This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, March 6, 2013

Memory Stick + ကင်မရာ



Photo: Memory Stick + ကင်မရာ
Tuesday, 05 March 2013

ကင်မရာအနေနဲ့လည်း အသုံးပြုလို့ရမယ်၊ Memory Stick အနေနဲ့လည်း အသုံးပြုလို့ရမယ် Gadget လေး ဖြစ်ပါတယ်။

Storage က 8GB အထိ အစားစား ရှိပါတယ်။ ကင်မရာကတော့ Photo shooting အတွက် 2 megapixel resolution ပေးပြီး ဗီဒီယိုအတွက် 720x480 resolution ပေးပါတယ်။

အထဲမှာ MicroSD ကဒ်ထည့်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက် လိုက်ရင် ယင်းကဒ်ထဲကဝင်ပြီး USB Port ထိုးပြီး Data Transfer လည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ အခြားသော Data များကိုလည်း သိမ်းဆည်းနိုင်ပြီး စွယ်စုံသုံး Stick နဲ့ ကင်မရာပဲ ဖြစ်ပါတယ်။ ကာလတန်ဖိုး အားဖြင့် ဒေါ်လာ ၅၀ သာ သတ်မှတ်ထားတဲ့ယင်းပစ္စည်းကို အမေရိကန်မှာ 
ရရှိနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

TechSpace Journalကင်မရာအနေနဲ့လည်း အသုံးပြုလို့ရမယ်၊ Memory Stick အနေနဲ့လည်း အသုံးပြုလို့ရမယ် Gadget လေး ဖြစ်ပါတယ်။

Storage က 8GB အထိ အစားစား ရှိပါတယ်။ ကင်မရာကတော့ Photo shooting အတွက် 2 megapixel resolution ပေးပြီး ဗီဒီယိုအတွက် 720x480 resolution ပေးပါတယ်။

အထဲမှာ MicroSD ကဒ်ထည့်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက် လိုက်ရင် ယင်းကဒ်ထဲကဝင်ပြီး USB Port ထိုးပြီး Data Transfer လည်း အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ အခြားသော Data များကိုလည်း သိမ်းဆည်းနိုင်ပြီး စွယ်စုံသုံး Stick နဲ့ ကင်မရာပဲ ဖြစ်ပါတယ်။ ကာလတန်ဖိုး အားဖြင့် ဒေါ်လာ ၅၀ သာ သတ်မှတ်ထားတဲ့ယင်းပစ္စည်းကို အမေရိကန်မှာ
ရရှိနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

TechSpace Journal

"နေရောင်ခြည်ဖြင့် ချက်ပြုတ်ခြင်းကို သရုပ်ပြ"


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း မြို့တော်ခန်းမရှေ့ရှိ အလယ်ကျွန်းတွင် CATLIW CHINA နှင့် SCOT FRANK (USA) နိုင်ငံသားတို့မှ အမေရိကန် နိုင်ငံထုတ် Solar Syatem နေရောင်ခြည်မှ ရရှိသောအပူဖြင့် ချက်ပြုတ်နိုင်သော မီးဖိုကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သတင်းရရှိသည်။

ပျံလွှား

၂၀၁၃ သင်္ကြန်စာ (သရော်စာ)


သိကြားမင်းသည် ချယ်ရီဝက်ဂွန်ကိုစီး၍
နံပါတ်တုတ်ကို ကိုင်ပြီးလျှင် လူ့ ပြည်သို့ ကြွချီတော်မူ၏။
ဗြဟ္မာ့ ဦးခေါင်းသည် လက်ပံတောင်းမှ မအူပင်သို့ အပြောင်းအရွှေ့ ပြု၏။
နှစ်ကို သုံး စောင့်၏။
လကို ဂြိုလ်တု စောင့်၏။
ရက်ကို နေ့ စားသမားများ စောင့်၏။
မြေကို ဦးပိုင် စောင့်၏။
ရေကို ပြည်သူများစောင့်၏။
မိုးကို လယ်သမားများစောင့်၏။

လူတို့ ၏အဓိပတိကား PSY။
ခြေလေးခုတို့ ၏ အဓိပတိကား ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား။
ငှက်တို့ ၏အဓိပတိကား ငှက်ဖျား။
သစ်ပင်တို့ ၏အဓိပတိကား ကြက်ဆူ။

ဤသက္ကရာဇ်ဝယ်
စာပေစိစစ်ရေးကင်းလွတ်ပြီးဖြစ်၍ အပြာစာအုပ်များပေါများလတ္တံ့ ။
မော်ဒယ်မမများ မှိုလိုပေါက်လတ္တံ့ ။

မြို့ တိုင်းတွင် ဆန္ဒပြပွဲများဖြင့် စည်ကားလတ္တံ့ ။
ဆန္ဒပြသူများအတွက် တူညီဝတ်စုံရိုက်နှိပ်ပေးသော စတေကာရိုက်လုပ်ငန်းများ စီးပွားဖြစ်လတ္တံ့  ။

နာမည်လေးလုံးနှင့်သမီးပျိုများ မြန်မာ့အလှမယ်ဖြစ်လတ္တံ့ ။
ထို အလှမယ်များကို အားပေးလွန်းကြသဖြင့် ကွန်ပြူတာ၊ကီးဘုတ်၊မောက်စ် ရောင်းသောဆိုင်များအလုပ်ဖြစ်လတ္တံ့ ။

လမ်းလျှောက်တတ်လျှင် လျှောက်တတ်သလို နာမည်ကြီးလတ္တံ့ ။
မလျှောက်တတ်လျှင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြခြင်းဖြင့် နာမည်ကြီးလတ္တံ့ ။

ဘီယာကုမ္ပဏီများ ၊အချိုရည်လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံ၍
ပြည်သူအများ အဖိုးနှုန်းချိုသာစွာဖြင့် သောက်ရလတ္တံ့ ။
နောက်ဆက်တွဲအကျိုးအနေဖြင့် နိုင်ငံခြားကံပါသူများ
အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ဆေးကုရလတ္တံ့ ။

မီးမလာ၍ မိုးနတ်မင်းကြီးထံဆုတောင်းရလတ္တံ့ ။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများနီးလျှင် နိုင်ငံပိုင်စက်ရုံများ ရပ်နားရလတ္တံ့ ။
လျှပ်စစ်မီးရရန် ကူညီသောကြောင့် ထိုင်းနိုင်ငံက ကျေးဇူးတင်လတ္တံ့ ။
ဓာတ်ငွေ့ ပိုက်လိုင်းကြီးပြီးစီးတော့မည်ဖြစ်၍ တရုတ်ပြည်က ကျေးဇူးဆိုလတ္တံ့ ။

ဖုန်းကတ်ဖိုးများလျှော့ချပေးတော့မည်ဟု အိပ်မက်မက်လတ္တံ့ ။
ဆီးဂိမ်းအမီ အင်တာနက်မြန်နှုန်းတိုးတက်တော့မည်ဟု ကြားရလတ္တံ့ ။
လေးလနှင့်အပြီးဆောက်မည်ဟူသော ဂုံးကျော်တံတားကြီးမပြီးသေး၍ ကားများကြပ်လတ္တံ့ ။
တောင်သူလယ်သမားများ လယ်သိမ်းခံရ၍မြေယာမဲ့ ဖြစ်လတ္တံ့ ။
မြေယာမဲ့ ဖြစ်၍ ဆန္ဒပြလျှင် ကျူးကျော်ဟုစွပ်စွဲခံရ လတ္တံ့ ။
ကျူးကျော်ဟု သတ်မှတ်ပြီးလျှင် ပြည်သူ့ ရဲများက နံပါတ်တုတ်ဖြင့် ဆွမ်းကြီးလောင်းလတ္တံ့ ။

ဤကား ရှင်မိနှောင်း၏ ၂၀၁၃ သင်္ကြန်စာအလိုတည်း ။ :P

facebook- မှ
ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်.

သမ္မတကို တရားစွဲမှု ထူးခြားဖြစ်စဉ်အဖြစ် တရားရုံးက လက်ခံပြီ


စနေလင်း

လက်ပန်းတောင်းတောင် အကြမ်းဖက် ခံရမှုနှင့် ပက်သက်ပြီး ဒေသခံ ၃ ဦးက တရားလိုပြုပြီး ဆားလင်းကြီး မြို့နယ် တရားရုံးတွင် နိုင်ငံတော် သ မ္မတကို တရားစွဲဆိုခဲ့ရာ မြို့နယ် တရားသူကြီးက ထူးခြားသောအမှုဖြစ် စဉ်ဖြင့် လက်ခံပြီး မတ်လ ၁၁ ရက်နေ့သို့ ပြန်လည်ချိန်း ဆို လိုက်ကြောင်း သိရသည်။

၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင် ကြေးနီစီ မံကိန်း ဖျက်သိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသော သပိတ် စခန်းများကို အ ကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အဓိက တာဝန်ရှိသည့် နိုင်ငံ တော်သမ္မ တကို တရားစွဲဆိုရခြင်းဖြစ်ကြောင်း လက်ပံတောင်းအရေး ကူညီပေးနေ သည့် ကိုသောင်းထိုက်က ပြောသည်။

“အခုက တရားရုံးမှာ ဦးတိုက်လျှောက်တာပဲ ရှိသေးတယ်။ဘာပုဒ်မနဲ့မှတ ရားစွဲတာမျိုး မလုပ်ရသေးဘူး။ မြို့နယ် တရားသူကြီးကလည်း သက်ဆိုင် ရာအဆင့်ဆင့် တာဝန်ရှိသူတွေကို တင်ပြပြီး ဆက်လက် ဆောင်ရွက် သွားမယ်လို့ ပြောတယ်။ ဒီအဆင့်မှာမှ တရားရုံးက လက်မခံရင် ခရိုင်၊ တိုင်းဒေသကြီး၊ ဗဟိုအဆင့်ထိ တရားစွဲဆိုသွားမယ်” ဟု ၎င်းကဆို သည်။

တရားစွဲဆိုမှုကို ဆည်တဲရွာမှ မ၀င်းဝင်းဌေး၊ မရီဝင်းနှင့် မိုးကြိုးပြင်အလယ်ရွာမှ ကိုဇော်နိုင်တို့က တရားလိုပြုကာတရားစွဲဆိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကို တရား စွဲဆိုခြင်းဖြစ်သည့်အတွက် တရားရုံးမှ ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ပန်းတောင်း အရေး ကူညီပေးနေသည့် ကိုဟန်ဝင်းအောင်က ပြောသည်။

လက်ပန်းတောင်းတောင် သပိတ်စခန်းများကို ဖြိုခွင်းသည့်အချိန်တွင် လူစုခွဲရန် ပြုလုပ်ရမည့် အဆင့်ထက် ကျော်လွန်ပြီး မီးသတ်ကားဖြင့် ရေ များဖြန်းခြင်း၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်း၊ လက်ကိုင်တုတ် များဖြင့် ဒေသခံများကို ရိုက်နှက်ခြင်းများ ပြုလုပ်မှုသည့် လုပ်ထုံးလုပ်နည်း နှင့်အညီ ပြုလုပ်ခြင်းမျိုးမရှိဘဲ အာဃာတဖြင့် ပြုလုပ်ခဲ့သည်မှာ ပေါ်လွင် နေကြောင်း တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သော စာအ ရ သိရ သည်။

ထို့အပြင် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ သည်လည်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ် ပြန်သည့်အတွက် ဥပဒေအရ လွဲမှားနေကြောင်း ၎င်းစာတွင် ရေးသား ထားသည်။

ထိုသို့ သပိတ်စခန်းများကို ဖြိုခွင်းခဲ့သော သူများကိုလည်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၃၂ အရ နိုင်ငံတော် သမ္မတ၏ အခွင့်အမိန့်မရှိဘဲ တရားစွဲဆိုခွင့်မရှိဟု အတိအလင်း ဆိုထားသည့်အတွက် အဓိက တာဝန်ရှိသည့် နိုင်ငံတော်သမ္မတကို တရားစွဲဆိုရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတဖြစ်သူကို ယခုကဲ့သို့ တရားစွဲဆိုရန် မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ လုပ်ထုံးလုပ်နည်းများအရ ပြည်ထဲရေးဌာ နထံ ခွင့်ပြုမိန့် တောင်းခံရန် လိုအပ်ကြောင်းကို လွှတ်တော် တရားရုံးရှေ့နေ ဦးဇော်လင်းက ပြောသည်။

“ဒီလိုတရားစွဲလို့ သမ္မတဖြစ်သူက ထောင်ကျမှာမဟုတ်ဘူး။ အဲဒါကလွှတ်တော်တွင်းကလုပ်ရမယ့်ကိစ္စဖြစ်တယ်။တကယ်လို့ ဦးတိုက်လျှောက် ပြီး မှန်ကန်တယ်ဆိုရင် တောင် မှ အရေးယူဖို့ကို ခုံရုံးတွေဖွဲ့၊ သမ္မတကို ရှုံချတာတွေ လုပ်ရမှာ” ဟု ၎င်းက ဆိုသည်။

သမ္မတဖြစ်သူကို တရားစွဲဆိုရန်မှာ ဥပဒေဘောင်အတွင်းမှသာ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပြည်ထဲရေး ကိစ္စများကို မိမိတို့ ဦးမတည်ကြောင်း၊ မတ်လ ၁၁ ရက်နေ့တွင် တရားရုံး သို့သွားပြီး အမှုကြားနားမှုကို နားထောင်မည် ဖြစ်ကြောင်း ကိုဟန်ဝင်းအောင်က ဆိုသည်။

“တရားစီရင်ရေးနဲ့ ဥပဒေ ရေးရာအရ ဘယ်သူကမှ ဒီအပေါ် လွှမ်းမိုးချုပ်ကိုင်လို့ မရဘူးဆိုခဲ့တဲ့အခါ ဒီဦးတိုက်လျှောက်တာလည်းမှန် တယ် ဆိုခဲ့ရင် တရားရုံးရဲ့ဆင့်ခေါ်ချက် ကို သမ္မတဖြစ်သူကလည်း လိုက် နာရမှာပဲ” ဟု သူက ပြောသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့သို့ ထွက်ခွာ


သျှမ်းသံတော်ဆင့်

မန္တလေးနှင့် မြင်းခြံနယ်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများအဖွဲ့သည် ယခုလ ၂ ရက်နေ့က ဗန်းမော်မြို့သို့ ရောက်ရှိ လာပြီး ယမန်နေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့ သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည် ။

အဆိုပါအဖွဲ့တွင် သံဃာတော် ၈ ပါး အပါအဝင် လူအင်အား ၃၁ ဦးခန့်ပါဝင်ကာ နံနက် ၈ နာရီကျော် ခန့်က ဗန်းမော်မှ မိုးမောက်မြို့သို့စတင် ထွက်ခွာသွားကြောင်း ဗန်းမော်မြို့ခံ NLD လူငယ်တစ်ဦးက သျှမ်း သံတော်ဆင့်သို့ပြောသည် ။

“ဗန်းမော်မှာ ၂ ညအိပ်ပြီး မနေ့ကမနက်ပဲ မိုးမောက်ကို ထွက်သွားတယ်။ လမ်းတစ်လျှောက်အလှူခံလို့ရ တဲ့ငွေတွေကို လိုင်ဇာ မှာရှိတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေကို လှူဒါန်း မယ်ပေါ့ ။လိုင်ဇာအရောက် သွားမယ် ” ဟု သူက ပြောသည် ။

ဗန်းမော်မြို့မှ NLD ပါတီဝင်တချို့လည်း အဆိုပါအဖွဲ့နှင့် လိုက်ပါသွားပြီး သာသနာ့အလံ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအလံနှင့် ငြိမ်းချမ်းရေး ကိုယ်စားပြု အောက်ခံအပြာရောင်နှင့် ချိုးဖြူငှက် အလံများ ကိုင်ဆောင်လာကြောင်း မျက်မြင် မြို့ခံများ အဆိုအရ သိရသည် ။

နောက်ထပ် ရန်ကုန်ဘက်မှ ငြိမ်းချမ်းရေးလမ်းလျှောက်သူများ အဖွဲ့တစ်ဖွဲ့သည် ယနေ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့သို့ ရောက်ရှိလာ ကြောင်း စောစောက မြို့ခံ NLD လူငယ်က ဆက်ပြောသည် ။