Wednesday, March 13, 2013

ကျောက်နီမော် ရေလုပ်သားများ ဘင်္ဂလီများရန် ကြောက်နေရ (ရုပ်/သံ)


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော် ကျေးရွာတွင် ရေလုပ်သားများ ဘင်္ဂလီများ၏ အသက်အန္တရာယ်ပြု တိုက်ခိုက်မှုများ ရှိနေသဖြင့် ရေလုပ်ငန်းများ ထိခိုက်မှု ရှိနေကြောင်း သိရသည်။ ကျောက်နီမော်ကမ်းခြေနှင့် ကျောက်ဖြူကမ်းခြေတို့တွင် ဘင်္ဂလီရွာများ နေထိုင်ကြပြီး အုပ်စုဖွဲ့ အနိုင်ကျင့်သတ်ဖြတ် လုယက်ကြသဖြင့် ရခိုင်ငါးဖမ်းလှေများ ထိတ်လန့်နေကြရကြောင်း၊ ကျောက်နီမော် ကမ်းခြေရေပိုင်နက်ကို လူအင်အားဖြင့် အပိုင်စီးထားခြင်းဖြစ်ကြောင်း၊ ရခိုင်ငါးဖမ်းလှေများမှာ ငါးဖမ်းထွက်လျှင် တစီး နှစ်စီးခန့်သာ ထွက်နိုင်သဖြင့် အုပ်စုဖွဲ့ ငါးဖမ်းသော ဘင်္ဂလီလှေအုပ်စုကို ကြောက်လန့်နေရကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ရေလုပ်သားများ လုံခြုံရေးအတွက် တာဝန်ယူပေးစေလိုကြောင်း ရခိုင်လူမျိုး ဒေသခံများမှ ၀ိုင်းဝန်းတောင်းဆိုကြသည်။ Burma VJ Media Network

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




0 ကွန်မန့်ရေးရန်:

Post a Comment