This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, March 13, 2013

ဘဏ္ဍာအခွန်ငွေအား ရာခိုင်နှုန်းစား မသမာမှုများအား အရေးယူဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)


ဘဏ္ဍာအခွန်ငွေအား ရာခိုင်နှုန်းစား မသမာမှုများအား အရေးယူဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)
ယနေ့ကာလ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှု့များအနက် ပြည်တွင်းအခွန်ဌာနဧ။် အဂတိလိုက်စားမှု့သည် နိုင်ငံတော် ဘဏ္ဍငွေများအား ကိုယ်ကျိုးအတွက် သူဌေးဖြစ် ရယူနေကြချင်း ဖြစ်ပေသည်။

 ပြည်တွင်းအခွန်ဧ။် ခြစားနေသောအခွန်ကောင်ခံမှု့ နည်းလမ်းများစွာအနက် နိုင်ငံတော်ဘဏ္ဍာ ငွေများပြားစွာဆုံးမှု ဖြစ်ပေါ်နေရခြင်း မှာအိမ်မြေရောင်းဝယ်မှု့များအပေါ် မသမာသော နည်းလမ်းဖြင့် အခွန်ကောက်ခံ နေခြင်းကြောင့်ဖြစ်ပေသည်။ အိမ်မြေ၀ယ်ယူသူတဦးအနေဖြင့် ဥပဒေအရ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ယခင် ၁၅% (အခွန် ၈%+ တံဆိပ်ခေါင်းခွန် ၇% ) ၊ ယခု ၃၇% (အခွန် ၃၀% + တံဆိပ်ခေါင်းခွန် ၇%) ဖြစ်သော်လဲ မသမာမှု့များပြု လုပ်ခါ တံဆိပ်ခေါင်းခွန် အပါအ၀င် ယခင်အခွန်အပြီးအစီး ၁၀% မှ၁၂% အတွင်း ၊ ယခု ၂၅% မှ ၂၇% အတွင်း ရာခိုင်နှုန်းထားများဖြင့် မသမာမှု့ပြုလုပ်ခါ ညို့နှိုင်း ကောက်ယူကြခြင်းဖြစ်ပေသည်။

 - ဥပမာ- အိမ်မြေရောင်ဝယ်မှု့တခုသည် (သိန်းငါးထောင်ကျပ်) ဖြစ်သည်ဆိုပါစို့ ၊ ပထမအဆင့်အနေဖြင့် တန်ဖိုး လျော့နည်း သတ်မှတ်ပေးရေးအတွက် တန်ဖိုးဖြတ်အဖွဲ့နှင့် ညို့နှိုင်းခါ အပေးအယူ လုပ်ရမည်ဖြစ်ပေသည်။ တန်ဖိုးဖြတ်အဖွဲ့မှ (သိန်းသုံးထောင်ကျပ်) သတ်မှတ်ပေးသည် ဆိုပါစို့ ၊ ဒုတိယအဆင့်နေဖြင့် ငွေဖြူမရှိသူဝယ် ယူသူမှပေးဆောင်ရမည့်အခွန်မှာ-

 (၁) မူလတန်ဖိုး (သိန်ငါးထောင်ကျပ်) အပေါ်ဥပဒေအရ ၃၇% ဖြင့် (သိန်းပေါင်း တစ်ထောင့်ရှစ်ရာငါးဆယ်ကျပ်) (၂)တန်ဖိုးဖြတ်အဖွဲ့ သတ်မှတ်တန်ဖိုး (သိန်းသုံးထောင်ကျပ်)အပေါ်၃၇%ဖြင် (သိန်းတစ်ထောင့် တစ်ရာတစ်ဆယ် ကျပ်)
(၃) လုပ်ငန်းလက်ခံဝန်ထမ်းဖြင့် ညို့နိုင်းပြီး (သိန်းသုံးထောင်ကျပ်) အပေါ်အခွန်အပြီးအစီး ၂၇% (အခွန် ၂၀% +တံဆိပ်ခေါင်းခွန် ၇% ) ဖြင့် (သိန်းပေါင်းရှစ်ရာတစ်ဆယ်ကျပ် ) ဖြစ်ခါ ဖော်ပြပါငွေအား လုပ်ငန်းလက်ခံ ၀န်ထမ်းထံ အရစ်ကျစနစ်ဖြင့် ပေးလိုက်ရုံပင်ဖြစ်ပေသည်။

 - လုပ်ငန်းလက်ခံဝန်ထမ်းသည် ဥပဒေအရ ၃၇%အပေါ်စာရွက်စာတမ်း အတုများဖန်တီးပြီး နည်းမျိုးစုံဖြင့် တွက်ချက် ပါတော့သည်။ လက်ခံထားသော ၂၇% အပေါ် အကျိုးမြတ် လာဘ်ငွေများများပေါ်အောင် ငွေဖြူစာရွက်အတုများ အားကြိမ်ဖန်များစွာ ပြန်လည်အသုံးပြုကြခြင်းဖြစ်ပါသည်။

တွက်ချက်မှု့အရအခွန်ငွေ ၁၇% ဖြစ်လျှင်လာဘ်ငွေ ၁၀% (သိန်သုံးရာကျပ်)၊ အခွန်ငွေ ၁၂% ဖြစ်လျှင်လာဘ်ငွေ ၁၅% (သိန်းလေးရာငါးဆယ်ကျပ်)၊ အခွန်ငွေ ၇% ဖြစ်ပါကလာဘ်ငွေ ၂၀% (သိန်းခြောက်ရာကျပ်) ဖြစ်ပါမည်။ အောက်ခြေမှတွက်ချက်တင်ပြမှု့များအား အထက်အဆင့်ဆင့်မှ ရာခိုင်နှုန်းအချိုးကျ ရယူပြီးဆောင်ရွက်နေကြချင်းဖြစ်ပါသည်။

 ဖော်ပြပါဥပမာတွင် နိုင်ငံတော်အနေဖြင့် ရရှိမည့်အခွန်ငွေမှာ အနည်းဆုံး (သိန်းနှစ်ရာ့တစ်ဆယ်ကျပ်) မှအများဆုံး (သိန်းငါးရာ့ တစ်ဆယ်ကျပ်) ပမာနအတွင်းသာဖြစ်ပြီး နိုင်ငံတော်အခွန်ငွေ သိန်းပေါင်းမြောက်များစွာ ဆုံးရှူံးနေရသည်ကို အထင်အရှားတွေ့ မြင်ရမည်ဖြစ်ပါသည်။ -

ရန်ကုန်တိုင်းအတွင်းတွင် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ လသာ၊ တောင်ဥက္ကလာ၊ တာမွေ၊ စသည့် နံမည်ကြီးအခွန်ရုံးများ၊ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးများမှ အခွန်ရုံးများ၊ ကုမ္မဏီရုံးမှ အချို့ဝန်ထမ်းများသည် တန်ဖိုးကြီးအိမ်မြေကိစ္စရပ်များ၊ ပမာဏတန်ဖိုး အလွန်များပြားသော နိုင်ငံပိုင်မှ ပုဂ္ဂုလိကပိုင်ပြုလုပ်သော ကိစ္စရပ်များနှင့် အမှု့တွဲပေါင်းများစွာအား ရာခိုင်နှုန်းစားဖြင့် ညိုနှိုင်းလက်ခံပြီး နေပြည်တော်ဗဟို စီစစ်ရေးညွှန်ကြားရေးမှူးနှင့် အပေးအယူလုပ်ခါ မသမာမှု့ပြုလုပ်နေကြခြင်းဖြစ်ပါသည်။

နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဇနီး၊ မိဘ၊ ယောက်ခမ…….အမည်ခံကာ တန်ဖိုးကြီးကားဝယ်၊ မြေ၀ယ်၊ တိုက်ဆောက်၊ မယားငယ်ယူ တို့ဖြင့်ချမ်းသာပိုင် ဆိုင်မှု့များမှာ ရရှိလစာ၊ ရာထူးအဆင့်တို့အရပြောမယုံ ပုံပြင်အဖြင့်သာ မှတ်ရမည်ဖြစ်ပါသည်။ -

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ ဖြစ်စေရန်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ရသင့် ရထိုက်သော ဘဏ္ဍာငွေအား ရာခိုင်နှုန်းစားနေသော အကျင့်ပျက် ၀န်ထမ်းများကို ဖော်ထုတ်အရေးယူချင်း၊ ကိုယ့်ကျိုးအတွံက်သူဌေးဖြစ် ရယူထားသောအခွန်ဘဏ္ဍာငွေ များအားနိုင်ငံတော်သို့ ပြန်လည် ပေးသွင်းစေချင်းတို့ဖြင့် စံနမူနာပြ အရေးယူရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း နိုင်ငံတော်အကျိုးအတွက်ရေးသားတင်ပြလိုက်ရပါတော့သည်။

 အနှိမ်ခံ၊ အပယ်ခံ ၀န်ထမ်းများ

တရုတ်ပြည်မှ ယိုင်စောင်းနေသော ဘုံကျောင်းမျှော်စင်



ကမ္ဘာမှာ တစ်ဘက်ဘက် ကိုယိုင်နေ ၊ စောင်းနေတဲ့ မျှော်စင်တွေ ၊
အဆောက်အသီးတွေ ရှိပါတယ်။ တစ်ချို့ဗိသုကာ များက တမင်ပင်
စောင်းနေအောင် လုပ်ထားတက်ကြပါတယ်။ ဒါပေမယ့် ဒီ အဆောက်အဦး
ကတော့ စောင်းနေတာ အခုမှမဟုတ် တည်ဆောက်ထားတာကြာပါပြီ။
Huqiu Tower ဟု ယခုအမည်ရ တဲ့ ဒီဘုရားကျောင်းကို တရုတ်နိုင်ငံ ၊
စူချောင်း မြို့မှာ တည်ရှိပါတယ်။ 907 AD မှာစတင်တည်ဆောက်ခဲ့ပြီး
961 AD မှာပြီးစီးခဲ့ပါတယ်။


 ဒီမျှော်စင်ကို စဆောက်ကာစက လက်ယာဘက်ကို
စောင်းနေခဲ့ပါတယ်။ ရန်သူများဝင်ရောက်ဖျက်စီးခဲပသည့် နှစ်ပေါင်း
၈၂၇ နှစ်ကြာအောင်တည်ရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီဘုရားကျောင်းကို
ပြန်လည်ပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီတခါဆောက်တော့ အဆောက်အဦး
ဟာ လက်ဝဲဘက်ကို စောင်းနေတာ နှစ်ပေါင်း ၄၀၀ကျော် ၅၀၀နီးပါး နှစ်ကြာပါပြီ။

သူငယ်ချင်းတို့သွားရောက်လည်ပတ်နိုင်တယ်နော်...
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ...........နေခရမ်း

ဘင်္ဂလီ အကြမ်းဖက်သမား ၄ ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရ

Yezar Ni shared Myo Chit's photo.
ဘင်္ဂလီ အကြမ်းဖက်သမား ၄ ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရ၍ ဒါဏ်ရာအပြင်းအထန် ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျှက်ရှိသော ရခိုင်ပြည်နယ် မြောက်ဦးမြို့ လက်ကောက်ဈေး မှ ဦးအောင်ရွှေမြမှာ ဂျင်ဂလိဒါဏ်ရာ ဓါးခုတ်ဒါဏ်ရာများကြောင့် သုံးကြိမ်ခွဲစိပ်ကုသပြီးဖြစ်သည်။ 

ယခု တစ်ခါ အလွန် Pressure ကျလာသည့်အတွက် အရေးပေါ်လိုအပ်ခဲ့သော ရှားပါးသည့် သွေးအမျိုးအစား (B-)နှစ်လုံးစာကို facebook ပေါ်မှ သူငယ်ချင်းများ၏ ဝိုင်းဝန်း ရှာပေးမှုတို့ကြောင့်  အောင်မြင်စွာ ရရှိခဲ့ပါပြီ။

 သွေးလှူရှင်များ ဖြစ်ကြသော မေတ္တာ လူငယ် သွေးလှူအသင်းမှ ကိုသားကြီး နဲ့ မသန့်ဇင်အေး ၊ရန်ကုန်မြို့ ယုဇနဥယျဉ် မြို့တော်မှာ နေထိုင်တဲ့ ကိုသန့်ထူးအောင်(စစ်တွေ) တို့အားလည်း ကျေးဇူးတင်ပါသည်။သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ ဦအောင်ရွှေမြ အမြန်ဆုံးနေကောင်းလာစေရန် ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးနော်။

မိသားစုဝင်များ ကိုယ်စား(Myo Chit)
ဘင်္ဂလီ အကြမ်းဖက်သမား ၄ ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရ၍ ဒါဏ်ရာအပြင်းအထန် ရရှိပြီး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျှက်ရှိသော ရခိုင်ပြည်နယ် မြောက်ဦးမြို့ လက်ကောက်ဈေး မှ ဦးအောင်ရွှေမြမှာ ဂျင်ဂလိဒါဏ်ရာ ဓါးခုတ်ဒါဏ်ရာများကြောင့် သုံးကြိမ်ခွဲစိပ်ကုသပြီးဖြစ်သည်

ယခု တစ်ခါ အလွန် Pressure ကျလာသည့်အတွက် အရေးပေါ်လိုအပ်ခဲ့သော ရှားပါးသည့် သွေးအမျိုးအစား (B-)နှစ်လုံးစာကို facebook ပေါ်မှ သူငယ်ချင်းများ၏ ဝိုင်းဝန်း ရှာပေးမှုတို့ကြောင့် အောင်မြင်စွာ ရရှိခဲ့ပါပြီ။

သွေးလှူရှင်များ ဖြစ်ကြသော မေတ္တာ လူငယ် သွေးလှူအသင်းမှ ကိုသားကြီး နဲ့ မသန့်ဇင်အေး ၊ရန်ကုန်မြို့ ယုဇနဥယျဉ် မြို့တော်မှာ နေထိုင်တဲ့ ကိုသန့်ထူးအောင်(စစ်တွေ) တို့အားလည်း ကျေးဇူးတင်ပါသည်။သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။ ဦအောင်ရွှေမြ အမြန်ဆုံးနေကောင်းလာစေရန် ဝိုင်းဝန်း ဆုတောင်းပေးကြပါဦးနော်။

မိသားစုဝင်များ ကိုယ်စား(Myo Chit)

ကေအိုင်အိုနဲ့ အစိုးရ ပူးတွဲကြေညာချက် ထုတ်ပြန်



BBC, Wednesday, March 13, 2013


ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်ဖို့ အင်္ဂါနေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ကေအိုင်အိုနဲ့ အစိုးရ ပူးတွဲကြေညာချက် ထုတ်ပြန် 

BBC, Wednesday, March 13, 2013


ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်ဖို့ အင်္ဂါနေ့မှာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသသို့ မနက်ဖြန်သွားမည်


 

မတ်လ. ၁၂ ရက်

လက်ပံတောင်းတောင် ၏ အစီရင်ခံစာကို ယနေ့ နံနက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ခဲ့ပြီး မနက်ဖြန်(မတ်လ ၁၃ ရက်)တွင် မုံရွာနှင့် လက်ပံတောင်းတောင် ရှိဒေသအချို့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်မည် ဖြစ်သည်။

"သက်ဆိုင်ရာ ရွာသူရွာသားတွေကို ရှင်းပြဖို့ ကော်မရှင်ရဲ့တွေ့ ရှိချက်တွေကို ရှင်းပြဖို သိချင်တဲ့ မေးခွန်းတွေကို မေးရင် ဖြေဖို့ပါ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းဖို့ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ ရွာသူရွာသားများ၏ တုန့်ပြန်လာမည့်  အခြေအနေနှင့် ပတ်သတ်၍ "အန်တီက မျှော်လင့်ချက်မထားဘူး အန်တီအမြဲပဲ ပြောတယ်မဟုတ်လား မျှော်လင့်တယ် ဆိုတာ အယုံအကြည် မရှိဘူး၊ အလုပ်ကိုပဲ အန်တီ ယုံကြည်တယ် ကော်မရှင်ဥက္ကဌ အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ဟာကို အန်တီလုပ်မှာပါ"ဟု ထပ်လောင်းပြောသည်။

Copy from - Popular Myanmar News Journal

ဒီဇိုင်းမိုက်တဲ့ GLass Theme 4.1{Android}


GLASS APEX-NOVA-GO THEME apk

$1.49
GLASS APEX/NOVA/GO THEME v4.1 Apk | 25 MB | Mediafire
Requires Android:2.0 and up
ံGlass ပုံစံဒီဇိုင်းလေးနဲ့ ဆိုတော့ မိုက်တယ်
ကြိုက်သူများဒေါင်းလိုက်ပုံတွေကြည့်လိုက်အုံးနော်

Android ဖုန်းထဲကို ထည့်ဖို့ အတွက် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆော့ဝဲ


                                       
                                                     Download -http://www.mediafire.com/2008 ဥပဒေ

ဘင်္ဂလီ ဒုက္ခသည်ကို ထိုင်းစစ်တပ်က လူကုန်ကူးသူတွေဆီ ရောင်းချလို့ဆို


Zoe Daniel

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး ​ပဋိပက္ခကြောင့် ​ရိုဟင်ဂျာတွေ ​အများအပြား ​အိမ်နီးချင်းနိုင်ငံကို ​ထွက်ပြေးတိမ်းရှောင်နေကြပြီး ​အဲဒီထဲ က ​ထိုင်း နိုင်ငံကို ​ရောက်ရှိသူတချို့ကို ​ထိုင်းစစ် တပ်တွေက ​လူကုန်ကူးပွဲစားတွေရဲ့ ​လက်ထဲ ​ရောင်းစား ​အပ်နှံတာတွေ ​လုပ်နေတယ် ဆို တဲ့ ​ပြောဆိုသံတွေ ​ထွက်ပေါ်နေပါတယ်။

ရောင်းစားခံရသူတွေဟာ ​အလုပ်ကြမ်းတွေလုပ်ရပြီး ​ထွက်ပြေးလို့ ​ဖမ်းမိ ​ရင်လည်း ​နှိပ်စက် ​ခံနေရတယ်လို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ထိုင်းစစ်တပ်က ​စုံစမ်း ​စစ်ဆေးရေးတစ်ရပ် ​ပြုလုပ်ခဲ့ပေမယ့် ​ထိုင်းအာဏာပိုင်တွေအနေနဲ့ ​ရိုဟင်ဂျာတွေကို ​လူကုန်ကူး သူတွေဆီ ​ရောင်းစားတာတွေ ​လုပ်ခဲ့တယ်ဆို တာ ​မတွေ့ခဲ့ရဘူးလို့ ​ပြောပါတယ်။

တချိန်တည်းမှာပဲ ​လှေနဲ့ ​ရောက်ရှိလာတဲ့ ​ရိုဟင်ဂျာတွေကို ​ထိုင်းအာဏာပိုင်က ​သေနတ်နဲ့ ​ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ​ပြောဆိုမှုတွေနဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးသွားမယ်လို့ ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝက ​ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ​ဖူးကတ်မြို့မြောက်ပိုင်း ​ပင်လယ်ပြင်မှာ ​ရိုဟင်ဂျာနှစ်ဦးရဲ့ ​ရုပ်အလောင်းကို ​မကယ်ထုတ်ခင် ​သေနတ်သံတွေ ​ကြားခဲ့ရ တယ်လို့ ​ထိုင်းရွာသားတွေက ​အေဘီစီကို ​ပြီးခဲ့ တဲ့ ​တပတ်က ​ပြောပြပါတယ်။

ထိုင်းရွာသားတွေ ​ကယ်တင်ထားတဲ့ ​တခြားရိုဟင်ဂျာတွေရဲ့အဆိုအရ ​သူတို့ကို ​ထိုင်းအာဏာပိုင်တွေက ​လှေပေါ်ကနေ ​ဆွဲချခဲ့တဲ့အကြောင်း ​ထွက်ပြေးတဲ့အခါ ​သေနတ်နဲ့ ​လှမ်းပစ်ခတ်ခဲ့ တယ်လို့ ​ထွက်ဆိုခဲ့ပါတယ်။ ​ဒါပေမယ့် ​ထိုင်းအာဏာပိုင်တွေကတော့ ​သေဆုံးသူတွေဟာ ​ရေနစ် ပြီး ​သေဆုံးတဲ့အကြောင်း ​ထိုင်းအာဏာပိုင်တွေအနေနဲ့ ​ထိုင်းနိုင်ငံထဲ ​ဝင်မလာဖို့ ​သတိပေး တဲ့အနေနဲ့ ​သေနတ်ပစ်တာမှန်ပေမယ့် ​လှေပြေး ဒုက္ခသည်တွေကို ​ချိန်ပြီး ​ပစ်ခတ်တာတွေ ​မလုပ်ရဘူးလို့ ​ပြောပါတယ်။

ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝကတော့ ​ထိုင်းအစိုးရအနေနဲ့ ​အကြမ်းဖက်မှုတွေကို ​အားမပေးတဲ့အတွက် ​ဒီဖြစ်စဉ်ကို ​စုံစမ်းသွား မယ် လို့ ​ပြောခဲ့ပါတယ်။

ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေ ​ခံစားရတဲ့အကြောင်းတွေကို ​အေဘီစီကိုပြောပြတဲ့ ​ ရိုဟင်ဂျာတစ်ဦးလည်းပျောက်ဆုံးနေတဲ့အတွက်စိုးရိမ် မကင်း ​ဖြစ်နေရတယ်လို့ ​ဒီသတင်းကို ​ပေးပို့ တဲ့ ​အရှေ့တောင်အာရှဆိုင်ရာ ​အေဘီစီသတင်းထောက် ​Zoe ​Daniel ​က ​သတင်းပေးပို့ ခဲ့ ပါ တယ်။


မလေးရှားရေပိုင်နက်ထဲ ​ဒုက္ခရောက်နေတဲ့ ​ရိုဟင်ဂျာတွေကို ​မလေးရှားကယ်တင်


ရိုဟင်ဂျာတွေလို့ ​ယူဆရသူ ​လူပေါင်း ​၁၃၆ ​ယောက်ကို ​မလေးရှားအာဏာပိုင်တွေက ​ကယ်တင်ထားကြောင်း ​သိရပါတယ်။

အဲဒီလူပေါင်း ​၁၃၆ ​ယောက်က ​သူတို့အနေနဲ့ ​ပင်လယ်ထဲ ​မျောနေတာ ​၂၅ ​ရက် ​ရှိပြီလို့ ​ပြောပြခဲ့ကြပြီး ​မလေးရှားအာဏာပိုင်တွေကလည်း ​လှေငယ်လေးမှာ ​လူတွေ ​မတန်တဆများပြား တာကို ​တွေ့ရတဲ့အကြောင်း၊ ​လှေက ​ပေါက်နေပြီး ​လှေပေါ်မှာ ​အစားအစာနဲ့ ​သောက်ရေတွေ ​ပါမလာကြတာကိုလည်း ​တွေ့ရတဲ့အကြောင်းတွေ ​ပြောပြခဲ့ပါတယ်။

မလေးရှားနိုင်ငံ ​မြောက်ပိုင်း ​ပီနန် ​ပြည်နယ်နားမှာ ​လှေကို ​တွေ့ခဲ့တာဖြစ်ပြီး ​လှေပေါ်မှာ ​အနည်းဆုံး ​လူကြီး ​၉၆ ​ယောက် ​နဲ့ ​ကလေးငယ် အ ယောက် ​၄၀ ​ပါဝင်တယ်လို့ ​သိရပါတယ်။ ​လှေ ပေါ်ပါလာသူအားလုံးကို ​မလေးရှားနိုင်ငံ ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်းမှာဖြစ် ပါ တယ်။

သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုမှု တရားရုံးက ပယ်ချ


ဒီဗွီဘီ

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံရမှု အရေးယူပေးရေးကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုထားမှု ဒီနေ့ တရားရုံး က ဥပဒေနဲ့ မညီဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။

အခုလို တရားရုံးက ပယ်ချလိုက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေကို လိုက်လံ ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်းက “တရား သူကြီးက ဥပဒေနဲ့အညီ တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ရင် အမှုမဖွင့်လှစ်ပါဆိုပြီး အမှုကို ပယ်လိုက်တယ်။ ပယ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ တရားစွဲ ဆို တယ်၊ အ ကြောင်း မပေါ်ပေါက်ဘူးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမျိုးအကြောင်းရှိမယ်ဆိုတာကျနော်တို့ က တရားလွှတ်တော်ချုပ်ဆီကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ပယ်လိုက် တဲ့ အတွက်ခရိုင် တ ရားရုံးမှာလည်း အယူခံ၊ ဒါမှမဟုတ် အယူခံကို ဆက်တင်ပြသွားမယ်” လို့ ပြောပါ တယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဆားလင်းကြီးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီနေ့ ပယ်ချလိုက်တာပါ။ တရားလိုလုပ်ပြီး ဦးဆောင် တရားစွဲသူတွေကတော့ မ၀င်းဝင်းဌေး၊ မရီရီဝင်း၊ မိုးကြိုးပြင် အလယ်ရွာမှ ကိုဇော်နိုင်တို့ဖြစ်ပါတယ်။

မရီရီဝင်းက “မီးလောင်ဗုံး တရားခံတွေကို တရားစွဲဆိုပါတယ်။ အဲဒါကို အခု ၃ လကျော်တဲ့အထိ ဖြေရှင်းချက် မပေးသေးပါဘူး။ မပေးတဲ့အ တွက် မြို့ နယ်ရုံးမှာ သမ္မတကြီး ဦးသိန်းစိန်ကို တရားခံအဖြစ် တရားစွဲတယ်။ အဲဒါကို တရားသူကြီးက လက်မခံလိုက်ဘူး။ မြို့နယ်က လက်မခံ တဲ့ အတွက် ကျမတို့က ခရိုင်ရုံး၊ ခရိုင်ရုံးက လက်မခံရင် တိုင်းရုံး၊ တိုင်းရုံးက မရရင် ဗဟိုအထိ အဆင့်ဆင့်တက်မယ်။”

ဒီနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးကို ဒေသခံ တောင်သူ ၅၀ လောက် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်း ပေး ရေး သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ သံဃာ တော် တွေအပါအ၀င် ဒေသခံတွေကို အစိုးရက မီးလောင်ဗုံးသုံးပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

မီးလောင်ဗုံးသုံး အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သံဃာအပါး ၁၀၀ လောက်နဲ့ လူပုဂ္ဂိုလ် ၂၀ လောက် မီးလောင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အစိုးရက ဒဏ်ရာရသံဃာတွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ကျောက်နီမော် ရေလုပ်သားများ ဘင်္ဂလီများရန် ကြောက်နေရ (ရုပ်/သံ)


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော် ကျေးရွာတွင် ရေလုပ်သားများ ဘင်္ဂလီများ၏ အသက်အန္တရာယ်ပြု တိုက်ခိုက်မှုများ ရှိနေသဖြင့် ရေလုပ်ငန်းများ ထိခိုက်မှု ရှိနေကြောင်း သိရသည်။ ကျောက်နီမော်ကမ်းခြေနှင့် ကျောက်ဖြူကမ်းခြေတို့တွင် ဘင်္ဂလီရွာများ နေထိုင်ကြပြီး အုပ်စုဖွဲ့ အနိုင်ကျင့်သတ်ဖြတ် လုယက်ကြသဖြင့် ရခိုင်ငါးဖမ်းလှေများ ထိတ်လန့်နေကြရကြောင်း၊ ကျောက်နီမော် ကမ်းခြေရေပိုင်နက်ကို လူအင်အားဖြင့် အပိုင်စီးထားခြင်းဖြစ်ကြောင်း၊ ရခိုင်ငါးဖမ်းလှေများမှာ ငါးဖမ်းထွက်လျှင် တစီး နှစ်စီးခန့်သာ ထွက်နိုင်သဖြင့် အုပ်စုဖွဲ့ ငါးဖမ်းသော ဘင်္ဂလီလှေအုပ်စုကို ကြောက်လန့်နေရကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ရေလုပ်သားများ လုံခြုံရေးအတွက် တာဝန်ယူပေးစေလိုကြောင်း ရခိုင်လူမျိုး ဒေသခံများမှ ၀ိုင်းဝန်းတောင်းဆိုကြသည်။ Burma VJ Media Network

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




သိပ်လှတဲ့ ပုလိပ် မမများ..... ဂလု

............ပိုစ့်အစ..............
ပြည်သူ့ ရဲထဲ ကျွန်တော်လည်းဝင်ချင်ပါတယ်...
သူ့ ကိုမြင်မှပဲ ဒုစရိုက်မှုတွေပိုပြီးကျူးလွန်ချင်လာတော့တယ်... 
( သြော်...၃၇၆ ...၃၇၆...) 
ရိုးရိုးနဲ့ ယဉ်ယဉ်...ရဲဝတ်စားဆင်ယင်... 
လေးစားပါတယ်ရဲမေရယ်...
 
အလို...အလို...ပျိုပျူမေရဲ... 
ကိုယ့် ကိုများစောင့် မျှော်နေသလား... 
ရဲဆိုတဲ့ အတိုင်း ရဲရဲရင့် ရင့် ကိုပဲ ပြသပါတယ်... 
တရားခံကိုစောင့် နေတာလား... ကိုကို့  ကိုစောင့် နေတာလား... 
သူတို့ လေးတွေသာချည်းပဲဆိုယင်တော့ ... 
သူ့ ကိုမြင်တာနဲ့ ကိုယ်တွေတော့ ဆန္ဒမပြချင်တော့ ဘူး...
သူပြတာပဲကြည့် တော့ မယ်... 
တုတ်နဲ့ ပဲရိုက်ရိုက်၊ လက်ထိပ်ပဲခတ်ခတ်ကွယ်... 
ရဲရင့် ဝံ့ ကြွား...ရဲမေတဲ့ လား... 
ကဲ...သူငယ်ချင်းတို့ သွားရည်တွေ သုတ်လိုက် 
ကြဦးဗျ နော့ အဟေးးးးးးးးးး ဂလု အနော်တောင် မနဲထိန်းထားရတယ် ဟီးးးးး
..............ပ်ုစ့်အဆုံး..........http://aunglaybc.blogspot.com/2013/03/blog-post_6830.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FgNClZ+%28%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%9C%E1%80%B8+{%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC}%29

"တစ်ရှက်က နှစ်ရှက်"



Photo: "တစ်ရှက်က နှစ်ရှက်"

ယနေ့ အချိန်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အညီ လူငယ်တွေဟာ
ကောင်းကျိုးထက် ဆိုးကျိုးကိုသာ အလေးပေးအသုံးပြုနေကြပါပြီ။
အင်တာနက်ပေါ်မှာ ပလူပြန်နေအောင်တင်ထားကြတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုဖိုင်တွေဟာဆိုရင် မောင်နှင့်နှမတွေ မိဘတွေနဲ့ အတူ တူမကြည့်ရဲအောင်ပါပဲ.....။

ဒါဟာကျွန်တော်တို့မြန်မာအမျိုးသမီးတွေဖက်ကလည်းအများကြီး လိုအပ်ပါတယ်....။မြန်မာအမျိုးသမီးတိုင်းကို ကျွန်တော်မဆိုလိုပါဘူး။တစ်ချို့အကျင့်ပျက်နေတဲ့မိန်းကလေးတွေကိုပြောချင်
တာပါ....။

ကျွန်တော်ဇာတ်ကားတစ်ကားကြည့်ဖူးတယ်ဗျ...ကိုလူမင်းရိုက်ထားတဲ့ဇာတ်ကားလေးပါတော်တော်လေးကောင်းပါတယ်ဗျာ....ဘာဖြစ်လို့လည်းဆိုတော့ သူရိုက်ထားတာလေးဟာအခုခေတ် ဖြစ်နေတဲ့ဖြစ်ရပ်တွေကို လူငယ်တွေ အထူးသဖြင့် မိန်းကလေးတွေ ဆင်ခြင်စဉ်းစားနိုင်ပြီး

မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နေနိုင်ဖို့၊ မိမိလူမျိုး၊မိမိဘာသာကို ကာကွယ်ဖို့၊မိမိအသိုင်းအ၀ိုင်း မိမိဆွေမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရိုက်ကူးထားတာလို့ကျွန်တော်မြင်ပါတယ်..။

ခုခေတ်မိန်းကလေးတွေ ဖြစ်ပျက်နေတာကို
ရိုက်ထားတာပါ မိန်းကလေးတွေ အွန်လိုင်းပေါ်က လူတွေနဲ့ ချက် ပြီးတော့
အပြင်မှာ တွေ့ဖို့ ခေါ်ပြီး စကားပြော အချိုရည်တွေ တိုက် မုန့်တွေစား ...

ဒါပေမဲ့ အဲဒီမှာ ဇာတ်လမ်းက စတာပဲ အဲဒီ အချိုရည်ထဲမှာ ဆေးတွေထည့်
မိန်းကလေးက ဘာမှ မသိတော့ တည်းခိုးခန်းတွေပါသွား ပြီး မိန်းကလေးတွေ
ဘ၀ပျက်ရတယ် ဘ၀ ပျက်တာက တစ်ခါရှုံးတယ် နောက်ထပ် Video File
ရိုက်ပြီး အင်တာနက်ပေါ်ကို တင်အဲဒီမှာ မိန်းကလေးမှာ တစ်ခါတည်းနဲ့ ဘ၀ ကိုပျက်ရော အဲဒါကို မိဘတွေကသိတော့ မိဘ တွေက ရှက်ပြီး ကိုယ့်ကိုကိုယ့်သတ်သေသွားတယ် .....

အဲဒါပြီးတော့ မိန်းကလေး ကပါ ရှက်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...


မိတ်ဆွေတို့ကြည့်စေချင်လို့ပါ..အထူးသဖြင့် မိန်းကလေးတွေပေါ့နော် အဲဒီကားလေးကိုကြည့်ပြီး ကျနော် အစ်မ
ညီမ တွေ သတိပြုနေနိုင်စေရန် နဲ့ အဲဒီလိုအဖြစ်ဆိုးမျိုးတွေမဖြစ်ရလေအောင် စေတနာအပြည့်အ၀ဖြင့် ပြန်မျှဝေလိုက်ပါတယ် ကြည့်လိုသူများ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်။
We Love True 
http://www.burmeseclassic.com/type1.php?index=MTI0MTQ%3D&d=aW1nL21vdmllLzEyNDE0LmdpZg%3D%3D&s=9&p=1&tp=2ယနေ့ အချိန်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အညီ လူငယ်တွေဟာ
ကောင်းကျိုးထက် ဆိုးကျိုးကိုသာ အလေးပေးအသုံးပြုနေကြပါပြီ။
အင်တာနက်ပေါ်မှာ ပလူပြန်နေအောင်တင်ထားကြတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုဖိုင်တွေဟာဆိုရင် မောင်နှင့်နှမတွေ မိဘတွေနဲ့ အတူ တူမကြည့်ရဲအောင်ပါပဲ.....။

ဒါဟာကျွန်တော်တို့မြန်မာအမျိုးသမီးတွေဖက်ကလည်းအများကြီး လိုအပ်ပါတယ်....။မြန်မာအမျိုးသမီးတိုင်းကို ကျွန်တော်မဆိုလိုပါဘူး။တစ်ချို့အကျင့်ပျက်နေတဲ့မိန်းကလေးတွေကိုပြောချင်
တာပါ....။

ကျွန်တော်ဇာတ်ကားတစ်ကားကြည့်ဖူးတယ်ဗျ...ကိုလူမင်းရိုက်ထားတဲ့ဇာတ်ကားလေးပါတော်တော်လေးကောင်းပါတယ်ဗျာ....ဘာဖြစ်လို့လည်းဆိုတော့ သူရိုက်ထားတာလေးဟာအခုခေတ် ဖြစ်နေတဲ့ဖြစ်ရပ်တွေကို လူငယ်တွေ အထူးသဖြင့် မိန်းကလေးတွေ ဆင်ခြင်စဉ်းစားနိုင်ပြီး

မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နေနိုင်ဖို့၊ မိမိလူမျိုး၊မိမိဘာသာကို ကာကွယ်ဖို့၊မိမိအသိုင်းအ၀ိုင်း မိမိဆွေမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရိုက်ကူးထားတာလို့ကျွန်တော်မြင်ပါတယ်..။

ခုခေတ်မိန်းကလေးတွေ ဖြစ်ပျက်နေတာကို
ရိုက်ထားတာပါ မိန်းကလေးတွေ အွန်လိုင်းပေါ်က လူတွေနဲ့ ချက် ပြီးတော့
အပြင်မှာ တွေ့ဖို့ ခေါ်ပြီး စကားပြော အချိုရည်တွေ တိုက် မုန့်တွေစား ...

ဒါပေမဲ့ အဲဒီမှာ ဇာတ်လမ်းက စတာပဲ အဲဒီ အချိုရည်ထဲမှာ ဆေးတွေထည့်
မိန်းကလေးက ဘာမှ မသိတော့ တည်းခိုးခန်းတွေပါသွား ပြီး မိန်းကလေးတွေ
ဘ၀ပျက်ရတယ် ဘ၀ ပျက်တာက တစ်ခါရှုံးတယ် နောက်ထပ် Video File
ရိုက်ပြီး အင်တာနက်ပေါ်ကို တင်အဲဒီမှာ မိန်းကလေးမှာ တစ်ခါတည်းနဲ့ ဘ၀ ကိုပျက်ရော အဲဒါကို မိဘတွေကသိတော့ မိဘ တွေက ရှက်ပြီး ကိုယ့်ကိုကိုယ့်သတ်သေသွားတယ် .....

အဲဒါပြီးတော့ မိန်းကလေး ကပါ ရှက်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...


မိတ်ဆွေတို့ကြည့်စေချင်လို့ပါ..အထူးသဖြင့် မိန်းကလေးတွေပေါ့နော် အဲဒီကားလေးကိုကြည့်ပြီး ကျနော် အစ်မ
ညီမ တွေ သတိပြုနေနိုင်စေရန် နဲ့ အဲဒီလိုအဖြစ်ဆိုးမျိုးတွေမဖြစ်ရလေအောင် စေတနာအပြည့်အ၀ဖြင့် ပြန်မျှဝေလိုက်ပါတယ် ကြည့်လိုသူများ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်။
We Love True
http://www.burmeseclassic.com/type1.php?index=MTI0MTQ%3D&d=aW1nL21vdmllLzEyNDE0LmdpZg%3D%3D&s=9&p=1&tp=2

ကြေးနီစီမံကိန်းကိုဆက်လက် ဆောင်ရွက်စေ သင့်ကြောင်းမတ်လ၁၂ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည့်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့


    စုံစမ်းစစ်ဆေးရေး ကော်မရှင်၏စုံစမ်းစစ်ဆေးချက်များအရလက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်အားနည်းချက်များရှိသော်လည်းထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည် ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုဆက်လက် ဆောင်ရွက်စေ
သင့်ကြောင်းမတ်လ၁၂ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခဲ့သည့်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံလူထုသည် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေး မရရှိခြင်း ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်းများမရရှိခြင်းတို့ကြောင့်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြေင့် ပြဿနာများပိုမိုကြီးထွားလာခဲ့ကြောင်း၊ထိုအခြေအနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများ ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာ တွင်ဖော်ပြထားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ် ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီးခိုးဗုံးမျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင်ဒဏ်ရာများရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အချို့တွင်ရရှိခဲ့ခြင်းဖြစ်ကြောင်း အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာလ၂၉ရက်နံနက်ကလက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့ရာ သံဃာတော်အပါး ၉၀ ကျော်နှင့် လူပုဂ္ဂိုလ်အချို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွင် သံဃာတစ်ပါး၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိသီတဂူအာယုဒါန ဆေးရုံတွင်သံဃာတော် ခြောက်ပါးနှင့်မုံရွာ ဇောတိကရာမ ကျောင်းတိုက်တွင် ဆေးလိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ညပိုင်းက မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီးယင်းအစီရင်ခံစာအားအကောင်အထည်ဖော် ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။

    မှတ်ချက်။  ။  ဖေ့ဘွတ်မှပြန်လည်မျှဝေးပါသည်။