Wednesday, May 9, 2012

ICT ဖွံ့ဖြိုးရေးအတွက် Myanmar ICT Development Organization (MIDO) ဖွဲ့စည်း

ICT ဖွံ့ဖြိုးရေးအတွက် Myanmar ICT Development Organization (MIDO) ဖွဲ့စည်း
By Mobile Guide
ICT ဖွံ့ဖြိုးရေးအတွက် Myanmar ICT Development Organization (MIDO) ဖွဲ့စည်းမြန်မာ နိုင်ငံ၏ အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် မြန်မာ အိုင်စီတီ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (MIDO) Myanmar ICT Development Organization စတင် ဖွဲ့စည်းခြင်းနှင့် MIDO ၏ ရည်ရွယ်ချက်များ၊ လုပ်ဆောင်နေ မှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း ခြင်းကို ဧပြီ ၂၉ရက်က ပြုလုပ် သည်။
MIDO ကို တိုင်းပြည်၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် အိုင်စီတီ ကဏ္ဍအား ကျယ်ပြန့်စွာ အသုံးချနိုင် စေရန် အဓိက ရည်ရွယ်၍ ယခင် ဘလောဂ်ဂါ အစည်းအရုံး (Myanmar Blogger Society-MBS) မှ အဖွဲ့ဝင်ဟောင်းများ အပါအဝင် စိတ် ပါဝင်စားသူများ စုစည်းလျက်၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်း စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
" အရင်က Myanmar Blogger Society ဆိုတော့Blogger ဆိုတဲ့ ဘောင်တစ်ခုထဲမှာဘဲ ရှိ နေတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ် ချက်က ICT Develop-ment ဖြစ် တယ်။ အဲဒါကြောင့် Myanmar ICT Development Organization (MIDO) ဆိုပြီး လုပ်ဖြစ် တယ်" ဟု (MIDO)မှ Or- ginizer ဖြစ်သူ Public Rela-tion အပိုင်း ကို တာဝန်ယူထားသူ ကိုနေဘုန်း လတ်ကပြောသည်။
၎င်းကဆက် လက်၍ "ကျွန်တော်အထဲကထွက် လာပြီး နောက်ပိုင်းကျွန်တော်ဘာ သွားတွေ့သလဲဆိုတော့ အိုင်စီတီ နယ်ပယ်မှာ လိုအပ်ချက်တွေရှိနေ တယ်။ မပြည့်စုံမှုတွေ ရှိနေတယ်။ နည်းပညာကွာဟမှုတွေရှိနေတယ်။ ပြီးတော့ Law တွေမှာ ပြင်ဖို့လိုအပ် တဲ့ Law တွေရှိနေတယ်။ အဲဒီလိုရှိနေပေမယ့်လည်း ဒါတွေကို ဘယ်သူက တာဝန်ယူပြီး ပြောမှာ လဲ။ ဘယ်သူမှ ပြောမယ့်သူမရှိဘူး ဆိုတဲ့ အနေအထားတစ်ခုကိုတွေ့ တယ်။
အဲဒီတော့ ကျွန်တော်တို့က ငါတို့တော့ ဒီအတွက် တစ်ခုခုလုပ်ဖို့ သင့်တယ်ဆိုတာကို မြင်လာ ရတယ်။ အဲဒီတော့ တစ်ဦးတစ်ယောက်ချင်း ကပြောတာထက် အဖွဲ့အစည်း တစ်ရပ် အဖြစ် ဖွဲ့စည်းပြီးတော့ ဒီအဖွဲ့အ စည်းကပြောလိုက်ရင်ပိုပြီး သင့် တော်မယ်ဆိုတဲ့ အနေအထားကို စဉ်းစားမိတယ်" ဟု ပြောသည်။
MIDO အဖွဲ့အနေနှင့် မှတ်ပုံ တင်ပြုလုပ်ပြီး အဖွဲ့အစည်းတစ်ရပ် အဖြစ် ဖွဲ့စည်းသွားရန်ရှိပြီး ယခု လောလောဆယ်အခြေအနေတွင် လိုအပ်သော ဘဏ်စာရင်း ဖွင့်ခြင်း၊ ရုံးခန်း နေရာ ရှာဖွေခြင်း စသည်တို့ ကို ပြုလုပ်ဆောင်ရွက်ဆဲဖြစ်သည့် အပြင် ထိုသို့တရားဝင် အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ပြုလုပ်ရာတွင် အနည်းဆုံး အချိန်တစ်နှစ်ခွဲ နီးပါး ကြာမြင့်မည်ဟု စုံစမ်းသိရှိရကြောင်း ကိုနေဘုန်းလတ်က ပြောသည်။
ထို့ပြင်MIDO အနေဖြင့် အနယ်နယ် အရပ်ရပ်သို့ သွားရောက် ကာMobile Education အနေ ဖြင့် သင်တန်းများလိုက်လံပို့ချခြင်း၊ အခြားသော အဖွဲ့အစည်းအသီး သီးနှင့် ချိတ်ဆက်ပြီး အိုင်စီတီနည်း ပညာများသင်ကြားပို့ချခြင်း၊ ဟော ပြောပွဲများ၊ Workshop များပြုလုပ်ခြင်း တို့ကို ပြုလုပ်ဆောင်ရွက် လျက်ရှိပြီး ထပ်မံ၍လည်းသင်တန်း များပို့ချရန်ရှိကြောင်းသိရသည်။
၎င်း အပြင် ရန်ကုန်တွင်လည်း MIDO ၏ သင်တန်းနေရာ အတိအကျကို ဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိပြီး လူငယ်များ၏ အိုင်စီတီနည်း ပညာများကို ကောင်းမွန်ပြီး အကျိုး ရှိသည့်နေရာများတွင် အသုံးပြုနိုင် စေရန် အိုင်စီတီတလွဲသုံးမှုများကို လမ်းမှန်ရောက်စေရန်နှင့် ပတ်သက် ၍လည်း ကိုနေဘုန်းလတ်က ...
ဒီလိုမျိုးကိစ္စတွေကျတော့ လည်းForce နဲ့ တားလို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူး။ ဒါကျ တော့ လူငယ်တွေရဲ့ Mind Set ကို ပြုပြင်ပေးရမှာပေါ့။ Mind Set ကို ပြုပြင်ရမယ့် ကိစ္စဆိုတော့ အချိန်တော့ ယူရမယ်ဗျ။ အချိန်ယူတဲ့နေရာမှာလည်း လုပ်ပြဖို့လို တယ်ဗျ။ ကျွန်တော်တို့က ရှေ့က လုပ်ပြရမယ်၊ သုံးပြရမယ်။
ကျွန် တော်တို့အမြဲတမ်း သင်တန်းတွေ သွားသင်ပေးတဲ့အခါ အိုင်စီတီကို သုံးပြီး ဘယ်သူတွေဘယ်ကိုလုပ် နေကြလဲဆိုတာ အမြဲတမ်းပြလေ့ရှိ တယ်။ကျွန်တော့် Presentation ထဲမှာအမြဲတမ်း တင်ပြလေ့ရှိတယ်။ Facebook မှာဆိုရင် Facebook သုံးပြီးလူမှုရေးလုပ် နေတဲ့အဖွဲ့တွေ လည်းရှိတယ်။
အဲဒါတွေကို ကျွန် တော်တို့ကများ များပြရမယ်။ ပြသ လိုပဲရှေ့ကနေလုပ်ပြကြမယ်။ ကိုယ်ကိုယ်တိုင်လည်း အိုင်စီတီကို အသုံးပြုပြီး အကျိုးရှိတာတွေကို လုပ်ပြမယ်ဆိုရင်လူငယ်တွေရဲ့ စိတ်ဓာတ်တွေတဖြည်းဖြည်းပြောင်း လဲလာမယ်။
အဲဒါကျတော့ကျွန် တော်တို့တစ်ယောက်တည်းလုပ်လို့ မရဘူး။ Group လိုက် ပြောင်းလဲ သွားတာမျိုးလုပ်ရမယ်။ ပြီးတော့ Mind Set တွေကို တဖြည်းဖြည်း ပြုပြင် သွားရမယ်ဆိုတော့ အချိန် တော့ ယူရမယ်"ဟု ပြောသည်။

0 ကွန်မန့်ရေးရန်:

Post a Comment