This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 15, 2013

ရွှေမြန်မာတွေအတွက်လို့ကြော်ငြာထားတဲ့ JAS ဖုန်း


 
 ဖုန်းဟမ်းဆက်အမျိုးအစားသစ်တခု ပေါ်လာပါပြီ။ မြန်မာလို အစ အဆုံး သုံးနိုင်တယ်လို့ ကြော်ငြာထားတဲ့ JAS ဖုန်းပါပဲ။

ရွှေမြန်မာတို့အတွက် JAS မြန်မာဖုန်း လို့ ဆိုထားတဲ့ ဒီဖုန်းရဲ့ တခြားအားသာချက်များကတော့ -
“အရေး ပေါ်ခေါ်ဆိုမှုအတွက်လည်း အသုံးပြုနိုင်တယ်။ ကိုယ်ယုံကြည်ရတဲ့ လူသုံးယောက်ရဲ့နာမည်ကို ဖုန်းထဲမှာ မှတ်ထားလိုက်ရင် အရေးပေါ်အခြေ အနေနဲ့ကြုံတဲ့အခါ မှတ်ထားတဲ့လူတွေနဲ့ ၁၁၉ကို စာပို့ပေးပါတယ်။
အင်တာနက်၊ Facebook ကိုလည်း အသုံးပြုနိုင်တယ်။ အမ်ဒရိုက် ဆော့ဝဲလ် အားလုံးကို ထည့်သွင်း အသုံးပြုနိုင်တယ်” လို့ JAS ဖုန်းဖြန့်ချိရေးမှ တာဝန်ရှိ ၀န်ထမ်းတစ်ဦးကပြောပါတယ်။

“JAS ဖုန်းမှာ GSMနဲ့CDMA/WCDMA နှစ်မျိုးစလုံး သုံးနိုင်တယ်၊ အင်တာနက်ကလည်း နှစ်မျိုးစလုံးအတွက်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဖုန်းဈေးနုန်းကတော့ ခြောက်သောင်းတန်၊ တသိန်းတန် အစားစား ရှိကြောင်း သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်။

JAS ဖုန်းကို ဘယ်မှာ ဝယ်ယူနိုင်တယ်၊ ဘယ်ဖုန်းနံပါတ်ကို ဆက်သွယ် စုံစမ်းနိုင်တယ် ဆိုတာတွေကိုလည်း ရန်ကုန်မြို့အနှံ့ နဲ့ စာနယ်ဇင်းတွေမှာ ကြော်ငြာထားတာ တွေ့နေရပါတယ်။

နယ်မြို့တချို့မှာ ၀ယ်နိုင်သလို ရန်ကုန်မှာ ဒီဖုန်း တင်ရောင်းတဲ့ ဆိုင် ၂၀ ဝန်းကျင်ရဲ့ စာရင်းကိုလည်း သူတို့ဝက်ဆိုက်မှာ ရေးထားပါတယ်။


ဒီဖုန်းကို ကစ္ဆပနဒီကုမ္ပဏီကနေ ဖြန့်နေတာပါ။

ဒီဖုန်းကို ဘယ်နိုင်ငံမှာ ထုတ်တာလဲ ဆိုတဲ့ မေးခွန်းကို ကစ္ဆပနဒီ ၀န်ထမ်းတဦးက ဒီလို ဖြေပါတယ် -

“JAS ဖုန်းဟာ ထိုင်ဝမ်နိုင်ငံကနေ တင်သွင်းတာဖြစ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းကို အိန္ဒိယမြန်မာ နှစ်ခုပေါင်းပြီးရေးထားတာဖြစ်ပါတယ်”

မြန်မာလို အစ အဆုံး သုံးနိုင်တယ်လို့ ကြော်ငြာထားတဲ့အတွက် ဒီဖုန်းကို မြန်မာဘာသာတခုပဲအားသာသူတို့ နှစ်သက်ကြမယ်လို့ ယူဆရပါတယ်။

Ref: IrradaddyBlog

ပဉ္စမမျိုးဆက် 5G ကြိုးမဲ့ ဆက်သွယ်မှု စနစ်ကို ထုတ်ဖေါ် ကြေညာခဲ့သည့် Samsung


ရုပ်ရှင် တစ်ခုလုံးကို စက္ကန့်ပိုင်း အချိန်အတွင်း download ဆွဲယူနိုင်မည့် ပဉ္စမမျိုးဆက် 5G ကြိုးမဲ့ ဆက်သွယ်မှု စနစ်ကို စမ်းသပ် အောင်မြင်ခဲ့ကြောင်း
Samsung ကုမ္ပဏီမှ ထုတ်ဖေါ် ကြေညာခဲ့သည်။ စမ်းသပ်မှု တစ်ခုတွင် (၂) ကီလိုမီတာ အကွာအဝေး အတွင်း တစ်စက္ကန့်လျှင် 1 GB အချက်အလက် ပမဏ ထုတ်လွှင့် ပေးပို့ပေးနိုင်ကြောင်း တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီးက ပြောကြားခဲ့သည်။

၎င်းနည်းပညာသစ်သည် ၂၀၂၀ ခုနှစ် မတိုင်မှီ အထိ စီးပွားရေး ဈေးကွက်အတွက် အဆင်သင့် ဖြစ်လိမ့်ဦးမည် မဟုတ်ကြောင်း ၊ လက်ရှိ 4G ကွန်ယက်များထက် အဆရာပေါင်းများစွာ မြန်ဆန်သော နှုန်းဖြင့် အချက်အလက်များ ပေးပို့ လက်ခံနိုင်မည်ဟု ပြောကြား ခဲ့သည်။ အရည်အသွေး မြင့်မားသော ဒစ်ဂျစ်တယ် ရုပ်သံများကဲ့သို့ ကြီးမားသော အချက်အလက် ဖိုင်များကို ကန့်သတ်ချက် မရှိပဲ ထုတ်လွှင့်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 3D ရုပ်ရှင်များ ၊ ဂိမ်းများနှင့် အချိန်နှင့် တစ်ပြေးညီ လွှင့်ထုတ်ပေးမည့် high-definition content များနှင့် အဝေးမှ ဆေးကုသပေးခြင်း (remote medical services) များ စသည့် ၀န်ဆောင်မှုများကို ရရှိလာနိုင်မည် ဖြစ်ကြောင်း ဖြည့်စွက် ပြော ကြားခဲ့သည်။

http://www.smh.com.au/digital-life/mobiles/samsung-announces-5g-data-bre...

 

ရေအောက်တွင် နှစ်ဆယ့်ငါးနှစ်ကြာခန့် နစ်မြုပ်နေရာမှ ပြန်လည် ထွက်ပေါ်လာခဲ့သည့် Epecuen အပန်းဖြေမြို့


ရေအောက်အတွင်း နှစ်ဆယ့်ငါးနှစ်ကြာခန့် နစ်မြုပ်ခဲ့ရသည့် အာဂျင်တီးနား နိုင်ငံ၏ အပန်းဖြေ မြို့ငယ်လေး ဖြစ်သော Epecuen မြို့သည်
ကုန်းမြေ မျက်နှာပြင်ပေါ်သို့ ပြန်လည် ထွက်ပေါ်လာခဲ့ရာ ကမ္ဘာတစ်လွှား မှ ခရီးသွားများ စိတ်ဝင်တစား လာရောက်လျက် ရှိကြသည်။

အက်ပီကူရန် မြို့သည် သာယာသည့် အပန်းဖြေ မြို့ငယ်လေး တစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ခရီးသွား ၂၀,၀၀၀ ကျော် ပုံမှန် လာရောက်လေ့ရှိသည့် ကမ်းခြေမြို့လေး ဖြစ်သည်။ ခရီးသွား ဧည့်သည်များသည် သမုဒ္ဒရာတွင် ပါရှိသည့် ဆားငန်ဓာတ် ပမာဏထက် ၁၀ ဆကျော် ပါဝင်သည့် ပါဝင်သည့် ရေချိုးကန် ၊ spa များသို့ လာရောက်ကြခြင်း ဖြစ်သည်။ ဧည့်သည်များသည် ၎င်းဆားငန်ရေကန်၌ ရေစိမ်ရခြင်းကို အရှေ့ အလယ်ပိုင်း ဒေသရှိ ပင်လယ်ဒေသ အတွင်း၌ ရေစိမ်ရသကဲ့သို့ အထူးနှစ်သက်ကြကြောင်း သိရသည်။ ထို့နောက်တွင် အဆိုပါ မြို့ငယ်လေးသည် ၁၉၈၅ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆောင်းဦးရာသီ အတွင်း၌ မိုးသက်မုန်တိုင်း ကျရောက်မှုကြောင့် ဆားငန် ရေကန်မှာ နစ်မြုပ် သွားခဲ့ရကာ ယခုလတွင်မှ ပြန်လည် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: AP

ဖေ့စ်ဘုတ်ကို မှန်ကန်စွာ အသုံးချတတ်သူ နန်းခင်ဇေယျာနဲ့ ဖူးဖူး

Tuesday, May 14, 2013
အင်တာနက်မယ်လို့ လူသိများကြတဲ့ နန်းခင်ဇေယျာဟာ ပရဟိတစိတ်ဓာတ် ပြည့်ဝသူတဦးပါ။ နန်းခင်ဇေယျာလို့ နာမည်တလုံး ရလာတာနဲ့ တပြိုင်တည်း ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဦးစီးတဲ့ နာရေး ကူညီမှု အသင်း ( ရန်ကုန်) မှာ စေတနာ့ဝန်ထမ်းအနေနဲ့ နာရေးကူညီမှုတွေ လုပ်ဆောင်နေခဲ့တာပါ။ 



နောက်ထပ်လည်း နန်းခင်ဇေယျာဟာ ကလေးသူငယ်တွေအတွက် အချိန်ပေး ကူညီအားဖြည့်ပေးတဲ့ လုပ်ငန်း တွေ လုပ်ဆောင်လာနေပါတယ်။ 

မကြာသေးခင်ကလည်း မီးလောင်ဒဏ်ရာတွေ ရလို့ ဆေးရုံတက် ကုသနေရတဲ့ ဖူးဖူးဆိုတဲ့ ကလေးမလေး အတွက် သူက အင်တာနက် လူမှုကွန်ရက်ကို အသုံးချပြီး ဖူးဖူးလေး အတွက် ဆေးကုသစရိတ်ကို ဖန်တီး ခဲ့ပါတယ်။ 

ဖူးဖူးလေးဆီ နန်းခင်ဇေယျာက အားပေးစကားသွားပြောတာတွေကို ဖေ့စ်ဘုတ်ကနေတဆင့် လူတွေ သိအောင် လုပ်ခဲ့လို့ ဖူးဖူးလေးဟာ ဆေးကုသစရိတ်အတွက် အကူအညီတွေ ရခဲ့ပါတယ်။ 

မနေ့တုန်းကတော့ နန်းချင်ဇေယျာက ဖူးဖူးလေးဆီ နောက်တကြိမ်သွားပြီး အရင်နေ့တွေထက် ပိုပြီးပျော်နေ တဲ့ ဖူးဖူးလေး ကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်တဲ့။ 

“အလှူရှင်အားလုံး သွားရောက်လှူဒါန်းထားတဲ့ငွေတွေဟာ (၃/၄) လစာဆေးဖိုး အတွက်လုံလောက်ပြီ လို့ထင်မိပါတယ်.. နောက်ပိုင်းဆေး ကုသမှူအတွက် အများကြီးကိုလိုအပ် နေတာ ကိုလည်းတွေ့ ခဲ့ရပါ တယ်” လို့ နန်းခင်ဇေယျာက သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 

ဒီကလေးမလေးအတွက် လေအေးခန်းရဖို့ နန်းခင်ဇေယျာက ဆရာဝန်ကြီးတွေကို ပြောလိုက်တော့ အဆင်ပြေသွားလို့ သူက ထပ်ပြီး ၀မ်းသာကြောင်း ပြောထားပါသေးတယ်။ 

“ဖူးဖူးလေးဟာ နောက် ထပ် နှစ်လလောက် အရိုး ဆေးရုံမှာ ဆရာမတွေနဲ့ အနီးကပ် နေရအုံးမှာပါ ... ပရိသတ် များ အနေနဲ့ အချိန်ရပြီး အား လျှင် သမီးလေး ကိုသွား တွေ့ /အားပေး စကား ပြောပြီး အလှူငွေ ကိုဆေးရုံ ဆရာမ အား အပ်ထား နိုင်ပါတယ်.... နန်းခင်ရဲ့အမြင်မှာတော့ သမီးလေးရဲ့နောက်ပိုင်း ကုသမှူ အများ ကြီးလိုသေးသည့် အတွက် နောက်ပိုင်း ခွဲစိတ်ခအတွက် ကိုစတင်ပြီး လက်တွဲ ကုသိုလ်ယူကြ ရအောင်နော်...

 ပြည်ပ မှ အလှူရှင်များ ဖူးဖူးရဲ့နောက်ပိုင်းခွဲစိပ်မှူကို အလှူငွေ ထည့်မည်ဆိုပါက Bank account - 0291 220 027 632 ( Kanbawza bank) သို့ငွေ လွဲနိုင်ပါတယ် ရရှိသောငွေစာရင်းများကို Facebook တွင်ဖော်ပြပေးပါမယ်... 

သမီးလေး ဖူးဖူး ကိုယ်စား ကျေးဇူးတင်ရှိပါ တယ် ...

 နန်းခင်ဇေယျာ 

အထက်ပါအတိုင်းလည်း သူက ထပ်ပြီး ဆော်သြထားပါတယ်။ 

အင်တာနက်သုံးစွဲသူ မြန်မာတွေ မဲပေး လိုက်လို့ မနှစ်က ဂျပန်မှာ ကျင်းပတဲ့ အလှပြိုင်ပွဲမှာ ပရိသတ်ပေး တဲ့ ဆုကို ဆွတ်ခူးရရှိလာခဲ့ပြီး လူသိရှင်ကြား နန်းခင်ဇေယျာရယ်လို့ ဖြစ်လာ ခဲ့ပြီး အခုဆို ကြော်ငြာတွေမှာ လည်း မြင်တွေ့လာ ရတဲ့ မော်ဒယ်လေး တဦးဖြစ်နေပါပြီ။ 

ဒါပေမယ့် သူဟာ အကူအညီတကယ်လိုအပ်နေသူ အထူးသဖြင့် ကလေးငယ်လေးအတွက် ဖေ့စ်ဘုတ်ကို အသုံးပြုကာ ဆေးကုသ စရိတ်ကို ရှာပေးနေတဲ့ လူမှုရေး စိတ်ဓာတ်ချမ်းသာသူလေးလည်း ဖြစ်တာ ဒီဖြစ်ရပ်က သက်သေထူလိုက်ပါတယ်။ 

အိမ့်သံစဉ် ~
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>