားရုံးကို တက်ရောက်လာစဉ်မှာ သူ့အမြင်ကို နိရဉ္စရာသို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

" ကျွန်တော် လယ်သမား ၂၆ ဦးက ရသေ့တောင်မြို့ နယ် မေယူကမ်းမှာ တည်ရှိတဲ့ နီပူခံ၊ ကောင်းရီချောင်း၊ ကျွန်းချောင်းနဲ့ ပေါင်းစား ကျေးရွာက ဖြစ်ပါတယ်။ ဖြစ်တာက စစ်တပ်က ကျွန်တော်တို့ ရွာသားတွေပိုင်ဆိုင်တဲ့ လယ်ဧက ၁၈၀၀ ကို ၁၉၉၆ ခုနှစ်က စစ်တပ် အထက်အမိန့်အရ မြေလွှတ် မြေရိုင်းတွေ ဖေါ်ထုတ်တဲ့ အခါ ကျွန်တော်တို့ ဓါးမ ဦးချ လုပ်ကိုင်လာတဲ့ လယ်ဧက ၁၈၀၀ ကို မြေလွှတ် မြေရိုင်းတွေ ဖြစ်တယ်ဆိုပြီး အတင်း ဓမ္မ သိမ်းယူသွားပါတယ်။ အစိုးရသစ် တက်လာတဲ့အခါ အဲဒီလယ်တွေဟာ ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်လို့ တင်ပြတဲ့ အတွက် ရခိုင် ၀န်ကြီး အဖွဲ့က လာရောက်စစ်ဆေးတဲ့ အခါ စစ်တပ်က သိမ်းဆည်းတာက လယ်ဧက ၇၅၀ သာ ဖြစ်တယ်။ ကျန်တဲ့ မြေတွေ မပါဘူးလို့ ပြောတဲ့ အတွက် ကိုယ့်လယ်ပေါ် ကိုယ်ပြန်တက်တော့ စောအောင်သိန်းက ပိုင်နက်ကျူးကျော်မူ၊ ပုဇွန် ခိုးမူ၊ သူတပါး အကျိုးစီးပွား ပျက်စီးစေမူနဲ့ လောင်းချောင်း ရဲစခန်းမှာ တရားစွဲ ပြီး အမူဖွင့်တဲ့ အတွက် ကျွန်တော်တို့က အခု တရားခံတွေ အဖြစ်နဲ့ ရုံးတက်နေကြရတာ ဖြစ်ပါတယ်။"

သိမ်းယူစဉ် လယ်သမားတွေက လယ်တွေကို မပေးလိုတဲ့ အတွက် လယ်သမား အများအပြားကို စစ်တပ်က ကြိုးနဲ့ တုတ်ပြီး ညှဉ်းပမ်းနှိပ်စက်မူတွေ ပြုလုပ်ခဲ့တယ်လို့လည်း အဲဒီ လယ်သမား အမူကို လိုက်ပါ ကူညီနေတဲ့ ရသေ့တောင်မြို့ပေါ်က ပညာတတ် လူငယ် တစ်ဦးကလည်း ပြောပါတယ်။

" ပြောရရင်တော့ဗျာ။ စစ်တပ်ထဲက အကျင့်ပျက် အရာရှိ တချို့နဲ့ ဦးစောအောင်သိန်းက တပ်မတော်ကို အသုံးချပြီး ကိုယ်ကျိုး အတွက် လုပ်စားနေကြတာ ဖြစ်ပါတယ်။ စစ်တပ်က သိမ်းယူတာက လယ်ဧက ၇၅၀ ဖြစ်ပါတယ်။ စစ်တပ်ကနေ ဦးစောအောင်သိန်းကို သိမ်းတဲ့ လယ် ၇၅၀ ဧက ကို ဌားတော့ သူက ဘယ်လို လူလည်ကျသလဲ ဆိုရင် စစ်တပ် သိမ်းတဲ့ အထဲမှာ မပါတဲ့ လယ်တွေကိုလည်း စစ်တပ်က သိမ်းတဲ့ အထဲမှာ ပါတယ်ဆိုပြီး စစ်အရာရှိ တချို့ကို ပိုက်ဆံပေး ချဉ်းကပ်ပြီး လယ်ဧက ၁၈၀၀ ထိကို သိမ်းယူပြီး တစ်ဦးတည်းပိုင် လုပ်စားနေခဲ့တာ ဖြစ်ပါတယ်။ လယ်မပေးတဲ့ လယ်သမားတွေကို အကျင့်ပျက် စစ်အရာရှိ တချို့နဲ့ ပေါင်းပြီး ကြိုးနဲ့ တုတ်ကာ နှိပ်စက်မူတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အချိန်က စပြီး အဲဒီ လယ်မြေတွေကို စစ်တပ်ဆီက ဌားပြီး ဦးစောအောင်သိန်း လုပ်စားနေတာ ဒီနေ့ထိပါဘဲ။"

အခုလို လယ်သမားတွေကို နှိပ်စက်ခဲ့တဲ့ အပြင် အခုအခါမှာလည်း တရားသူကြီးတွေကို ပိုက်ဆံပေးပြီး အမူကို ကြန့်ကြာအောင် လုပ်နေတယ်လို့ လယ်သမား တစ်ဦးက စွပ်စွဲ ပြောဆိုပါတယ်။

" ကျွန်တော်တို့ကို တရားရုံးတင်ပြီး အမူ စစ်တာက မတ်လ ၉ ရက်နေ့က ဖြစ်ပါတယ်။ အခုအချိန်ထိ ရုံးတက်ရတာကတော့ ၆ ကြိမ် နီးပါး ရှိခဲ့ပါပြီ။ ကျွန်တော်တို့ တရားခံတွေကို တစ်ဦး တစ်ယောက်ကိုမှ တရားရုံးက မစစ်ဆေးသေးဘူး။ တရားလိုဘက်က လိုပြသက်သေတွေကိုဘဲ စစ်ဆေးနေပါတယ်။ တရားလိုပြ သက်သေကလည်း ၁၆ ဦးမှာ ၆ ဦီးကိုသာ စစ်ဆေးပါသေးတယ်။ ဒါက ဘာကြောင့်လည်းဆိုရင် အမူကို အချိန်ဆွဲပြီး ကျွန်တော်တို့ လယ်သမား ၂၆ ဦးကို အလုပ်ပျက် အကိုင်ပျက် ဖြစ်အောင် ဦးစောအောင်သိန်းက စီစဉ်နေတာ ဖြစ်ပါတယ်။ တရက်တလေဆိုရင် တရားလိုတွေ မလာတဲ့ အတွက် အမူ မစစ်ဘဲ အိမ်ကို ပြန်သွားရတာတွေလည်း ရှိပါတယ်။"

လယ်သမား ၂၆ ဦးဟာ သူတို့ရွာတွေက စက်လှေနဲ့ မေယူမြစ်ကို ဖြတ်ပြီး ရုံးလာတက်ရတဲ့ အတွက် ငွေတွေလည်း အရမ်းကုန်ကျနေတယ်လို့ ပြောပါတယ်။ လူတစ်ဦးအသွား အပြန် စက်လှေခ ၁၀၀၀ ကျပ်ဖြစ်ပြီး တရား စစ်ဆေးပြီးတာနဲ့ အိမ်ကို မပြန်နိုင်ဘဲ ရသေ့တောင်မြို့ပေါ်မှာဘဲ အိပ်ရတဲ့ အတွက် စားစရိတ်၊ တည်းခို စရိတ် စသဖြင့် ငွေကုန်ကြေးကျ အထူးများနေရတယ်လို့ နောက်ထပ် လယ်သမား တစ်ဦးကလည်း ပြောပါတယ်။

" ကျွန်တော်တို့ လယ်သမားတွေမှာ တရားရုံးကို အဝေးကြီးက စက်လှေနဲ့ လာရတဲ့ အတွက် အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ ထောင်ချမယ်ဆိုရင်လည်း ချလိုက်ပါလို့ ပြောချင်ပါတယ်။ ဒီလို တရားရုံးတက်ရတာကိုတော့ မလိုချင်တော့ပါဘူး။ ဒါကြောင့် အထက်လူကြီးတွေကို ပြောချင်တာက ကျွန်တော်တို့ လယ်သမားတွေကို သနားငဲ့ညှာသောအားဖြင့် အမူကို အမြန်ဆုံး ပြီးပြတ်အောင် စီရင်ချက် ချစေလိုပါတယ်။”

နောက်ဆုံး ရရှိတဲ့ သတင်းအရ အဲဒီ ဒေသက လယ်သမား နောက်ထပ် ၁၉ ဦးကိုလည်း လယ်မြေတွေကို ပြန်ပေးဖို့ တောင်းဆိုတဲ့ အတွက် စစ်တပ် နောက်ခံပြုထားတဲ့ စီးပွားရေး သမားတွေက တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။ အခုလို လယ်သမားတွေကို အစုလိုက် အပြုံလိုက် တရားစွဲခံရတာကတော့ ရခိုင်ဘက်မှာ အခုတစ်ကြိမ်ဟာ အများဆုံးအရေအတွက် ဖြစ်တယ်လို့ သိရပါတယ်။ 

 နိရဉ္စရာ

ဗန်းမော်-နမ့်ခမ်းလမ်း KIA မိုင်းပေါက်ကွဲမှု တွင် မြန်မာစစ်သား ၁၂ ဦး ကျ


မေ ၆ ရက်၊ တနင်္ဂနွေနေ့က မန်မော် (ဗန်းမော်)-နမ့်ခမ်းလမ်း ၂ နေရာတွင် မြန်မာအစိုးရစစ်ကြောင်းအား KIA မှ မိုင်းထောင် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်များပြောသည်။

မြန်မာစစ်သားများသည် အင်အားပြင်းထန်သော အဝေးထိန်းမိုင်းများ (remote-controlled mines) ဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၀ ကျော်သည်ဟု သက်ဆိုင်ရာ KIA အရာရှိများက KNG ကချင်သတင်းဌာနသို့ ပြောသည်။
manmaw-namhkam-myen

ဒဏ်ရာရရှိသူများနှင့် အလောင်းများကို နမ့်ခမ်းဆေးရုံ နှင့် ကိုင်ထိပ် အစိုးရစစ်စခန်းသို့ တင်ဆောင်သွားသည် ဟု မျက်မြင်များဆိုသည်။

ပထမ မိုင်းပေါက်ကွဲမှုသည် မန်ဝင်းအနီး ကျောက်ဖြူတွင် နံနက် ၇ နာရီတွင်ဖြစ်ပွားပြီး ဒုတိယ ပေါက်ကွဲမှုသည် ကိုင်ထိပ်စစ်စခန်း အနီး ရှအူခက် (Sha-U Hkyet)၌ နံနက် ၁၁ နာရီတွင်ဖြစ်ပွားသည်ဟု မိုင်းအသံ ကြားရသူများက ပြောသည်။

သေဆုံး ဒဏ်ရာရရှိသော စစ်သားများသည် မြန်မာစစ်တပ် တပ်မ အမှတ် ၉၉ မှ ဖြစ်ကြပြီး ၎င်းတို့၏ ကိုင်ထိပ်စခန်းမှ နမ့်ခမ်းသို့ စစ်ကြောင်းထွက်လာချိန် KIA ၏ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းအား မန်ဂျေ (မံစီ) မြို့နယ်တွင် အခြေစိုက်သည့် KIA တပ်ရင်း (၁)နှင့် (၂၇) စစ်သားများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ တပ်ရင်းနှစ်ရင်းမှ KIA အရာရှိများ KNG ကချင်သတင်းဌာန သို့ အတည်ပြုသည်။

ယခုလို KIA ၏ မိုင်းဖြင့် တားဆီးတိုက်ခိုက်ခံရပြီးနောက် မြန်မာစစ်သားများ နမ့်ခမ်း သို့ မရောက်နိုင်ဘဲ မူလ ကိုင်ထိပ်စခန်းသို့ ပြန်ခေါက်သွားခဲ့ရကြောင်း စုံစမ်းသိရသည်။

By KNG

Password နဲ့ ပတ်သတ်လို့ သိထားသင့်တာများ

Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။ အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&!အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။

တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။

အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို ရေးထားပြီးသား ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို ခေါ်ပါတယ်။ ဥပမာ အားဖြင့် night နဲ့ parking ပေါင်းပြီး nightparking ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park ပေါင်းပြီး birdpark ဆိုတာမျိုးကို Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။ အဲဒီတော့ ကိုယ့်ရဲ့ Password က အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ်ဆိုရင် အဘိဓာန် တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password သူခိုးအနေနဲ့ အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို ပရိုဂရမ်ထဲမှာ အလွယ်တကူ ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ် အဘိဓာန် မသုံးပဲ မလေးစကားလုံးလို အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။ အဘိဓာန်ထဲက စကားလုံးတွေကို Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။ Password သူခိုးတွေဟာ အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့ ကီးဘုတ်ပေါ်မှာ ရှိတဲ့ ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက် ကီးဘုတ်ပေါ်မှာ ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း ရှောင်သင့်ပါတယ်။

ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့ တိုက်ခိုက်မယ့် Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9 အထိ ဖြည့်ကြည့်မယ် ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0 ကနေ 999999 အတွင်း ရှိသမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ password အားလုံးပေါင်းက (106 + 105 + 104 + 103+ 102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10 က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9 အထိ ဂဏန်း ၁၀ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက ပါဝါ 6 ကတော့ ဂဏန်း ၆ လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော်ဆိုတဲ့ ဂဏန်းကို ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍ ဂဏန်းချည်း သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ် ဆိုရင်တော့ a ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက် ဖြစ်နိုင်ခြေ ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) = 2.2 ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က ဂဏန်းချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀၀ ကျော် ပိုကြာပါတယ်။ အင်္ဂလိပ်စာလုံး အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့ Special Character ၃၂ လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ ၉၄လုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉၇ ဘီလီယံ ကျော် ရှိပါတယ်။ ဂဏန်း ချည်းသက်သက် ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင် ဘရုဖို့စ် တိုက်ခိုက်မှုက နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password အလုံးရေ ၁၂ လုံးထက် ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။

Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့ Password ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း တိုက်ခိုက်နေမယ် ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို ဖော်နိုင်မှာပါပဲ။ ဒါကြောင့် Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး လုံခြုံမှု ရှိစေပါတယ်။

ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို ဘယ်လို မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password ဖန်တီးနည်းကို အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ် စာကြောင်းတစ်ခုကို မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs and he is 5 feet 8 inches tall ဆိုတာမျိုးပါ။ ပြီးရင် ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it ဆိုပြီး ရပါတယ်။ နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင် ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး အလွယ်တကူ ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။ မမှတ်မိရင် အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။ ရိုက်ပါများရင် မှတ်မိသွားပါလိမ့်မယ်။

အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေကို ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား ဆိုတာပါ။ ရာဟူး ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။ Password ကို ၃ ခါ မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password နဲ့အတူ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့ စာလုံးတွေကို ကွန်ပြူတာ ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်လို့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical Character Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့ နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး အလွယ်တကူ ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ တစ်ချို့ဝက်ဘ်ဆိုဒ်(လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha မပါပါဘူး။ အဲဒီအတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Password က အားနည်းနေရင် တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင် Password ကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ထားပါလို့ အကြံပေးချင် ပါတယ်။



အယ်ဖိုး မှ ပြန်လည် ဝေမျှပါသည်


 ရေးသားသူ Mr, Smile Love:အလင်းကမ္ဘာ မှ ကူးယူမျှဝေပါတယ်ခင်ဗျာ

ဒူဘိုင်းမှာ ဆောက်မယ့် သမုဒ္ဒ၇ာရေအောက်က “Water Discus Hotel”

ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Drydocks World က ဆွစ်ဇာလန် အဖွဲ့စည်းတစ်ခုဖြစ်တဲ့ BIG InvestConsult နဲ့ ဒူဘိုင်းနိုင်ငံတွင် ”Water Discus Hotel” လို့ခေါ်တဲ့ ရေအောက် ဟိုတယ်ကြီးတစ်ခုကို ဆောက်လုပ်လျှင် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ထိုဟိုတယ် ဒီဇိုင်းတွင် အခြေသုံးချောင်းဖြင့် ထောက်ထားသည့် အာကာသယာဉ်ပုံစံ အဆောက်အဦးနှစ်ခု ပါဝင်မှာဖြစ်ပြီး သမုဒ္ဒရာ  ရေမျက်နှာပြင်အထက်တွင်  အာကာသယာဉ်ပုံစံတစ်ခု နဲ့ အဲ့ဒီအောက်မှာတော့ ရေမျက်နှာပြင်အောက် (၃၂)ပေအနက်တွင်မူ ဟိုတယ်(၂၁)ခန်း ၊ ရေငုပ်စင်တာ ၊ စားသောက်လို့ရမယ့် ဘား ၊ ဓါတ်လှေကား နဲ့ ရိုးရိုးလှေကားတွေ ပါဝင်မယ့် အဆောက်အဦးတစ်ခု ပါဝင်တယ်လို့ သိရပါတယ်။
ဟိုတယ်ခန်းကနေပြီးတော့ သမုဒ္ဒရာ ရေအောက်ကမ္ဘာရဲ့ သဘာဝအလှတွေကို တည်းခိုသူတွေက ရင်သပ်ရှုမောဖွယ် မြင်ရမှာဖြစ်ကြောင်းလည်း သိရသည်။
http://luckymyotaw.wall.fm/forum/11  (နိုင်ငံတကာသတင်း)
underwaterhotel2.jpg


  • underwaterhotel4.jpg
  • underwaterhotel.jpg
  • underwaterhotel3.jpg

ဆင်းရဲမှုဆိုတာ ပျော်စရာအကောင်းသား

နေလင်းအောင်

          တစ်နေ့မှာ ချမ်းသာတဲ့မိသားစုက ဖခင်တစ်ဦးဟာ သားဖြစ်သူနဲ့အတူ ကျေးလက်ဒေသကို ထွက်ခွါသွားတယ်။ ဆင်းရဲတဲ့မိသားစုတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားဖြစ်သူကို သိစေချင်လို့ပါ။ သူတို့သားအဖဟာ အလွန်ဆင်းရဲပုံရှိတဲ့ မိသားစုရဲ့လယ်ထဲမှာ နှစ်ရက်တာ ကုန်လွန်ခဲ့ကြတယ်။ အပြန်ခရီးမှာတော့ ဖခင်က သားဖြစ်သူကို မေးလာပါတယ်။
        "သားရေ..ခရီးထွက်ရတာ ဘယ်လိုနေလဲ"
        "သိပ်ပြီး ပျော်စရာကောင်းပါတယ်..ဖေဖေ"
        "ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားမြင်တွေ့ခဲ့တယ်မို့လား"
        "မြင်ခဲ့တာပေါ့ဖေဖေ"
        "ဒါဆို..ဖေဖေကိုပြောပါဦး။ ဒီခရီးကနေ သားဘာတွေ သိရှိလာခဲ့တာလဲ"
        "သားတို့မှာ ခွေးတစ်ကောင်တည်းရှိပေမဲ့ သူတို့မှာတော့ ခွေးလေးကောင်ရှိနေတယ်။ သားတို့မှာ ဥယျာဉ်အလယ်ထိရောက်တဲ့ ရေကန်တစ်ကန်ရှိနေပေမဲ့ သူတို့မှာတော့ အဆုံးအဆမဲ့ စမ်းချောင်းလေးရှိနေတယ်။ သားတို့ဥယျာဉ်ထဲမှာ ညအခါ နိုင်ငံခြားကလာတဲ့ မီးသီးတွေနဲ့ လင်းနေပေမဲ့ သူတို့မှာတော့ ကြယ်တွေနဲ့လင်းနေပါတယ်။ သားတို့အိမ်ရှေ့ ပေါ်တီကိုက ရှေ့ဘက်ခြံဝန်းအထိသာ ရှိနေပေမဲ့ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်းတစ်ခုလုံး ရှိနေပါတယ်။ သားတို့မှာ နေထိုင်စရာ မြေအနည်းငယ်သာရှိနေပေမဲ့ သူတို့မှာ မျက်စိတစ်ဆုံး လယ်ကွင်းပြင်တွေ ရှိနေပါတယ်။ သားတို့ကို ပြုစုလုပ်ကျွေးမဲ့ အစေခံတွေ ရှိနေပေမဲ့ သူတို့ကတော့ အခြားသူတွေကို ပြုစုလုပ်ကျွေးကြတယ်။ သားတို့က အစားအစာတွေ ဝယ်စားရပေမဲ့ သူတို့ကတော့ ကိုယ်တိုင်စိုက်ပျိုးစားကြတယ်။ သားတို့ရဲ့ ဥစ္စာဓနတွေကို ကာကွယ်ဖို့ အုတ်နံရံတွေရှိနေပေမဲ့ သူတို့မှာ အကာအကွယ်ပေးမဲ့ မိတ်ဆွေကောင်းတွေ ရှိနေပါတယ်"
        သားဖြစ်သူရဲ့စကားတွေကြောင့် ဖခင်မှာ ဘာမှမပြောနိုင် ဖြစ်နေရပါတယ်။
        သားဖြစ်သူက ဆက်လက်ပြီး ပြောဆိုပါသေးတယ်။
       "ဖေဖေကို သား ကျေးဇူးတင်ပါတယ်။ ဆင်းရဲမှုဟာ ဘယ်လိုဟာမျိုးလဲဆိုတာ သားကို သိစေတဲ့အတွက်ကြောင့်ပါ"
စဉ်းစားဆင်ခြင်စရာ
         ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ လူတွေရဲ့ သတ်မှတ်ချက်မျှသာ…။ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ဟာ ဆင်းရဲမှုဆိုတာ ဘာမှန်းမသိသလို ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ကလည်း ချမ်းသာမှုဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိချင်မှသိမှာပါ။ ဒီပုံပြင်ထဲမှာဆိုရင် ချမ်းသာတဲ့မိသားစုက ကလေးငယ်ဟာ ဆင်းရဲမှုဆိုတာ ပျော်စရာအကောင်းသားလို့ ထင်နေမိပါတယ်။
        ကျွန်တော် ကာတွန်းတစ်ပုဒ် ဖတ်ဖူးပါတယ်။ ဆင်းရဲတဲ့လူကပြောတယ်-"ကျွန်တော်ကတော့ နဖူးကချွေး ခြေမကျမှ ထမင်းစားရတဲ့ ဘဝပါ"တဲ့။ ချမ်းသာတဲ့ လူကပြောပြန်တယ်-"ကျွန်တော်ကတော့ ကိုယ့်ခြေမတောင် မမြင်ရတဲ့ ဘဝပါဗျာ"တဲ့။ သူဟာ ဘီယာဗိုက်ကြောင့် ကိုယ့်ခြေမကို မမြင်ရတာ ညည်းညူနေတာပါ။ ကျွန်တော် ပြောချင်တာကတော့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်းဟာ မိမိဘဝကို ကြံဖန်ပြီး ညည်းနေတတ်တယ် ဆိုတာပါပဲ။ တစ်ကယ်တော့ ချမ်းသာမှုအားလုံးထဲမှာ စိတ်ချမ်းသာမှုကသာ အရေးအကြီးဆုံးပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;How the poor life by Unknown
Labels: ဘာသာပြန်ရသ
ကျွန်တော့်ကိုယ်တိုင်ရေး www.nla2012.blogspot.comမှ ကူးယူဖော်ပြပါသည်။

ကွန်ပျူတာကြောင့်ဖြစ်သောမျက်စိဝေဒနာ

ကွန်ပျူတာကြောင့်ဖြစ်သောမျက်စိဝေဒနာ

From : ဒေါက်တာ ဦးတင်ဝင်း



ယခုခေတ်တွင် ကွန်ပျူတာအကြည့်များလာသည်နှင့်အမျှ
(၁) Eye Strain (မျက်စိညောင်းခြင်း)
(၂)Eye Strain(မျက်ရည်ခန်းခြောက်
ခြင်း)များ ဖြစ်လာကြပါသည်။ ထိုသို့မဖြစ်ရန် အောက်ပါအချက်များကိုနားလည်ထားရပါသည်။
၁။ မျက်စိသည်မှန်ဘီလူး(Lens) တစ်ခုဖြစ်သည်။+၆၀.ဝDioptresရှိသည်။Lens ၏င်္Function မှာအမြင်ရရန် ဖြစ်သည်။Lens ဖြစ်၍ကြည့်သော အရာဝတ္ထုသည်ဆုံချက်(Focus) တွင်ရှိရမည်။ထို့ကြောင့်Computer Monitor ကို မျက်စိ၏ဆုံချက်တွင် ရှိရန်ထားရှိရပါမည်။
Monitor သည် ဆုံချက်တွင်ရှိ၊ မရှိသိနိုင်ရန် Monitor နှင့်မျက်စိအကွာအဝေးကိုရှေ့တိုး၊ နောက်ဆုတ်ပြုလုပ်ချိန်ရပါမည်။ မျက်လုံး၏ဆုံချက်တွင်ကြည့်သောအရာဝတ္ထုကျရောက်ပါကကြည်လင်ပြတ်သားမှုပို၍ရှိမည်ဖြစ်ပါ
သဖြင့်မျက်စိအညောင်းသက်သာမည်ဖြစ်ပါသည်။
၂။ ထိုသို့ မျက်စိနှင့် ဆုံချက်ကျအောင်ပြုလုပ်ပြီးသောအခါ မျက်ခွံကို မကြာခဏခတ်၍Computer ကြည့်သင့်ပါသည်။Computer Monitorကိုကြည့်ခြင်းနှင့် စာအုပ်ဖတ်ခြင်းမတူပါ။ Computer Monitor ကြည့်ခြင်းသည် စာအုပ်ဖတ်ခြင်းထက်Contrast နည်း၍ အားပိုစိုက်ရသောကြောင့် Staring Gaze ဖြင့်ကြည့်ရသဖြင့်မျက်ကြည်လွှာ(Cornea)ပ်ါရှိမျက်ရည်လွှာ(Tear Film) အငွေ့ပျံခြင်း (Evaporation)ပို၍ များပြီးမျက်ရည် ခန်းခြောက်ခြင်းပိုဖြစ်လာပြီးမျက်စိ၏ အမြင်ခံစားမှု (OpticalResolution) သည် Computerကြည့်ချိန်ကြာသည်နှင့်အမျှ ပို၍နည်းလာပါသည်။ ထို့ကြောင့် Computerကြည့်ချိန်တွင်မျက်ခွံမကြာခဏခတ်ခြင်း(Blin king) လုပ်ပေးရပါမည်။
၃။ မျက်စိသည် အဝေးရှိရာ အရာဝတ္ထုများကို ကြည့်သောအခါ အလင်းတန်းများသည်မျဉ်းပြိုင်ဖြစ်နေ၍ကြည့်ရသည်မှာ သက်တောင့်သက်သာရှိပါသည်။ အနီးကိုကြည့်သောအခါအလင်းတန်းများသည် အနီးရှိအရာဝတ္ထုကိုစုစည်း၍ ကြည့်ရသဖြင့်မျက်
စြွိကက်သားကို ပို၍အလုပ်လုပ်ရပါသည်။ ထိုသို့အနီးကိုကြည့်နိုင်သောစွမ်းရည် (၂၀)မိနစ်မှ (၃၀)မိနစ်သာရှိသည်။ ထို့ကြောင့် Computer ကိုဆက်တိုက်နာရီဝက်ထက်ပို၍မကြည့်သင့်ပါ။ နာရီဝက်ပြည့်တိုင်း(၁)မိနစ်ခန့်နားရပါမည်။Intermittent Relaxationဖြစ်ပါသည်။ဖြစ်နိုင်ပါက
မျက်စိမှိတ်၍ နားလျှင်ပို၍ကောင်းပါသည်။ဤအထက်ပါ အချက်(၃)ချက်ကို ဂရုစိုက်၍ လိုက်နာခြင်းဖြင့်Computer ကြောင့်ဖြစ်သော မျက်စိညောင်းညာမှုကို သက်သာစေပြီးComputer ဖြင့် အလုပ်လုပ်ရာတွင်ပို၍ အထောက် အကူပြုနိုင်မည်ဖြစ်
ကြောင်းတင်ပြအပ်ပါသည်။



Myanmar Express

တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ အနံအသက်ဆိုးများ


တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ
မကွေးမြို့ ၊ နတ်မောက်လမ်း ၊တပ်မ (၈၈) အတွင်း ရှိ မွေးမြုရေးကြက်ခြံ မှ
အနံအသက်ဆိုးများအား ညအချိန် လျှက်စစ်ပန်ကာကြီးများဖြင့်မှုတ်ထုတ်
နေပါသည် ။

ထိုအနံအသက်မျာအား သိင်္ဂါ ရပ်ကွက်၏ အရှေ့ဖျားပိုင်းတွင်
နေထိုင်ကြသော ရပ်ကွက်နေပြည်သူများမှာ အနံအသက်ကြောင့် မျက်နှာ
များရောင်ရမ်းခြင်း ၊ အသက်ရူ လမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်နေပါသည်။
၎င်းဖြစ်စဉ်အား ရပ်ကွက်အတွင်းနေပြည်သူများ လူအယောက် ( ၅၀ )ခန့်
၃.၄.၂၀၁၂ နေ့ ည- ၉း၀၀နာရီအချိန်တွင် သွားရောက်ပြောဆိုရန်သွားစဉ်
အမှတ် (၁) ရဲစခန်းမှ ရဲ မြို့နယ်မှုး နှင့် ရဲတပ်ဖွဲ့ရဲတပ်သားများမှဝင်ရောက်
တားစီးခဲ့ပါသည်။

ရပ်ကွက်သားများနှင်ရဲမျာ့းညိနိုင်း ပြီး တပ်တွင်းသို့သွားရောက်
ခဲ့ရာ ပြေလည်အောင်မဖြေရှင်းပေးပဲ နောက်ထပ်ပြုလုပ်ခဲ့မည်ဆိုလျှင်
သေနတ်ဇြင့်ပစ်သတ်မည်ဟု ကြယ်သုံးပွင့်အဆင့်ရှိ လူမှ ခြိမ်းခြောက်
ပြောဆိုခဲ့ကြောင်း ကို တပ်တွင်းလိုက်သွားသော ရပ်ကွက်အုပ်ချုပ်ရေးမှုး
နှင့် ၊ ဆယ်အိမ်မှုး တို့မှ ပြန်လည်ပြောပြခဲ့ပါသည်။

Myanmar News Now

ကမ္ဘာ့အသေးဆုံး ငါးပြတိုက်နှင့် ရှားပါးအဝါရောင်စိန်တုံး ဒေါ်လာ ၁၁ သန်းတန်ဖိုးရှိ

Inbox
x

မာမာ marmarmyint1981@gmail.com
May 7 (1 day ago)

to mrsorcerer
ပုံမှာ မြင်တွေ့ရတာကတော့ ကမ္ဘာအသေးဆုံး ငါးပြတိုက် ဖြစ်ပါတယ်။
ယင်း ငါးပြတိုက် ဖန်သတ္တာလေးထဲမှာ လက်ဘက်ရည်ဇွန်း နှစ်ဇွန်းသာရှိသော ရေသာပါရှိပါတယ်။ အကျယ် 30mm, အမြင့် 24mm, အနက် 14mm သာရှိတဲ့ ယင်း ငါးပြတိုက်ထဲမှာ အလွန်သေးငယ်တဲ့ Zebra fish ခေါ် ငါးမြင်းကျား ငယ်အချို့ကို ထည့် သွင်း မွေးမြူထားပါတယ်။

ရှားပါးအဝါရောင်စိန်တုံး ဒေါ်လာ ၁၁ သန်းတန်ဖိုးရှိ

ဆွစ်ဇာလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က လေလံတင်ရောင်းချခဲ့တဲ့ Sotheby လေလံကုမ္ပဏီပိုင် အဝါရောင် စိန်တုံး ဖြစ်ပါတယ်။
လေလံဈေးကတော့ အမေရိကန်ဒေါ်လာ ၁၁ သန်းနဲ့ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းစိန်ဟာဆိုရင် တောင်အာဖရိက စိန်တွင်းမှ တူးဖော်ရရှိထားတဲ့ ရှားပါး အဝါရောင် စိန်ဖြစ်ပါတယ်။ ပုံသဏ္ဍာန်အားဖြင့် သစ်တော်သီး ပုံစံရှိပြီး အဝါရောင် သန်းနေတဲ့ ယင်းစိန်ကို Sun drop လို့ အမည်ပေးထားပါတယ်။ အလေးချိန် အားဖြင့် ၁၁ဝ.ဝ၃ ကာရပ်ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ တွေ့ရှိထားသမျှအဝါရောင် စိန်များထဲမှ အကြီးမားဆုံး စိန်တုံးဖြစ်ပါတယ်။
ကာရပ်တစ်ရာကျော်တဲ့ စိန်ဆိုတာ အင်မတန်ရှားပါးတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ခုနှစ်တုန်းကလည်း ကလည်း ရှားပါး အပန်းရောင် စိန်တုံး တစ်လုံးကို ဒေါ်လာ ၄၆ သန်းနဲ့ စံချိန်တင်ရောင်းထွက်ခဲ့ပါတယ်။ စိန်နဲ့ ကျောက်သံ ပတ္တမြားလောကမှာ ဈေးအကြီးဆုံး စိန်အဖြစ် စံချိန်တင်သွားပါတယ်။
ယင်းစိန်တုံးနဲ့အတူ သမိုင်းဝင် ဆူလ်တန်ဘုရင်ပိုင် ကျောက်မြတ်ရတနာများကိုလည်း အတူလေလံတင် ရောင်းချ ခဲ့ပါသေးတယ်။ ယင်းကျောက်မြတ်ရတနာတွေဟာ ၁၇၁၁ ခုနှစ်က ရုရှားဘုရင် Catherine I မှ ဆူတန်ဘုရင်Sultan Ahemed III ကို စစ်ပွဲရပ်ဆိုင်းရန် ကမ်းလှမ်းတုန်းက လက်ဆောင်ပေးခဲ့ တဲ့ ကျောက်မြတ်ရတနာများ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးတော့ ၁၈၇၄ ခုနှစ်ရောက်တဲ့အခါမှာ ဆူလ်တန် ဘုရင်မှ အီဂျစ်နဲ့ ဆူဒန်ပိုင် ဘုရင်မျိုးနွဲရဲ့ နောက်ဆုံးမင်းဆက်ကို လက်ဆောင် ပဏ္ဍာအဖြစ်ပေးခဲ့တဲ့ ကျောက်မြတ်ရတနာများ ဖြစ်ပါတယ်။ တစ်ဆင့် ပြီးတစ်ဆင့်ကမ်းလာတဲ့ ယင်းကျောက်မြတ်ရတနာတွေဟာလည်း လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့အထက်နဲ့အထက်မှာ ရောင်းချနိုင်ခဲ့ပါတယ်။


2 attachments — Download all attachments   View all images   Share all images  
5.gif5.gif
126K   View   Share   Download  
0.gif0.gif
100K   View   Share   Download  

ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် မြန်မာနိုင်ငံပညာရေးတိုးတက်လာနိုင်သလား


ကိုယ်ပိုင်ကျောင်း(Private School)
ပြီးခဲ့တဲ့ပညာရေးဆောင်းပါးဖြစ်တဲ့ အငိုလွယ်ပြီးအရှိုက်ခက်လာနိုင်သော ကိုယ်ပိုင်ကျောင်းဥပဒေမှာ ရေးသားခဲ့သလို မြန်မာနိုင်ငံပညာရေး ကိုယ်ပိုင်ကျောင်းဥပဒေကြောင့်တိုးတက်လာနိုင်သလားဆိုတာကိုဆွေးနွေးချင်ပါတယ်။ ဒီနေ့ ကိုယ်ပိုင်ကျောင်း(Private School)နှင့် အလွတ်ပညာသင်ကျောင်း (Tution)မတူဘူးဆိုတာ သိရပါမယ်။ မြန်မာနိုင်ငံမှာ တစ်လျောက်လုံးဖြစ်ထွန်းလာခဲ့တာ ကျူရှင်လို့ခေါ်တဲ့ အလွတ်ပညာသင်ကျောင်းတွေပါ။

နိုင်ငံတကာမှာလည်းရှိပါတယ် မိမိတက်ရောက်လိုတဲ့တက္ကသိုလ်တစ်ခုရဲ့သင်ရိုးညွှန်းတမ်းဘောင်အတွင်းမှာ သင်ကြားတဲ့ကျောင်း(သို့) သင်တန်းက သင်ကြားတာတွေကို နားမလည်လို့ (သို့) ပိုမိုတတ်ကျွမ်းချင်လို့ မိမိသင်ကြားလိုသော ဘာသာရပ် တစ်ခု (သို့) ဘာသာအားလုံးကို မိမိပိုင်ငွေကြေးနဲ့အချိန်ပို သင်ကြားကြရခြင်းပါ။ သင်ကြားတဲ့ဆရာ၊ဆရာမများကလည်း မိမိတို့ ကျွမ်းကျင်တဲ့ဘာသာရပ်အလိုက်သော၎င်း၊ အစုအဖွဲ့လိုက်သော်၎င်း သက်ဆိုင်ရာဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး သင်ကြားကြရတာပါ။

မြန်မာနိုင်ငံမှာလည်း(၁၉၈ဝ)ပတ်ဝန်းကျင်လောက်က ဒါနဲ့ပတ်သက်ပြီး ကျူရှင်ဥပဒေတစ်ခု ပြဌာန်းခဲ့ပါတယ်။ ဒီနေ့အချိန်ထိလည်းဖျက်သိမ်းခြင်းမရှိသေးတာတွေ့ရပါတယ်။အသက်ဝင်နေဆဲပါ။ ဒီနေ့ မြန်မာနိုင်ငံမှာသင်ကြားနေတဲ့ကျူရှင်ဆရာအများစုဟာ ဒီဥပဒေအရတရားဝင်မှတ်ပုံတင်ပြီးသင်ကြားရမှာ ဖြစ်ပေမဲ့လည်း (၉ဝ%)လောက်ဟာ မှတ်ပုံတင်တဲ့သူနည်းပါးပါတယ်။ မှတ်ပုံမတင်တာကလည်း ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှုရယ်၊ တစ်ခိျု့သောအချက်လေးတွေက ခေတ်ရဲ့တောင်းဆိုမှုနဲ့မကိုက်ညီတာရယ်ကြောင့်ပါ။ ဒီအထဲမှ သင်ကြားမှုငွေကြေးရယ်၊ တစ်မိုးအောက်မှာပြသနိုင်တဲ့ ဘာသာအရေအတွက်ရယ် နဲ့ကျန်တာလေးတွေ အနည်းငယ်ပြောင်းလဲလိုက်ရင်ကို ဒီဥပဒေဟာတော်တော်လေးပြည့်စုံမျှတတယ်လို့ပြောရမှာပါ။

 ဒီကျူရှင်ကျောင်းတွေမှာ တော့ ကျောင်းစာအမှတ်ကောင်းအောင်
သင်ကြားခြင်းတာဝန်သာသီးသန့်ဖြစ်လို့ လိုအပ်ချက်နည်းပါးသလို တာဝန်ယူမှုလည်း နည်းပါးပါတယ်။ ဒါအပြင် . .ကျောင်းသားကျောင်းသူတွေရဲ့ ဗလငါးတန်ဖွံ့ဖြိုးမှုမှာလည်း ဝေးကွာလွန်းလှပါတယ်။ ဒါပေမဲ့လည်း ကိုယ်ပိုင်ကျောင်း (Private School) တစ်ခုဖွင့်လှစ်တော့မယ်ဆိုရင်တော့ သင်ကြားရေးကောင်းမွန်မှုနှင့် အမှတ်ကောင်းယုံမျှမကတော့ဘဲ ကျောင်းသားကျောင်းသူများရဲ့ ဘဝရှေ့ရေးအတွက် တာဝန်ယူမှုတွေအများကြီးရှိလာပါတယ်။
အဓိကအရေးအကြီးဆုံးအချက်တွေကတော့ -

၁။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်းသည် မိမိဖွင့်လှစ်မည့်ကျောင်းနေရာ၏ မြေယာပိုင်ဆိုင်မှုအထောက်အထားပြနိုင်ရမည်။
(အဘယ်ကြောင့်ဆိုသော်-မြေယာဌားရမ်းဆောင်ရွက်ပါက ကျောင်းရပ်တည်မှုတည်ငြိမ်မှုမရှိနိုင်ခြင်း၊ အာမခံချက်မရှိခြင်း)။

၂။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတည်ထောင် ဖွင့်လှစ်မည့်သူတိုင်း သင့်တင့်သောငွေကြေးတစ်ရပ်ထူထောင်၍ နိုင်ငံတော် (သို့) သက်ဆိုင်ရာဝန်ကြီးဌာနတွင်(Deposite Money) အပေါင်အဖြစ်ထားရှိခြင်း။                        ( အဘယ်ကြောင့်ဆိုသော ကျောင်းသားကျောင်းသူများနှင့် ပတ်သက်၍ တစ်စုံတစ်ရာနစ်နာမှုများ  ကြုံတွေ့လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်)။

၃။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်
လှစ်မည့်သူတိုင်းကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့ရှိရပါမယ်။ (ဘာကြောင့်လည်းဆိုတော့ ကျောင်းအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ မိဘနှင့် ကျောင်းသား၊ကျောင်းသူတို့အား ကာကွယ်စောင့်ရှောက်တာဝန်ခံမှု) တစ်ဦးတစ်ယောက်တည်းက မိမိစိတ်သဘောကျဆောင်ရွက်ပါက မိဘနှင့် ကျောင်းသား၊ကျောင်းသူများ နစ်နာစေနိုင်ခြင်း။

၎။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိကျောင်းသားကျောင်းသူများ ဆက်လက် တက်ရောက်သင်ကြားမည့်တက္ကသိုလ်ဘုတ်အဖွဲ့မှ သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်း ဘောင်အတွင်းမှ ရေးဆွဲထားသော မိမိကျောင်းပိုင်သင်ရိုးညွှန်းတမ်းရှိခြင်း။ နိုင်ငံတကာတက္ကသိုလ်၊ပြည်တွင်းတက္ကသိုလ်များဖြင့် ချိတ်ဆက်ထားခြင်း။

၅။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိကျောင်းတွင်ဖွင့်လှစ်ထားသော သင်တန်းများနှင့် လျော်ညီလုံလောက်သော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆရာ ဆရာမဝန်ထမ်းအင်အား ဖွဲ့စည်းပုံနှင့်အညီရေးသားတင်ပြ၍ ခန့်အပ်တာဝန်ပေးခြင်း။

၆။     ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း ခန့်အပ်သည့်ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများကိုလည်း နိုင်ငံတော်မှ ချမှတ်ထားသည့် အလုပ်ရှင်အလုပ်သမားဥပဒေအတိုင်းဆောင်ရွက်၍ ခံစားခွင့်များပေးခြင်း။

၇။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း ကိုယ်ပိုင်ကျောင်းများ အရည်သွေးစစ်ဆေးရေး အဖွဲ့၏ လစဉ်၊ နှစ်စဉ် ဥပဒေနှင့်အညီစစ်ဆေးဆောင်ရွက်ခြင်းကိုအပြည့်အဝပူးပေါင်းဆောင်ရွက်ခြင်း။

၈။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း မိမိတို့ဝင်ငွေအရကျသင့်သောအခွန်အခများကို အပြည့်အဝ မှန်မှန်ကန်ကန်ထမ်းဆောင်ခြင်း။

၉။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်မှပြုလုပ်သော ပညာရေးဆိုင်ရာ အခမ်းအနားများနှင့် လိုအပ်၍တာဝန်ပေးချက်များကို ပူးပေါင်းဆောင်ရွက်ခြင်း။

၁ဝ။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်မှချမှတ်ဆောင်ရွက်နေသော ပညာရေး ပေါ်လစီများကို ပူးပေါင်းအကောင်အထည်ဖော်ခြင်း။

၁၁။    ကိုယ်ပိုင်ကျောင်းတစ်ကျောင်တည်ထောင်ဖွင့်လှစ်မည့်သူတိုင်း နိုင်ငံတော်အစိုးရကျောင်းများနှင့်နည်းတူ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း . . . .စသည်ဖြင့် အချက်အလက်တွေနှင့်ပြည့်စုံရပါမယ်. . ။ကျန်တာတွေလည်းရှိဦးမှာပါ။
ဒါ့အပြင် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ –

(က)    ကျောင်းမှာ သင့်တင့်လျောက်ပတ်သောကျောင်းစာကြည့်တိုက်ရှိရပါမယ်။
(ခ)    ကျောင်းမှာကောင်းမွန်သော ကျောင်းကျန်းမာရေးစောင့်ရှောက်မှုရှိရမယ်။
(ဂ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော အားကစားကွင်းရှိရပါမယ်။(အနည်းဆုံးဘတ်စ်ကက်ဘောကွင်း)
(ဃ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သောသိပံလက်တွေ့ခန်းရှိရပါမယ်။
(င)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော မာတီမီဒီယာအခန်းရှိရပါမယ်။
(စ)    ကျောင်းမှာသင့်တင့်လျောက်ပတ်သော မုန့်ဈေးတန်းရှိရပါမယ်။

ဒီလောက်ဆိုရင် ကိုယ်ပိုင်ကျောင်းနဲ့ အလွတ်ပညာသင် သင်တန်းကွဲပြားလောက်ပြီထင်ပါတယ် . .ဒီတော့ ကျွန်တော်တို့ဆီက ကိုယ်ပိုင်ကျောင်းထောင်မည့်သူများ၊ ကိုယ်ပိုင်ကျောင်းတွင် မိမိတို့သားသမီးများကို ကျောင်းထားမည့်သူများ၊ ကိုယ်ပိုင်ကျောင်းဥပဒေကိုမြန်မြန်ဆန်ဆန်ပြဌာန်းခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ကျောင်းများတည်ထောင်ဖွင့်လှစ်မှုကိုအသားပေးရေးသားခဲ့ကြသော
မီဒီယာများအောက်ပါအချက်များကိုဖြေကြည့်ကြစေချင်ပါသည်။

၁။    ယခုပြဌာန်းသော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးတိုးတက်လာနိုင်ပါမည်လား . .

၂။    ကိုယ်ပိုင်ကျောင်းတည်ထောင်မည့်သူများမှလည်း မိမိကိုယ်ကိုမိမိ ကိုယ်ပိုင်ကျောင်း တည်ထောင် နိုင်လောက်အောင်၊ အဖက်ဖက်မှပြည့်စုံလုံလောက်နေပါပြီလား . .

၃။    အစိုးရကျောင်းများတွင် ပိုက်ဆံကုန်ပြီးပညာမတတ်၍ကိုယ်ပိုင်ကျောင်းပြောင်းထားလျှင် မိမိတို့ကလေး သေချာပေါက် ပညာတတ်ပြီလို့တစ်ထစ်ချယုံကြည်ပါသလား . .

၎။    မိဘအခိျု့၊ မီဒီယာအခိျု့ရေးသားရင်ဖွင့်သကဲ့သို့ ပညာရေးလောက အစိုးရကျောင်းမှ ဆရာ၊ဆရာမများမှာ နိုင်ငံနှင့်အဝှမ်း သုံးမရလောက်အောင်ပျက်စီးနေပါပြီလား . .

၅။    ယခုဖြစ်ပေါ်နေသောကျောင်းသားများစာမတတ်လို့ဆိုသောစကားမှာ အစိုးရ၏ပညာရေးပေါ်လစီကြောင့်လား . . ဆရာ၊ဆရာမများ၏ခိျု့ယွင်းချက်ကြောင့်လား . .

၆။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် အရေးတကြီးကိုလိုအပ်ပါသလား . .

၇။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် နိုင်ငံသားအများစုကိုကိုယ်စားပြုပါသလား

၈။    မီဒီယာများအနေဖြင့်လည်း ဆရာ၊ ဆရာမအခိျု့၏ ခိျု့ယွင်းချက်၊အားနည်းချက်များကို တစ်ဆိတ် တစ်အိတ်လုပ်၍ ဖော်ပြခြင်းဖြင့် မိမိတို့မီဒီယာတာဝန်ကျေပြွန်ပြီဟုယုံကြည်ပါသလား . .

၉။    နိုင်ငံအနှံနယ်စွန်နယ်ဖျားမကျန် ရိုးသားဆင်းရဲစွာဖြင့် ပညာရေးတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမ အများစု၏ဘဝတိုးတက်ကောင်းမွန်ရေးအတွက်၎င်း၊
အစိုးရကျောင်းများဖွံဖြိုးတိုးတက်ရေးအတွက်သော်၎င်း မီဒီယာတာဝန်ကျေပြွန်စွာဖြင့်ဖော်ထုတ်ရေးသားခြင်းရန်စိတ်အားထက်သန်မှုရှိပါသလား . .
ကိုကြီးသောင်းဖြေဆိုပါမည် သဘောတူသူ/မတူသူရှိပါကလည်းလွတ်လပ်စွာသဘောကွဲလွဲနိုင်ပါသည်။

၁။    ယခုပြဌာန်းသော ကိုယ်ပိုင်ကျောင်းဥပဒေကြောင့် နိုင်ငံတော်ပညာရေးမတိုးတက်နိုင်ပါ။အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်ကျောင်းနေနိုင်သောသူများသည် စုစုပေါင်းကျောင်းသားဦးရေ၏(၁%)မျှသာရှိခြင်း၊ ကိုယ်ပိုင်ကျောင်း အဖြစ်ပြောင်းလဲတည်ထောင်မည့်သူများသည် နိုင်ငံတော်၏ပညာရေးမျှော်မှန်းချက်ဖြစ်သော တီထွင်ဖန်တီးမှု များနှင့်ပြည့်ဝသော ကျောင်းသားဗဟိုပြု သင်ကြားရေးနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျှက်  စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရန်အတွက်သာ ဦးတည်သင်ကြားကြခြင်း။

၂။    ကိုယ်ပိုင်ကျောင်းတည်ထောင်မည့်သူများမှလည်း မိမိကိုယ်ကိုမိမိ ကိုယ်ပိုင်ကျောင်း တည်ထောင် နိုင်လောက်အောင်၊ အဖက်ဖက်မှပြည့်စုံလုံလောက်နေသေးခြင်းမရှိသေးပါ၊ အတွေ့အကြုံများစွာလိုအပ် နေပါသေးသည်။ ကျောင်းသားကျောင်းသူကို အမှတ်များများဖြင့်အောင်မြင်ယုံမျှဖြင့်တော့ စိတ်ကူးယဉ်ရန်မသင့်ပါ။ မိမိတို့သည် ကျောင်းသားကျောင်းသူများကို ပုံစံခွက်ဖြင့်လေ့ကျင့်ပေးနေတာလား . .  ပညာတတ်အောင်စာသင်တာလား ခွဲခြားတတ်ဖို့တော့လိုသည်။ ပြီးတော့ ကြော်ညာကောင်းကောင်းဖြင့် လူကြားကောင်းယုံ၊ စာကြည့်တိုက်၊ သိပံလက်တွေ့ခန်း၊ မာတီမီဒိယာ၊ တစ်နှစ်မှတစ်ခေါက်လောက်သာ ဝင်ခွင့်ရမည့်အခန်းများနှင့်လည်းလှည့်စားရန်မသင့်ပါ၊ (သေချာပါသည်  ကျောင်းသားကျောင်းသူများ အမှတ်ကောင်းကောင်းဖြင့်အောင်မှ ကိုယ့်ကျောင်းနာမည်ရမှာဖြစ်သဖြင့် စာမှလွဲ၍ ကျန်တာသည် အပြသက်သက်((င်္သမှ့သတ)သာဖြစ်ပါလိမ့်မည်။)။

၃။    အစိုးရကျောင်းများတွင် ပိုက်ဆံကုန်ပြီးပညာမတတ်၍ကိုယ်ပိုင်ကျောင်းပြောင်းထားလျှင် မိမိတို့ကလေး သေချာပေါက် ပညာတတ်ပြီလို့တစ်ထစ်ချယုံကြည်လျှင်၊ အစိုးရကျောင်းမှ ဆရာ၊ဆရာမများမှာ နိုင်ငံနှင့်အဝှမ်း သုံးမရလောက်အောင် ပျက်စီးနေပါပြီဟု ယုံကြည်လျှင်တော့ မြန်မာနိုင်ငံပညာရေး ချောက်ထဲလုံးလုံး ကျသွားပြီဟုဆိုနိုင်ပါသည်။ကိုယ်ပိုင်ကျောင်းတွင်
ထားသောကျောင်းသားတိုင်းလည်းမထူးချွန်ပါ၊ အောင်မြင်မှုလည်းမရပါ။ ပိုက်ဆံကတော့သောက်သောက်လဲကုန်ပါမည်။ (အစိုးရကျောင်းတွင်ထား၍ ကိုယ်ပိုင်ကျောင်းတွင်ထားခြင်းထက် ပိုက်ဆံပိုကုန်ပါက တိကျစွာပြောစေလိုပါသည်။ ကိုယ့်လိုအင်ဆနအတွက် လာဘ်ပေးရခြင်းနှင့်မဆိုင်ပါ)။ ယနေ့ရန်ကုန်မန္တလေးလိုမြို့ကြီးများတွင်လျှမ်းလျှမ်းတောက်
 အောင်ချက်ကောင်း ကျောင်းများမှာ မိဘများကြိတ်ကြိတ်တိုးအပ်နေကြပါသည်။

၎။    စာသာမတတ်တာ တစ်တန်းပြီးတစ်တန်းတက်သွားတာ ဆရာဆရာမ မသင်ကြား၍မဟုတ်ပါ၊ အထက်မှတာဝန်ရှိသူများ ညွှန်ကြားသည့်အတိုင်း စဉ်ဆက်မပြတ်အကဲဖြတ် အတန်းတင်ဆိုသော ပညာရေးပေါ်လစီအမှားကြောင့်ဖြစ်သည်ဟုယူဆပါသည်။
(အတန်းတွင်းကောင်းကောင်းမသင်၊ ကျူရှင်ကြမှ ကောင်းကောင်းသင်၊ ကျူရှင်တက်မှ မျက်နှာသာပေး စုန်းပြူးအခိျု့ရှိနိုင်ပါသည်။)

၅။    ဒီဥပဒေဟာ နိုင်ငံတော်ပညာရေးတိုးတက်မှုအတွက် အရေးတကြီးမလိုအပ်သလို နိုင်ငံသားအများစု အတွက်လည်းကိုယ်စားမပြုပါဘူး။ နောင်တစ်ချိန်မှာ ပုဂုလိကအပိုင်းမှာခွင့်ပြုပြီး အစိုးရနဲ့လက်တွဲ ဆောင်ရွက်ရမှာဖြစ်ပေမဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အချိန်တစ်ခုယူပြီး စနစ်တကျတည်ဆောက် လိုက်တဲ့အခါမှာ ဒီကိုယ်ပိုင်ကျောင်းတွေက ကျွဲကူးရေပါဖြစ်သွားမှာပါ။ အရင်ဆုံးပြန်လည်ပြင်ဆင်ရမှာက အစိုးရကျောင်းများဖွံဖြိုးတိုးတက်ရေးနဲ့ ခေတ်ရဲ့လိုအပ်ချက်နှင့်မကိုက်ညီတဲ့ကျူရှင်ဥပဒေပါ။

၆။    မီဒီယာများအနေဖြင့်လည်း ဆရာ၊ ဆရာမအခိျု့၏ ခိျု့ယွင်းချက်၊အားနည်းချက်များကို ဖော်ပြခြင်းဖြင့် မိမိတို့မီဒီယာတာဝန်ကျေပြွန်အောင်ထမ်းဆောင်ကြသလို နိုင်ငံအနှံနယ်စွန်နယ်ဖျားမကျန် ရိုးသားဆင်းရဲစွာဖြင့် ပညာရေးတာဝန်ထမ်းဆောင်နေကြသော ဆရာ၊ဆရာမအများစု၏လူနေမှုဘဝ တိုးတက်ကောင်းမွန်ရေး၊ အစိုးရကျောင်းများ ဖွံဖြိုးတိုးတက်ရေးအတွက် မီဒီယာတာဝန်ကျေပြွန်စွာဖြင့်စဉ်ဆက်မပြတ် ပညာရှင်များဖြင့် တွေ့ဆုံဆွေးနွေးဖော်ထုတ်ရေးသားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးတင်ပြခြင်းကိုလည်း မပျက်မကွက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ကိုကြီးသောင်းရဲ့မျက်စေ့ထဲမှာတော့ မဝေးတော့တဲ့ကာလတစ်ခုမှာ မြန်မာနိုင်ငံပညာရေးမှာ အစိုးရကျောင်းရော ကိုယ်ပိုင်ကျောင်းတွေပါ အပြိုင်အဆိုင်ထွန်ကားလာပြီး၊ နိုင်ငံသားကောင်း ပညာတတ်တွေမွေးထုတ် လာနိုင်တော့မယ်ဆိုတာရယ်၊ ဒီထက်ပိုပြီး နိုင်ငံတွင်းမှာနေရာယူလာကြတဲ့ နိုင်ငံတကာကျောင်း (International School) တွေနဲ့ယှဉ်ပြိုင်ဖို့ဆက်လက်ကြိုးစားရဦးမယ်ဆိုတာပါဘဲ။( မှတ်ချက် - မြန်မာကျောင်းတွေမှာစာသင်တာစာမတတ်လို့ ပြည်တွင်းမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ ပြောင်းထားလိုက်ရသူများအတွက်လည်း မိမိတို့ကလေးစာတကယ်တတ်/မတတ် ဒီကျောင်းတွေရဲ့အကောင်းအဆိုး သီးသန့်ဆောင်းပါးတစ်စောင် မကြာမီရေးသားပါမယ်)
ပြီးခဲ့တဲ့ဆောင်းပါးမှာ အကောင်းအဆိုးပေါက်ကွဲရင်ဖွင့် မှတ်ချက်ပေးခဲ့ကြသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။

 မြန်မာနိုင်ငံပြည်ရေးတိုးတက်မှုအတွက်စိတ်ဝင်စားကြသူများလည်းကောင်း၊ မိမိတို့၏သားသားများကိုဖြစ်ထွန်းစေလိုသူ မိဘများအတွက်သော်လည်းကောင်း၊ ပညာရေးတာဝန်ထမ်းဆောင်ကြမည် အစိုးရခန့်ဆရာ၊ဆရာမများနှင့် ကျူရှင် ဆရာများအားလုံး အိနိယနိုင်ငံ ဘောလိဝုဒ်မှ ရိုက်ကူးထုတ်လုပ်သော ( 3 idiots  ) ဇာတ်ကားအားကြည့်ရှု့၍ အခြေအနေများကိုနှိုင်းယှဉ်သုံးသပ်ကြည့်နိုင်ပါကြောင်း . . . ။

မေတ္တာများစွာဖြင့်
ကိုကြီးသောင်း(အရာတော်)

Myanmar News Now

၂၀၁၀ X2O မဏ္ဍပ် ဗုံးကွဲမှုဖြင့် စွပ်စွဲခံရသူကို သေဒဏ်ချလိုက်


သေဒဏ်ချမှတ်ခံရသူ ကိုဖြိုးဝေအောင် (ဓါတ်ပုံ-Google Images)
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲ၏ တရား စွဲဆိုခြင်း ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တသက်တကျွန်း ပြစ်ဒဏ်များ အပါအဝင် ထောင်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် အင်းစိန်ထောင် တရားရုံးမှ အင်္ဂါနေ့တွင် အမိန့်ချမှတ်လိုက်သည်ဟု ကိုဖြိုးဝေအောင်၏ ရှေ့နေ ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

ကိုဖြိုးဝေအောင်ကို ချမှတ်သည့် ပြစ်ဒဏ်များမှာ ကြိုတင်ကြံစည် လူသတ်မှုကို အားပေးသည့် အမှုအတွက် သေဒဏ်၊
ဖေါက်ခွဲမှုကို အားပေးသည့်အမှုအတွက် ထောင်ဒဏ် တသက်တကျွန်း၊ အပြင်းအထန် နာကျင်စေမှုကို အားပေးသည့် အမှုအတွက် ထောင်ဒဏ် ၁ဝ နှစ်၊ မတရားသင်းနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံအတွင်း တရားမဝင်
ပြန်လည်ဝင်ရောက်လာမှုအတွက် ထောင်ဒဏ် ၃ နှစ်တို့ ဖြစ်သည်ဟု ဦးကျော်ဟိုးက ပြောသည်။

“အဲဒီအမှုတွေကို တပေါင်းတည်း ပေါင်းပြီးတော့ ကျခံစေ ဆိုပြီးတော့ သေဒဏ် ချထားတယ်” ဟု ဦးကျော်ဟိုး က ပြောသည်။

အင်းစိန်ပရဝုဏ်အတွင်းရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးအောင်သိန်း၏ အဆိုပါ အမိန့်ချမှတ်မှုကို ကျေနပ်မှု မရှိဘဲ ဆက်လက်၍ အယူခံဝင်သွားမည်ဟုလည်း ဦးကျော်ဟိုး က ပြောသည်။

“ဒီအမိန့်ကိုလည်း ကျနော်တို့ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုဟာ မမှန်ဘူး။ မတရား ညှဉ်းပမ်းနှိပ်စက် ပြီးတော့ ယူထားတဲ့ ဖြောင့်ချက် ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအရ တရားမဝင်ဘူးလို့ ကျနော်တို့ တင်ပြခဲ့ပါတယ်။ ဒါကို တရားရုံးက လက်မခံဘူးပေါ့ဗျာ။ ဒါကို အယူခံရုံးက လက်ခံအောင် ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့ အယူခံ ကာလ ရှိသေးပါတယ်။ အယူခံကာလကို စောင့်ပြီးတော့မှ သေဒဏ် ပေးလို့ရမယ်။ ကျနော်တို့ အယူခံတင်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကိုဝေဖြိုးအောင်ကို စွပ်စွဲဖမ်းဆီးမှုနှင့် ပတ်သက်၍ မှားယွင်းမှုများ ရှိနေနိုင်ပြီး သက်သေ အထောက်အထားများ မမှန်မကန်ရယူမှု၊ တရားမဝင် ဖမ်းဆီးမှု စသည့်အချက်များကို ထောက်ပြကာ တရားရုံးမှ
ပြန်လည်စိစစ်၍ စီရင်ချက်ချရန် မေလ ၆ ရက်နေ့တွင် အာရှ လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက် ထုတ်ပြန် ခဲ့သေးသည်။

အမှုမှာ ၂ဝ၁ဝ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် တွင် ဗုံး ၃ လုံး ပေါက်ကွဲသည်။ ထိုဗုံးခွဲမှု တရားခံအဖြစ် ထိုင်း-မြန်မာနယ်စပ် တောတွင်းအခြေစိုက် စွမ်းအားမြှင့် မြန်မာ
ကျောင်းသား စစ်သည်တော်များအဖွဲ့ VBSW မှ အဖွဲ့ဝင် ၃ ဦး လက်ချက်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ (ယခု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး)က ထိုနှစ် မေလ ၆ ရက်နေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲ၌ စွပ်စွဲခဲ့သည်။

ကိုဖြိုးဝေအောင်ကိုလည်း ဗုံးဖောက်ခွဲနိုင်ရေး စောင့်ကြည့်ပေးခဲ့သည်ဟု စွပ်စွဲခဲ့ရုံမက VBSW အဖွဲ့ဝင်တဦး ဖြစ်သည် ဆိုသော ယူဆချက်ဖြင့် ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် ၅၅ လမ်း အလယ်ဘလောက်ရှိ
နေအိမ်သို့ ရဲများ ရောက်လာရောက် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရကြောင်း ယခင် စစ်အစိုးရက သတင်း ထုတ်ပြန်ခဲ့သည်။

မျိုးသန့်  - ချင်းမိုင် (မဇ္ဈိမ)

ဦးသိန်းစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်း

Inbox
x

လင်းဇော်ထက် linnzawhtike@gmail.com
7:28 PM (5 hours ago)

to mrsorcerer
ဦးသိန်းစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်း
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - Tomohiro Ohsumi / Bloomberg)
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ် တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအ၀င် ၁၂ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံး နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း က ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ၀န်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအ၀င်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအ၀င် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲစည်းထားကြောင်း သမ္မတ ရုံး အသိုင်းအ၀ိုင်းမှ သတင်းရသည်။
ယခုကဲ့သို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကို ပြင်ဆင်၍ အသစ်ပြန်လည် ဖွဲ့စည်းခြင်းသည် ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့နှစ်ခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးနဲ့ထာဝရငြိမ်းချမ်း ရေးရတဲ့အထိ အစိုးရသက်တမ်းမကုန်ခင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု သမ္မတရုံးမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ပထမဆင့်အနေနှင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက်သဘောတူညီမှု ညှိုနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး၊ သတ်မှတ် နေရာများအပ အခြားဒေသသို့ လက်နက်ဖြင့်သွားလာခြင်းမပြုရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူညီသော သင့်လျော် သည့်နေရာများတွင် လက်နက်မပါဘဲ ထားရှိရေး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဆွေးနွေးရန် ကိုယ်စားလှယ် အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန်နှင့်နေရာ ညှိုနှိုင်းရေးများကို လုပ်ဆောင်မည်ဖြစ်သည်ဟု သိရှိရသည်။
ယခင်က အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ ထားရှိရာ ဦးအောင်သောင်း အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ဆွေးနွေးရာတွင် အောင်မြင်မှု မရရှိသေးပေ။ ပြန်လည် ဖွဲ့စည်းလိုက်သော အစိုးရ အငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွင်း ဦးအောင်သောင်း ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။
အစိုးရက ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်အမျိုးသား အစည်း အရုံး (KNU)၊ မွန်ပြည်သစ် ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသည်ဖြင့် ၁၀ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။burma.irrawaddy.org

ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်



by General Knowledge on Tuesday, May 8, 2012 at 6:34am ·

မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)
ယခုရက်ပိုင်းအတွင်း ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မည်ဆိုသည့်  သတင်းများထွက်ပေါ်လျှက်ရှိရာ အကယ်၍ ၎င်းနေရာတွင်  ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှ သာလျှင် ခန့်အပ်ခွင့် ရှိမည်ဟု လွှတ်တ်ာကိုယ်စားလှယ်များက ပြောဆိုသည်။

"အခုထွက်နေတဲ့ သတင်းပေါ်မှာ အခြေခံပြီး လူတိုင်းကစိတ်ဝင်စားနေတာက ကျွန်တ်ာတို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒု-သမ္မတ နေရာတင်မယ်ပေါ့။ အကယ်လို့ တင်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှပဲရမယ်။ အခြေခံဥပဒေနဲ့ ငြိနေတာတွေရှိတယ်" ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက YPI သို့ ပြောသည်။
အလားတူ ဥပဒေပညာရှင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း "ဒေါ်စုကို တင်မယ်ဆိုရင် ဒု-သမ္မတ က စစ်ရေးအမြင် ရှိရမယ်ဆိုတာပါနေတယ်။ နောက် သူ့သားတွေ၊ ခင်ပွန်းတွေနဲ့ ပတ်သက်ပြီးဖွဲ့စည်းပုံမှာ ငြိနေတာတွေရှိတယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဘယ်လိုမှတင်လို့မရဘူး” ဟုဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၃) ပုဒ်မ (၅၉)(စ)အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများတွင် မိမိ ကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း ၊ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသောသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပါရှိသည်။
နှုတ်ထွက်မည်ဟု လတ်တလော သတင်းများထွက်ပေါ်နေသော ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး သည် အမျိုးသားလွှတ်တော်နှင့် ပြည့်သူ့လွှတ်တော် နှစ်ရပ်အတွင်းရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်သွင်းထားသူ ဖြစ်သည်။
ထို့ကြောင့် ၎င်း နှုတ်ထွက်ပါက ယင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကသာ ဒု-သမ္မတကို ပြန်လည်ရွေးချယ် တင်သွင်းရမည်ဖြစ်သည်။
“တပ်မတော်သား ကိုယ်စားလှယ်တွေထဲက စစ်တပ်ကလာတဲ့သူ တယောက်ယောက်ကိုပဲဖြစ်ဖြစ် ၊ဒေါ်စု ကိုပဲဖြစ်ဖြစ် သူတို့ရွေးချယ်ချင်ရင် ရွေးလို့ရပါတယ် ဒါပေမယ့် ဒေါ်စုကို ရွေးချယ်တင်မြောက်မယ်ဆိုရင် သူ့ခင်ပွန်း သူ့သားတွေနဲ့ ပတ်သတ်ပြီး ဖွဲ့စည်းပုံနဲ့ ငြိနေတဲ့အတွက် နာမည်စာရင်း တင်ပြတဲ့နေရာမှာပဲ ပြုတ်ကျသွားနိုင်ပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။
ဒု-သမ္မတမှာ ဒု-သမ္မတ (၁) နှင့်(၂) နှစ်ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒု-သမ္မတ (၁) အနာယူသွားပါက ဒု-သမ္မတ(၂) မှာ (၁) ဖြစ်လာပြီး နောင်ရွေးချယ်မည့် ဒုသမ္မတမှာ (၂) ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ လက်ရှိ ဒု-သမ္မတနှစ်ဦးအနက် သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ဒု-သမ္မတ (၂)ဖြစ်၍ ဒေါက်တာစိုင်းမောက်ခမ်းမှာ ဒု-သမ္မတ (၁)ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၇၂) အရ နိုင်ငံတော်သမ္မတ သို့မဟုတ်  ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ မိမိဆန္ဒအရ နှုတ်ထွက်လျင် နှုတ်ထွက်ခွင့်ပြုရမည်ဟု ပါရှိသည်။
အကယ်၍ ဒု-သမ္မတ နှုတ်ထွက်ခဲ့မည်ဆိုလျှင် ပုဒ်မ (၇၂)(စ) အရ ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်လျင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်း ဒုတိယသမ္မတကို ရွေးချယ် တင်မြောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယ သမ္မတတစ်ဦး ရွေးချယ် တင်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဟု ပါရှိသည်။
ပုဒ်မ (၇၂)(ဆ) အရ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန် မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော် သမ္မတဧ။် အကြောင်းကြားစာ ရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ် တင်မြောက်ရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟု ပါရှိသည်။
ကျန်းမာရေးကြောင့် ဒု-သမ္မတ(၁) နှုတ်ထွက်မည်ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှ စ၍ ဗီအိုအေမြန်မာပိုင်း သတင်းဋ္ဌာနနှင့် ရိုက်တာသတင်းဋ္ဌာနတို့မှ ရေးသားဖေါ်ပြလျှက်ရှိသော်လည်း ယနေ့ထိ တရားဝင်ကြေညာချက် တစုံတရာ ထွက်ပေါ်မလာသေးပေ။
ဒုသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦးမှာ နအဖ အစိုးရလက်ထက်က အတွင်းရေးမှူး (၁) တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အခြားသော တပ်မတော်အရာရှိကြီးများနှင့်အတူ တပ်မတော်မှ အနားယူခဲ့သည်။
၎င်းနောက် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး အစိုးရအဖွဲ့တွင် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည်  ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူ၊ တရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသူအဖြစ် သိရှိထားကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းများကို စီမံခန့်ခွဲလျှက်ရှိသူ ဖြစ်သည်။

ငါးမြာကြီးရွာမှာ ရေပြာပေါက်ကြမ်းလို့ မြစ်ကမ်းပါးပြို၊ အိမ်အိုအိမ်ကောင်း၊အမြန်ပြောင်းနေကြရ


မကွေးတိုင်း ရေစကြိုမြို့နယ် ဗလဘ အုပ်စုအပိုင် ငါးမြာကြီးကျေးရွာသည် ချင်းတွင်းနှင့်
ဧရာပေါင်းဆုံရာအနီးရှိမြစ်ကမ်းပါးတစ်နေရာတွင် တည်ရှိပါသည်။

ယခုအခါမြစ်ရေများ အတက်ကြမ်းလာမှုနှင့်အတူ ရွာအရှေ့ဖျားက အိမ်တန်းများတည်ရှိရာ
အောက်ခံမြေသားတို့ကို ရေဦးတိုက် ကမ်းပါးပြှိုကျ နေသဖြင့် အိမ်အလုံး ၇၀ နှင့်
ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ဖျက်ပစ်ခါလွတ်ရာသို့ပုံထားလိုက်ရပါပြီ။

ထိုရွာတွင် အိမ်ခြေ ၁၃၀ခန့်ရှိရာ ရွာ၏ ၅၀%ခန့် မြစ်ထဲရောက်နေပြီမို့ စိုက်ခင်းများပါ
ကမ်းပါးပြိုကျသည့်အထဲပါနေကြရာ ရွာသူရွာသားများမှာများစွာအားငယ်နေကြပါသည်။

လောလောဆည် အိမ်ဆောက်ရန် မြေနေရာလည်း မရသေးရာ ကမ်းပါးထိပ်ဝန်း
ကျင်မှာပင် တဲငယ်ကလေးများ ဖြစ်သလိုထိုးပြီး နေထိုင်နေကြရသည်။

ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများ သိရှိကူညီပေးနိုင်ကြ၇န်
တင်ပြလိုက်ရပါသည်။


A C J(Yesagyo)

Myanmar News Now
ဓာတ်ပုံများမှာ ၆.၅.၁၂ နေ့ကရိုက်ကူးထားခြင်းဖြစ်ပြီး
သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဥိးသိန်းမြင့်(NLD yesagyo)
ကရိုက်ပေးခြင်းဖြစ်သည်။





မှားပြီး Format ချမိလို့ဖြစ်ဖြစ် Delete မိလို့ပဲဖြစ်ဖြစ် ပြန်လိုချင်ရင်တော့

GetDataBack for FAT and NTFS 3.03 + Serial




Data တွေကို မှားပြီး Format ချမိလို့ဖြစ်ဖြစ် Delete မိလို့ပဲဖြစ်ဖြစ် ပြန်လိုချင်ရင်တော့ ဒီ ဆော့ဝဲလ် လေးနဲ့ ပြန်ပြီး Recover လုပ်ယူနိုင်ပါတယ်.....:)
ထူးခြားတာက FAT / NTFS ဆိုတဲ့ System ဖိုင်လ် တွေကိုပြန်လည်ရယူနိုင်တာပါပဲ...။

Data Recovery Software for NT file systems - GetDataBack is a highly advanced data recovery software, which will help you to get your data back when your drive's partition table, boot record, Master File Table or root directory is corrupt or lost, when a virus has hit the drive, files were deleted, the drive was formatted or struck by a power failure. GetDataBack comes in two flavours, NTFS and FAT depending on what file system you have.

GetDataBack will recover your data if the hard drive's partition table, boot record, FAT/MFT or root directory are lost or damaged, data was lost due to a virus attack, the drive was formatted, fdisk has been run, a power failure has caused a system crash, files were lost due to a software failure, files were accidentally deleted...


The tool works at partition level and will restore files and folders exactly how they used to be. It recovers data from floppy and ZIP disks, drive images and even remote drives connected by a serial cable or TCP/IP. As the name says, it restores files from FAT/ NTFS disks - file system used by Windows NT/2000/XP, yet works on all Windows systems. Make sure you never install the program on the to-be-recovered drive and you will never lose important data.

Advanced algorithms will make sure that all directories and sub directories are put together as they were, and that long file names are reconstructed correctly. GetDataBack is read-only, meaning the program will never attempt to write to the drive you are about to recover. Please make sure to read the safety instructions...
The software enables the regular user to conduct his own data recovery by guiding him through three easy to understand steps, thus gives the advanced user the possibility to interfere with the recovery and improve the results, by examining the scan log, the file system details, file and directory information, by selecting the sector range to be scanned, by choosing excessive search for file systems or search for lost files, by calling Runtime's DiskExplorer.
Recover files over your local network or over a serial cable - This feature enables you to run GetDataBack on one computer ("remote") while accessing the drives of another computer ("host"). Recovering data over a network is useful, especially when you are not able to remove the drive you want to recover from and attach it to another computer.

Download GetDataBack for FAT and NTFS v3.3

 

ဝင်းကမ္ဘာကျော်(Software နှင့် နည်းပညာ)

www.winkabarkyaw.co.cc

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပေါင် ၇၄ သန်းတန်ပန်းချီကား

Thursday, May 3 at 12:47pm

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပန်းချီကားအဖြစ် မနေ့က အရောင်းအ၀ယ် ဖြစ်ခဲ့တဲ့ ပန်းချီကားပါ..
နယူးယောက်မှာ ပေါင် ၇၄ သန်းနဲ့ အရောင်းအ၀ယ် ဖြစ်သွားပါတယ်။

တန်ကြေးအရ ပြတိုက်ထဲ ရောက်သွားပြီ ဖြစ်တဲ့ မိုနာလီဇာ ပန်းချီကားကို ကျော်တက်သွားတဲ့ ပန်းချီကားပါ။.. 1895 ခုနှစ်ကနော်ဝေးလူမျိုး ပန်းချီဆရာ Edvard Munch ရေးဆွဲခဲ့တာပါ။
နားလည်သူများ သုံးသပ်ပေးကြစေလိုပါတယ်။