Wednesday, May 9, 2012

ဒူဘိုင်းမှာ ဆောက်မယ့် သမုဒ္ဒ၇ာရေအောက်က “Water Discus Hotel”

ဆောက်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Drydocks World က ဆွစ်ဇာလန် အဖွဲ့စည်းတစ်ခုဖြစ်တဲ့ BIG InvestConsult နဲ့ ဒူဘိုင်းနိုင်ငံတွင် ”Water Discus Hotel” လို့ခေါ်တဲ့ ရေအောက် ဟိုတယ်ကြီးတစ်ခုကို ဆောက်လုပ်လျှင် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ထိုဟိုတယ် ဒီဇိုင်းတွင် အခြေသုံးချောင်းဖြင့် ထောက်ထားသည့် အာကာသယာဉ်ပုံစံ အဆောက်အဦးနှစ်ခု ပါဝင်မှာဖြစ်ပြီး သမုဒ္ဒရာ  ရေမျက်နှာပြင်အထက်တွင်  အာကာသယာဉ်ပုံစံတစ်ခု နဲ့ အဲ့ဒီအောက်မှာတော့ ရေမျက်နှာပြင်အောက် (၃၂)ပေအနက်တွင်မူ ဟိုတယ်(၂၁)ခန်း ၊ ရေငုပ်စင်တာ ၊ စားသောက်လို့ရမယ့် ဘား ၊ ဓါတ်လှေကား နဲ့ ရိုးရိုးလှေကားတွေ ပါဝင်မယ့် အဆောက်အဦးတစ်ခု ပါဝင်တယ်လို့ သိရပါတယ်။
ဟိုတယ်ခန်းကနေပြီးတော့ သမုဒ္ဒရာ ရေအောက်ကမ္ဘာရဲ့ သဘာဝအလှတွေကို တည်းခိုသူတွေက ရင်သပ်ရှုမောဖွယ် မြင်ရမှာဖြစ်ကြောင်းလည်း သိရသည်။
http://luckymyotaw.wall.fm/forum/11  (နိုင်ငံတကာသတင်း)
underwaterhotel2.jpg


  • underwaterhotel4.jpg
  • underwaterhotel.jpg
  • underwaterhotel3.jpg

0 ကွန်မန့်ရေးရန်:

Post a Comment