Wednesday, March 13, 2013

ဘင်္ဂလီ ဒုက္ခသည်ကို ထိုင်းစစ်တပ်က လူကုန်ကူးသူတွေဆီ ရောင်းချလို့ဆို


Zoe Daniel

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး ​ပဋိပက္ခကြောင့် ​ရိုဟင်ဂျာတွေ ​အများအပြား ​အိမ်နီးချင်းနိုင်ငံကို ​ထွက်ပြေးတိမ်းရှောင်နေကြပြီး ​အဲဒီထဲ က ​ထိုင်း နိုင်ငံကို ​ရောက်ရှိသူတချို့ကို ​ထိုင်းစစ် တပ်တွေက ​လူကုန်ကူးပွဲစားတွေရဲ့ ​လက်ထဲ ​ရောင်းစား ​အပ်နှံတာတွေ ​လုပ်နေတယ် ဆို တဲ့ ​ပြောဆိုသံတွေ ​ထွက်ပေါ်နေပါတယ်။

ရောင်းစားခံရသူတွေဟာ ​အလုပ်ကြမ်းတွေလုပ်ရပြီး ​ထွက်ပြေးလို့ ​ဖမ်းမိ ​ရင်လည်း ​နှိပ်စက် ​ခံနေရတယ်လို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ထိုင်းစစ်တပ်က ​စုံစမ်း ​စစ်ဆေးရေးတစ်ရပ် ​ပြုလုပ်ခဲ့ပေမယ့် ​ထိုင်းအာဏာပိုင်တွေအနေနဲ့ ​ရိုဟင်ဂျာတွေကို ​လူကုန်ကူး သူတွေဆီ ​ရောင်းစားတာတွေ ​လုပ်ခဲ့တယ်ဆို တာ ​မတွေ့ခဲ့ရဘူးလို့ ​ပြောပါတယ်။

တချိန်တည်းမှာပဲ ​လှေနဲ့ ​ရောက်ရှိလာတဲ့ ​ရိုဟင်ဂျာတွေကို ​ထိုင်းအာဏာပိုင်က ​သေနတ်နဲ့ ​ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ​ပြောဆိုမှုတွေနဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးသွားမယ်လို့ ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝက ​ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ​ဖူးကတ်မြို့မြောက်ပိုင်း ​ပင်လယ်ပြင်မှာ ​ရိုဟင်ဂျာနှစ်ဦးရဲ့ ​ရုပ်အလောင်းကို ​မကယ်ထုတ်ခင် ​သေနတ်သံတွေ ​ကြားခဲ့ရ တယ်လို့ ​ထိုင်းရွာသားတွေက ​အေဘီစီကို ​ပြီးခဲ့ တဲ့ ​တပတ်က ​ပြောပြပါတယ်။

ထိုင်းရွာသားတွေ ​ကယ်တင်ထားတဲ့ ​တခြားရိုဟင်ဂျာတွေရဲ့အဆိုအရ ​သူတို့ကို ​ထိုင်းအာဏာပိုင်တွေက ​လှေပေါ်ကနေ ​ဆွဲချခဲ့တဲ့အကြောင်း ​ထွက်ပြေးတဲ့အခါ ​သေနတ်နဲ့ ​လှမ်းပစ်ခတ်ခဲ့ တယ်လို့ ​ထွက်ဆိုခဲ့ပါတယ်။ ​ဒါပေမယ့် ​ထိုင်းအာဏာပိုင်တွေကတော့ ​သေဆုံးသူတွေဟာ ​ရေနစ် ပြီး ​သေဆုံးတဲ့အကြောင်း ​ထိုင်းအာဏာပိုင်တွေအနေနဲ့ ​ထိုင်းနိုင်ငံထဲ ​ဝင်မလာဖို့ ​သတိပေး တဲ့အနေနဲ့ ​သေနတ်ပစ်တာမှန်ပေမယ့် ​လှေပြေး ဒုက္ခသည်တွေကို ​ချိန်ပြီး ​ပစ်ခတ်တာတွေ ​မလုပ်ရဘူးလို့ ​ပြောပါတယ်။

ထိုင်းနိုင်ငံ ​ဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝကတော့ ​ထိုင်းအစိုးရအနေနဲ့ ​အကြမ်းဖက်မှုတွေကို ​အားမပေးတဲ့အတွက် ​ဒီဖြစ်စဉ်ကို ​စုံစမ်းသွား မယ် လို့ ​ပြောခဲ့ပါတယ်။

ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေ ​ခံစားရတဲ့အကြောင်းတွေကို ​အေဘီစီကိုပြောပြတဲ့ ​ ရိုဟင်ဂျာတစ်ဦးလည်းပျောက်ဆုံးနေတဲ့အတွက်စိုးရိမ် မကင်း ​ဖြစ်နေရတယ်လို့ ​ဒီသတင်းကို ​ပေးပို့ တဲ့ ​အရှေ့တောင်အာရှဆိုင်ရာ ​အေဘီစီသတင်းထောက် ​Zoe ​Daniel ​က ​သတင်းပေးပို့ ခဲ့ ပါ တယ်။


မလေးရှားရေပိုင်နက်ထဲ ​ဒုက္ခရောက်နေတဲ့ ​ရိုဟင်ဂျာတွေကို ​မလေးရှားကယ်တင်


ရိုဟင်ဂျာတွေလို့ ​ယူဆရသူ ​လူပေါင်း ​၁၃၆ ​ယောက်ကို ​မလေးရှားအာဏာပိုင်တွေက ​ကယ်တင်ထားကြောင်း ​သိရပါတယ်။

အဲဒီလူပေါင်း ​၁၃၆ ​ယောက်က ​သူတို့အနေနဲ့ ​ပင်လယ်ထဲ ​မျောနေတာ ​၂၅ ​ရက် ​ရှိပြီလို့ ​ပြောပြခဲ့ကြပြီး ​မလေးရှားအာဏာပိုင်တွေကလည်း ​လှေငယ်လေးမှာ ​လူတွေ ​မတန်တဆများပြား တာကို ​တွေ့ရတဲ့အကြောင်း၊ ​လှေက ​ပေါက်နေပြီး ​လှေပေါ်မှာ ​အစားအစာနဲ့ ​သောက်ရေတွေ ​ပါမလာကြတာကိုလည်း ​တွေ့ရတဲ့အကြောင်းတွေ ​ပြောပြခဲ့ပါတယ်။

မလေးရှားနိုင်ငံ ​မြောက်ပိုင်း ​ပီနန် ​ပြည်နယ်နားမှာ ​လှေကို ​တွေ့ခဲ့တာဖြစ်ပြီး ​လှေပေါ်မှာ ​အနည်းဆုံး ​လူကြီး ​၉၆ ​ယောက် ​နဲ့ ​ကလေးငယ် အ ယောက် ​၄၀ ​ပါဝင်တယ်လို့ ​သိရပါတယ်။ ​လှေ ပေါ်ပါလာသူအားလုံးကို ​မလေးရှားနိုင်ငံ ​လူဝင်မှု ​ထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်းမှာဖြစ် ပါ တယ်။

0 ကွန်မန့်ရေးရန်:

Post a Comment