This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, May 23, 2012

လူ ၈ ယောက်ရဲ့ အသက်ကယ်ခဲ့တဲ့ အလှူရှင်မလေး

လူ ၈ ယောက်ရဲ့ အသက်ကယ်ခဲ့တဲ့ အလှူရှင်မလေး




အသက် ၁၃ နှစ်အရွယ် Jemima Layzell ဆိုတဲ့ မိန်းကလေးငယ်လေးဟာ နေအိမ်မှာ ရုတ်တရက်လဲကျရာက ဦးနှောက် သွေးယိုစီးမှုဖြစ်ပွားကာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က Bristol Royal Hospital လို့ ခေါ်တဲ့ ကလေးဆေးရုံကြီးမှာ ဒေသ စံတော်ချိန် ညနေ ၄း၂၅၈ နာရီက သေဆုံးသွားခဲ့ပါတယ်။

သူရဲ့ ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို မိဘများက သူ့ဆန္ဒနဲ့ အညီ ဆေးရုံကို လှူဒါန်းမှုကြောင့် လူ ၈ ယောက်ရဲ့ အသက် ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် လူ၂ ယောက်ရဲ့ အမြင်အာရုံလည်း ပြန်လည်ကောင်းမွန်စေခဲ့ တယ်လို့ dailymail.co.uk သတင်းမှာ ဖော်ပြထားပါတယ်။

Jemima Layzell ဟာ ဗြိတိန်နိုင်ငံ Somerset ပြည်နယ် Horton မြို့က မိဘများနဲ့ အတူ သူ့ရဲ့ နေအိမ်မှာ ရုတ်တရက် လဲကျ သွားရာက ဆေးရုံကို ပို့လိုက်ရာ ဆေးရုံမှာဘဲ ဦးနှောက်ထဲက သွေးထွက်လွန်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ ရတာပါ။
အသက် ၅ နှစ်အရွယ်ရှိ ယောက်ျားလေး ၁ ယောက်အတွက် သူရဲ့ နှလုံး၊ အသက် ၁၄ နှစ် အရွယ် ယောက်ျားလေး ၁ ယောက် အတွက် သူ့ အဆုတ်တွေ၊ အသက် ၁ဝ လ ယောင်္ကျားလေးနဲ့ ငါးနှစ် အရွယ် ယောက်ျားလေးတို့အတွက် သူ့ အသည်း၊ အသက် ၂၄ နှစ်နဲ့ ၁၉ နှစ်အရွယ် လူနာ ၂ ယောက် အတွက် ကျောက်ကပ်၊ အသက် ၄၀ ရွယ် လူနာတဦး အတွက် သူ့ ပန်ကရိယ၊ အသက် ၃ နှစ် အရွယ် ယောင်္ကျားလေး ၁ ယောက်အတွက် သူ့ရဲ့ အူသိမ်တွေကို အသီးသီး လှူဒန်းခဲ့လို့ သူတို့တွေ အသက်ဆက်နိုင်ခဲ့ပါတယ်။
သူက ငယ်ငယ်လေးကတည်းက အနုပညာရှင် တယောက်အဖြစ် ထူးချွန်သလို စာရေးဆရာ တယောက်ဖြစ်ဖို့ ရည်မှန်းချက်ထားတဲ့အတွက် ကဗျာတွေ၊ သီချင်းတွေ၊ ၀တ္တုတွေနဲ့ အတွေးအခေါ်ဆိုင်ရာ စာများလည်း ရေးခဲ့ တယ်လို့ သူ့မိဘတွေက ပြောထားပါတယ်။
ဖခင်ဖြစ်သူ အသက် ၄၂ နှစ်ရှိ မစ္စတာ Harvey နဲ့ အသက် ၃၈ နှစ်ရှိတဲ့ သူ့မိခင် Sophy တို့က သူ့သမီးလေး အကြောင်း ဂုဏ်ယူဝံ့ကြွားစွာပဲ ပြောပြပေးနေခဲ့တာပါ။ ထူးခြားတာက Jemima Layzell ဟာ မသေခင်က တည်းက သေခြင်းတရား အကြောင်းတွေပြောခဲ့ပြီး သူသေသွားရင်လည်း သူ့ခန္ဒကိုယ်ကို လှူဒါန်းဖို့ အလွန်ဆန္ဒရှိတာကို ပြောလေ့ရှိတယ်လို့ မိဘ ၂ ပါးက ဆိုပါတယ်။

ကွယ်လွန်သွားပေမယ့် သူ့ဆန္ဒနဲ့အညီ သူ့ခန္ဓာကိုယ်အစိပ်အပိုင်းတွေ လှူဒါန်းလို့ နောက်ထပ်လူ ၈ ယောက်အသက် ဆက် နိုင်ခဲ့တာကိုလည်း မိဘဆွေမျိုးတွေက ဂုဏ်ယူနေပါတယ်။ ဒီနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာတော့ Taunton School Chapel မှာ သူ့အတွက် အောက်မေ့ဖွယ်ဆုတောင် ၀တ်ပြုပွဲကို ကျင်းပမှာလည်းဖြစ်ပါတယ်။

ဘလော့မှာ ဖရောင်းတိုင် ထွန်းကြစို့ (နည်းပညာ)

 HTML/JavaScript HTML/JavaScript Add == HTML code  <a href="http://photobucket.com/images/candle%20gif" target="_blank"><img src="http://i264.photobucket.com/albums/ii199/THETRIBEOF_5/Halloween/een35.gif" border="0" alt="candle gif Pictures, Images and Photos"/></a>   

ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါတဲ့

ကကြီး ဖယောင်းတိုင်ထွန်းတယ်...။
                          

ထိုင်းအကျဉ်းထောင်မှ မြန်မာအလုပ်သမား ၇၀၀ ကျော်ကို နယ်စပ်ပြန်ပို့



ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ကဲန် ခရိုင် ဗဟိုအကျဉ်းထောင်က မြန်မာ အလုပ်သမားပေါင်း ၇၀၀ ကျော်ကို ကားကြီး ၂၅ စီးလောက်နဲ့ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက မေ ၂၂ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ပြန်ပို့လိုက်ပြီလို့ ရ၀မ်ဖိုင်း ထိုင်းအွန်လိုင်း သတင်းမှာ ဖော်ပြသွား ပါတယ်။

ပြန်ပို့ခံရတဲ့ မြန်မာအလုပ်သမားတွေထဲမှာ အမျိုးသား ၄၀၁ ဦး၊ အမျိုးသမီး ၃၀၂ ဦးနဲ့ အရွယ်မရောက်သေးတဲ့ ကလေး ၃၅ ဦး စုစုပေါင်း  ၇၃၈ ဦးရှိပြီး ဒါဟာ ခွန်ကဲန်ခရိုင် ဗဟိုအကျဉ်းထောင် အနေနဲ့ မြန်မာအလုပ်သမားတွေကို ပထမဆုံး အလုံးအရင်း နဲ့ နေရပ်ပြန်ပို့မှုလည်း ဖြစ်ပါတယ်။

ဒီအလုပ်သမားမိသားစုတွေဟာ  ခွန်ကဲန်ခရိုင်ရှိ ပိုက်ကွန်နဲ့ ငါးဖမ်းကိရိယာတွေ ထုတ်လုပ်တဲ့  တေချားဖားနစ် စက်ရုံမှာ ၀င်ရောက် လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။

သူတို့ဟာ ဒီမေလဆန်း ၁၁ ရက်နေ့က အဖမ်းဆီးခံခဲ့ရပြီး ထိုင်းနိုင်ငံထဲကို ခွင့်ပြုချက်မရဘဲ တရားမ၀င် ၀င်ရောက်လာမှု၊ ၀င်ရောက်နေထိုင်မှု၊ အလုပ်သမားကတ်မရှိဘဲ အလုပ်ဝင်လုပ်မှု စတဲ့ စွဲချက် ၃ ခုနဲ့ ခွန်ကဲန်ခရိုင်တရားရုံးက တရားစီရင်ခဲ့ပါတယ်။

ထောင်ထဲမှာ ၁၀ ရက်တာ အကျဉ်းခံရပြီးတဲ့နောက်  အခုလို နယ်စပ်ပြန်ပို့ခံရတာ ဖြစ်တယ်လို့ ခွန်ကဲန်ခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး ဒု-ဗိုလ်မှူးကြီး အာနန်ထောင်းဆုက်က ပြောပါတယ်။

နယ်စပ်ပြန်ပို့မခံရခင်မှာ အလုပ်ရှင်ဆီက ရစရာရှိတဲ့ လုပ်အားခ လက်ကျန်ငွေ စုစုပေါင်း ဘတ် ၂ သန်းကျော်ကို ခွန်ကဲန်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးက အလုပ်ရှင်ဆီကနေ တောင်းပေးခဲ့တယ်လို့ သိရပါတယ်။

တေချားဖားနစ်ကုမ္ပဏီဟာ တရားမ၀င်အလုပ်သမား ငှားရမ်းမှု၊ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေကို လုပ်အားခိုင်းစေမှုတွေနဲ့ ဆက်လက်ပြီး အမှုရင်ဆိုင်ရမယ်လို့ ခွန်ကဲန်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးက အရာရှိ နိုင်းဆုမ်ပွန်း တလိုင်းဆီလာနန်က ထိုင်းသတင်းဌာနကို ပြောသွားပါတယ်။

ဒီဗွီဘီ

ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ



ရန်ကုန်- မေ ၂၂
လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

”အဲဒီလို ကိစ္စမျိုးတွေဖြစ်မှာစိုး လို့ အခုလိုခေါ်ပြီး ရှင်းတာပါ။ ဒါကို ပြည်သူကို ရှင်းပြပေးပါ။ ရှင်းပြတာမှ လက်မခံရင် ပြည်သူကပေးတဲ့  အပြစ်ဒဏ်ခံယူဖို့ပဲရှိပါတယ်” ဟု မေလ ၁၇ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့၌ လျှပ်စစ်မီးရရှိ ရေးဆန္ဒ ဖော်ထုတ်မှုအပေါ် ဦးတည်၍ ဦးအောင်ခိုင်က ပြောသည်။

မန္တလေးမြို့၌ မြို့ခံလူထုက မေ ၂ဝ ရက် ည ၇ နာရီခန့်က လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က ယင်းည ၉ နာရီ ကျော်အချိန်ခန့်တွင် အရေးပေါ် စာ နယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ သည်။
မန္တလေးမြို့တွင် ဧပြီလမှစတင် ၍ လျှပ်စစ်မီးများ ဖြတ်တောက်မှုရှိ ခဲ့ရာ မြို့ခံလူထုက လျှပ်စစ်မီး ၂၄ နာရီပြန်လည်ရရှိရေး ဆန္ဒဖော်ထုတ် မှုအဖြစ် ဖယောင်းတိုင်များ ထွန်း၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကို မန္တလေးတိုင်းလျှပ်စစ်က အရေးပေါ်စာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်၍ လျှပ်စစ်မီးရရှိရေး မီးစက် ၁၂ လုံးဖြင့် စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ် ဝန်ကြီးဌာနဝန်ကြီးဒေါက်တာဦြး
မင့်ကြူ က ပြောကြားခဲ့သည်။

”မန္တလေးမြို့ လျှပ်စစ်မီး ပိုမိုရရှိဖို့အတွက် ရုံးချုပ်ကို မီးစက်တွေ မှာထားပါတယ်။ ကျွန်မတို့အနေနဲ့ ပေးချင်ပါတယ်။ ပေးစရာမရှိလို့ကို မပေးတာပါ။ မီးရချင်ရင် မိုးနတ် မင်းကြီးကိုသာ ဆုတောင်းပါ” ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။

ယင်းသို့ လျှပ်စစ်ဓာတ်အား နည်းပါးစွာရရှိမှုမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့ကျသွားခြင်းကြောင့်ဟု သက်ဆိုင်ရာဒေသ အသီးသီးက ပြောကြားကြသည်။ သို့သော် ရန်ကုန်မြို့၌ မေ ၁၉ ရက် နံနက် ပိုင်းကပြုလုပ်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးမှုကို ခေတ္တလုံးဝရပ်နားထားမည်ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ ရွှေလီ-မန်စံ ဓာတ်အားပေး တာဝါတိုင်ကို အကြမ်းဖက်သောင်းကျန်းသူတို့၏ ဖောက်ခွဲ ဖျက်ဆီးခြင်း ခံရ၍ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

”ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ဗျာ။ အသိသာကြီးပဲ။ ရွှေလီ-မန် စံ ဓာတ်အားလိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာ ရှိတာ။ သိသာပါတယ်” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က လျှပ်စစ်တာဝါတိုင်အား ဖောက်ခွဲသူ မည်သူဖြစ်ကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့သည်။

”မြို့ပြင်နဲ့ ကျေးရွာတွေအတွက်  နေ့ခင်းပိုင်းကို လုံးဝဓာတ်အား မပေးတော့ပါဘူး။ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၅ နာရီအထိ ကျေးရွာတွေနဲ့ မြို့ပြင်တွေကို မီး ပေးပါမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီးပေးဝေမှု အခြေအနေကို ပြောပြသည်။

ထိုသို့ ပြောကြားခဲ့သော်လည်း မေ ၂၁ ရက်နေ့က ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ရန်ကုန်မြို့ တွင်း မြို့နယ်အချို့တွင် နေ့ပိုင်း တစ်နေကုန်လျှပ်စစ်မီးမရရှိဘဲ လျှပ်စစ်ဌာနမှ အလှည့်ကျဓာတ်အားပေး ချိန်များတွင် ရရှိမှုမရှိကြောင်း၊ ယင်းအပြင် ရရှိသောမြို့နယ်အချို့၏ လျှပ်စစ်ဓာတ်အားမှာ ဓာတ်အားလွန်စွာ နည်းပါး၍ အိမ်တွင်းမှု လုပ်ငန်းများပင် လုပ်ဆောင်မရကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

”မိုးလင်းလို့ မိတ္တူဆိုင်ဖွင့်မယ် လုပ်တော့ မီးအားက ၈ဝ ပဲရှိတယ်။ မီးအားမြှင့်စက်နဲ့တောင် တင်လို့မရတော့ ဖောက်သည်တွေကို ပြန်ခိုင်းလိုက်ရတယ်။ မိတ္တူကူးဖို့တောင် အဆင်မပြေဘူး။ ရေစက်ဖွင့်ဖို့ဆို ဝေးပါရော”ဟု စမ်းချောင်း မြို့နယ် အတွင်းရှိ မိတ္တူဆိုင်ရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အများပြည်သူသို့ လျှပ်စစ်ဓာတ် အားပေးဝေမှုကို မေ ၂၁ ရက်မှ စတင်၍ အုပ်စု ၄ အုပ်စုခွဲကာ တစ်အုပ်စုလျှင် ၆ နာရီကြာ လျှပ်စစ် ဓာတ်အား ဖြတ်တောက်၍ ၁၈ နာရီကြာ ဓာတ်အားဖြန့်ဝေ ပေးသွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ ၂၉ ရက်နေ့က နေပြည်တော်စက်မှုဝန်ကြီးဌာန အဆောက်အအုံ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လျှပ်စစ်မီး လုံလောက်မှုမရှိသော ရန်ကုန်မြို့အား အမေရိကန် GE ကုမ္ပဏီမှ အခမဲ့ကူညီနေကြောင်း၊ လျှပ်စစ်မီးကိစ္စမှာ နှစ်ပတ်အတွင်းခန့်တွင် ပြေလည်နိုင်ကြောင်း၊ သို့သော် ကတိတစ်ခုအဖြစ် မပေးနိုင်ကြောင်း အဆိုပါနေ့က ပြောကြားခဲ့သည်။

”သိကြားမင်းအစိုးရလိုတော့ ရာနှုန်းပြည့် ပြည်သူကို မလုပ်ပေး နိုင်သေးဘူး။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိတော့ ပြည့်မီအောင်လုပ်ပါမယ်” ဟု ထိုစဉ်က လျှပ်စစ် မီးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ထိုသို့ ပြောကြားပြီး နှစ်ပတ်ကျော်အကြာ မေ ၁၇ ရက်တွင် သုံးခွမြို့၌ ရပ်ကွက် ၁၂ ခုမှ လူ ၃ဝဝ ခန့်က မြို့နယ် EPC ရုံးရှေ့ တွင် ဖယောင်းတိုင်များကိုင်ကာ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မေလ ၂ဝရက်နှင့် ၂၁ ရက်နေ့ ညပိုင်းတို့တွင် မန္တလေးမြို့ ကျုံးနံဘေး၌ လျှပ်စစ်မီး ရရှိရေးဆန္ဒထုတ်ဖော် မှုတွင် လူတစ်သောင်းခန့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်ပြုလုပ်ခဲ့ကြကြောင်း မန္တလေးမြို့ခံတို့က ပြောသည်။ ယင်းနောက် မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့် တွင် မုံရွာမြို့၌ ထောင်ဂဏန်း ရှိသော လူထုက ဖယောင်းတိုင် မီးများထွန်း၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့  လျှပ်စစ်မီးအချိန်ပြည့် ပြန်လည်ရရှိရေး ဆင့်ကဲဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် မေ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှ နိုင်ငံအတွင်း လျှပ်စစ်ဓာတ် အား ပေးဝေမှုနှင့်ပတ်သက်၍ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူလူထုသို့ မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပန်ကြားချက်တွင် ယခုနှစ် နွေရာသီတွင် ဓာတ်အားထုတ်လွှတ်နိုင်မှု လျော့နည်းနေခြင်းကြောင့် ပြည်သူလူထုအား အုပ်စုသုံးစုခွဲ၍ ဓာတ်အားမျှဝေပေး နေရသောအခြေအနေကို နားလည်ပေးပါရန်နှင့် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာစွာ သုံးစွဲခြင်းဖြင့် ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံထားသလို မဂ္ဂါဝပ် ၂ဝဝ ထုတ်လုပ်ပေးနေ သည့် ရွှေလီဓာတ်အားပေးစက်ရုံမှ သွယ်တန်းထားသော ရွှေလီ – မန်စံ ၂၃ဝ ကေဗီဓာတ်အားတိုင် လေးတိုင်အား မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ပြန် လည်ပြင်ဆင် နေပြီဖြစ်ကြောင်း ဆက်လက်ဖော်ပြ ထားသည်။ ရွှေလီ-မန်စံ မဟာဓာတ် အားလိုင်းရှိ တာဝါတိုင်အမှတ် ၇၃၊ ၂ဝ၆၊ ၂ဝ၇ နှင့် ၂ဝ၈ တို့အား မေ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုသို့ သတင်းစာတွင် ဖော်ပြပါရှိသည့် မေ ၂၂ ရက်ည ၇ နာရီက ရန်ကုန်မြို့တော်ခန်းမအနီး ဆူးလေ ဘုရားတွင် လူ ၆ဝ ခန့်က လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဆန္ဒ ထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။
”ရေဘူးပေါက်တာ မလိုချင်ပါဘူး။ ရေပါတာပဲ လိုချင်တယ်”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တော်ခန်းမဘေးမှ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် မှုကို စတင်ပြီး ဆူးလေဘုရား တောင်ဘက်မုခ်မှတက်၍ စေတီတော်အား လက်ယာရစ်ပတ်၍ ဗုဒ္ဓဟူးဂြိုဟ်တိုင်တွင် မီးများထွန်းညှိပူဇော်ပြီး နာရီဝက်ကြာ ဆန္ဒ ထုတ်ဖော်မှုကို အဆုံးသတ်ခဲ့သည်။
ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

ကကြီး ဖယောင်းတိုင်ထွန်းတယ်...။

ကကြီး ဖယောင်းတိုင်ထွန်းတယ်...။
                          

ခုကစလို့  ကျွန်တော် ကကြီး လိုင်းပေါ်မှာ  မန်းလေးက လို..... မုံရွာကလို......ရန်ကုန်ကလို.... အပြင်မှာကော  လိုင်းပေါ်မှာကော
ကကြီး လဲ  ဖယောင်းတိုင်းလိုက်ထွန်းပါတယ်..။ ဒါ သူများယောင်လို့ လိုက်ယောင်တာမဟုတ်ဘူး....။တကယ့်ဆန္ဒပါလို့ ကကြီး
ထွန်းတာ...။ လက်တွေ့လဲ ကကြီးထွန်းခဲ့တယ်..... ခုလဲ အွန်းလိုင်းပေါ်မှာ ကကြီးက စလို့ ထွန်းပါတယ်....။ ဒါကကြီးတို့ ရဲ့ရင်ထဲ
ကဆန္ဒကို တိတိလင်းလင်း ဖော်ပြပေးတာပါ....။ အပြင်က သူတွေနဲ့ ကကြီးဆန္နတစ်ထပ်တည်းပါပဲ....။ အားလုံးကို တကယ်လေးစားပါတယ်..။ မီးမလာလို့ တိုက်လှေကားအတက်အဆင်းမှာ  ချော်လဲပီး ဒုက္ခရောက်ရတာတွေ....ညအမှောင်ဆင်ခြေဖုံး
ရပ်ကွက်မှာ မီးမလာလို့ လမ်းသွားရင် မြွေကိုက်သေရတဲ့ သူတွေ.....  မီးအလင်းရဖို့ လောင်စာဆီထွန်းရင်းနဲ့ မီးဘေးခံစားရတဲ့ သူတွေ အစား ကကြီး မီးထွန်းတယ်....။ ဒါတွေ ဟာ ဒီလောက် နဲ့ ရပ်တန့်ပြစ်စေချင်ပါပြီ....။ ဒါကြောင့် ကကြီး မီးထွန်းပါသည်..။
အောက် က အမေကြီးလို အသက်ကြီးနေတဲ့သူတောင် ဒီလို စိတ်မျီုးနဲ့ အဲ့သည်လို စကားပြောရဲတာ...။ ဒီလို ကကြီး လိုင်းပေါ်မှာ
မီးစထွန်းလို့ ကကြီးကို ဖမ်းချင်သပ ဆိုလည်း...ဖမ်းပါတော့...... ကကြီးရဲရဲကြီးကို ၀င်ပါမယ.်....။

ဒါ  အမေအို နှုတ်ကပြောတဲ့စကားပါ...။
(ငါထောင်လည်း ကျဖူးတယ် .. အသက်တွေလည်း ကြီးနေပြီ ..

သေဖို့လည်းနီးနေပြီ ....

ခုလိုမှ ဆန္ဒမပြရင် ... ဒီလူတွေ ... ဘာကိုမှ ကူညီပေးမှာ မဟုတ်ဘူး ...

ဒါကြောင့်မို့... ဘာပဲ ဖြစ်ဖြစ် .. ငါ ဆက်လုပ်သွားမယ် ...)


အမေအိုရဲ့ စကားအပြီးမှာ ... ရင်ထဲက မျက်ရည်စို့တယ် ...

ဘာပဲဖြစ်နေနေ ... ဘယ်သူ့ကိုမှ ကျွန်တော် မပုန်ကန်ချင်ဘူး ...

ပြည်သူတွေရဲ့ ဆန္ဒကို သိပါစေ .. သိကြပါစေ ...

ကျွန်တော် ...

တိတ်တိတ်လေး ဆန္ဒပြုရင်း ............
(ဖေ့စ်ဘုတ်က ကူးယူဖော်ပြပေးခြင်းဖြစ်..)



(လိုင်းပေါ်က ပြည်ပရောက်နေတဲ့ သူငယ်ချင်းတွေလဲ ပြည်တွင်းက သူငယ်ချင်းတွေလို မထွန်းရလို့ စိတ်ဓါတ်မကျပါနဲ့ ခုကကြီးထွန်းထားတဲ့ဖယောင်းတိုင်ကို ကော်ပီ ပေးပီ မန့်မှာ ထွန်းလို့ရပါတယ် ဗျာ..။)
မြန်မာ့လျှပ်စစ်တိုးတက်မှုကို မျှော်လင့်တဲ့..... ကကြီး။

နာဂစ့် မိဘမဲ့ကလေးငယ် များ စောင့်ရှောက်မူ






     မလေးရှားနိုင်ငံ မြန်မာအမျိုးသားများဖေါင်ဒေးရှင်းမှ အမောင်၏ အကူအညီ တောင်းခံမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ကျေးရွာ ရှိ နာဂစ်မုန်တိုင်းအတွင်း မိဘတို့ တိမ်းပါးသွားခဲ့ကြသူများနှင့် မိဘမဲ့ကလေးငယ် တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက် ပညာသင်ကြားပေးနေသည့် အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ ငွေကျပ် လေးသိန်းငါးသောင်းကျပ်တိတိ လှူဒါန်းပေးစဉ်

လှိုင်သာယာမြို့နယ်၊ အလယ်၇ွာ၊ အောင်ဇေယျာမင်း မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကလေးတွေကို ကျွေးဖို့ ချဉ်ပေါင်ရွက်သင်နေတာပါ။
အဲ့ဒီကျောင်းက ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကျော်ဟာ တစ်ပတ်မှာ ၂ ရက် အသားဟင်း စားရပြီး ကျန်တဲ့ရက်တွေကတော့ ငပိရည်နဲ့ ပဲဟင်းစားကြရပါတယ်။

အဲ့ဒီကလေးငယ်လေး တစ်ထောင်ကျော်ထဲမှာ ပန်းခြံမှာ လာစွန့်ထားလို့ ကောက်မွေးစားထားတဲ့ ကလေးငယ်လေးတွေလည်း ပါတယ်ဆိုရင် အံ့သြကြမလားခင်ဗျား..

နေ့လည်စာ စားရန်တန်းစီနေသော ကလေးငယ်လေးများ..

အလှူရှင်တို၏ အလှူဒါနစေတနာ အပေါ် မေတ္တာပိုပြီးမှ စားသောက်ကြပါသည်။
နေ့လည်စာ စားခါနီး မေတ္တာပို့နေတဲ့ သူငယ်တန်းမှာ ရှစ်တန်းအထိ ပညာသင်ကြားနေတဲ့ ကလေးငယ်လေးတွေပါ.
အုပ်ထိန်းသူမဲ့ တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက်ထားသော အောင်ဇေယျာမင်း ကျောင်းတိုက်အတွင်း

မျက်လုံးပြူးပြူးလေးနဲ့ ကလေးကို ဘေးက သီလရှင်မလေးက မွေးစားထားတယ်တဲ့။ မွေးစားတဲ့ အမေရဲ့ အသက်ကို မေးကြည့်တော့ ၁၀ နှစ်။မိဘမဲ့တွေကို စောင့်ရှောက်တဲ့ ဒီကျောင်းကို ရောက်လာခါစက ၄ လ သမီးလေး၊ အရိုးပေါ် အရည်တင်နေပြီး သေတော့မယ်လို့ အားလုံးက ထင်မှတ်ထားတာ အားလုံးက ၀ိုင်းဝန်းပြုစုပေးလိုက်တာ အခုလို ၀၀ဖြိုးဖြိုး ချစ်စရာလေး ဖြစ်နေပါပြီ.။
ဒီလိုပါပဲး အပြန်အလန် စောင့်ရှောက်ကြရတာပါ။

သူတိုလေးတွေ မိဘရင်ခွင်ထဲးတိုးကာ အမေ၊အဖေလို ခေါ်ချင်ရှာမှာ
ယနေ့လူငယ် နောင်ဝယ်လူကြီး..
ဒီလို ကလေးငယ်လေးတွေကို စောင့်ရှောက်ခြင်းဟာ နိုင်ငံတော်ကို စောင့်ရှောက်ခြင်း မည်ပါတယ်.

နာဂစ်တုန်းက မိဘမဲ့ ဖြစ်ခဲ့တဲ့ ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကို ပညာသင်ပေးနေတဲ့ကျောင်းမှာ ကိုရင်ဝတ်ချင်တဲ့ကလေးငယ်တွေကို ကိုရင်ပေးဝတ်ပါတယ်။ ဆွမ်းခံစားကြတဲ့ ဒီကိုယ်ရင်လေးတွေ ဆွမ်းနည်းနေသလား မစဉ်းစားပါနဲ့ ရသလောက်လေးကိုဘဲ သူတို့က ဘ၀တူ မိဘမဲ့ကလေးတွေကိုပြန်လှူတယ်။..

ကျွန်တော့်အတွက် အရမ်းကို အံ့သြ၀မ်းသာ ဖြစ်ခဲ့ရတဲ့ မြင်ကွင်းလေးဗျာ..
မိဘမဲ့ ကလေးအချို့က သင်္ကန်းဝတ်ပြီး ဆွမ်းခံထွက်ကြတယ်။ နေ့ဆွမ်းစားတဲ့အခါ သူတို့ရလာတဲ့ ဆွမ်း၊ ခဲဖွယ် အစုစုကို ဘ၀တူ မိဘမဲ့ကလေးငယ်တွေကို ကိုယ်တိုင် လိုက်ပြီး ခွဲဝေ ပေးနေတဲ့ မြင်ကွင်းလေးပါ။ ..
ရင်ထဲကို စူးရှသွားလောက်အောင် ခံစားလိုက်ရပါတယ်။..

ဒီကိုယ်ရင် လေးတွေ ကြီးလာတဲ့အခါမှာ ပရဟိတ စိတ်လေးတွေ အလိုလို ကိန်းအောင်းသွားမယ်ဆိုတာ ပြောစရာမလိုလောက်အောင်ပါဘဲ။..




နာဂစ်တုန်းက မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေကို စုပေါင်း ပညာသင်ပေးနေတဲ့ ကျောင်းအလှူသွားရင်း သူတို့တတွေ စားနေတဲ့ ထမင်းပွဲလေးကို ဓါတ်ပုံရိုက်ခဲ့ဖြစ်ပါတယ်။
အုပ်ထိန်းသူမဲ့ ကျောင်းသားကျောင်းသူ တစ်ထောင့်ငါးရာကျော် ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ကျေး၇ွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်မှ ကိုးတန်း ဆယ်တန်းအရွယ် ကျောင်းသူလေးများ ထမင်းစားနေစဉ်
(ထမင်း နှင့် ပဲ..)
ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် လူတောတိုးချင်တဲ့ အရွယ်ကလေးတွေပါ။
" မီးမီးရေ ဓါတ်ပုံလေးရိုက်ချင်လို့ ဒီဖက် လှည့်ပေးပါလား" လို့ ပြောတော့ "သီလရှင်ကို မီးမီးလို့ ခေါ်တယ်"
လို့ ပြောပြီးရီနေကြတဲ့ ဆရာလေး နှစ်ပါး

    တစ်နေ့ကို ဆန်ငါးအိတ်ချက်ရပါတယ်။ ပညာရေး၊ကျန်မာရေး စားဝတ်နေရေး စသည်တိုအတွက် အလှူရင်တွေလိုအပ်ပါတယ်။
မိဘမဲ့ ကလေးငယ်ပေါင်း တစ်ထောင့်ငါးရာကျော်ကို စောင့်ရှောက် ပညာသင်ကြားပေးနေသော လှိုင်သာယာမြို့နယ် အလယ်ကျေး၇ွာ၊ အောင်ဇေယျာမင်းကျောင်းတိုက်ပါ။

     ကလေးကလေး အထင်မသေးနဲ. ကလေးကောင်းမှလူကြီးကောင်းမယ်..လူကြီးကောင်းမှတိုင်းပြည်ကောင်းမယ်...ကလေးသူငယ်တွေကိုစောင့်ရှောက်ခြင်းဟာ ငါတို.နိုင်ငံနဲ. ငါတို.သာသနာကိုစောင့်ရှောက်ခြင်းပဲ လို.ဆရာတော်တစ်ပါးမိန်.ဖူးပါတာနာကြားဖူးပါတယ်။

နောင်ဘ၀များမှာ.. မိစုံဖစုံနဲ့နေနိုင်ပါစေ......


သွားရောက်လူဒါန်းလိုသူများအတွက် လိပ်စာ
အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်၊
                    ဖုန်း 613665     ဖြစ်ပါတယ်။
ဓါတ်ပုံပိုင်ရှင် ဇော်လွင်ဝင်း By: Zaw Lwin Win

ကာလဒါန၊လိုတဲ့နေရာကိုလှူခြင်း နှစ်ဖက်အကျိုးမျာစေပါတယ်။
သွားရောက်ကာ လှူဒါန်းနိုင်ကြပါစေ.....
                                                                             လေးစားစွာဖြင့်              မောင်မြင့်
http://satekuupuyar.blogspot.com/2012/05/blog-post_2273.html
This posting includes an audio/video/photo media file: Download Now

Ferrari ပြိုင်ကား ယာဉ်တိုက်မှုက ရုပ်ရှင်တွေထက်ပိုမိုပြောင်မြောက်





Photos: The Straits Times, Shin Min Daily News (Singapore)
မေလ ၁၂ရက်  ၂၀၁၂ခုနှစ်  မနက် ၄ နာရီခန့် တွင် စင်ကာပူနိုင်ငံ Rochor Road and Victoria Street,Bugis ရထားဘူတာနီးတွင် ကမ္ဘာဈေးအကြီးဆုံးစာရင်းဝင်  Ferrari (ဖာရာရီ)ပြိုင်ကားအနီရောင်နှင့် Taxi (တက္ကစီအဌားယာဉ်)တို့ ယာဉ်တိုက်မှုဖြစ်သွားပွားခဲ့ပါသည်။ထိုဖြစ်စဉ် Ferrari ယာဉ်မောင်း အသက်၃၁နှစ် ။ တရုတ်စီးပွားရေးသမား တစ်ဦး(အဌားယာဉ်စီးနင်းသူ) နှင့် တက္ကစီယာဉ်မောင်းတို့ အသက်ဆုံးရှုံးခဲ့ရသည်။ထို့အပြင် မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် Ferrari တွင်လိုက်ပါလာသူအမျိုးသမီးတို့လည်း ဦီးခေါင်းနှင့်ခါးတို့တွင်လည်းဒဏ်ရာအပြင်းထန်ရရှိခဲ့သည်။ မျက်မြင်သက်သေများထွက်ဆိုချက်အရ Ferrari ပြိုင်ကာအနီရောင်လေးသည် အရှိန်ြ့ပင်းစွာမောင်းနှင်လာရာ မီးပွိုင့် တွင်တဖက်ယာဉ်ကြောတက္ကစီအကွေ့ တွင် တက္ကစီ၏ခါးအလည်မှဖြတ်တိုက်လိုက်သဖြင့် တက္ကစီကားသည် အဝေးသို့ လွင့်စဉ်သွားပြီး အရှေ့ မှမောင်းနှင်သွားသော မော်တော်ဆိုင်ကယ် သို့ထပ်ဆင့်တိုက်မိခဲ့သည်ဟုဆိုပါသည်။တက္ကစီကား၏ အင်ဂျင်သည် ယာဉ်တိုက်မှုဖြစ်ရာမှ မီတာ ၃၀ အဝေးသို့ လွှင့်စဉ်ပြုတ်ထွက်သွားသည်ဟု မျက်မြင်သက်သေများကဆိုပါသည်။လွန်ခဲ့သော ၁၂ ရက်အတွင်းကလည်း ထိုနေရာတွင် ယာဉ်တိုက်မှုပေါင်း ၆ ခုဖြစ်ပွားခဲ့ပါသည်။
                      စင်ကာပူရဲများနှင့်ကယ်ဆယ်ရေးအရာရှိများပြောကြားချက်အရ (၁၂-၀၅-၂၀၁၂) မနက် ၄ နာရီ ၁၅ မိနစ်တွင်ယာဉ်တိုက်မှုအကြောင်းကြားမှုလက်ခံရရှိခဲ့သည်။ယာဉ်တိုက်မှုနေရာတွင် င်္င်္Ferrai ယာဉ်မောင်သူနှင့်တက္ကစီယာဉ်မောင်းတို့သည် ယာဉ်တိုက်မှုကြောင့် ကားထဲတွင်ညှပ်ပြီးထိုနေရတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ Ferrari ယာဉ်မောင်းဘေးတွင်လိုက်ပါလာသောအမျိုးသမီးသည်ဦးခေါင်းတွင်ပြင်ထန်သောဒဏ်ရာကြောင့်သတိမေ့နေပြီး တက္ကစီအတွင်းစီးနင်းလိုက်ပါလာသူနှင့်အတူ စင်ကာပုအထွေထွေဆေးရုံကြီး(SGH)သို့ ပို့ဆောင်ခဲ့သည်။ထိုနေ့မနက်တွင် တက္ကစီ စီးနင်းလာသူခရီးသည် သည် အသက်ဆုံရှုံးခဲ့သည်။
တက္ကစီကား၏ထပ်ဆင့်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည် မော်တော်ဆိုင်ကယ်မောင်းသူသည် လည်းခါးတွင်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတွင်ဆက်လက် ဆေးကုသခံယူနေဆဲဖြစ်သည်။ထို့ နောက် သူတို့အား Tan Tock Seng Hospitalသို့လွှဲပြောင်းပို့ဆောင်ပြီး ဆက်လက်ဆေးကုသမှုခံယူနေသည်။
 
             ထိုဖြစ်စဉ်အားအသေးစိတ်အတိကျသတင်းများရရှိရန်အသစ် စင်ကာပူရဲများမှ ဆက်လက်စုံစမ်းစစ်ဆေးဆဲဖြစ်သည်။

ယာဉ်တိုက်မှုပုံများကို Click နှိပ်ပြီးကြည့်ရှုနိုင်ပါသည်။
ဘာသာပြန် ; DJ Fighter Lay
(www.myittarshin.com) (ရေဒီယိုနားဆင်ရန်)
http://173.255.137.7/MTS (ရေဒီယိုနားဆင်ရန်)
Email: mts4u@myittarshin.com(သီချင်းများကို Gtalk တွင်Invite လုပ်ပြီးတောင်းဆိုနားဆင်ရန်)


This posting includes an audio/video/photo media file: Download Now