This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 24, 2013

ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစားမှု နေပြည်တော်မှာ စစ်ဆေးနေ


ဆက်သွယ်ရေးဆိုင်ရာ အကျင့်ပျက်ချစားမှု နေပြည်တော်မှာ စစ်ဆေးနေ 

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မှုခင်းစုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ BSI စတဲ့ အဖွဲ့တွေပါဝင်ပြီး၊နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက်လာဘ်စားမှုကို စုံစမ်းစစ်ဆေးနေတာလို့ သိရှိရပါတယ်။

ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာအကျယ်ချုပ် ချထားပြီး၊ စစ်ဆေးမေးမြန်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကိုအတည်ပြုပြောပါတယ်။

ခေါ်ယူစစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှ တို့အပြင် ရန်ကုန်အခြေစိုက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။

တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့  ZTE နဲ့ Huawei ကုမ္မဏီတို့နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကြား အကျိုးတူလုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေးကိစ္စတွေမှာ ဆက်စပ်လုပ်ကိုင်နေတဲ့Elite ၊ Asia Mega Link ၊ တာမိုးညဲ စတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူစစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စားမှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ် ခေါင်းဆောင်တဲ့အဖွဲ့က ခေါ်ယူ စစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့မှာ ပြည်ထဲရေး ဝန်ကြီးဌာနအောက်က မှုခင်း စုံစမ်းရေးအဖွဲ့ CID ၊အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့ BSI စတဲ့ အဖွဲ့တွေ ပါဝင်ပြီး၊ နေပြည်တော် ဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအတွင်း ရုံးထိုင်ကာ အကျင့်ပျက် လာဘ်စားမှုကို စုံစမ်း စစ်ဆေးနေတာလို့ သိရှိရပါတယ်။

ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းကိုတော့ နေပြည်တော် သူ့ရဲ့အိမ်မှာ အကျယ်ချုပ် ချထားပြီး၊ စစ်ဆေး မေးမြန်းနေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကိုအတည်ပြု ပြောပါတယ်။

ခေါ်ယူ စစ်ဆေးခံရသူတွေထဲမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက အထွေထွေ မန်နေဂျာ ဦးသိန်းဦး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှုး ဦးက္ကိဒ္ဓိလှ တို့အပြင် ရန်ကုန်အခြေစိုက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အင်ဂျင်နီယာချုပ် ဦးဌေးဝင်းစတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိ ၅၀ ကျော်ပါဝင်ပြီး သူတို့ကို နေပြည်တော်က ရဲတပ်ရင်းတွေထဲမှာ ထားရှိပြီး ပူးပေါင်းအဖွဲ့တွေက စုံစမ်း စစ်ဆေးမှုတွေလုပ်နတယ်လို့ သိရပါတယ်။

တရုတ် ဆက်သွယ်ရေး ကုမ္မဏီတွေဖြစ်ကြတဲ့ ZTE နဲ့ Huawei ကုမ္မဏီတို့နဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ကြား အကျိုးတူလုပ်ကိုင်နေတဲ့ မိုဘိုင်းဖုန်းကွန်ရက် တည်ဆောက်ရေးကိစ္စတွေမှာ ဆက်စပ် လုပ်ကိုင် နေတဲ့ Elite ၊ Asia Mega Link ၊ တာမိုးညဲ စတဲ့ ကုမ္မဏီ ၁၃ ခုက တာဝန်ရှိသူတစ်ချို့ကိုပါ ဒီကနေ့ စတင်ပြီး ခေါ်ယူ စစ်ဆေးနေပါတယ်။
 
Copy from - RFA Burmese

မိန်းကလေးတွေ မမူးကြပါနဲ့

တရုတ်ပြည် စီချောန် တက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွေစရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။ ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုသွားလိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။ ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။ ရေချိုးဇလုံဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။ "ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။ ၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။ ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။ ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။ သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။ ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။ ဒါကြောင့် မှောင်ခိုသမားများဟာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။