Wednesday, May 9, 2012

ကမ္ဘာ့အသေးဆုံး ငါးပြတိုက်နှင့် ရှားပါးအဝါရောင်စိန်တုံး ဒေါ်လာ ၁၁ သန်းတန်ဖိုးရှိ

Inbox
x

မာမာ marmarmyint1981@gmail.com
May 7 (1 day ago)

to mrsorcerer
ပုံမှာ မြင်တွေ့ရတာကတော့ ကမ္ဘာအသေးဆုံး ငါးပြတိုက် ဖြစ်ပါတယ်။
ယင်း ငါးပြတိုက် ဖန်သတ္တာလေးထဲမှာ လက်ဘက်ရည်ဇွန်း နှစ်ဇွန်းသာရှိသော ရေသာပါရှိပါတယ်။ အကျယ် 30mm, အမြင့် 24mm, အနက် 14mm သာရှိတဲ့ ယင်း ငါးပြတိုက်ထဲမှာ အလွန်သေးငယ်တဲ့ Zebra fish ခေါ် ငါးမြင်းကျား ငယ်အချို့ကို ထည့် သွင်း မွေးမြူထားပါတယ်။

ရှားပါးအဝါရောင်စိန်တုံး ဒေါ်လာ ၁၁ သန်းတန်ဖိုးရှိ

ဆွစ်ဇာလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က လေလံတင်ရောင်းချခဲ့တဲ့ Sotheby လေလံကုမ္ပဏီပိုင် အဝါရောင် စိန်တုံး ဖြစ်ပါတယ်။
လေလံဈေးကတော့ အမေရိကန်ဒေါ်လာ ၁၁ သန်းနဲ့ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းစိန်ဟာဆိုရင် တောင်အာဖရိက စိန်တွင်းမှ တူးဖော်ရရှိထားတဲ့ ရှားပါး အဝါရောင် စိန်ဖြစ်ပါတယ်။ ပုံသဏ္ဍာန်အားဖြင့် သစ်တော်သီး ပုံစံရှိပြီး အဝါရောင် သန်းနေတဲ့ ယင်းစိန်ကို Sun drop လို့ အမည်ပေးထားပါတယ်။ အလေးချိန် အားဖြင့် ၁၁ဝ.ဝ၃ ကာရပ်ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ တွေ့ရှိထားသမျှအဝါရောင် စိန်များထဲမှ အကြီးမားဆုံး စိန်တုံးဖြစ်ပါတယ်။
ကာရပ်တစ်ရာကျော်တဲ့ စိန်ဆိုတာ အင်မတန်ရှားပါးတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ခုနှစ်တုန်းကလည်း ကလည်း ရှားပါး အပန်းရောင် စိန်တုံး တစ်လုံးကို ဒေါ်လာ ၄၆ သန်းနဲ့ စံချိန်တင်ရောင်းထွက်ခဲ့ပါတယ်။ စိန်နဲ့ ကျောက်သံ ပတ္တမြားလောကမှာ ဈေးအကြီးဆုံး စိန်အဖြစ် စံချိန်တင်သွားပါတယ်။
ယင်းစိန်တုံးနဲ့အတူ သမိုင်းဝင် ဆူလ်တန်ဘုရင်ပိုင် ကျောက်မြတ်ရတနာများကိုလည်း အတူလေလံတင် ရောင်းချ ခဲ့ပါသေးတယ်။ ယင်းကျောက်မြတ်ရတနာတွေဟာ ၁၇၁၁ ခုနှစ်က ရုရှားဘုရင် Catherine I မှ ဆူတန်ဘုရင်Sultan Ahemed III ကို စစ်ပွဲရပ်ဆိုင်းရန် ကမ်းလှမ်းတုန်းက လက်ဆောင်ပေးခဲ့ တဲ့ ကျောက်မြတ်ရတနာများ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးတော့ ၁၈၇၄ ခုနှစ်ရောက်တဲ့အခါမှာ ဆူလ်တန် ဘုရင်မှ အီဂျစ်နဲ့ ဆူဒန်ပိုင် ဘုရင်မျိုးနွဲရဲ့ နောက်ဆုံးမင်းဆက်ကို လက်ဆောင် ပဏ္ဍာအဖြစ်ပေးခဲ့တဲ့ ကျောက်မြတ်ရတနာများ ဖြစ်ပါတယ်။ တစ်ဆင့် ပြီးတစ်ဆင့်ကမ်းလာတဲ့ ယင်းကျောက်မြတ်ရတနာတွေဟာလည်း လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့အထက်နဲ့အထက်မှာ ရောင်းချနိုင်ခဲ့ပါတယ်။


2 attachments — Download all attachments   View all images   Share all images  
5.gif5.gif
126K   View   Share   Download  
0.gif0.gif
100K   View   Share   Download  

0 ကွန်မန့်ရေးရန်:

Post a Comment